Press Centre

Grab က မိတ်ဖက်ယာဉ်မောင်းမိသားစုများအတွင်းရှိ ထူးချွန်သားသမီးများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့

 အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် ပြီးခဲ့သည့်အထက်တန်းပညာသင်နှစ် ၂၀၁၇-၂၀၁၈ အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့သော မိတ်ဖက်ယာဉ်မောင်းမိသားစုများ၏ သားသမီး ၂၇ ယောက်အား ချီးမြှင့်ဂုဏ်ပြုပွဲတစ်ခုကို ယင်းကုမ္ပဏီရုံးခန်း တည်ရှိရာ ရန်ကုန်မြို့၊ Crystal Tower ၊ ၇ လွှာတွင် ကျင်းပခဲ့သည်။ ထိုထူးချွန်ကျောင်းသားများအား ခြောက်ဘာသာဂုဏ်ထူးရှင်အတွက် ဆုချီးမြှင့်ငွေ ကျပ် တစ်သိန်းတိတိ၊  ငါးဘာသာဂုဏ်ထူးရှင်များအတွက် ကျပ် ၈၀၀၀၀ စီ နှင့် သုံးဘာသာနှင့် လေးဘာသာ ဂုဏ်ထူးရှင်များအတွက် ကျပ် ၅၀၀၀၀ စီ ချီးမြှင့်ခဲ့သည်။

ရန်ကုန်၊ မြန်မာ၊ သြဂုတ်လ ၁၇ ရက်နေ့၊ ၂၀၁၈ ခုနှစ်  _  အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် ပြီးခဲ့သည့်အထက်တန်းပညာသင်နှစ် ၂၀၁၇-၂၀၁၈ အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့သော မိတ်ဖက်ယာဉ်မောင်းမိသားစုများ၏ သားသမီး ၂၇ ယောက်အား ချီးမြှင့်ဂုဏ်ပြုပွဲတစ်ခုကို ယင်းကုမ္ပဏီရုံးခန်း တည်ရှိရာ ရန်ကုန်မြို့၊ Crystal Tower ၊ ၇ လွှာတွင် ကျင်းပခဲ့သည်။ ထိုထူးချွန်ကျောင်းသားများအား ခြောက်ဘာသာဂုဏ်ထူးရှင်အတွက် ဆုချီးမြှင့်ငွေ ကျပ် တစ်သိန်းတိတိ၊  ငါးဘာသာဂုဏ်ထူးရှင်များအတွက် ကျပ် ၈၀၀၀၀ စီ နှင့် သုံးဘာသာနှင့် လေးဘာသာ ဂုဏ်ထူးရှင်များအတွက် ကျပ် ၅၀၀၀၀ စီ ချီးမြှင့်ခဲ့သည်။

 ထိုသို့ မိတ်ဖက်ယာဉ်မောင်းမိသားစုများ၏ သားသမီးများဖြစ်သည့် ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုပေးသည့် Grab Bursaries အစီအစဉ်သည်  ပြီးခဲ့သည့် ဇွန်လ၊ ၂၀၁၈ က စတင်မိတ်ဆက်ခဲ့သည့် Better 365 ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မိတ်ဖက် ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့် အစီအစဉ်များ ထည့်သွင်းထားသည့်  Better 365 ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်  Grab ၏ မိတ်ဖက်ယာဉ်မောင်းများအား ၎င်းတို့၏ သားသမီးများတွင် ပြီးခဲ့သည့်စာသင်နှစ်အတွင်း ဒဿမတန်းကို သုံးဘာသာနှင့် အထက် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသားများ ပါရှိပါက Grab Bursaries အစီအစဉ်ဖြင့် ဆုချီးမြှင့်ပေးရန် ဖိတ်ခေါ်ခဲ့ရာ အရည်အချင်းပြည့်မီသူ ကျောင်းသား ၂၇ ဦး ပေါ် ထွက်လာခဲ့သည်။

 ထိုကျောင်းသား ၂၇ ဦးတွင် ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၇ ဦးနှင့် သုံးဘာသာနှင့် လေးဘာသာ ဂုဏ်ထူးရှင်ပေါင်း ၁၉ ဦးတို့ ပါဝင်ခဲ့သည်။  ထိုဆုချီးမြှင့်ပွဲတွင်  ထူးချွန်ကျောင်းသားများနှင့်အတူ မိတ်ဖက်ယာဉ်မောင်းမိသားစုများက အတူတကွ တက်ရောက်ခဲ့ကြသည်။

 Grab Myanmar ၏ Acting Country Manager ဖြစ်သည့် Alvin Loh “ ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ထူးချွန်တဲ့သားသမီးတွေအတွက် မိတ်ဆွေတို့နဲ့အတူ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေဟာ သူတို့မိသားစုအရေး ဖြည့်ဆည်းဖို့ အလုပ်ကို ကြိုးစားလုပ်ဆောင်ကြရတာကို ကျွန်တော်တို့ သိပါတယ်။ ဒါကို ကျွန်တော်တို့ဘက်ကလည်း သူတို့နဲ့ သူတို့သားသမီးတွေကို ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေနဲ့ အခုလို ကူညီပံ့ပိုးပေးလိုပါတယ်။  Better 365 နဲ့အတူ ကျွန်တော်တို့ဟာ ယာဉ်မောင်းတွေရဲ့ ဘဝလူနေမှုကို တိုးတက်အောင်နဲ့ သူတို့ သားသမီးတွေရဲ့ ပညာရေးကို ပံ့ပိုးပေးနိုင်ဖို့ လုပ်ဆောင်သွားနိုင်မှာပါ။ Better 365 အောက်ကနေ အခုလို ပညာတော်တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ Grab Bursaries အစီအစဉ်ကို နှစ်စဉ် ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ကလေးတွေကို လာမယ့်နှစ်အတွက် ဆုရအောင် ကြိုးစားကြပါလို့ တိုက်တွန်းအားပေးလိုပါတယ်” ဟု ပြောသည်။

 ထိုပွဲတွင် ဆုရကျောင်းသားများအား Grab နှင့်ပတ်သက်သည့် နောက်ခံ အကြောင်းအရာ၊ ရည်ရွယ်ချက်၊ မိတ်ဖက်ယာဉ်မောင်းများ၏ စိတ်အားထက်သန်စွာ ကြိုးစားလုပ်ဆောင်မှုများဖြင့် အကောင်အထည်ပေါ်လာသော အရှေ့တောင်အာရှတွင်း တိုးတက် အောင်မြင်မှုများကို ပြသပေးခဲ့သည်။  ယင်းနှင့်ပတ်သက်ပြီး Alvin Loh က “ ကလေးတွေကို အခုလို ပြသပေးရတဲ့ ရည်ရွယ်ချက်က  သူတို့လေးတွေရဲ့ မိဘတွေဟာ Grab ပလက်ဖောင်းပေါ်မှာ နေ့စဉ် ဘယ်လို ကြီးမားတဲ့ လုပ်ဆောင်မှုတွေ၊ ပူးပေါင်းပါဝင်မှုတွေ နဲ့ပေးအပ်လုပ်ဆောင်နေတယ်ဆိုတာ သိစေချင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံပြီး၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ လူတိုင်း စီးနင်းနိုင်တဲ့ အငှားယာဉ်ဝန်ဆောင်မှုနဲ့ ကူညီပံ့ပိုးပေးရင်း ကျွန်တော်တို့အားလုံးဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနေကြတာဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

 “သားတို့ကို အခုလိုဂုဏ်ပြုပေးတဲ့အတွက် ပျော်ပါတယ်။  အဖေက Grab ယာဉ်မောင်းကြီးဖြစ်နေလို့ သိမ်ငယ်တာမျိုး မခံစားရပါဘူး။  Grab မှာ မောင်းကတည်းက သားလည်း မုန့်ဖိုး ပိုရလာတယ်။ သားစားချင်တဲ့ Lotteria တို့၊  KFC တို့ ခဏခဏ ထိုင်နိုင် စားနိုင် သောက်နိုင်လာတာပဲ။  အဖေ့ကိုလည်း ကျေးဇူးတင်တယ်။ Grab ကိုလည်း ကျေးဇူးတင်ပါတယ်။  ဒီ့ထက်လည်း အများကြီး ပံ့ပိုးပေးနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်” ဟု ဒဂုံ  ၂ ကျောင်းသား ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ကောင်းခိုင်စိုးက ပြောကြားခဲ့ သည်။

မောင်းကောင်းခိုင်စိုး၏ဖခင် ဦးဉာဏ်ဝင်းကလည်း သားဖြစ်သူ၏ပညာရေးလမ်းခရီးတွင် Grab နှင့်လက်တွဲလုပ်ကိုင်ရခြင်းက တကယ့်အထောက်အပံ့ကောင်းဖြစ်ခဲ့ကြောင်း ယခု လို ပြောကြားသွားခဲ့သည်။

 “ကျွန်တော် ကားမောင်းလာတာ ၅ နှစ်ကျော်ပါပြီ။ Grab နဲ့က ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကမှ စလက်တွဲဖြစ်တာပါ။  ပြီးခဲ့တဲ့ နှစ်၊ သားက ၁၀ တန်းဆိုတော့ အကုန်အကျက သိသိသာသာ များတော့ အကြွေး တောက်လျှောက်တင်တာပဲ။ ဒါပေမယ့် မနှစ်က Grab နဲ့ လက်တွဲပြီးတော့ စီးပွားရေးက သိသိသာသာ ချောင်လည်လာတယ်။  ကျောင်းစရိတ်ကို အပူအပင်ကင်းကင်းနဲ့ ပံ့ပိုးပေးနိုင်တာရယ်၊ ဝင်ငွေ မှန်တာရယ် နောက် စာမေးပွဲ ပိုနီးလာတော့ စာသင်ဝိုင်းနဲ့ guide တွေနဲ့ အနီးကပ် သေချာပံ့ပိုးပေးနိုင်သွားတယ်။ အကြွေးတွေလည်း ခဏတွင်းချင်းပဲ ကျေသွားတယ်။ အခုလို ထူးချွန်တဲ့ ကလေးတွေအတွက် Grab Bursaries ဆိုပြီး ချီးမြှင့်ဆုကြေးပေးတော့ ပျော်တယ်။ အခုလို အသိအမှတ်ပြု ချီးမြှင့်ပေးတာ ကျေနပ်မိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

 မိတ်ဖက်ယာဉ်မောင်းမိသားစုများအတွင်းရှိ ထူးချွန်ကျောင်းသားများအတွက် ဂုဏ်ပြုဆုကြေးပေးအပ်သည့် Grab Bursaries အစီအစဉ်အပြင် Better 365 အစီအစဉ်တွင် ပလက်တီနမ်အဆင့် ယာဉ်မောင်းများအတွက် အထူးအစီအစဉ်၊ မိတ်ဖက်ယာဉ်မောင်း များအားလုံးအတွက် GrabBenefits အစီအစဉ်နှင့် စွမ်းဆောင်ရည်မြင့် ယာဉ်မောင်းများအတွက် အပတ်စဉ် အပိုဆုကြေး အစီအစဉ် စသည့် အပိုင်း ၃ ပိုင်းဖြင့် အကျိုးခံစားခွင့်များစွာကို တစ်နှစ်တာအတွင်း ၃၆၅ ရက်လုံး ရယူခံစားနိုင်ရန် ပြင်ဆင်ပေးထားသည်။

 Better 365 စီမံကိန်းအပြင် ရန်ကုန်မြို့ရှိ ယာဉ်မောင်းအဖွဲ့အစည်းကြီးအတွက် ခရီးသည် ငှားရမ်းမှုနှင့် ဝင်ငွေ ပိုမိုရရှိပြီး နေထိုင်မှုဘဝများ ပိုမို ကောင်းမွန်လာစေရန် လုပ်ဆောင်သွားမည့်အပြင် ဝန်ဆောင်မှု အရည်အသွေးများ မြင့်မားလာစေရန် မွမ်းမံသင်တန်းများကို လည်း ဆက်လက် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ လက်ရှိ ပေးအပ်လျက်ရှိသော အကျိုးခံစားခွင့်များနှင့် မကြာမီ ထပ်တိုးရရှိမည့် အကျိုးခံစားခွင့်များမှာ –

  • အခမဲ့ မျက်လုံး စစ်ဆေးပေးခြင်းနှင့် မျက်မှန်အသစ်များကို လျှော့ဈေးဖြင့် ရနိုင်သည့် အစီအစဉ်
  • ဒေသတွင်း အာမခံပေါ်လစီအရ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ခန္ဓာကိုယ်ထိခိုက်မှု ရှိခဲ့ပါက အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းများ၏  မတော်တဆ ထိခိုက်မှုများအတွက် လျော်ကြေး ပြန်ထုတ်ပေးခြင်း
  • Driver အက်ပလီကေးရှင်းအတွင်း ပိုက်ဆံဖြည့်နိုင်မည့် wallet လုပ်ဆောင်ချက် ထည့်သွင်းထားသောကြောင့် Grab ရုံးအထိ လာရောက်ရန် မလိုအပ်တော့ဘဲ မိမိဖုန်းအတွင်း ပိုက်ဆံရောက်ရှိလာခြင်း
  • Driver အက်ပလီကေးရှင်းအတွင်း အပတ်စဉ် ငွေစာရင်းရှင်းတမ်းအား ပြန်လည် ကြည့်ရှု့နိုင်ခြင်း
  • Samsung ပစ္စည်း အသစ်များ ဝယ်ယူနိုင်သည့် အသေးစားချေးငွေ အစီအစဉ်
  • Yoma Strategic နှင့်ပူးပေါင်းပြီး မော်တော်ယာဉ်ငှားရမ်းနိုင်ရန်နှင့် ဝယ်ယူမည်ဆိုပါက ငွေကြေးထောက်ပံ့မှု ရရှိနိုင်မည့် အစီအစဉ်
  • ခရီးသည်က စောင့်ဆိုင်းကြာချိန် ၅ မိနစ်အတွင်း ရောက်ရှိမလာပါက မိတ်ဖက် ယာဉ်မောင်းများ၏ ခရီးစဉ် ပယ်ဖျက်မှုနှုန်းကို မထိခိုက်ဘဲ မိမိဘက်မှ cancel လုပ်နိုင်မည့် Cancellation button လုပ်ဆောင်ချက်အသစ်

Grab Myanmar အကြောင်း အသေးစိတ် သိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMM တို့တွင် ဝင်ရောက်လေ့လာကြည့်ရှု့နိုင်ပါသည်။

ဘာသာစုံဂုဏ်ထူးရှင် မောင်ကောင်းခိုင်စိုးနှင့် ဖခင် ဦးဉာဏ်ဝင်း

ထူးချွန်ကျောင်းသူတစ်ဦးအား Grab မှ တာဝန်ရှိသူတစ်ဦးက ဆုချီးမြှင့်နေစဉ်

   

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter