Press Centre

Grab နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြခြင်း

ပျော်ရွှင်စရာနှစ်သစ်ပါ။ ၂၀၁၈ ကို နှုတ်ဆက်ပြီး နှစ်သစ်ထဲ ဝင်ရောက်တဲ့အချိန် သင် ဘယ်နေရာမှာ ရှိနေခဲ့ပြီး အဲဒီနောက်ဆုံးနေ့ရက်ရဲ့ ညနေပိုင်းလေးကို ဘယ်လိုအချိန်ကုန်ဆုံးခဲ့သလဲဆိုတာလေး သတိထားမိလား။  သင်ဟာ နှစ်သစ်ကူးညဉ့်သန်းခေါင်တည့်တည့်မှာ Grab ကားထဲရှိနေတဲ့ ခရီးသည်ပေါင်း ၆၃၀၀၀ ကျော်ထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါမှမဟုတ် သင်ဟာ တစ်နှစ်တာရဲ့ နောက်ဆုံးညနေစာအနေနဲ့ Jo Jo Hot pot ကို စားသုံးနေတဲ့သူလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။ အရှေ့တောင်အာရှသားတွေ နှစ်သစ်ကို ဘယ်လို ဆင်နွှဲကြိုဆိုကြသလဲဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ ဒေတာတွေကတစ်ဆင့် တူးဖော်ကြည့်တဲ့အခါ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ဖတ်   ကြည့်လိုက်ပါနော်။

Grab က မိတ်ဖက်ယာဉ်မောင်းမိသားစုများအတွင်းရှိ ထူးချွန်သားသမီးများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့

 အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် ပြီးခဲ့သည့်အထက်တန်းပညာသင်နှစ် ၂၀၁၇-၂၀၁၈ အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့သော မိတ်ဖက်ယာဉ်မောင်းမိသားစုများ၏ သားသမီး ၂၇ ယောက်အား ချီးမြှင့်ဂုဏ်ပြုပွဲတစ်ခုကို ယင်းကုမ္ပဏီရုံးခန်း တည်ရှိရာ ရန်ကုန်မြို့၊ Crystal Tower ၊ ၇ လွှာတွင် ကျင်းပခဲ့သည်။ ထိုထူးချွန်ကျောင်းသားများအား ခြောက်ဘာသာဂုဏ်ထူးရှင်အတွက် ဆုချီးမြှင့်ငွေ ကျပ် တစ်သိန်းတိတိ၊  ငါးဘာသာဂုဏ်ထူးရှင်များအတွက် ကျပ် ၈၀၀၀၀ စီ နှင့် သုံးဘာသာနှင့် လေးဘာသာ ဂုဏ်ထူးရှင်များအတွက် ကျပ် ၅၀၀၀၀ စီ ချီးမြှင့်ခဲ့သည်။

Grab Myanmar မှ မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များပါဝင်သည့် Better 365 အစီအစဉ်ကို ထုတ်ပြန်ကြေညာ

အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က မိတ်ဖက်ယာဉ်မောင်းများ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်သွားမည်ဆိုသော ကတိကဝတ်အတိုင်း Better 365 အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Better 365 အစီအစဉ်သည် နေ့စဉ် ခရီးသည်များအတွက် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိသော အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် Grab မိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြု ကျေးဇူးတံ့ုံပြန်သည့် အစီအစဉ် ဖြစ်သည်။

    Visit our country press centres

    Media Inquiries

    Contact the Grab media team

    • Facebook
    • LinkedIn
    • Instagram
    • Twitter