Press Centre

Grab Myanmar မှ မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များပါဝင်သည့် Better 365 အစီအစဉ်ကို ထုတ်ပြန်ကြေညာ

အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က မိတ်ဖက်ယာဉ်မောင်းများ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်သွားမည်ဆိုသော ကတိကဝတ်အတိုင်း Better 365 အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Better 365 အစီအစဉ်သည် နေ့စဉ် ခရီးသည်များအတွက် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိသော အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် Grab မိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြု ကျေးဇူးတံ့ုံပြန်သည့် အစီအစဉ် ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ၂၆ ရက်နေ့ ဇွန်လ၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က မိတ်ဖက်ယာဉ်မောင်းများ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်သွားမည်ဆိုသော ကတိကဝတ်အတိုင်း Better 365 အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Better 365 အစီအစဉ်သည် နေ့စဉ် ခရီးသည်များအတွက် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိသော အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် Grab မိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြု ကျေးဇူးတံ့ုံပြန်သည့် အစီအစဉ် ဖြစ်သည်။ Better 365 အစီအစဉ်တွင် Grab မိတ်ဖက်ယာဉ်မောင်းများသည် ပလက်တီနမ်အဆင့် ယာဉ်မောင်းများအတွက် အထူးအစီအစဉ်၊ မိတ်ဖက်ယာဉ်မောင်းများအတွက် GrabBenefits အစီအစဉ်နှင့် စွမ်းဆောင်ရည်မြင့် ယာဉ်မောင်းများအတွက် အပတ်စဉ် အပိုဆုကြေး အစီအစဉ် စသည့် အပိုင်း ၃ ပိုင်းဖြင့် အကျိုးခံစားခွင့်များစွာကို တစ်နှစ်တာအတွင်း ၃၆၅ ရက်လုံး ရယူခံစားနိုင်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် Gandamar Whole Sale ရှော့ပင်းမောလ်၊ Gandamar Grand Ballroom ၌ Grab  ကျင်းပပြုလုပ်သော Better 365 အစီအစဉ် စတင်မိတ်ဆက်ပွဲ အခမ်းအနားသို့ Grab မိတ်ဖက်ယာဉ်မောင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ပလက်တီနမ်အဆင့် Grab ယာဉ်မောင်းများအတွက် အစီအစဉ်

Grab မှ စွမ်းဆောင်ရည်မြင့် ထိပ်တန်း မိတ်ဖက်ယာဉ်မောင်းများအား လစဉ် ဆုလက်ဆောင်များ  ပြန်လည်ပေးအပ်နိုင်ရန် အထူးသီးသန့် Grab ပလက်တီနမ်အဆင့် ယာဉ်မောင်းအစီအစဉ်တစ်ခု ရေးဆွဲခဲ့ပါသည်။ လစဉ် ပြည့်မီရမည့် လမ်းကြောင်းအရေအတွက် စသည်ဖြင့် သတ်မှတ်ထားသည့် အခြေခံစံနှုန်းများကို စဉ်ဆက်မပြတ် ရရှိခဲ့သော မိတ်ဖက်ယာဉ်မောင်းများသည် Grab ပလက်တီနမ်အဆင့် ယာဉ်မောင်းအစီအစဉ်တွင် အလိုအလျောက် ပါဝင်ပြီးသား ဖြစ်သည်။ အဆိုပါ ယာဉ်မောင်းများမှာ ဆုကြေးငွေ၊ မေတ္တာလက်ဆောင် လက်မှတ်နှင့် Grab အဖွဲ့ထံမှ အကူအညီ လျင်မြန်စွာရရှိနိုင်မည့် Grab ၏ Customer Experience ဖုန်းနံပါတ်သို့ တိုက်ရိုက်ခေါ်ဆိုနိုင်ခွင့် စသည့် အထူးခံစားခွင့်များ ရရှိနိုင်မည် ဖြစ်ပါသည်။ Grab ပလက်တီနမ်အဆင့် ယာဉ်မောင်းအစီအစဉ်တွင် GrabBenefits နှင့် အပတ်စဉ် အပိုဆုကြေး အစီအစဉ်များထက် ပိုမိုကောင်းမွန်သော ခံစားခွင့်များ ပေးအပ်သွားမည် ဖြစ်ပါသည်။

မိတ်ဖက်ယာဉ်မောင်းများ အားလုံးအတွက် GrabBenefits အစီအစဉ်

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က မိတ်ဆက်ပေးခဲ့သည့် ခရီးသည်များအတွက် loyalty programme ဖြစ်သော GrabRewards အစီအစဉ်အတိုင်း အလားတူ အကျိုးခံစားခွင့် ရရှိစေမည့် GrabBenefits အစီအစဉ်တစ်ခုကို မိတ်ဖက်ယာဉ်မောင်းများအတွက် စတင်လိုက်ပြီ ဖြစ်ပါသည်။ GrabBenefits အစီအစဉ်မှတစ်ဆင့် မိတ်ဖက်ယာဉ်မောင်းများသည်  နေ့စဉ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို လျှော့ဈေး သို့မဟုတ် အထူးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ GrabBenefits အစီအစဉ်တွင် အစားအသောက်၊ ကားပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ၊ မိုဘိုင်းဖုန်း ပြုပြင်ရေး ဝန်ဆောင်မှုများ၊ ခရီးသွား အစီအစဉ်၊ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ ဟိုတယ်ငှားရမ်းမှုနှင့် ပညာရေး ဝန်ဆောင်မှု စသည့် အမျိုးအစားများစွာ ပါဝင်ပြီး မိတ်ဖက်ယာဉ်မောင်း အားလုံးအတွက် အကျုံးဝင်ပါသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး Grab မိတ်ဖက်ယာဉ်မောင်းများမှာ Driver အက်ပလီကေးရှင်း Menu ရှိ GrabBenefits ကို ဝင်ရောက်ကာ မိမိတို့ ရယူနိုင်သည့် ခံစားခွင့် အမျိုးအစားများကို စတင် ကြည့်ရှု့ရွေးချယ် နိုင်တော့မည် ဖြစ်သည်။ မိတ်ဖက်ယာဉ်မောင်းများသည် ခံစားခွင့် အမျိုးအမည် တစ်ခုချင်းစီကိုထောက်၍ ရွေးချယ် လဲလှယ်နိုင်သည့် နေရာ၊ နည်းလမ်းနှင့် စည်းကမ်း သတ်မှတ်ချက်များကို လေ့လာသိရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် Grab မိတ်ဖက်ယာဉ်မောင်းများ၏ မိသားစုဝင်များအတွင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူရှိပါက Grab မှ ဆုကြေး ပေးအပ်သွားမည် ဖြစ်ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်း၏ မိသားစုဝင်မှ ရရှိခဲ့သည့် ဂုဏ်ထူးအရေအတွက်အလိုက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်အထိ ဆုပေါင်း ၅၀ ကို Grab မှ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။Grab မှ ထူးချွန်ဆုကြေး ပေးအပ်ရန်အတွက် အနည်းဆုံး ဂုဏ်ထူး (၃) ဘာသာ ရရှိထားသူများမှ စတင်ပြီး စိစစ်ရွေးချယ်မည် ဖြစ်ပါသည်။ Grab တွင် မောင်းနှင်လျက်ရှိသော မိတ်ဖက်ယာဉ်မောင်းများသည် ထူးချွန်စွာ အောင်မြင်ခဲ့သော ၎င်းတို့၏သားသမီးများအတွက် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး Grab မြန်မာရုံးခန်းတွင် ဆုကြေး လာရောက်လျှောက်ထားနိုင်ကြပြီ ဖြစ်သည်။

အပတ်စဉ် အပိုဆုကြေးများ

Grab မှ မိတ်ဖက်ယာဉ်မောင်းများ၏ လုပ်ရည်ကိုင်ရည်အလိုက် အပတ်စဉ် အပိုဆုကြေးများကို ဆက်လက်  ပေးအပ်သွားမည် ဖြစ်ပါသည်။

ပေးအပ်မြဲဖြစ်သော အပတ်စဉ် အပိုဆုကြေးအပြင် Grab မှ On-the-spot ဆုကြေးဟု အမည်ပေးထားသည့် အစီအစဉ် အသစ်တစ်ခုကိုလည်း မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ On-the-spot ဆုကြေး အစီအစဉ်ကို မိတ်ဖက်ယာဉ်မောင်းများထံမှ ရရှိလာသည့် အကြံပြုချက်အပေါ် မူတည်၍ စီစဉ်ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးအား သွားရောက်ကြိုပေးရမည့် ခရီးအတွက်အချိန် ၁၀ မိနစ်ထက် ကျော်လွန်ပါက အထောက်အပံ့တစ်ခု ရရှိနိုင်ရန် ရည်ရွယ်ပါသည်။ GPS နေရာပြ မြေပုံနည်းပညာဖြင့် ခန့်မှန်းထားသည့် သတ်မှတ်ချိန်တွင် မိတ်ဖက်ယာဉ်မောင်းများအနေနှင့် ခရီးသည်ကို ကြိုရန် ၁၀ မိနစ်ထက်  ကျော်လွန်၍ သွားရမည်ဆိုပါက အပိုချိန်များအတွက် တစ်မိနစ်လျှင် ၈၀ ကျပ် ရရှိမည်ဖြစ်ပါသည်။

အပိုဆုကြေးနှင့် ဘောနပ်စ်များကို Driver အက်ပလီကေးရှင်းတွင် ပါရှိသော မိတ်ဖက်ယာဉ်မောင်းများ၏ Grab Wallet သို့ တိုက်ရိုက်ထည့်သွင်းပေးမည် ဖြစ်ပါသည်။

“မိတ်ဖက်ယာဉ်မောင်းတွေအတွက် Grab နဲ့ မောင်းနှင်ပြီး ဝင်ငွေတိုးတက်လာတဲ့အပြင် အခြား ထောက်ပံ့မှုတွေပါ ရရှိမယ့် ကျွန်တော်တို့ရဲ့ Better 365 စီမံကိန်းကို မိတ်ဆက်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ စီမံကိန်းကို ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ဆွေးနွေးပြီး သူတို့ နေ့စဉ် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို နားထောင်ပြီးမှ ချမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မိတ်ဖက်ယာဉ်မောင်းတွေကို ဆက်ပြီးတော့လည်း သူတို့ရဲ့ ဝေဖန်အကြံပြုချက်တွေ  ပေးပို့ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ဘက်ကလည်း ယာဉ်မောင်းတွေအတွက် အဆင်ပြေဆုံး အက်ပလီကေးရှင်း ပလက်ဖောင်းတစ်ခု ဆက်လက် တည်ဆောက်ပေးသွားနိုင်မှာပါ” ဟု Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က ပြောသည်။

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က စပြီး Grab နဲ့ စတင် ချိတ်ဆက်မောင်းနှင်ခဲ့တာဟာ ကျွန်တော့်ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပါပဲ။ မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို အသုံးပြုပြီး ခရီးသည် ငှားရမ်းမှုတွေ ပိုရလာမယ်၊ ကျွန်တော့် မိသားစုအတွက် ဝင်ငွေများများ ပိုရအောင် ရှာနိုင်လာမယ်လို့ တစ်ခါမှ မစဉ်းစားမိဖူးပါဘူး။ အခု မိတ်ဆက်ပေးလိုက်တဲ့ GrabBenefits တွေအတွက်လည်း အရမ်းကျေနပ်မိပါတယ်။ ဒီထဲမှာဆို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုကို သဘောအကျဆုံးပါ။ ကျွန်တော်တို့လို ပိတ်ရက်မရှိ ကားဆွဲနေရတဲ့ ယာဉ်မောင်းတွေအဖို့ ကျန်းမာရေးက အရေးကြီးဆုံးပါ။ ပြီးတော့ Grab ယာဉ်မောင်းတွေရဲ့ မိသားစုဝင်တွေအတွက် ဆုကြေးတွေ  ပေးအပ်သွားမယ်ဆိုတာ သိရလို့လည်း  ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အခုလို ကျေးဇူးတင် အသိအမှတ်ပြုပေးတဲ့အတွက် ခရီးသည်တွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ဆက်လက် ပေးသွားနိုင်မယ့် တွန်းအားတွေလည်း ရရှိခဲ့ပါတယ်” ဟု လွန်ခဲ့သည့်နှစ်အတွင်း Grab ဖြင့် လစဉ် အကြောင်းရေအများဆုံး ပြေးဆွဲနိုင်သူဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့သူ ကိုထင်လင်းဦး ကပြောသည်။

Better 365 စီမံကိန်းအပြင် ရန်ကုန်မြို့ရှိ ယာဉ်မောင်းအဖွဲ့အစည်းကြီးအတွက် ခရီးသည် ငှားရမ်းမှုနှင့် ဝင်ငွေ ပိုမိုရရှိပြီး နေထိုင်မှုဘဝများ ပိုမို ကောင်းမွန်လာစေရန် လုပ်ဆောင်သွားမည့်အပြင် ဝန်ဆောင်မှု အရည်အသွေးများ မြင့်မားလာစေရန် မွမ်းမံသင်တန်းများကိုလည်း ဆက်လက် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ လက်ရှိ ပေးအပ်လျက်ရှိသော အကျိုးခံစားခွင့်များနှင့် မကြာမီ စတင်ရရှိတော့မည့် အကျိုးခံစားခွင့်များမှာ –

  • အခမဲ့ မျက်လုံး စစ်ဆေးပေးခြင်းနှင့် မျက်မှန်အသစ်များကို လျှော့ဈေးဖြင့် ရနိုင်သည့် အစီအစဉ်
  • ဒေသတွင်း အာမခံ ပေါ်လစီအရ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ခန္ဓာကိုယ် ထိခိုက်မှုရှိခဲ့ပါက အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းများ၏ မတော်တဆ ထိခိုက်မှုများအတွက် လျော်ကြေး ပြန်ထုတ်ပေးခြင်း
  • Driver အက်ပလီကေးရှင်းအတွင်း ပိုက်ဆံဖြည့်နိုင်မည့် wallet လုပ်ဆောင်ချက် ထည့်သွင်းထားသောကြောင့် Grab ရုံးအထိ လာရောက်ရန် မလိုအပ်တော့ဘဲ မိမိဖုန်းအတွင်း ပိုက်ဆံရောက်ရှိလာခြင်း
  • Driver အက်ပလီကေးရှင်းအတွင်း အပတ်စဉ် ငွေစာရင်းရှင်းတမ်းအား ပြန်လည်ကြည့်ရှု့နိုင်ခြင်း
  • Samsung ပစ္စည်း အသစ်များ ဝယ်ယူနိုင်သည့် အသေးစားချေးငွေ အစီအစဉ်
  • Yoma Strategic နှင့် ပူးပေါင်းပြီး မော်တော်ယာဉ် ငှားရမ်းနိုင်ရန်နှင့် ဝယ်ယူမည်ဆိုပါက ငွေကြေးထောက်ပံ့မှု ရရှိနိုင်မည့် အစီအစဉ်
  • ခရီးသည်က စောင့်ဆိုင်းကြာချိန် ၅ မိနစ်အတွင်း ရောက်ရှိမလာပါက မိတ်ဖက်ယာဉ်မောင်းများ၏ ခရီးစဉ် ပယ်ဖျက်မှုနှုန်းကို မထိခိုက်ဘဲ မိမိဘက်မှ cancel လုပ်နိုင်မယ့် Cancellation button လုပ်ဆောင်ချက်အသစ်

Grab Myanmar အကြောင်း အသေးစိတ် သိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMM တို့တွင် ဝင်ရောက်လေ့လာကြည့်ရှု့နိုင်ပါသည်။

  

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter