Press Centre

iflix နှင့် Grab တို့ ၏ မှတ်တိုင်တစ်ခုဖြစ်သည့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုစတင်

 ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်သည့် iflix သည် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး အသုံးပြုသူများအတွက် GrabRewards ပွိုင့်များနှင့်  iflix VIP  ကို အကန့်အသတ်မရှိ စိတ်ကြိုက်ကြည့်ရှုနိုင်မည့် နည်းလမ်းအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

ရန်ကုန် – နိုဝင်ဘာ ၁၅  ၊၂၀၁၈ – ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်သည့် iflix သည် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး အသုံးပြုသူများအတွက် GrabRewards ပွိုင့်များနှင့်  iflix VIP  ကို အကန့်အသတ်မရှိ စိတ်ကြိုက်ကြည့်ရှုနိုင်မည့် နည်းလမ်းအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ Grab အသုံးပြုသူများအနေဖြင့် GrabRewards ပွိုင့် ၁၀၅၀ ကို အသုံးပြုပြီး  ကြော်ငြာပါဝင်ခြင်းမရှိသော ၁ လစာ iflix VIP  (၃၀၀၀ ကျပ်တန်)ဝန်ဆောင်မှုကို ဝယ်ယူတိုင်း ၎င်းတို့၏ GrabRewards Membership အဆင့်အပေါ် မူတည်ပြီး VIP အသုံးပြုခွင့် (၁၁) လ အထိ အပိုဆု ရယူနိုင်ပါသည်။

iflix ၏ Head of Marketing Myanmar and Cambodia ဖြစ်သူ Eena Acuna က “iflix NEWS နဲ့  iflix SNACKS အပါအဝင်  ပြည်တွင်း၊ ဒေသတွင်း နိုင်ငံတကာဖျော်ဖြေတင်ဆက်မှုတွေကို မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိသလို ကမ္ဘာ့အဆင့်မီဖျော်ဖြေရေး ဝန်ဆောင်မှုကို လျင်လျင်မြန်မြန်  လက်ခံအသုံးပြုနိုင်ဖို့ အဆင်ပြေလွယ်ကူတဲ့နည်းလမ်းအသစ်တစ်ခုကို  Grab နဲ့အတူ ပူးပေါင်းဖော်ဆောင်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။”

Grab Myanmar ၏ Country Head Alvin Loh က “လုံခြုံစိတ်ချရပြီး အများပြည်သူအတွက် ဈေးနှုန်းသင့်တင့် အဆင်ပြေလွယ်ကူတဲ့သယ်ယူပို့ဆောင်ရေးတစ်ခုဆိုတာထက် ပိုတဲ့တန်ဖိုးတစ်ခုအဖြစ်လာဖို့ ရည်ရွယ်ပြီးတော့ Grab ကို စီးနင်းအသုံးပြုတိုင်းမှာ ရနိုင်မယ့် GrabRewards ဆိုတာကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Grab အသုံးပြုသူတွေအနေနဲ့ များပြားလာပြီး လူကြိုက်များ ရေပန်းစားနေတဲ့ လက်လီအရောင်းဈေးကွက်များ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ထုတ်ကုန်များကို GrabRewards Points များနဲ့ ပေးချေ အသုံးပြုနိုင်ပါပြီ။ iflix နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ Grab အသုံးပြုသူတွေအတွက် တန်ဖိုးရှိတဲ့အကျိုးခံစားခွင့်တွေ ထပ်ဆောင်းဖန်တီးပေးလိုက်နိုင်တဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ အခုဆိုရင် Grab အသုံးပြုသူတွေဟာ အဆင့်အတန်းမြင့် နိုင်ငံတကာနဲ့ ပြည်တွင်းရုပ်ရှင်ဇာတ်လမ်းတွဲတွေကို  Grab  စီးနင်းရင်း ကြည့်ရှုခံစားနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

ယခုအခါတွင် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ လူပေါင်း ၁ ဘီလီယံကျော်အတွက် ရရှိနေပြီဖြစ်သည့် iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှု မှုနယ်ပယ်တွင်  ဈေးကွက်ဦးဆောင်သူအဖြစ်  ထင်ထင်ရှားရှားရပ်တည်နေပြီဖြစ်သည်။ iflix တွင်သီးသန့် ကြည့်ရှုနိုင်သည့်  ရုပ်ရှင်များနှင့် ဆုရ အစီအစဉ်များ အပါအဝင် ဟောလိဝုဒ်၊  ဒေသတွင်းနှင့်  ပြည်တွင်းရုပ်ရှင်များ ပါဝင်သည့် ရုပ်ရှင်စုစည်းမှုကြီးကို  အသုံးပြုသူများအတွက်  ဝန်ဆောင်မှုပေးထားပြီးလစဉ်ကြေးပးချေ ၍ အသုံးပြုသူများသည် iflix ကို ဖုန်း၊ လက်ပ်တော့၊ တက်ဘလက်နှင့် တီဗီတို့အပါအဝင်  device  ၅ မျိုးအထိတွင် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်ပါသည်။

iflix အကြောင်း

Iflix သည် ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် စိတ်ဝင်စားဖွယ် TV ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်များ၊ ပြည်တွင်းပရိတ်သတ်များနှင့်သင့်လျော်သည့် iflix မူပိုင်ရုပ်ရှင်များ၊ သာလွန်ကောင်းမွန်သော တိုက်ရိုက်ထုတ်လွှင့် သည့် အားကစားပွဲများ နှင့် ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော မျက်ေ မှာက်ရေးရာ နောက်ဆုံးရသတင်းများ  ကို ဒေါင်းလုတ်ပြုလုပ်၍ဖြစ်စေ တိုက်ရိုက် ဖြစ်စေ အင်တာနက် ချိတ်ဆက်ထားသော မည်သည့် Device တွင်မဆို ကြည့်ရှုခံစားနိုင်ရန် တင်ဆက်ပေးနေသော ကမ္ဘာ့ထိပ်တန်း ဦးဆောင်  ဖျော်ဖြေရေးဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ယခုအခါ iflix မှ အသုံးပြုသူ တစ်ဘီလီယံကျော်သော ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များအတွက် ရည်ရွယ်၍ iflixFREE နှင့် iflixVIP ကဲ့သို့ တစ်မူထူးခြားသည့် အတွေ့အကြုံနှစ်မျိုးကို ထပ်မံမိတ်ဆက်ပေးထားသည်။

Let’s play.

လက်ရှိတွင် iflix ကို မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ သိရီလင်္ကာ၊ ပါကစ္စတန်၊  မြန်မာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်ဗ်၊ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေဗီးယား၊ဂျော်ဒန်၊ အီရတ်၊  လက်ဘနွန် ၊ အီဂျစ်၊ဆူဒန်၊ ကမ္ဘောဒီးယား၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ နီပေါ ဘင်္ဂလာဒေ့ရှ်  ၊ဇင်ဘာဘွေ၊မိုရိုကို၊ တန်ဇန်းနီးယားနှင့် ယူဂန်ဒါ နိုင်ငံတို့တွင်  အသုံးပြုနိုင်ပြီဖြစ်သည်။

အသေးစိတ်အချက်လက်များကိုထပ်မံသိရှိနိုင်ရန် ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်  https://www.iflix.com

Grab အကြောင်း

Grab သည် အရှေ့တောင်အာရှတွင် အများဆုံး အသုံးပြုလျက်ရှိသော ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ သွားလာရေး၊ အစားအသောက်၊ အိမ်အရောက် ဈေးဝယ်ခြင်း စသည်တို့ကို e-wallet တစ်ခုတည်းဖြင့် ငွေပေးချေနိုင်သည်။ အရှေ့တောင်အာရှ နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ် စီးပွားရေးမှ အကျိုးကျေးဇူးများ ရရှိသင့်သည်ဟု Grab က ယုံကြည်သည့်အတိုင်း ကုမ္ပဏီသည် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ပစ္စည်း ပို့ဆောင်ရေး၊ မိုဘိုင်း ငွေချေစနစ်နှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter