GrabFood [beta]

စားချင်ရာမှာပါ GrabFood [beta] ရှိတာ

GrabFood [beta] ရန်ကုန်မြို့ကို ‌ရောက်ရှိလာပါပြီ

သင့် အကြိုက်ဆုံး စားသောက်ဆိုင်များမှ Grab အက်ပ်ပလီကေးရှင်းကို အသုံးပြုပြီး စားစရာများ မှာယူစားသောက်နိုင်ပါပြီ။

GrabFood [beta] က ရန်ကုန်မြို့တွင်း ၉ မြို့နယ် – ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ‌ကျောက်တံတား မြို့နယ်များမှာ ရရှိနေပါပြီ။

ဆက်လက်ပြီး အစဉ်မပြတ် တိုးချဲ့နေမှာဖြစ်တဲ့အတွက် ‌မကြာခင်မှာ ‌နေရာများများ၊ ဆိုင်များများ ပိုမိုပါဝင်လာမှာမို့ ‌စောင့်မျှော်ပေးကြပါဉီး။

အလွယ်ဆုံး မှာယူပါ

သင် ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ သင့်ဆီကို အကြိုက်ဆုံး စားစရာများ ပို့ဆောင်လာမှာမို့ အပြင်မထွက်ဘဲ အေးဆေး ကြိုက်ရာစားနိုင်ပါပြီ။

ကြိုက်သလောက် မှာပါ

အဆာပြေပဲဖြစ်ဖြစ်၊ နေ့လယ်စာ၊ ညစာပဲဖြစ်ဖြစ် သင် စားချင်ရာသာ မှာလိုက်ပါ။ ဘယ်လောက်ပမာဏ အနည်းဆုံး မှာရမယ်လို့ မသတ်မှတ်ထားပါဘူး။

ပွိုင့်တွေလည်း ပြန်ရဉီးမယ်

သင် မှာယူတဲ့ စားစရာတိုင်းအတွက် GrabRewards ပွိုင့်တွေ ပြန်ရမှာမို့ ‌လျှော့ဈေးတွေ၊ အခမဲ့ကူပွန်တွေ ထပ်ရဉီးမှာပေါ့။

မေးလေ့ရှိသော ‌မေးခွန်းများ

GrabFood [beta] က အခုလက်ရှိ ‌ငွေသားနဲ့ ပေးချေမှုသာ လက်ခံပါသေးတယ်။ ‌နောက်မကြာခင် ‌ပေးချေမှုပုံစံများ ထပ်ထည့်ပေးပါမယ်။

GrabFood [beta] ကို လက်ရှိမှာ‌တော့ ရန်ကုန်မြို့တွင်း ၉ မြို့နယ် – ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ‌ကျောက်တံတား မြို့နယ်များမှာသာ ရရှိပါသေးတယ်။ မကြာခင် ‌နေရာအနှံ့ရောက်အောင်နဲ့ စားသောက်ဆိုင် ပိုများများ ပါဝင်လာအောင် ကြိုးစားနေပါတယ်။

စားသောက်ဆိုင်တွေရဲ့ ဖွင့်ချိန်နဲ့ သင့်နေရာပေါ် မူတည်ပြီး ပို့ဆောင်ချိန်ကို အစောဆုံး မနက် ၇ နာရီကနေ ‌နောက်အကျဆုံး မနက် ၂ နာရီအထိ ပို့ဆောင်ပေးနေပါတယ်။ တကယ်လို့ စားသောက်ဆိုင် ဖွင့်ချိန် မဟုတ်သေးဘူးဆိုရင် အက်ပ်ပလီကေးရှင်းမှာ closed လို့ မြင်ရပါလိမ့်မယ်။

မီနူးမှ ‌ရွေးချယ်ထားသော စားစရာ ကုန်ကျစရိတ်နဲ့ ပို့ဆောင်ခအပါအဝင် သင့်အော်ဒါ စုစုပေါင်းကုန်ကျစရိတ်ကို ‌ပေးချေရမှာပါ။ ပို့ဆောင်ခဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက် စားစရာပို့ဆောင်သူ‌‌‌တွေအတွက်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုများ ဆက်လက်ပေးသွားဖို့ အတွက်ပါ။

မရှိပါဘူး။ ဘယ်လောက်ဖိုး မှာမှာ ရပါတယ်။

အော်ဒါတစ်ခုအလိုက် ပို့ဆောင်ခ ၂၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ပို့ဆောင်ခဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက် စားစရာပို့ဆောင်သူ‌‌‌တွေအတွက်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုများ ဆက်လက်ပေးသွားဖို့ အတွက်ပါ။

ဟုတ်ကဲ့။ စားစရာမှာယူမှု ‌အော်ဒါတစ်ခုစီအလိုက် GrabRewards ပွိုင့်တွေ ပြန်ရမှာပါ။

ကျွန်တော်တို့ရဲ့ မိတ်ဖက် ပို့ဆောင်သူကို စားစရာလာပို့တဲ့ အချိန်မှာမှ ‌ငွေသားနဲ့ ‌ပေးချေလိုက်ရုံပါပဲ။ ပြန်အမ်းငွေ အခက်အခဲရှိနိုင်တာကြောင့် ကျသင့်ငွေကို အတိအကျ ‌ပြင်ဆင်ပေးထားစေလိုပါတယ်။