Last modified: 1 December 2020
အသုံးပြုရန်စည်းကမ်းချက်များ
အပိုင်း-က။ အရပ်ရပ်ဆိုင်ရာ စည်းကမ်းချက်များ
၁။ နိဒါန်း
၁-၁၊ ကျေးဇူးပြု၍ ဤ “အသုံးပြုရန်စည်းကမ်းချက်များ”ကို ဂရုတစိုက်ဖတ်ရှုပါ။ “ဝန်ဆောင်မှု” (အဓိပ္ပာယ် သတ်မှတ်ထားသည့်အတိုင်း)ကို အသုံးပြုပြီး၊ လူကြီးမင်း သဘောတူညီသည်မှာ လူကြီးမင်းသည် မိမိနှင့် အကျုံး ဝင်သက်ဆိုင်သည့် ဤ“အသုံးပြုရန်စည်းကမ်းချက်များ”ပါ စည်းကမ်းချက်များကို ဖတ်ရှုပြီး၊ နားလည်သ ဘောပေါက်ပြီးဖြစ်ပါသည်။ ဤ“အသုံးပြုရန်စည်းကမ်းချက်များ” နှင့် “Grab ပေါ်လစီများ” (အဓိပ္ပာယ် သတ်မှတ် ထားသည့်အတိုင်း) တို့သည် လူကြီးမင်းနှင့်် “Grab” (အဓိပ္ပာယ် သတ်မှတ်ထားသည့်အတိုင်း) တို့အကြား ဥပဒေ ကြောင်းအရ စည်းနှောင်မှုရှိသည့် သဘောတူညီချက် (“သဘောတူညီချက်”) တစ်ရပ်အဖြစ် ဖွဲ့စည်းထား ရှိပါ သည်။ “သဘောတူညီချက်”သည် Grab က ဖြည့်ဆည်းပေးသည့် “ဝန်ဆောင်မှု” (အဓိပ္ပာယ် သတ်မှတ်ထား သည့် အတိုင်း) ကို လူကြီးမင်း အသုံးပြု ခြင်းနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ အကယ်၍ လူ ကြီးမင်းသည် “အသုံး ပြုရန်စည်းကမ်းချက်များ” ကို သဘောမတူပါက “အက်ပလီကေးရှင်း” ကို ဖြစ်စေ၊ “ဝန် ဆောင်မှု” ကို ဖြစ်စေ ကျေးဇူးပြု၍ အသုံးမပြုပါနှင့် သို့မဟုတ် ဆက်လက်၍ အသုံးမပြုပါနှင့်။
၁-၂၊ Grab သည် “သဘောတူညီချက်”ပါ စည်းကမ်းချက်များအား အချိန်မရွေး ပြင်ဆင်နိုင်ပါသည်။ ယင်းပြင် ဆင်ချက်များသည် ယင်းတို့အား http://www.grab.com သို့မဟုတ် “အက်ပလီကေးရှင်း” တွင် တင်ထား လိုက် သည်နှင့် ချက်ချင်းအတည်ဖြစ်ရပါမည်။ “အသုံးပြုရန်စည်းကမ်းချက်များ” အား ပုံမှန် ဖတ်ရှုလေ့ လာရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်ပါသည်။ ယင်းသို့ပြင်ဆင်ပြီးနောက် “ဝန်ဆောင်မှု” အား လူကြီးမင်း၏ ဆက်လက် အသုံး ပြုခြင်းသည် ယင်းပြင်ဆင်ချက်များက စည်းနှောင်မှုရှိစေရန် လူကြီးမင်း၏ သဘောတူညီချက် အဖြစ် ဖွဲ့စည်းပါဝင်ပါသည်။
၁-၃၊ အကယ်၍ လူကြီးမင်းသည် “ဝန်ဆောင်မှု” ကို “အက်ပလီကေးရှင်း” အတွက် လူကြီးမင်းမှတ်ပုံတင်ထား သည့် နိုင်ငံမဟုတ်သည့် နိုင်ငံတစ်နိုင်ငံ “အခြားနိုင်ငံ” တွင် အသုံးပြုပါက “အခြားနိုင်ငံ”နှင့် အကျုံးဝင် သက်ဆိုင် သည့် စည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုလေ့လာရပါမည်။ ထိုစည်းကမ်းချက်များသည် “အက်ပလီကေးရှင်း” အတွက် လူကြီးမင်းမှတ်ပုံတင်ထားသည့် နိုင်ငံနှင့် ကွဲပြားနိုင်ပြီး၊ ယင်းကို https://www.grab.com တွင် တွေ့ရှိနိုင်သည်။ “ဝန်ဆောင်မှု”အား “အခြားနိုင်ငံ”တွင် အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် “အခြားနိုင်ငံ”ရှိ လက်ရှိအသုံးပြုရန် စည်းကမ်းချက်များက စည်းနှောင်မှုရှိသည်ကို သဘောတူညီပါသည်။
၁-၄၊ Grab သည် အခြားဝန်ဆောင်မှုပေးသူများက ပေးသည့်ဝန်ဆောင်မှုအား ရရှိစေရန် အသုံးပြုသူများ အတွက် ကြားခံဆောင်ကျဉ်းပေးသည့် “နည်းပညာကုမ္ပဏီ” တစ်ခုဖြစ်ပါသည်။ Grab ၏ အခန်းကဏ္ဍမှာ ယင်း အခြားဝန်ဆောင်မှုပေးသူနှင့် အသုံးပြုသူအား ဆက်စပ်ပေးရန်သာဖြစ်ပါသည်။ Grab သည် အခြားဝန် ဆောင်မှုပေးသူ တစ်ရပ်ရပ်၏ ပြုလုပ်မှုနှင့်/ သို့မဟုတ် ပျက်ကွက်မှုအတွက် တာဝန်ရှိမည် မဟုတ်ပါ။ ထို့ပြင် ယင်းသို့သော ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ပေးရန်တာဝန်ရှိမှု တစ်ရပ်ရပ်အား အခြားဝန်ဆောင်မှုပေးသူက ကျခံရပါသည်။ အခြားဝန်ဆောင်မှုပေးသူများသည် Grab ၏ ကိုယ်စားလှယ်၊ ဝန်ထမ်း သို့မဟုတ် အမှုထမ်း မဟုတ်ပါ။ ထို့ပြင် အခြားဝန်ဆောင်မှုပေးသူများက ဖြည့်ဆည်းပေးသည့် ဖြေရှင်းချက်များကို Grab ကဖြည့် ဆည်းပေးသည်ဟု မှတ်ယူခြင်းမပြုရပါ။
၂။ အဓိပ္ပာယ်သတ်မှတ်ချက်များ
ဤ“အသုံးပြုရန်စည်းကမ်းချက်များ”တွင်၊ အောက်ပါစကားရပ်များသည် အောက်တွင်ဖော်ပြထားသည့် အဓိပ္ပာယ် ရှိရမည် –
၂-၁၊ “အက်ပလီကေးရှင်း” ဆိုသည်မှာ “အသုံးပြုသူများ” နှင့် “အခြားဝန်ဆောင်မှုပေးသူများ” အသီးသီး အ တွက် Grab (သို့မဟုတ် ယင်း၏ လိုင်စင်ရရှိသူများ) က အွန်လိုင်းမှ ဒေါင်းလုတ် ဆွဲချရယူရန်အတွက် ပြုလုပ်ထား သည့် သက်ဆိုင်ရာ မိုဘိုင်းလုပ်ငန်းသုံး ပရိုဂရမ်များကိုဆိုသည်။
၂-၂၊ “Grab” ဆိုသည်မှာ Grab (Myanmar) Limited ကိုဆိုသည်။
၂-၃၊ “Grab ပေါ်လစီများ” ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည် –
၂-၃-၁၊ “အနှောင့်အယှက်မှ အေးငြိမ်းမှု ပေါ်လစီ”၊
၂-၃-၂၊ “Grab ယာဉ်မောင်း/ ပစ္စည်းကို အရောက်ပေးပို့ပေးသည့် အဖွဲ့ဝင်ဆိုင်ရာ လိုက်နာရန် ကျင့်ဝတ်” သို့မ ဟုတ် “Grab ဖောက်သည်ဆိုင်ရာ လိုက်နာရန် ကျင့်ဝတ်”၊ ဖော်ပြပါတို့နှင့် သက်ဆိုင်သလို အကျုံး ဝင်သက် ဆိုင် သည်၊
၂-၃-၃၊ အခြားသောပုံစံများ၊ ပေါ်လစီများ၊ နို့တစ်စာများ၊ လမ်းညွှန်ချက်များ၊ “မကြာခဏ မေးတတ်သည့် မေးခွန်းများ”၊ သို့မဟုတ် လူကြီးများနှင့် အခါအားလျော်စွာ ရယူထားသည့် သဘောတူ ညီချက်များ သို့မဟုတ် စာချုပ်များ၊
၂-၄၊ “ပုဂိလ်ရေးအချက်အလက်” ဆိုသည်မှာ လူကြီးမင်းအား မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရန်ဖြစ်စေ၊ သတင်းအချက်အလက် တစ်စုံတစ်ရာမှ လူကြီးမင်းအား မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိစေရန်ဖြစ်စေ အသုံး ပြုနိုင်သည့် သတင်းအချက် တစ်ရပ်ရပ်ကို ဆိုသည်။ ယင်းတွင် ယခုဖော်ပြထားသည်တို့ကိုသာလျှင် ကန့်သတ် ထားသည်မဟုတ်ဘဲ လူကြီးမင်း၏အမည်၊ လူမျိုး၊ တယ်လီဖုန်းနံပါတ်၊ ဘဏ်နှင့် မြီရှင်ကဒ်ပြား အသေးစိတ် အချက်အလက်များ၊ ပုဂိ္ဂုလ်ရေးစိတ်ဝင်စားမှုများ၊ အီးမေးလ်လိပ်စာ၊ လူကြီးမင်း၏ ရုပ်ပုံလွှာ၊ အစိုး ရထုတ်ပေး သည့် မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်သည့်နံပါတ်၊ ဇီဝဆိုင်ရာ အချက်အလက်၊ မျိုးနွယ်စု၊ မွေးနေ့ရက်စွဲ၊ အိမ်ထောင်ရေးအခြေအနေ၊ ဘာသာ၊ ကျန်းမာရေး သတင်းအချက်၊ ယာဉ်နှင့် အာမခံသ တင်းအချက်အလက်တို့ ပါဝင်သည်။
၂-၅၊ “ပလက်ဖောင်း” ဆိုသည်မှာ သက်ဆိုင်ရာ Grab နည်းပညာပလက်ဖောင်းကို ခေါ်ဆိုပြီး၊ “အက်ပလီ ကေး ရှင်း” နှင့် တွဲဖက်၍ အသုံးပြုသည့်အခါ “အသုံးပြုသူများ”၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး၊ “ဖြေရှင်း ချက်များ”ကို ရရှိရန် အခွင့်အလမ်းရရှိနိုင်ပါသည်။
၂-၆၊ “အနှောင့်အယှက်မှ အေးငြိမ်းမှုပေါ်လစီ” ဆိုသည်မှာ အခါအားလျော်စွာ ပြင်ဆင်ထားသည့် https://www.grab.com/mm/privacy/ တွင်ရယူနိုင်သည့် မိမိတို့၏ “အနှောင့်အယှက်မှ အေးငြိမ်းမှုပေါ်လစီ” ကို ဆိုသည်။
၂-၇၊ “ဝန်ဆောင်မှု” ဆိုသည်မှာ “အက်ပလီကေးရှင်း” ၊ “ပလက်ဖောင်း” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်” မှ တစ် ဆင့် “အခြားဝန်ဆောင်မှု ပေးသူများ” ထံသို့ “အသုံးပြုသူများ” အား ချိတ်ဆက်ခြင်းကို ဆိုသည်။
၂-၈၊ “ဆော့ဖ်ဝဲလ်” ဆိုသည်မှာ Grab က အွန်လိုင်းမှတစ်ဆင့် ဆွဲချရယူရန်အတွက် ဖြည့်ဆည်းပေးထားပြီး၊ တပ်ဆင်ထားသည့် “လုပ်ငန်းသုံးပရိုဂရမ်”နှင့် ဆက်စပ်ထားသော ဆော့ဖ်ဝဲလ်တစ်ရပ်ရပ်ကို ဆိုသည်။
၂-၉၊ “ဖြေရှင်းချက်များ” ဆိုသည်မှာ “ဝန်ဆောင်မှု” မှတစ်ဆင့် “အသုံးပြုသူများ” ရရှိစေရန် ပြုလုပ်ထားသော အောက်ပါဝန်ဆောင်မှုများကို ဆိုသည် (တစ်ခုချင်းစီသည် “ဝန်ဆောင်မှု” တစ်ရပ်) –
၂-၉-၁၊ Grab တက္ကစီ၊
၂-၉-၂၊ Grab အစားအစာ၊
၂-၉-၃၊ Grab စက်ဘီး၊
၂-၉-၄၊ Grab သုံးဘီး၊
၂-၉-၅၊ စီးပွားရေးလုပ်ငန်းအတွက် Grab၊
၂-၉-၆ Grab မတ်
၂-၉-၇၊ Grab က အခါအားလျော်စွာ ပြုလုပ်နိုင်သည့် အလားတူ အခြားဝန်ဆောင်မှုများ။
၂-၁၀၊ “အခြားဝန်ဆောင်မှုပေးသူ” ဆိုသည်မှာ အခြားသောကုန်သည်များ အပါအဝင် “ဝန်ဆောင်မှု” မှတစ်ဆင့် “အသုံးပြုသူများ” သို့ “ဖြေရှင်းချက်များ”ကို ဖြည့်ဆည်းပေးသည့် လွတ်လပ်သော အခြားသူများကို ဆိုသည်။
၂-၁၁၊ “အသုံးပြုသူ” ဆိုသည်မှာ “ဖြေရှင်းချက်များ”ကို ရှာဖွေရန်နှင့် ရရှိရန်အတွက် “အက်ပလီကေးရှင်း”၊ “ပလက်ဖောင်း” နှင့်/သို့မဟုတ် ဆော့ဖ်ဝဲလ်ကို အသုံးပြုသူ တစ်ဦးဦးကို ဆိုသည်။
၂-၁၂၊ “အသုံးပြုသူ၏ အဖိုးအခ” ဆိုသည်မှာ အကျုံးဝင်သက်ဆိုင်သည့် ဝင်/ ထွက် ဂိတ်ကြေးများ၊ အခွန်အခနှင့် အခြားအခကြေးငွေများ သို့မဟုတ် “ဝန်ဆောင်မှု” သို့မဟုတ် “ဖြေရှင်းချက်”အား သီးခြားအသုံးပြုခြင်း တစ်ရပ်အ တွက် ကျသင့်သည့် အခြားစရိတ်များအပါအဝင် “ဝန်ဆောင်မှု” အသုံးပြု ခြင်းဖြင့် ရရှိသည့် “ဖြေရှင်းချက်များ” အ တွက် “အသုံးပြုသူများ” က ကျခံသည့် အဖိုးအခကို ဆိုသည်။
၃။ ကိုယ်စားပြုခြင်းများ၊ အာမခံချက်များနှင့် တာဝန်များချက်များ
၃-၁၊ “ဝန်ဆောင်မှု” အားလုံး အသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် အောက်ပါတို့အတွက် ကိုယ်စားပြုပါ သည်၊ အာမခံချက်ပြုပါသည် –
၃-၁-၁၊ လူကြီးမင်းသည် “သဘောတူညီချက်” ချုပ်ဆိုရန် ဥပဒေအရ အရည်အချင်းပြည့်ဝသူဖြစ်ပြီး၊ လူကြီးမင်း သည် အသက် (၁၈) နှစ် အနည်းဆုံးရှိရမည်။ လူကြီးမင်းသည် အသက် (၁၈) နှစ်အောက် ဖြစ်ပါက “သဘောတူညီချက်” ကို ချုပ်ဆိုခြင်းမပြုနိုင်ပါ။
၃-၁-၂၊ လူကြီးမင်းဖြည့်ဆည်းပေးသည့် သတင်းအချက်အလက်အားလုံးသည် မှန်ကန်ပြီး၊ တိကျမှုရှိရ မည်။
၃-၁-၃၊ လူကြီးမင်းသည် ယင်းတို့၏ ရည်ရွယ်ထားပြီး၊ တရားဝင်ကိစ္စရပ်များအတွက် “အက်ပလီကေးရှင်း” ၊ “ပလက်ဖောင်း” နှင့် “ဝန်ဆောင်မှု” ကိုသာလျှင် အသုံးပြုမည်။
၃-၁-၄၊ လူကြီးမင်းသည် လူကြီးမင်းအား မိမိတို့မှ ခွင့်ပြုထားသည့် “ဝန်ဆောင်မှု” အား လုံခြုံစွာနှင့် လျှိုဝှက်ထားရှိမှုဖြင့် ရရှိစေရန် လူကြီးမင်း၏ အကောင့်စာရင်း ဝှက်စာ သို့မဟုတ် မည်သူမည်ဝါဖြစ် ကြောင်းကို သိမ်းဆည်းထားရမည်။
၃-၁-၅၊ လူကြီးမင်းသည် လူကြီးမင်း၏ အကောင့်စာရင်းကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုလျင်ဖြစ်စေ၊ အခြားသော လုံခြုံရေးချိုးဖောက်မှု တစ်ရပ်ရှိလျှင်ဖြစ်စေ ချက်ချင်းအကြောင်းကြားရန် သဘောတူညီပါ သည်။
၃-၁-၆၊ လူကြီးမင်းသည် မည်သည့်နည်းနှင့်မျှ “ဝန်ဆောင်မှု” ၊ “အက်ပလီကေးရှင်း” နှင့်/ သို့မဟုတ် ဆော့ဖ် ဝဲလ်ကို ကြားဖြတ်နှောင့်ယှက်ရန် သို့မဟုတ် အန္တရာယ်ပြုရန် ကြိုးစားခြင်းမပြုရ။
၃-၁-၇၊ လူကြီးမင်းသည် မိမိတို့၏ ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါအကြောင်းအချက်တို့ အပါအဝင် သို့သော် ယင်းတို့ ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်ဘဲ “အက်ပလီကေးရှင်း”၏ မည်သည့်အစိတ်အပိုင်းကို မျှ စီးပွားရေးအရ ခေါင်းပုံဖြတ်ရန် အားထုတ်ခြင်းမပြုရ သို့မဟုတ် ယင်းတို့ကို မိမိတို့၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူ သို့မဟုတ် စီးပွားရေးအတွက် မိတ္တူကူးရန်၊ ထပ်မံထုတ်လုပ်ရန်၊ အများပြည်သူအားပြသရန်၊ ဖြန့်ဝေရန် သို့မဟုတ် အခြားနည်းအသုံးပြုရန်ဖြစ်စေ၊ ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်စေ အားထုတ် ခြင်း မပြုရ။
၃-၁-၈၊ လူကြီးမင်းသည် အခြားသူအား လူကြီးမင်း၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြချက် သို့မဟုတ် အသုံးပြု သူ အဆင့်အတန်းကို အသုံးပြုရန် အခွင့်အာဏာမပေးရ သို့မဟုတ် လူကြီးမင်းသည် လူကြီးမင်း၏ အသုံးပြုသူ အား အကောင့်စာရင်းအား အခြားသူတစ်ဦးဦးထံသို့ဖြစ်စေ၊ သီးခြားရပ်တည့် နေသည့်အဖွဲ့ အစည်း/အရာ ထံသို့ဖြစ်စေ တာဝန်မပေးရ သို့မဟုတ် လွှဲပြောင်းမပေးရ။
၃-၁-၉၊ လူကြီးမင်းသည် မိမိတို့က ကျိုးကြောင်းခိုင်လုံစွာဖြင့်မေတ္တာရပ်ခံသည့် သို့မဟုတ် လိုအပ်မည် ဖြစ်သည့် မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်သက်သေပြချက်မဆို သို့မဟုတ် အခြားစာရွက်စာတမ်း များ၊ ပါမစ်များ၊ လိုင်စင်များ သို့မဟုတ် သဘောတူခွင့်ပြုချက်များကိုမဆို မိမိတို့အား့ဖြည့်ဆည်းပေးရ မည်။
၃-၁-၁၀၊ လူကြီးမင်းသည် “လုပ်ငန်းသုံးပရိုဂရမ်”အား တရားမဝင်ပစ္စည်း သို့မဟုတ် လိမ်လည်လှည့်ဖြား သော ကိစ္စရပ်များအတွက် လွှဲပြောင်းပေးပို့ခြင်း သို့မဟုတ် သိုလှောင်ခြင်းမပြုရ။
၃-၁-၁၁၊ လူကြီးမင်းသည် “အက်ပလီကေးရှင်း” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်”အား Grab သို့မဟုတ် အခြားသူအား စိတ်ပြိုင်စေရန်ဖြစ်စေ မသင့်တော်သည့် သို့မဟုတ် မလေးမစားသည့် ပုံစံမျိုးဖြင့် ပြုမူရန် ဖြစ်စေ အသုံးမပြုရ။
၃-၁-၁၂၊ “ဝန်ဆောင်မှု”ကို အသုံးပြုသည့်အခါ လူကြီးမင်းသည် လူကြီးမင်းနှင့် အကျုံးဝင်သက်ဆိုင် သည်နှင့်/ သို့မဟုတ် “ဝန်ဆောင်မှု”အား လူကြီးမင်းက အသုံးပြုခြင်းအတွက် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများအားလုံး ကို လိုက်နာရန် သဘောတူညီသည်။
၃-၁-၁၃၊ လူကြီးမင်းသည် “ဆော့ဖ်ဝဲလ်”အားဖြစ်စေ၊ အခြားပါဝင်သည့် အကြောင်းအရာကိုဖြစ်စေ Grab ထံမှ စာဖြင့်ရေးထားသားသည့် ခွင့်ပြုချက်မရရှိဘဲ မိတ္တူမကူးရ သို့မဟုတ် ဖြန့်ဝေခြင်းမပြုရ။
၃-၁-၁၄၊ လူကြီးမင်းသည် “ဝန်ဆောင်မှု” အတွက် လိုအပ်သည့်အတိုင်း တိကျမှန်ကန်ပြီး၊ လက်ငင်းဖြစ် သောပြည့်စုံသည့် သတင်းအချက်အလက်ကိုဖြည့်ဆည်းရမည်ဖြစ်ပြီး၊ “သဘောတူညီချက်” ကာလအတွင်း အချိန်ကာလအားလုံးတွင် လူကြီးမင်း၏ သတင်းအချက်အလက်ကို တိကျမှန်ကန်ပြီး လောလောဆယ်ဖြစ်သော ပြည့်စုံသည့် သတင်းအချက်အလက်အဖြစ် အချိန်မှီ ထိန်းသိမ်းထားရှိရန်နှင့် နောက်ဆုံးအခြေအနေအတိုင်း ထားရှိရန်တာဝန်ကို တာဝန်ခံရမည်။ လူကြီးမင်းက သဘောတူညီသည် မှာ Grab က လူကြီးမင်း၏ သတင်းအ ချက်အလက်သည် တိကျမှန်ကန်ပြီး၊ လောလောဆယ်လည်းဖြစ်၍ ပြည့်စုံသည်ဟု၊ အားကိုးအားထားပြုနိုင် သည်ဟုဖြစ်သည်။ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ အကယ်၍ လူကြီးမင်း၏ တစ်နည်းနည်းဖြင့် သတင်း အချက်အလက်သည် တိကျမှန်ကန်မှုမရှိ၊ လောလောဆယ် လည်း မဖြစ်ပါက၊ Grab သည် မဖြစ်မနေ ဆောင်ရွက် ရမည့် တာဝန်မဟုတ်သော်လည်း ဤ “သဘောတူညီချက်” နှင့် “ဝန်ဆောင်မှု”အား လူကြီးမင်းမှ အသုံးပြုခြင်း ကို မည်သည့်အချိန်တွင်မဆို သို့မဟုတ် အကြောင်းမကြားဘဲ ရပ်စဲပိုင်ခွင့်ရှိရမည်။
၃-၁-၁၅၊ လူကြီးမင်းသည် လူကြီးမင်းအား အသုံးပြုရန် ခွင့်ပြုသည့် ဝင်ရောက်ရန်နေရာ သို့မဟုတ် အချက်အလက် အကောင့်စာရင်းကိုသာလျှင် အသုံးပြုရန်ဖြစ်သည်။
၃-၁-၁၆၊ လူကြီးမင်းက သဘောတူညီသည်မှာ “ဝန်ဆောင်မှု”အား သင့်တင့်လျောက်ပတ်သည့် ကြိုးပမ်းမှု အခြေခံ ဖြင့် ဖြည့်ဆည်းပေးထားခြင်း ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
၃-၁-၁၇၊ လူကြီးမင်းက သဘောတူညီသည်မှာ “ဝန်ဆောင်မှု”အား လူကြီးမင်း အသုံးပြုခြင်းသည် Grab ၏ “အနှောင့်အယှက်မှ အေးငြိမ်းမှုပေါ်လစီ” အား အခါအားလျော်စွာ ပြင်ဆင်မှုရှိသည်ဆိုသည့် အချက်ဖြစ်သည်။
၃-၁-၁၈၊ လူကြီးမင်းသည် Grab က လိုအပ်လာနိုင်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပ စုံစမ်းစစ်ဆေးမှု များ ပြု လုပ်ရာတွင် တည်ဆဲဥပဒေများ သို့မဟုတ် အတည်ဖြစ်နေသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဖြစ်စေရန် အထောက်အကူပေးရန် သဘောတူညီပါသည်။
၃-၁-၁၉၊ လူကြီးမင်းသည် လူကြီးမင်းက ဤ “သဘောတူညီချက်”အား လူကြီးမင်းက ချိုးဖောက်သည် အ ကြောင်းကြောင့် သင့်ကိုယ်သင်ဖြစ်စေ၊ Grab သို့မဟုတ် အခြားသူအားဖြစ်စေ ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုအားလုံးအတွက် အပြည့်အဝတာဝန်နှင့် ပေးရန်တာဝန်ကို ယူရန်သဘောတူညီပါ သည်။
၃-၁-၂၀၊ လူကြီးမင်းသည် ထောက်လှမ်းမှုများကို ရှောင်လွှဲရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ Grab အား လိမ်လည် လှည့်ဖျားရန် သို့မဟုတ် “အက်ပလီကေးရှင်း”၏ သဘာဝအလျောက် လည်ပတ်မှုကို အနှောက်အယှက် ဖြစ် စေရန် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲထားသည့် ကိရိယာများ သို့မဟုတ် အက်ပလီကေး ရှင်းများကို အသုံးမပြုရ။
၃-၂ အကယ်၍ လူကြီးမင်းသည် အခြားသောဝန်ဆောင်မှုပေးသူ ဖြစ်ပါက၊ လူကြီးမင်းက နောက်ထပ် ကိုယ်စားပြုသည်၊ အာမခံသည်၊ တာဝန်ခံသည်မှာ –
၃-၂-၁၊ အကယ်၍အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်းသည် တရားဝင်ယာဉ်မောင်းလိုင်စင်ရှိပြီး၊ မော်တော်ယာဉ် ကို မောင်းနှင်ရန် ခွင့်ပြုချက်ရှိသည့်အပြင် လူကြီးမင်းသည် “ဝန်ဆောင်မှု”ကို အသုံးပြု သည့် နိုင်ငံတွင် အခြားသူများကို ငှားရမ်းရန်အတွက် ပို့ဆောင်ရေးဝန်ဆောင်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သင့်လျော်သည့် လိုင်စင်များ၊ သဘောတူခွင့်ပြုချက်များနှင့် အခွင့်အာဏာလည်း ရှိပါသည်။
၃-၂-၂၊ အကယ်၍ အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်းသည် “အသုံးပြုသူများ”က လက်ခံသည့်အခါ အသုံးပြု ရန် လူကြီးမင်းရည်ရွယ်သည့် မော်တော်ယာဉ် (“မော်တော်ယာဉ်”) ရှိသည့်အပြင် ယင်း “မော်တော်ယာဉ်”သည် ကောင်းမွန်ပြီး၊ လုပ်ငန်းလည်ပတ်နိုင်သည့် အခြေအနေရှိပြီး၊ ယင်းအမျိုးအစား “မော်တော်ယာဉ်”များ အတွက် စက်မှုလုံခြုံရေး စံချိန်စံညွှန်းများကို ပြည့်မီလျှင် ယင်းယာဉ်ကို ပိုင်ဆိုင်နိုင် ပြီး၊ လုပ်ငန်းလည်ပတ်ရန် ဥပဒေကြောင်းအရ အခွင့်အရေးရှိပြီး၊ အခွင့်အာဏာရှိပါသည်။
၃-၂-၃၊ အကယ်၍ အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်းသည် သင့်လျော်သည့် လမ်းလုံခြုံရေး ကိရိယာတန် ဆာပလာကို အသုံးပြုရပါမည်။
၃-၂-၄၊ လူကြီးမင်းသည် လူကြီးမင်းက ဆောင်ရွက်ပေးသည့် ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် ကျရောက်သည့် သို့မဟုတ် စွပ်စွဲခံရသည့် ဖော်ပြပါအချက်များအပါအဝင် သို့သော် ယင်းတို့အား သာလျင် ကန့်သတ်ထား သည်မ ဟုတ်ဘဲ ပုဂိ္ဂုလ်ရေး အကျိုးပျက်စီးနစ်နာစေမှု၊ သေဆုံးမှု၊ လုံးဝပျက်စီး မှုနှင့် ပစ္စည်းဆုံးရှုံး မှုတို့အပါ အဝင် မတော်တဆဖြစ်မှု၊ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုမှ ပေါ်ပေါက်လာသည့် တောင်းဆိုမှုများ၊ စီရင်ချက်များနှင့် ပေး ရန်တာဝန်များ တစ်ရပ်စီနှင့် အားလုံးအတွက် တစ်ဦးတည်း တာဝန်ယူရပါမည်။
၃-၂-၅၊ လူကြီးမင်းသည် တက္ကစီ၊ ခရီးသည်ဝန်ဆောင်မှု၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်စပ် သည့် ဒေသ ဆိုင်ရာ ဥပဒေများအားလူံးကို လိုက်နာရမည့်အပြင် ယင်းဒေသဆိုင်ရာ ဥပဒေများကို ဖောက်ဖျက် ခြင်းများ အတွက် တစ်ဦးတည်းတာဝန်ယူရပါမည်။
၃-၂-၆၊ လူကြီးမင်းသည် “ဝန်ဆောင်မှု” နှင့်ဆက်စပ်သည်မှအပ အခြားကိစ္စရပ်များအတွက် ဆက်သွယ် ခြင်းမပြု ရ။
၃-၂-၇၊ လူကြီးမင်းသည် ဖော်ပြပါတို့အပါအဝင် သို့သော် ယင်းတို့ကိုသာလျှင် ကန်ု့သတ်ထားသည် မဟုတ်ဘဲ လူကြီးမင်း ပိုင်ဆိုင်ခြင်းမရှိသည့် အသုံးပြုသူအကောင့်စာရင်း အပါအဝင် Grab ၏ “လုပ်ငန်းပရိုဂရမ်”အား အခြားအသုံးပြုသူ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသူ သို့မဟုတ် အခြားဖောက်သည်၏ ပင်ရင်းဇစ်မြစ်သို့ ဝင်ရောက် ကြည့်ရှုခြင်း မပြုရ၊ ခြေရာမခံရ သို့မဟုတ် သတင်းအချက်အလက်အတွက် ခြေရာခံရန် ရှာဖွေခြင်းမပြုရ သို့မဟုတ် ဖော်ပြပါတို့အပါအဝင် သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်ဘဲ “အက်ပလီကေး ရှင်း”က ဖြည့်ဆည်းပေးထားသော လူကြီးမင်း၏ ကိုယ်ပိုင်သတင်းအချက်အလက်မှအပ လူကြီးမင်း၏ မည်သူမည် ဝါဖြစ်ကြောင်း ဖော်ပြချက် အပါအဝင် သတင်းအချက်အလက်တစ်စုံတစ်ရာကို ထုတ်ဖော်ရန် ကိစ္စရပ်အတွက် “အက်ပလီကေးရှင်း” က ရရှိနိုင်သည့် သို့မဟုတ် ကမ်းလှမ်းသည့် သို့မဟုတ် တစ်ဆင့်ရရှိသည့် “လုပ်ငန်းပရို ဂရမ်” ကိုဖြစ်စေ၊ ဝန်ဆောင်မှု သို့မဟုတ် သတင်းအချက်အလက် တစ်စုံတစ်ရာကိုဖြစ်စေ လုပ်ကိုင်သုံး စွဲခြင်းမပြု ရ။
၃-၂-၈၊ လူကြီးမင်းက သိရှိနားလည်ထားသည်မှာ “အသုံးပြုသူများ”အား ပြန်လည် ဖြေကြားခြင်း ပြုသည့်အခါ အကျုံးဝင် သက်ဆိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ အခကြေးငွေများကို လူကြီးမင်းတစ်ဦးတည်းက ကျခံရပါ မည်။
၃-၂-၉၊ အကယ်၍ လူကြီးမင်းသည် အလုပ်ရှင်ကိုယ်စား အကောင့်စာရင်းတစ်ရပ် လိုအပ်ပြီး လက်မှတ်ရေးထိုးရန် ဖြစ်ပါက၊ လူကြီးမင်း၏ အလုပ်ရှင်သည် အကောင့်စာရင်း၏ ပိုင်ရှင်ဖြစ်ရမည့်အပြင် လူကြီးမင်းက ကိုယ်စားပြုပြီး အာမခံသည်မှာ လူကြီးမင်းသည် လူကြီးမင်း၏ အလုပ်ရှင်အား “သဘောတူညီချက်”နှင့် စည်းနှောင်မှုရှိစေရန် အခွင့်အာဏာရှိသည်ဆိုသည့် အချက်ဖြစ်သည်။
၃-၂-၁၀၊ “လူကြီးမင်းအား ဖော်ပြပါတို့အပါအဝင် သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ Grab ၏ သတင်းအချက်အလက် သို့မဟုတ် “အက်ပလီကေးရှင်း” သို့မဟုတ် “ဝန်ဆောင်မှု” နှင့် ဆက်စပ်သည့် သတင်းအချက်အလက်အား အချက်အလက်နှိုက်ယူခြင်း မပြုရ”။ ဤတွင်ပါရှိသည့် ဖောက်ဖျက်မှုသည် ကြီးလေး သည့် ပြစ်မှုတစ်ရပ်ဖြစ်ပြီး၊ ယင်းအား “စက်မှုဆိုင်ရာ သူလျှိုမှု သို့မဟုတ် အဖျက်အနှောင့်လုပ်ငန်းအဖြစ် သတ် မှတ်ဖြစ်သည်။ ထို့ပြင် Grab သည် လူကြီးမင်းနှင့်/ သို့မဟုတ် လူကြီးမင်းအား လမ်းညွှန်နေသည့် သို့မဟုတ် ညွှန်ကြားနေသည့် သဘာဝလူသား သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းအား အကယ်၍ လူကြီး မင်းသည် ယင်းအားအသုံးပြူရန် ရည်ရွယ်သည့် ကိစ္စရပ်အတွက် မဟုတ်ဘဲ “ဝန်ဆောင်မှု” အား အသုံးပြုပါက ဥပဒေအရ သင့်လျော်သည့် သို့မဟုတ် ခွင့်ပြုသည့် အရေးယူမှုခံရနိုင်သည်။”
၃-၃၊ အကယ်၍ လူကြီးမင်းသည် “အသုံးပြုသူ” ဖြစ်ပါက၊ လူကြီးမင်းက ဆက်လက်၍ ကိုယ်စားပြုပြီး၊ အာမခံ သည်/ တာဝန်ယူသည်မှာ –
၃-၃-၁၊ “ဝန်ဆောင်မှု” အား လူကြီးမင်း အသုံးပြုခြင်းသည် လူကြီးမင်း၏ ကိုယ်ပိုင်တစ်ဦးတည်းအတွက် သာဖြစ် ပြီး၊ အကယ်၍ အသက်အနည်းဆုံး (၁၂) နှစ်ရှိသူ အခြားသူ (“အရွယ်မရောက်သေးသူ”) အား အသုံးပြုရန် ခွင့်ပြု ပါက၊ ယင်းကိစ္စရပ်တွင် လူကြီးမင်းသည် “အရွယ်မရောက်သေးသူ” ၏ အဓိက တာဝန်ကို တာဝန်ယူရမည်။
၃-၃-၂၊ လူကြီးမင်းသည် “အက်ပလီကေးရှင်း” ၊ “ပလက်ဖောင်း” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်”အား အနှောင့် အယှက်၊ စိတ်ငြိုငြင်မှု၊ အဆင်မပြေမှုဖြစ်စေရန် သို့မဟုတ် အတုကြိုတင်လက်မှတ်/ နေရာယူ ခြင်းပြုရန် အသုံးမပြုရ။
၃-၃-၃၊ အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်းသည် “ဝန်ဆောင်မှု” အတွက် မေတ္တာရပ်ခံပါက အသုံးပြုရာတွင် ပါဝင်သူ(များ)၏ တိကျသော အရေအတွက်ကို ဖော်ပြပေးရန် သဘောတူပါသည်။ လူကြီးမင်းက ဆက်လက်၍ ဝန်ခံကတိပြုပြီး သဘောတူညီသည်မှာ အကယ်၍ အသုံးပြုရာတွင် ပါဝင်သူ များ၏ အရေအတွက်ပေါ်တွင် သတင်းအချက်အလက်သည် မှန်ကန်မှုမရှိ သို့မဟုတ် တိကျမှုမရှိပါက၊ အခြားသူပို့ဆောင်ရေး ဝန်ဆောင်မှု ပေးသူ သည် လူကြီးမင်း၏ ကြိုတင်အသုံးပြုရန်ဘွတ်ကင် အမှာအား ဖျက်သိမ်းနိုင်ပြီး သင်အား “ဖျက်သိမ်းကြေး”ကို ဖျက်သိမ်းခြင်း ပေါ်လစီ နှင့်အညီ ပေးဆောင်စေနိုင်သည်။
၃-၃-၄ လူကြီးမင်းသည် အခြားသူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူအား ဝန်ဆောင်မှု ကိစ္စရပ်မှတပါး အခြား ရည်ရွယ်ချက်များအတွက် ဆက်သွယ်ခြင်းမပြုရ။
၃-၃-၅၊ လူကြီးမင်းသည် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ “အခြားဝန်ဆောင်မှုပေးသူ” သို့မ ဟုတ် “ယာဉ်” အားပျက်စီးရန်မပြုလုပ်စေရ သို့မဟုတ် အားထုတ်ခြင်းမပြုရ။
၃-၃-၆၊ အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်း၏ ပုဂိ္ဂုလ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းမဟုတ်သော အသုံး ပြုခြင်းမှအပ “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် “ပလက်ဖောင်း” ပေါ်တွင်ပြသထားသော ပါဝင်သည့် အ ကြောင်း အရာမှ စုဆောင်းထားရှိမှု၊ ပြုစုထားရှိမှု သို့မဟုတ် အခြားလမ်းညွှန်ချက်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖန်တီးခြင်းမပြုရ၊ ပြုစုရေးသားခြင်းမပြုရ။
၃-၃-၇၊ အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်းသည် မည်သည့်ပုံစံ သို့မဟုတ် မီဒီယာဖြင့် ထပ်မံကူးယူရန် အတွက် အခြားသူ၏ ထုတ်ကုန်မာတိကာနှင့် သုံးသပ်ချက်များ အပါအဝင် “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် “ပလက်ဖောင်း” မှတစ်ဆင့် ပြသသည့်၊ ပါဝင်သည့် အကြောင်းအရာကို မိတ္တူကူးယူခြင်း မပြုရ။
၃-၃-၈၊ လူကြီးမင်းက ဝန်ခံကတိပြုပြီး သဘောတူညီသည်မှာ device ပစ္စည်းကိရိယာတစ်ခုပေါ်တွင် အကောင့် စာရင်းတစ်ခုကိုသာလျင် မှတ်ပုံတင်ရန်ဖြစ်သည်။
၃-၃-၉၊ လူကြီးမင်းက သိရှိနားလည်သည်မှာ SMS ဖြင့်ဖြစ်စေ၊ “ဝန်ဆောင်မှု”ကို အသုံးပြုခြင်းဖြင့် ဖြစ်စေ၊ “ဖြေရှင်းချက်” များရရှိရန် မေတ္တာရပ်ခံပါက စံသတ်မှတ်ထားသည့် ဆက်သွယ်ရေးစရိတ်များကို ပေး ဆောင်ရမည်။
၃-၃-၁၀၊ လူကြီးမင်းက သဘောတူညီသည်မှာ Grab သည် ယင်း၏ကိုယ်ပိုင် ဆင်ခြင်တုံတရားပေါ်တွင် အခြေခံ လျက် အကယ်၍ လူကြီးမင်းသည် လူကြီးမင်း၏ အသုံးပြုသူ အကောင့်စာရင်းကို နောက်ဆုံး လုပ်ငန်း ဆောင်ရွက် သည့်နေ့မှ ခြောက် (၆) လ တာမျှ လုပ်ငန်းဆောင်ရွက်မှု မရှိပါက၊ အကောင့်စာရင်းသည် အသုံးပြုခြင်း ရပ်ဆိုင်း သွားသည်ဟုယူဆပြီး ယင်းအား လူကြီးမင်း၏ အသုံးပြုသူအကောင့်စာရင်းသို့ ဝင်ရောက်ခြင်းမှ ရပ်ဆိုင်းနိုင်သည် သို့မဟုတ် ကန့်သတ်နိုင်သည်။
၄။ ကိုက်ညီမှုရှိခြင်း
“ရုတာလမ်းကြောင်းပြများ” ၊ “အရောက်စာများ” နှင့် ပစ္စည်းကိရိယာများ၏ အမျိုးမျိူးသော မော်ဒယ် များ သို့မဟုတ် ပုံစံများသည် “လုပ်ငန်းသုံးပရိုဂရမ်များ” ၊ “ပလက်ဖောင်းများ” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်” တို့အား ဖြစ်နိုင်စွမ်းသမျှ ဈေးကွက်များရှိ အများသုံး ပစ္စည်းကိရိယာများနှင့် မော်ဒယ် များအပြင် “လုပ်ငန်းသုံးပရိုဂရမ်” နှင့် “ပလက်ဖောင်း” တို့ လက်လှမ်းမှီရယူသည့် “အရောက်စာများ” အားလုံးတို့ဖြင့် အထောက်အကူရစေရန် ဆောင်ရွက်ထားပါသော်လည်း မိမိတို့အနေဖြင့် သီးသန့်မိုဘိုင်း ပစ္စည်းကိရိယာများ သို့မဟုတ် အခြားကွန်ပျူတာစက်ပိုင်းဆိုင်ရာ ကိရိယာတို့ပါသည့် “လုပ်ငန်းသုံးပရို ဂရမ်” ၊ “ပလက်ဖောင်း” နှင့်/ သို့မဟုတ် ဆော့ဖ်ဝဲလ်တို့နှင့် ကိုက်ညီမှုရှိမည်ကို အာမခံချက်မပေးနိုင်ပါ။
၅။ လိုင်စင်ခွင့်ပြုခြင်းနှင့် ကန့်သတ်ခြင်း
၅-၁၊ Grab နှင့် အကျုံးဝင်သက်ဆိုင်ပါက ယင်း၏လိုင်စင်ရရှိသူများသည် လူကြီးမင်းအား ဤ “သဘောတူညီ ချက်”ပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှုကိုအသုံးပြုရန် “လုပ်ငန်းသုံးပရိုဂရမ်” နှင့်/ သို့မဟုတ် “ဆော့ဖ် ဝဲလ်”ကို အသုံးပြုရန်နှင့် ဝင်ရောက်ရန်ပြန်လည်ရုပ်သိမ်းနိုင်ပြီး သီးသန့်မဟုတ်သည့် အကန့်အသတ်ပါသော လိုင် စင်ကိုခွင့်ပြုသည်။
၅-၂၊ လူကြီးမင်းသည် အောက်ပါတို့ကို မလုပ်ရ –
၅-၂-၁၊ အခြားသူအား မည်သည့်နှုန်းနှင့်မျှ “လုပ်ငန်းသုံးပရိုဂရမ်” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်”အား လိုင်စင်ထုတ်ပေးခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ တာဝန်ပေးခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် အခြားနည်း စီးပွားဖြစ် ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် ရရှိစေခြင်း၊
၅-၂-၂၊ “လုပ်ငန်းသုံးပရိုဂရမ်” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်”ကို အခြေခံ၍ ပြောင်းလဲခြင်းမပြုရ သို့မဟုတ် ဆင့်ပွားလုပ်ငန်းများမပြုလုပ်ရ၊
၅-၂-၃၊ “လုပ်ငန်းသုံးပရိုဂရမ်” နှင့်/ သို့မဟုတ် “ဆော့ဖ်ဝဲလ်”ကို အခြား “ဆာဗာ” ၊ ကြိုးမဲ သို့မဟုတ် အင်တာနက်အခြေခံသော ပစ္စည်းကိရိယာတွင် “ကြေးမုံရိပ်ထင်ခြင်း” ၊
၅-၂-၄၊ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေအရ တားမြစ်ထားသည့် ယင်းသို့သော ကန့်သတ်ချက် အတိုင်းအ တာမှအပ “လုပ်ငန်းသုံးပရိုဂရမ်”မှ ရရှိနိုင်သော သို့မဟုတ် ယင်းမှတစ်ဆင့် ဤ “လုပ်ငန်းသုံး ပရိုဂရမ်” သို့မဟုတ် အခြားမည်သည့် ဆော့ဖ်ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုမှမဆို ဆော့ဖ်ဝဲလ်ရရှိရန်၊ စာဝှက်ပြုလုပ်ရန် သို့မဟုတ် ထုတ်နှုတ်ယူရန် အစိတ်အပိုင်းတို့ကို တစ်ကွဲတစ်ပြားစီ မပြုလုပ်ရ၊ ခွဲခြမ်းခြင်းမပြုလုပ်ရ၊ အင်ဂျီနီယာလုပ်ငန်းကို ပြောင်းပြန်မလှန်ရ၊ လျှို့ဝှက်သငေ်္ကတကို မပျက်ယွင်းစေ ရ သို့မဟုတ် ယင်းတို့ကို အားထုတ်ခြင်း။
၅-၂-၅၊ အောက်ပါကိစ္စရပ်အလို့ငှာ ဖော်ပြထားသည်များကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ တစ်စက္ကန့် လျင် မြောက်များစွာသော “ဆာဗာ” မေတ္တာရပ်ခံချက်များ ပြုလုပ်နိုင်သည့် web spiders, web crawlers, web robots, web ants, web indexers, bots, ဗိုင်းရပ်ပိုးများ သို့မဟုတ် ပိုးကောင်များ သို့မဟုတ် အခြားအစီအစဉ်များ အပါအဝင် ကိုယ်ကာယကို အသုံးပြုသည့် သို့မဟုတ် အလိုအလျောက် အစီအစဉ်များကို အသုံးပြုခြင်း၊ ယင်းသို့ဖြင့် (က) “လုပ်ငန်သုံးပရိုဂရမ်”၏ လုပ်ငန်းလည်ပတ်မှုနှင့်/ သို့မဟုတ် လုပ်ငန်းဆောင်ရွက် ချက်ကို နည်းလမ်းမကျ ဝန်ထုတ်ဝန်ပိုး ဖြစ်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း၊ (ခ) အချက်အလက်များကို မတရားရယူခြင်း သို့မဟုတ် လုပ်ဆောင်ချက်များကို ပျက်ယွင်းစေခြင်း၊ သို့မဟုတ် (ဂ) “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် ယင်းတွင်ပါဝင်သည့် အကြောင်းအရာ၏ သွားလာသည့် လမ်းကြောင်း၏ ပုံသဏ္ဍာန် သို့မဟုတ် တင်ပြမှုကို တစ်နည်းနည်းဖြင့် ထမ်မံ၍ ပြုလုပ်ဆောင်ရွက်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း။
၅-၂-၆၊ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများရှိသည့် ပိုင်ရှင်၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ မူပိုင်ခွင့်ရှိ သည့်စာမှု၊ ကုန်အမှတ်တံဆိပ်များ အခြားပိုင်ဆိုင်ခွင့်ရှိသည့် သတင်းအချက်အလက်ကို မည်သည့်နည်း နှင့်မျှ ပို့စ်တင်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ကူးယူခြင်းမပြုရ။
၅-၂-၇၊ “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် “ပလက်ဖောင်း” တွင်ပါသည့် စာမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သိုမဟုတ် အခြားပိုင်ဆိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရှိသည့် နို့တစ်စာများကို ဖယ်ရှားခြင်းမပြုရ။
၅-၂-၈၊ အောက်ပါတို့ကို ပြုလုပ်ရန် “လုပ်ငန်းသုံးပရိုဂရမ်”ကို အသုံးပြုခြင်း –
(က) ညစ်ညမ်းသည့် သတင်းများ သို့မဟုတ် အခြားနည်း မိတ္တူကူးသည့် တောင်းခေါ်ခြင်းမပြု သည့် သတင်းများ ကို ပေးပို့ရန်၊
(ခ) ကလေးသူငယ်များအား ထိခိုက်သည့် သို့မဟုတ် အခြားသူများ၏ အနှောင့်အယှက်မှ အေးငြိမ်းမှု အခွင့်အရေး များကို ဖောက်ဖျက်သည့်အရာများ၊ သို့သော် ယင်းတို့ကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ ဥပဒေကို ချိုးဖောက်သည့်၊ ညစ်ညမ်းသည့်၊ ခြိမ်းခြောက်သည့်၊ အသရေဖျက်သည့် သို့မဟုတ် အခြားနည်းဥပဒေနှင့် မညီသည့် သို့မဟုတ် သိုလှောင်ရန်၊
(ဂ) ဆော့ဖ်ဝဲလ်ပိုးများ၊ ပိုးကောင်များ၊ ရန်သူ့လက်ပါးစေများ သို့မဟုတ် အခြားအန္တရာယ်ဖြစ် စေသည့် ကွန်ပျူတာကုဒ်များ၊ ဖိုင်တွဲများ၊ စာအရေးအသားများ၊ အေးဂျင့်များနှင့် ပရိုဂရမ်များ ပါဝင်သည့်အရာများကို ပေးပို့ ရန်၊
(ဃ) “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် ယင်းထဲတွင်ပါဝင်သည့် အချက်အလက်၏ တစ်စုတစ်စည်း တည်းဖြစ်မှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုကို ကြားဝင်စွက်ဖက်ရန် သို့မဟုတ် နှောင့်ယှက်ရန်၊
(င) “လုပ်ငန်းပရိုဂရမ်” သို့မဟုတ် ယင်း၏ဆက်စပ်သည့် ဆော့ဖ်ဝဲလ်စနစ်များ သို့မဟုတ် ကွန်ယက်များကို တရားမဝင် ဝင်ရောက်ခွင့်ရရေး အားထုတ်ရန်၊
(စ) လူပုဂိ္ဂုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ရပ် အယောင်ဆောင်ရန် သို့မဟုတ် လူပုဂိ္ဂုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းနှင့် လူကြီးမင်းတို့ ဆက်စပ်မှုအား အခြားနည်းမှား ယွင်းစွာ ဖော်ပြရန် သို့မဟုတ် လူကြီးမင်း၏ ဂုဏ်သိက္ခာကို ပျက်စီးနိုင်သည့် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်စေနိုင်သည့် လုပ်ရပ်တစ်စုံတစ်ရာကို ပြုလုပ်ရန်။
၆။ ငွေပေးချေမှုများ
၆-၁၊ အခြားသောဝန်ဆောင်မှုပေးသူများ
၆-၁-၁၊ လူကြီးမင်းက Grab အား ပေးချေသည့် အဖိုးအခများသည် ချက်ချင်းပေးချေရန်ဖြစ်ပြီး၊ ပြန်လည်၍ ပေးချေခြင်း မပြုပါ (“ဝန်ဆောင်မှုအဖိုးအခ”) ။ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေတွင် သတ်မှတ်ထားသည့် ကန့်သတ်ချက်တစ်ရပ်ရပ်ကို အထောက်အထားပြု၍၊ “ဝန်ဆောင်မှုအဖိုးအခ” သည် အခါအားလျော်စွာ Grab က သတ်မှတ်သည့်အတိုင်း “အသုံးပြုသူစရိတ်စခများ” ၏ ရာခိုင်နှုန်း တစ်ရပ်ဖြစ်ရမည်။ ဤငွေပြန်မအမ်းသည့် ပေါ်လစီမှာ စီစဉ်ထားရှိသည်၊ မတော်တဆဖြစ်သည် သို့မဟုတ် ကြံရွယ်ထားရှိသည့် သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ အချိန်ကာလတိုင်း တွင် လူကြီးမင်း၏ “လုပ်ငန်းပရိုဂရမ်/ ပလက်ဖောင်း” သို့ဝင်ရောက်ခြင်းကို ရပ်စဲရန် လူကြီးမင်းက ဆုံးဖြတ်ခြင်း၊ လူကြီးမင်း၏ “လုပ်ငန်းပရိုဂရမ်/ ပလက်ဖောင်း” သို့ဝင်ရောက်ခြင်းကို ရပ်စဲရန် သို့မဟုတ် ဆိုင်းငံရန် မိမိတို့မှ ဆုံးဖြတ်ခြင်း၊ “ဝန်ဆောင်မှု” ပြတ်တောက်ခြင်းတို့နှင့် အကျုံးဝင်သက်ဆိုင်ရမည်။
၆-၁-၂၊ လူကြီးမင်းက ဝန်ခံကတိပြုပြီး၊ အတည်ပြုသည်မှာ Grab သည် လူကြီးမင်းက “ဖြေရှင်းချက်” နှင့် စပ်လျဉ်း၍ အသုံးပြုသူစရိတ်စခများကို လူကြီးမင်းထံသို့ ပေးအပ်ရန် လူကြီးမင်း၏ ငွေကြေးကောက် ခံရေးကိုယ် စားလှယ်အဖြစ် စီမံခန့်ခွဲပြီး၊ လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။
၆-၁-၃၊ Grab သည် ယင်း၏ တစ်ဦးတည်း ဆင်ခြင်တုံတရားဖြင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ငွေအားဖြင့် ဖြစ် စေ၊ ငွေသားမဲ့နည်း(များ)ဖြင့်ဖြစ်စေ “အသုံးပြုသူများ”၏ မည်သူကိုမဆို မတူကွဲပြား သည့် ပုံသဏ္ဍာန်များနှင့် မတူကွဲပြားသည့် နှုန်းထားများဖြင့် လုပ်ငန်းတိုးမြှင့်ခြင်းဆိုင်ရာ ကမ်းလှမ်းချက် များကို ပြုလုပ်နိုင်သည်။ ယင်းသို့ ဖြင့် ဤလုပ်ငန်းကို တိုးမြှင့်ခြင်းဆိုင်ရာ ကမ်းလှမ်းချက်များကို နည်းလမ်းတကျ လူကြီးမင်းက တာဝန်တစ် ရပ်အဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်။ Grab သည် “ဝန်ဆောင်မှု အခကြေးငွေ”အား ယင်း၏တစ်ဦးတည်း ဆင်ခြင်တုံတရားဖြင့် အချိန်မရွေး ပြောင်းလဲနိုင် သည်။
အသုံးပြုသူများကငွေပေးချေခြင်း
၆-၁-၄၊ “အသုံးပြုသူများ”သည် “ဖြေရှင်းချက်”အား လူကြီးမင်းက ဆောင်ရွက်ပေးသည့်အတွက် “ဖြေရှင်း ချက်” တစ်ရပ်ကို ဆောင်ရွက်ပြီးစီးသည်နှင့် ချက်ချင်းဖြစ်စေ၊ ကြိုတင်နေရာ/ လက်မှတ်စာရင်း ပေးသွင်း ချက် အား အတည်ပြုပြီးသည်နှင့် ချက်ချင်းဖြစ်စေ၊ ငွေသား သို့မဟုတ် မြီရှင်ကဒ်ပြား သို့မဟုတ် ကြွေးမြီကဒ်ပြား ကဲ့သို့ သော ငွေသားမဲ့နည်းလမ်း(များ) ဖြင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပေးချေရမည်။ ဘောက်ဆူးပေးခြင်းများ အပါအဝင် အကျုံးဝင်သက်ဆိုင်ပါက လူကြီးမင်း၏ ဝန်ဆောင်မှုများ အားလုံး အတွက် လူကြီးမင်းအား ပေး ချေရမည့် ငွေရပ်အားလုံးကို သင့်လျော်သည့်အချိန်တွင် သဘောတူညီထားသည့် ပမာဏအား လူကြီး မင်းထံ သို့ လွှဲပြောင်းပေးရမည်။
၆-၁-၅၊ အကယ်၍ Grab အနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်သည် လိမ်လည်လှည့်ဖြားသည် ဥပဒေနှင့် ဆန့်ကျင်သည် သို့မဟုတ် ရာဇဝတ်ကြောင်း လုပ်ရပ်ပါဝင်ပတ်သက်သည် သို့မဟုတ် လူကြီးမင်း နှင့်/ သို့မဟုတ် “အသုံးပြုသူ”သည် ဤ “သဘောတူညီချက်”ပါ “စည်းကမ်းချက်များ”ကို ဖောက်ဖျက်သည်ဟု ကျိုးကြောင်း ရှိစွာဖြင့် ယုံကြည်လျင်၊ ယင်းသည် လုပ်ငန်းဆောင်ရွက်ချက်တစ်ရပ် အား တစ်ဆင့်ချင်းစီ ဆောင်ရွက်ချက်ကို ဆိုင်းငံ့ထားပိုင်ခွင့်ရှိသည်။ ယင်းသို့သော အခြေအနေတွင် လူကြီးမင်းသည် Grab အား လူကြီးမင်းထံပေးရန်ရှိငွေ (များ) တစ်ရပ်ရပ်ကို ထိန်းချုပ်ထားခြင်း၊ ကြန့်ကြာခြင်း၊ ဆိုင်းငံခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအတွက် တာဝန်မရှိစေရ။
၆-၂၊ အသုံးပြုသူများအတွက်
၆-၂-၁၊ လူကြီးမင်းသည် “ဝန်ဆောင်မှု”အား အသုံးပြု၍ ပြီးစီးသည့်အခါ၊ လူကြီးမင်းသည် “လုပ်ငန်းပရိုဂရမ်” ပေါ်တွင် လူကြီးမင်းရရှိနိုင်သည့် ငွေပေးချေမှု နည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ပြီး၊ “အခြား ဝန်ဆောင် မှုပေးသူ” ထံသို့ အပြည့်အဝ ငွေပေးချေမှုပြုလုပ်ပေးရန် လိုအပ်သည်။ ယင်းရွေးချယ်မှုနှင့်အညီ ငွေပေးချေမှုတစ် ရပ်သည် ပြန်အမ်းခွင့်မရှိစေရ၊ ထို့ပြင် ပြန်လည်ရုပ်သိမ်းခွင့် မရှိစေရ။
၆-၂-၂၊ လူကြီးမင်းသည် “ဖြေရှင်းချက်”ကို ဆောင်ရွက်ပေးခြင်းအတွက် “အခြားဝန်ဆောင်မှုပေးသူ” အား ရရှိနိုင်ပါက ငွေအားဖြင့်ဖြစ်စေ သို့မဟုတ် ရရှိနိုင်ပါက မြီရှင်ကဒ်ပြားဖြင့်ဖြစ်စေ၊ မြီစားကဒ်ပြားဖြင့် ဖြစ်စေ ပေးချေရန် ရွေးချယ်နိုင်သည်။
၆-၂-၃၊ အကယ်၍ လူကြီးမင်းသည် “ဖြေရှင်းချက်”အား “ကဒ်ပြား”ဖြင့် ပေးချေရန် ရွေးချယ်ပါက လူကြီးမင်းသည် “လုပ်ငန်းပရိုဂရမ်” အတွင်းရှိ ညွှန်ကြားချက်များနှင့်အညီ လူကြီးမင်းပိုင်ဆိုင်သည့် တရားဝင် “ကဒ်ပြား” တစ်ခုကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။
၆-၂-၄၊ လူကြီးမင်းက သဘောတူညီသည်မှာ လူကြီးမင်းသည် မိမိတို့ထံတွင် “ကဒ်ပြား”ကို ပထမဆုံး မှတ်ပုံတင်သည့်အခါနှင့် လူကြီးမင်းသည် “ဝန်ဆောင်မှု”ကို အသုံးပြုသည့်အခါ မိမိတို့က လူကြီးမင်း၏ “ကဒ်ပြား” အသေးစိတ်ကို မှန်ကန်မှုရှိ-မရှိ စစ်ဆေးပါသည်။ ထို့ပြင် ခွင့်ပြုချက်ပေးပါသည်။
၆-၂-၅၊ လူကြီးမင်းက သဘောတူညီသည်မှာ လူကြီးမင်း၏ “ကဒ်ပြား” သို့မဟုတ် GrabPay Credit လက်ကျန်ငွေမှတစ်ဆင့် လူကြီးမင်း၏ ငွေပေးချေမှု နည်းလမ်းကို မှန်ကန်ကြောင်း အတည်ပြုရန် အလို့ငှာ လူကြီး မင်း၏ “ကဒ်ပြား” သို့မဟုတ် GrabPay Credit လက်ကျန်ငွေအား အမှန်တကယ် စရိတ်ငွေပြတ် တောက်ရယူခြင်း မဟုတ်သည့် ကျိုးကြောင်းဆီလျော်သော ခွင့်ပြုချက်ဖြင့် ထိန်းချုပ်မှု တစ်ရပ်ကို ထုတ်ပြန်နိုင်ပါသည်။
၆-၂-၆၊ လူကြီးမင်း၏ “ကဒ်ပြား”ဖြင့် ငွေပေးချေမှုကို နိုင်ငံခြားတွင် ဆန်းစစ်ပြုလုပ်ပါက လူကြီးမင်း သည် ယင်းကိစ္စနှင့် ဆက်စပ်သည့် နောက်တိုး အခကြေးငွေများအတွက် တာဝန်ရှိရမည်။
၆-၂-၇၊ အကယ်၍ “ဘောက်ဆူး” ပုံစံကို ရရှိနိုင်ပါက၊ လူကြီးမင်းသည် လူကြီးမင်းက “ဝန်ဆောင်မှု” အတွက် မှတ်ပုံတင်သည့်အခါ လူကြီးမင်း ရွေးချယ်ထားသည့် ပျက်ကွက်မှုအတွက် “ဘောက်ဆူး” ပမာဏကို ကြိုတင်သတ်မှတ်ရန် ရွေးချယ်ပိုင်ခွင့်ရှိနိုင်သည်။ အကယ်၍ လူကြီးမင်းသည် ပမာဏကို ပြောင်းလဲရန် သို့မဟုတ် “ဘောက်ဆူး” ကို ဖယ်ရှားရန် ရွေးချယ်ခြင်း မပြုပါက၊ “ဖြေရှင်းချက်” အား “အခြားဝန်ဆောင်မှုပေးသူ” သို့ ဖြည့်ဆည်းပေးပြီး၊ ပေပြီးသည့်အခါ ဤကိစ္စသည် “အသုံးပြုသူ၏ စရိတ်စခများ” ထဲတွင် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။
၆-၂-၈၊ အကယ်၍ လုပ်ငန်းဆောင်ရွက်သူ၏ အမှားတစ်ရပ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းထံမှ ငြင်းပယ်ခြင်း သို့မဟုတ် စရိတ်ငွေပြန်လည်တောင်းခံခြင်းကို ခံရလျှင်ဖြစ်စေ၊ Grab က ကျိုးကြောင်းဆီလျော်စွာ ယုံကြည်သည်မှာ “ကဒ်ပြား” ကို လိမ်လည်လှည့်ဖြားခြင်း၊ ဥပဒေနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် ပြစ်မှုကြောင်း လုပ်ရပ် ပါဝင်နိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်တစ်ရပ် အတွက် အသုံးပြုလျှင်ဖြစ်စေ၊ Grab က လူကြီးမင်းသည် ဤ “သဘောတူ စာချုပ်” ကို ဖောက်ဖျက်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ယုံကြည်လျှင်ဖြစ်စေ၊ Grab သည် လုပ်ငန်းဆောင်ရွက်ချက်အား အဆင့်ဆင့် ဆောင်ရွက်ချက်ကို ရပ်ဆိုင်းနိုင်သည် သို့မဟုတ် “ကဒ်ပြား” အသုံးပြုခြင်းကို ကန့်သတ်နိုင်သည်။
၆-၂-၉၊ အကယ်၍ လူကြီးမင်း၏ “ဝန်ဆောင်မှု” အား အသုံးပြုခြင်းသည် လိမ်လည်လှည့်ဖြားခြင်း၊ ဥပဒေနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် ပြစ်မှုကြောင်းလုပ်ရပ် ပါဝင်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ယုံကြည်လျှင်ဖြစ်စေ၊ လူကြီးမင်းသည် ဤ “သဘောတူညီချက်” ပါ စည်းကမ်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ Grad သည် လူကြီးမင်း၏ Grab Pay Credits ကို သိမ်းဆည်းနိုင်သည်။
၆-၂-၁၀၊ လူကြီးမင်းသဘောတူညီသည်မှာ လူကြီးမင်းသည် အတည်ဖြစ်နေသည့် တည်ဆဲဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရာတွင် Grab အတွက် လိုအပ်သည်။ ထို့ပြင် ကုူညီရန်ဖြစ်သည့် ငွေရေးကြေးရေးဆိုင်ရာ ပြစ်မှုစစ်ဆေးရေးနှင့် ဆက်စပ်၍ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်သည်။
၆-၂-၁၁၊ လူကြီးမင်းသည် လူကြီးမင်း၏ “ကဒ်ပြား” ကုမ္ပဏီနှင့် အငြင်းပွားမှုများကို လူကြီးမင်းကိုယ်တိုင် ဖြေရှင်း ရန် တာဝန်ရှိရမည်။
၇။ ပယ်ဖျက်ခြင်း။
၇-၁၊ အခြားဝန်ဆောင်မှုပေးသူများအတွက်
၇-၁-၁၊ “အသုံးပြုသူများ” သည် လူကြီးမင်းအား “ဖြေရှင်းချက်များ” ကို ဖြည့်ဆည်းပေးရန်အတွက် အားကိုးကြသည်။ လူကြီးမင်းက သဘောတူညီသည်မှာ မြင့်မားသည့် ထို့ပြင်/သို့မဟုတ် မကြာခဏ ပယ်ဖျက်ခြင်းနှုန်းများ သို့မဟုတ် အသုံးပြုသူများ ကြိုတင်နေရာ/လက်မှတ်စာရင်းသွင်း မှုကို လျစ်လျူရှုမှုသည် “အသုံးပြုသူများ” ၏ အတွေ့အကြုံကို ထိခိုက်လိမ့်မည်ဖြစ်ပြီး၊ Grab ၏ ဂုဏ်သိက္ခာနှင့် တံဆိပ်အမှတ်အသားကို ဆန့်ကျင်ဘက် အကျိုးသက်ရောက်စေပါသည်။
၇-၁-၂၊ လူကြီးမင်းသည် ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်းမှုအား ပယ်ဖျက်ပါက၊ ပယ်ဖျက်ခြင်းကို “လုပ်ငန်းပရိုဂရမ်” တွင် ဖော်ပြထားသကဲ့သို့ လက်ခံနိုင်လောက်သည့် ပယ်ဖျက်မှု အကြောင်းပြ ချက်များပေါ်တွင် အခြေခံရမည်။ Grab သည် အခါအားလျော်စွာ လက်ခံနိုင်လောက်သည့် ပယ်ဖျက်မှု အကြောင်းပြချက်များကို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ လက်ခံနိုင်လောက်သည့် ပယ်ဖျက်မှု အကြောင်းပြ ချက်များပေါ်တွင် အခြေမခံသည့် ပယ်ဖျက်မှု သို့မဟုတ် ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်းမှုအား လျစ်လျူရှုမှုကို လူကြီးမင်း၏ “ဝန်ဆောင် မှု”ကို ဝင်ရောက်မှုအား ယာယီကန့်သတ်ခြင်း ပြုမည့် ကိစ္စကို ဆုံးဖြတ်ရာတွင် ထည့်သွင်းရေ တွက်နိုင်ပါသည်။
၇-၂၊ အသုံးပြုသူများအတွက်
၇-၂-၁၊ လူကြီးမင်းသည် “ဝန်ဆောင်မှု” ဖြင့် လူကြီးမင်းနှင့် ကိုက်ညီမှုရှိသည့် “အခြားဝန်ဆောင်မှုပေးသူ” နှင့် လူကြီးမင်းသည် လူကြီးမင်း စီးနင်းလိုက်ပါလာမှု မပြုမီ မည်သည့် အချိန်တွင်မဆို ပို့ဆောင်ရေး ဝန်ဆောင်မှုများ အတွက် လူကြီးမင်း၏ မေတ္တာရပ်ခံချက်ကို ပယ်ဖျက်နိုင်သည်။
၇-၂-၂၊ အကယ်၍ လူကြီးမင်းသည် လူကြီးမင်း၏ ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်းခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လျှင်ဖြစ်စေ၊ သတ်မှတ်ထားသည့်နေရာကို ပြသခြင်း မပြုလျှင်ဖြစ်စေ၊ လူကြီးမင်းအား ပယ်ဖျက်မှု အခကြေးငွေ သို့မဟုတ် Grab က အခါအားလျော်စွာ အကြောင်းကြားထားသည့် အခြားအခကြေးငွေကို ထပ်မံ ပေးဆောင်စေခြင်းပြုနိုင်သည်။
၇-၂-၃၊ အကယ်၍ လူကြီးမင်းသည် ပယ်ဖျက်မှု အခကြေးငွေကို မှားယွင်းစွာ ထပ်မံပေးဆောင်စေသည်ဟု ခံစားရလျှင်၊ လူကြီးမင်းသည် အကူအညီအတွက် Help Centre မှတစ်ဆင့် Grab အား ဆက်သွယ်နိုင်သည်။ Grab သည် လူကြီးမင်းအား ပြန်အမ်းငွေ တစ်စုံတစ်ရာကို ယင်း၏ အပြည့်အဝသော ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ပြီး၊ ယင်းပြန်အမ်းငွေကို ခရီးစဉ်အတွက် လူကြီးမင်း အသုံးပြုခဲ့သည့် ငွေပေးချေမှု ကဒ်ပြားသို့ မြီးစားပေးသွင်း ပေးနိုင်ပါသည်။ သို့မဟုတ် ငွေသားပေးချေမှုများအတွက် GrabPay Credits သို့ဖြစ်စေ၊ Grab က သင့်တော် သည်ဟု ထင်မြင်သည့် အခြားနည်းလမ်းဖြင့် ဖြစ်စေ ပေးသွင်းနိုင်သည်။
၈။ အသုံးပြုသူများအတွက် Grab Rewards စောင့်သိလိုက်နာမှု အစီအစဉ်
၈-၁၊ အကယ်၍ လူကြီးမင်းသည် “လုပ်ငန်း ပရိုဂရမ်” ကို အသုံးပြုသည့် “အသုံးပြုသူ” တစ်ဦးဖြစ်ပါက၊ လူကြီးမင်းသည် Grab နှင့်/သို့မဟုတ် ယင်း၏ အဖွဲ့ဝင် ကုမ္ပဏီများက ဆောင်ရွက်သည့် “Grab Rewards Loyalty Programme” ဟု ခေါ်တွင်သော စောင့်သိလိုက်နာမှု အစီအစဉ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အလိုအ လျောက်ဖြစ်လာပါမည်။ Grab Rewards Loyalty Programme ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူကြီး မင်းသည် “လုပ်ငန်း ပရိုဂရမ်” တွင် အခါအားလျော်စွာ ရရှိနိုင်သည့် ဆုကြေးကတ်တ လောက် (“ဆုကြေးများ”) တွင် ပြသထားသည့် Grab နှင့်/သို့မဟုတ် အခြားကုန်သည်များ ကကမ်းလှမ်းသည့်အီး_ဘောင်ချာများ၊ လုပ်ငန်း တိုးမြှင့်ခြင်းများ၊ လျှော့နှုန်းများ၊ အခမဲ့လက်ဆောင်များ၊ အရောင်းမြှင့်တင်ရေးသငကေတများ နှင့် အခြားအ ကျိုးအမြတ်များ ကဲ့သို့သော အကျိုးအမြတ်များကို ရရှိခံစားနိုင်ပါသည်။ လူကြီးမင်းသည် Grab Rewards Loyalty Programme ကို ပိုမို သိရှိလိုပါက https://www.grab.com/mm/en/rewards/ တွင် တွေ့ရှိနိုင်ပါသည်။
၈-၂၊ အခါအားလျော်စွာ Grab သည် “ပလက်ဖောင်းများ” ပေါ်တွင် အသုံးပြုမည့် ဘောင်ချာ သငေ်္က တများ၊ လျှော့နှုန်းများ၊ ငွေပေးသွင်းမှု အစီအစဉ်များ သို့မဟုတ် အခြားလုပ်ငန်းတိုးမြှင့်မည့် ကမ်းလှမ်းချက် များအား ကမ်းလှမ်းသည့် ဈေးကွက်နှင့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းများကို ကြော်ငြာနိုင်ပါသည်။ (“ဘောင်ချာများ”)။ ဘောင်ချာများသည် တရားဝင်မှု အချိန်ကာလများ၊ ကန့်သတ်ချက်များ နှင့်/သို့မဟုတ် လက်ရှိတွင် ရရှိနိုင်မှုတို့ပေါ်တွင် မူတည်ပါသည်။ “ဘောင်ချာများ” အခြားသော အရောင်းမြှင့်တင်ရေး ဆောင်ရွက် ချက်များ၊ လျှော့နှုန်းများ သို့မဟုတ် အခြားဘောင်ချာများနှင့် တွဲဖက်၍ အသုံးပြုသည့်အခါ တရားဝင်မည် မဟုတ်။ နောက်တိုးစည်းကမ်းချက်များသည် “ဘောင်ချာများ” တွင် အကျုံးဝင်သက်ဆိုင်နိုင်ပါသည်။ အခြားနည်းဖော် ပြခြင်း မပြုပါက “ဘောင်ချာများ” မိမိတို့၏ “ပလက်ဖောင်း” တွင်သာလျှင် အသုံးပြုနိုင်ပါသည်။ “ဘောင်ချာများ” သည် လွှဲပြောင်းပေး၍မရ၊ ဖလှယ်၍မရ၊ ငွေပြန်အမ်း၍ မရပါ။ ထို့အပြင် ငွေသားနှင့် ဖလှယ်၍လည်း မရပါ။ Grab သည် ကြိုတင် အကြောင်းကြားစာ ပေးပို့ခြင်းမရှိဘဲမည်သည့်အချိန်တွင်မဆို အရောင်းမြှင့်တင် ရေးဆောင် ရွက် ချက်များနှင့် ငွေပေးသွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များ၏ မည်သည့် အစိတ်အပိုင်းကို မဆို ရုတ်သိမ်းခွင့်၊ ပြင်ဆင်ခွင့် နှင့်/သို့မဟုတ် ပြောင်းလဲခွင့်ရှိသည်။ Grab သည် အကယ်၍ အသုံးပြုသူတစ်ဦးက ဤ “အသုံးပြုရန် စည်းကမ်းချက်များ” ၏ အစိတ်အပိုင်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက၊ အသုံးပြုသူအား ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အရောင်းမြှင့်တင်ရေးဆောင်ရွက်ချက်များ သို့မဟုတ် ငွေပေးချေမှု အစီအစဉ်မှ အသုံးပြုသူအား ပျက်ပြယ်စေနိုင်သည်၊ ရပ်စဲနိုင်သည် သို့မဟုတ် အရည်အချင်း ပျက်ယွင်းစေနိုင်သည်။
၈-၃၊ Grab သည် ယင်း၏ တစ်ဦးတည်းနှင့် ပြီးပြည့်စုံသော ဆင်ခြင်တုံတရားဖြင့်၊ ထို့ပြင် လူကြီးမင်းထံ ကြိုတင် အကြောင်းမကြားဘဲ အောက်ပါကိစ္စရပ်များ အပါအဝင် အကန့်အသတ်မရှိ၊ မည်သည့်အ ကြောင်းကြောင့် မဆို ရမှတ်များ ပြန်လည် ထုတ်ယူရန် မေတ္တာရပ်ခံချက်အား ငြင်းပယ်နိုင်သည်။
(က) သီးသန့်ဆုလာဒ်အတွက် ပြန်လည်ရွေးနှုတ်ယူရန် ရမှတ်များ လုံလောက်မှု မရှိခြင်း။
(ခ) ဆုလာဒ်ကို လောလောဆယ်တွင် မရရှိနိုင်ခြင်း သို့မဟုတ် အခြားကုန်သည်က ရောင်းချရန် ထားရှိခြင်း မပြုတော့ခြင်း။
(ဂ) ဆုလာဒ်အား ပြန်လည်ရွေးနှုတ်ယူရန် အတွက် လူကြီးမင်းက အသုံးပြုရန် ရည်ရွယ်သည့် ရမှတ်များကို မှားယွင်းစွားထုတ်ဝေခြင်း။
(ဃ) Grab က ကျိုးကြောင်းဆီလျော်စွာဖြင့် – ပြန်လည်ရွေးနှုတ်ခြင်း ဆောင်ရွက်မှု ကိစ္စရပ်သည် သံသယဖြစ် ဖွယ်ရှိခြင်း၊ တရားမဝင်ခြင်း၊ ရာဇဝတ်ပြစ်မှု ကျူးလွန်မှု တစ်ရပ်ရပ်ပါဝင်နေခြင်း၊ သို့မဟုတ် ယင်းအား မရိုးမ ဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော နည်းလမ်း သို့မဟုတ် မတရားပြုသည့် အကြမ်းဖက်မှု တစ် ရပ်ရပ် ပါဝင်နေသည်ဟု ယုံကြည်ခြင်း။
၉။ အဆင့်သတ်မှတ်ချက်များ
၉-၁၊ “အသုံးပြုသူများ” နှင့် “အခြားဝန်ဆောင်မှု ပေးသူများ” အား ဖြည့်ဆည်းပေးသည့် “ဖြေရှင်းချက်များ” နှင့် စပ်လျဉ်း၍ တစ်ဦးနှင့်တစ်ဦး အဆင့်သတ်မှတ်ရန် ခွင့်ပြုနိုင်သည်။
၉-၂၊ အဆင့်သတ်မှတ်ချက်တိုင်းကို Grab ၏ စနစ်ပေါ်တွင် အလိုအလျောက် စာရင်းရေးသွင်းနိုင်ပြီး၊ Grab သည် ရရှိသည့် အဆင့်သတ်မှတ်ချက် အားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ Grab သည် လူကြီးမင်းအား အ ကြောင်းကြားခြင်း မရှိဘဲ သို့မဟုတ် လျော်ကြေးပေးခြင်းမရှိဘဲ “ဝန်ဆောင်မှု” အား လူကြီးမင်း အသုံးပြုခြင်း အား ဆိုင်းငံ့ခြင်း အပါအဝင် သင့်တော်သည့် လုပ်ဆောင်ချက်များ အားလုံးကို လုပ်ဆောင်နိုင်သည်။
၁၀။ တိုင်တန်းမှုများ
၁၀-၁၊ “အခြားဝန်ဆောင်မှုပေးသူများ” နှင့် “အသုံးပြုသူများ” အကြား တိုင်တန်းချက်များကို ယင်းတို့အကြား တိုက်ရိုက်အရေးယူဆောင်ရွက်ရမည်။
၁၁။ “အသုံးပြုသူများ” အတွက် ပြုပြင်ခြင်း နှင့် သန့်ရှင်းရေး အဖိုးအခများ
၁၁-၁၊ အကျုံးဝင် သက်ဆိုင်ပါက လူကြီးမင်းသည် “ဝန်ဆောင်မှု” အား လူကြီးမင်း အလွဲအသုံးပြုခြင်းကြောင့် ဖြစ်စေ၊ ဤတွင် ပါရှိသည့် “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” ကို ဖောက်ဖျက်ခြင်းကြောင့်ဖြစ်စေ၊ အခြား ဝန်ဆောင်မှုပေးသူ၏ ယာဉ်ပျက်စီး၍ ပြုပြင်ခြင်း သို့မဟုတ် လိုအပ်သည့် သန့်ရှင်းရေး ပြုလုပ်ခြင်း စရိတ် အတွက် တာဝန်ရှိရမည်။ Grab သည် “အခြားဝန်ဆောင်မှု ပေးသူ” ကိုယ်စား ယင်း ပြုပြင်ခြင်း သို့မဟုတ် သန့်ရှင်း ခြင်းအတွက် သင့်တော်သော စရိတ်ကို ပေးချေရန် ဆောင်ရွက်ပေးနိုင်သည်။ ထိုသို့ ဆောင်ရွက်ခြင်းအား “အခြား ဝန်ဆောင်မှု ပေးသူ” က ပြုပြင်ခြင်း သို့မဟုတ် သန့်ရှင်းရေး မေတ္တာရပ်ခံချက်အတွက် မေတ္တာရပ်ခံပါက လူကြီး မင်းထံမှ လူကြီးမင်း၏ သတ်မှတ်ထားသည့် ငွေပေးချေမှုနည်းလမ်း သို့မဟုတ် တောင်းဆိုမှု မှတစ်ဆင့် ဆောင် ရွက်ပေးမည် ဖြစ်သည်။
၁၂။ Grab Lite
၁၂-၁၊ “သဘောတူညီချက်” ပါ အခြားစည်းကမ်းချက်များတွင် မည်သို့်ပင် ပါရှိစေကာမူ၊ ထို့ပြင် “လုပ်ငန်း ပရိုဂရမ်” သည် အသုံးပြု၍ မရသည့် အနေအထားတွင် လူကြီးမင်းအတွက် ချောမွေ့စွာ တစ်ဆက်တည်း စီးနင်း လိုက်ပါမှု အတွေ့အကြုံအား ရရှိခံစားစေရန် မိမိတို့ ကြိုးပမ်းမှုဖြင့် Grab သည် Grab Lite အား စတင် အသုံးပြု ထားပါသည်။ Grab Lite သည် “လုပ်ငန်း ပရိုဂရမ်” အသုံးပြုမရ ဖြစ်နေသည့် ကာလအတွင်း၊ ကြိုတင်နေရာ /လက်မှတ်စာရင်းပေးသွင်းခြင်း ပြုလုပ်ရန်အတွက် လူကြီးမင်းအား ခွင့်ပြုသည့် “လုပ်ငန်း ပရိုဂရမ်” ၏အခြေခံ ပုံသဏ္ဍန်တစ်ရပ် ဖြစ်ပါသည်။ အသုံးပြု၍ မရသည့် အနေအထားတွင် “လုပ်ငန်း ပရိုဂရမ်”သည် လူကြီးမင်းက မည်သို့မျှ ဆောင်ရွက်ရန် မလိုဘဲ Grab Lite ပုံသဏ္ဍန်သို့ ပြောင်းသွားပါမည်။ အခြေခံ ပုံသဏ္ဍန်တစ်ရပ်ဖြစ်သဖြင့် “လုပ်ငန်း ပရိုဂရမ်” နှင့် နှိုင်းယှဉ်ပါက Grab Lite တွင် ယင်း၏ အသွင်လက္ခဏာများနှင့် လုပ်ငန်း ပရိုဂရမ်တွင် ကွာခြားချက်အနည်းငယ် ရှိပါသည်။ အောက်ပါတို့မှာ လူကြီးမင်း သိရှိထားသင့်သည့် ကွာခြားချက်များ ဖြစ်ကြ ပါသည်။
၁၂-၁-၁၊ သတ်မှတ်ထားသည့် အခကြေးငွေ။ ။ Grab Lite မှတစ်ဆင့် ကြိုတင်နေရာ/ လက်မှတ်စာရင်း ပေးသွင်းထားသည့် စီးနင်းလိုက်ပါမှု တစ်ရပ်ကို ပို့ဆောင်ရေး/ ယာဉ်အမျိုးအစားနှင့် စပ်ဆိုင်မှုမရှိဘဲ သတ်မှတ် ထားသည့် အဖိုးအခ ရှိသည်။ သတ်မှတ်ထားသည့် အဖိုးအခကို လူကြီးမင်းသည် လူကြီးမင်း၏ နေရာနှင့် ခရီးဆုံး ကို သော့ဖွင့်ပြီးနောက် GrabLite “လုပ်ငန်းပရိုဂရမ်” ပေါ်တွင် ပြသလိမ့်မည်။
၁၂-၁-၂ ငွေသားဖြင့် ပေးချေမှုသက်သက်။ ။ “လုပ်ငန်းပရိုဂရမ်” ၏ ခွဲခြမ်းစိတ်ဖြာထားသည့် ပုံသဏ္ဍာန် တစ်ရပ်ဖြစ်သဖြင့်၊ GrabLite မှတစ်ဆင့် စီးနင်းလိုက်ပါမှုအတွက် ငွေသားဖြင့်သာ ပေးချေရမည်။ GrabLite သည် GrabPay မြီးရှင်များနှင့် မြီးရှင်ကဒ်များဖြင့် ငွေပေးချေမှုများကို လက်ခံရန် မတတ်စွမ်းပါ။ ကြိုတင်နေရာ/ လက်မှတ်စာရင်းပေးသွင်းခြင်းအား ဆက်လက်ဆောင်ရွက်နေခြင်းသည် လူကြီးမင်းအနေဖြင့် သတ်မှတ်ထားသည့် အဖိုးအခကို လက်ခံသည်ဟု ဝန်ခံကတိပြုပြီး၊ သဘောတူရာရောက်ပါသည်။
၁၂-၁-၃၊ ကိုယ့်လက်သုံး၍ သော့ဖြင့်ဖွင့်ခြင်း။ ။လူကြီးမင်းသည် ကြီးမင်းရွေးချယ်သည့်နေရာနှင့် ခရီးဆုံးကို ကိုယ့်လက်ကို အသုံးပြု၍ ဖွင့်ရန်လိုပါသည်။
၁၂-၁-၄၊ ကိန်းဂဏန်းကို ဖုံးကွယ်ခြင်း။ ။ GrabLite အရ ကိန်းဂဏန်းကို ဖုံးကွယ်ခြင်းမရှိပါ။ ဆိုလိုသည်မှာ လူကြီးမင်း၏ ကိန်းဂဏန်းကို “ဝန်ဆောင်မှုပေးသူ” အား ပေးရပါမည်။ ကြိုတင်နေရာ/ လက်မှတ်စာ ရင်းပေးသွင်း ခြင်းအား အတည်ပြုခြင်းကို ဆက်လက်ဆောင်ရွက်နေခြင်းသည် လူကြီးမင်းအနေဖြင့် စည်းကမ်းချက်အား နားလည်ပြီး၊ သဘောတူရာ ရောက်ကြောင်း လူကြီးမင်းက ဝန်ခံကတိပြုခြင်း ဖြစ်ပါသည်။
၁၂-၁-၅၊ GrabRewards အမှတ်များ။ ။ GarbLite မှတစ်ဆင့် ကြိုတင်နေရာ/လက်မှတ်စာရင်း ပေးသွင်း သည့် စီးနင်းလိုက်ပါမှုတစ်ရပ်သည် GrabRewards အမှတ်များ အတွက် အကျိုးခံစားခွင့်မရှိပါ။
၁၂-၁-၆၊ စာပို့စကားစမည်ပြောဆိုခြင်း လုပ်ငန်းဆောင်တာမရှိ။ ။ GrabLite တွင် စာပို့စကားစ မည်ပြောဆိုခြင်း လုပ်ငန်းဆောင်တာအား ဖျက်သိမ်းထားမည်။ ယင်းကြောင့် “ဝန်ဆောင်မှုပေးသူများ” နှင့် ဆက်သွယ်ရန် တစ်ခုတည်းသော နည်းလမ်းအတွက် ခေါ်ဆိုမှုမှတစ်ဆင့် လုပ်ဆောင်ရန်လိုအပ်ပါမည်။
၁၂-၁-၇၊ အခြားအောက်ခြေအဆင့်ထိ ခွဲခြမ်းစိတ်ဖြာထားသည့်လုပ်ငန်းဆောင်တာများ။ ။ “လုပ်ငန်းပရိုဂရမ်”၏ အောက်ခြေအဆင့်ထိ ခွဲခြမ်းစိတ်ဖြာထားသည့် ပုံသဏ္ဍန်တစ်ခုဖြစ်သဖြင့် GrabLite သည် လူကြီးမင်း၏ ကြို တင် နေရာ/ လက်မှတ်စာရင်းပေးသွင်းမှု ရောက်ရှိသည့် ခန့်မှန်းခြေ အချိန်ကို ပြသမည် မဟုတ်ပါ။ GrabLite လုပ်ရှား သက်ဝင်သောအခါ လှုပ်ရှားနေသည့် ကြော်ငြာအတိုများကို အသုံးပြုရန် သတ်မှတ်ချက်နှင့် မကိုက်ညီပါ။ ထို့အပြင် လူကြီးမင်းသည် လူကြီးမင်း၏ စီးနင်းလိုက်ပါမှုအား “စီးပွားရေးလုပ်ငန်း စီးနင်းလိုက်ပါမှု” အဖြင့် တွဲယူ ရန် ရနိုင်မည် မဟုတ်။
၁၃။ အသိဉာဏ် ပစ္စည်းပိုင်ဆိုင်မှု
၁၃-၁၊ Grab နှင့် ယင်း၏ လိုင်စင်ထုတ်ပေးသူများသည် အကျုံးဝင်သက်ဆိုင်ပါလျှင် “ဆော့ဖ်ဝဲလ်” နှင့် / သို့မဟုတ် “လုပ်ငန်းပရိုဂရမ်” တို့ထဲတွင်နှင့် ယင်းတို့ထဲသို့ သွင်းထားသည့် ဆက်စပ်သော အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ အားလုံးအပါအဝင် အခွင့်အရေးပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားအားလုံးကို ပိုင်ဆိုင်ရမည်။ ထို့အပြင် ယင်းတို့သည် တိုးချဲ့အနေဖြင့် လူကြီးမင်း သို့မဟုတ် “ဝန်ဆောင်မှု” နှင့် ဆက်စပ်သည့် အခြားလူများက ဖြည့်ဆည်းပေးသော “ဝန်ဆောင်မှု” နှင့် အဆိုပြုချက်များ၊ အယူအဆများ၊ ထပ်မံတိုးပေးရန် မေတ္တာရပ်ခံချက်များ၊ တုန့်ပြန်မှုများ၊ ထောက်ခံတင်ပြချက်များ သို့မဟုတ် အခြား သတင်းအချက်အလက်တို့ကိုလည်း ပိုင်ဆိုင်သည်။ “အသုံးပြုရန် စည်းကမ်းချက်များ” သည် အရောင်းသဘောတူညီချက် တစ်ရပ်အဖြစ် ဖွဲ့စည်းပါဝင်ခြင်း မရှိဘဲ ယင်းသည် လူကြီးမင်းအား “ဝန်ဆောင်မှု” တွင် ပိုင်ဆိုင်မှု သို့မဟုတ် ဆက်စပ်သည့် အခွင့်အရေးများသည် လူကြီးမင်း နှင့် အကျိုးသက်ဆိုင်ခြင်းမရှိပါ။ ထို့အပြင် “ဆော့ဖ်ဝဲလ်” နှင့် / သို့မဟုတ် “အက်ပလီကေးရှင်း” Grab နှင့်/သို့မဟုတ် ယင်း၏ လိုင်စင်ထုတ်ပေးသူများက ပိုင်ဆိုင်သည့် အသိဉာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးများ သည် လည်း လူကြီးမင်းနှင့် အကျိုးသက်ဆိုင်ခြင်းမရှိပါ။ Grab ၏ ကိုယ်ပိုင်အမှတ်အသား “ဆော့ဖ်ဝဲလ်” နှင့်/ သို့မဟုတ် “အက်ပလီကေးရှင်း” နှင့် အခြားသူ ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးသူများ၏ ကိုယ်ပိုင်အ မှတ်အ သားများနှင့် “ဆော့ဖ်ဝဲလ်” နှင့် / သို့မဟုတ် “အက်ပလီကေးရှင်း” နှင့် ဆက်စပ်သည့် ထုတ်ကုန်အ မည်များသည် Grab သို့မဟုတ် အခြားသူများ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များဖြစ်ကြပြီး ယင်းတို့အား အသုံးပြုရန် အခွင့်အ ရေးလည်း မရှိ သို့မဟုတ် လိုင်စင်ချပေးထားခြင်းလည်း မရှိပါ။ သံသယကင်းရှင်းစေရန် အလို့ငှာ ဤတွင် ပါရှိသည့် “ဆော့ဖ်ဝဲလ်” နှင့် “အက်ပလီကေးရှင်း”တို့မှာ ယင်းတို့၏ အသီးသီးသော အစိတ်အပိုင်းများ လုပ်ငန်းစဉ် အဆင့်ဆင့်များ နှင့် ဒီဇိုင်းတို့ အပြည့်အဝ ပါဝင်မည်။
၁၄။ အခွန်အခများ
၁၄-၁၊ လူကြီးမင်းက သဘောတူညီသည်မှာ ဤ “သဘောတူညီချက်”သည် အခါအားလျော်စွာ အကျုံးဝင် သက်ဆိုင်သည့် မည်သို့ပင် တန်ဖိုးသတ်မှတ်ထားစေကာမူ တည်ဆဲပြဌာန်းအခွန်အခများ၊ အခွန်အ ကောက်များ၊ စရိတ်စခများ၊ အခကြေးငွေများ နှင့်/သို့မဟုတ် ကုန်ကျစရိတ်များကို လိုက်နာရမည်။ လူကြီးမင်းသည် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများ အားလုံးကို လိုက်နာရမည်ဖြစ်ပြီး၊ “ဝန်ဆောင်မှု” နှင့် ဆက်စပ်ပြီး ပေးချေပြီး သို့မဟုတ် ပေးချေရမည် ဖြစ်သော အခွန်အခများနှင့် စပ်လျဉ်း၍ ထည့်ဝင်သည့် အခွန်မြီးရှင် တစ်ရပ်ရပ်ကို တောင်းဆိုရန် သို့မဟုတ် စစ်ဆေးရန်၊ ခုနှိမ်ရန်၊ ပြန်အမ်းရန် သို့မဟုတ် ပြန်လည်ပေးချေရန် Grab က ဆောင်ရွက်နိုင်ရန်၊ ကူညီရန် နှင့်/သို့မဟုတ် ကာကွယ်ရန် လိုအပ်သည့် အဆင့်ဆင့် ဆောင်ရွက်ချက်များ အားလုံး ကို ဆောင်ရွက်ပေးရမည်။
၁၄-၂၊ အကယ်၍ လူကြီးမင်းသည် အခြားဝန်ဆောင်မှုပေးသူ ဖြစ်ပါက လူကြီးမင်းသည် ဤ “သဘော တူညီ ချက်” အရ သို့မဟုတ် ဆက်စပ်၍ လူကြီးမင်းအား ပေးချေရမည့် ငွေရပ်နှင့် စပ်လျဉ်း၍ ကျသင့်သည့် အခွန် အခ နှင့် ပြဌာန်းဥပဒေအရ ပေးသွင်းရမည့် ငွေများကို ပေးသွင်းရန်အတွက် တာဝန်ရှိသည်။
၁၅။ လျှို့ဝှက်ထားရှိခြင်း
၁၅-၁၊ လူကြီးမင်းသည် လူကြီးမင်းအား Grab ကဖြစ်စေ၊ ယင်း၏ကိုယ်စားဖြစ်စေ (ဤ “သဘောတူ ညီချက်” ချုပ်ဆိုသည့် ရက်စွဲ မတိုင်မီဖြစ်စေ၊ ယင်းနေ့တွင်ဖြစ်စေ၊ ယင်းနေ့ပြီးနောက်ဖြစ်စေ နှုတ်ဖြစ်ပြောဆိုသည့် သို့မ ဟုတ် စာဖြင့်ရေးသားထားသည့်) ထုတ်ဖော်ပြောဆိုထားသော Grab၊ ယင်း၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန် များ၊ စီးပွားရေးရာများ၊ ဈေးကွက်တင်ရောင်းချခြင်းနှင့် အရောင်းမြှင့်တင်ရေး အစီအမံများ သို့မဟုတ် အခြားလုပ် ငန်းဆောင်ရွက်ချက်များနှင့် ယင်း၏ အဖွဲ့ဝင် ကုမ္ပဏီများ သို့မဟုတ် ဤ “သဘောတူညီချက်” အသက်ဝင် နေ သည့် ကာလအတွင်း Grab ဖြစ်စေ၊ ယင်း၏ အဖွဲ့ဝင် ကုမ္ပဏီများမှ ဖြစ်စေ၊ အခြားနည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ရရှိထားသော သို့မဟုတ် ဖန်တီးထားသော သတင်းအချက်အလက်နှင့် အချက်အလက်ကို လျှို့ဝှက်ထားရှိရမည်။ လူကြီးမင်းက ဆက်လက်၍ တာဝန်ခံမည်မှာ လူကြီးမင်းသည် ယင်းလျှို့ဝှက်သတင်း အချက်အလက်အား “ဝန်ဆောင်မှု” ကို အသုံးပြုရန် အတွက်သာလျှင် ဖြစ်ပြီး၊ Grab ၏ ကြိုတင် စာဖြင့် ရေးသားထားသော သဘောတူ ခွင့်ပြုချက် မရှိဘဲ ယင်းသတင်းအချက်အလက်ကို အခြားသူထံသို့ဖြစ်စေ၊ အခြား ကိစ္စရပ်အတွက်ဖြစ်စေ၊ ထုတ်ဖော်ပြောကြားခြင်း မပြုရ။
၁၅-၂၊ လျှို့ဝှက်ထားရှိခြင်းဆိုင်ရာ အထက်ပါ ဆောင်ရွက်ရန် တာဝန်ရှိမှုများသည် အောက်ပါ သက်ဆိုင်ရာ သတင်းအချက်အလက်ကို လူကြီးမင်း ပြသနိုင်သည်။ အတိုင်းအတာအထိ အကျုံးဝင် သက်ဆိုင်ခြင်း မရှိစေရ။
၁၅-၂-၁၊ ယင်းသည် လက်ခံရရှိသည့် အချိန်က လူကြီးမင်း၏ လက်ဝယ်တွင် ရှိနေပြီးဖြစ်ခြင်း၊
၁၅-၂-၂၊ လူကြီးမင်း၏ အပြစ် သို့မဟုတ် ပျက်ကွက်မှု မပါဘဲ အများပြည်သူ သိရှိထားချက် အပြစ်ရှိနေခြင်း သို့မဟုတ် အနာဂတ်တွင် ရှိလာနိုင်ခြင်း။
၁၅-၂-၃၊ ယင်းအား ထုတ်ဖော်ပြောကြားရန် အခွင့်အရေးရှိသော အခြားသူထံမှ ရရှိသည့် သတင်းအချက်အလက် ဖြစ်ခြင်း၊ သို့မဟုတ်
၁၅-၂-၄၊ ဥပဒေကြောင်းအရ ထုတ်ဖော်ပြောဆိုရန် လိုအပ်ခြင်း။
၁၆။ အချက်အလက် အနှောက်အယှက် ကင်းမှုနှင့် အချက်အလက် ကာကွယ်စောင့်ရှောက်ရေး ပေါ်လစီ။
၁၆-၁၊ Grab သည် လူကြီးမင်း၏ “ပုဂ္ဂိုလ်ရေး အချက်အလက်” အား ယင်း၏ “အနှောက်အယှက် ကင်းမှု ပေါ်လစီ”နှင့် အညီ စုဆောင်းပြီး ဆန်းစစ်ပါသည်။ “အနှောက်အယှက်ကင်းမှု”ပေါ်လစီသည် Grab ၏ ဝန် ဆောင် မှုများ အားလုံးကို အကျုံးဝင်သက်ဆိုင်ပြီး ယင်း၏ စည်းကမ်းချက်များသည် ဤရည်ညွှန်းချက်အရ ဤ “သဘောတူညီချက်” ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။
၁၆-၂၊ အကျုံးဝင် သက်ဆိုင်ပါက လူကြီးမင်းသည် Grab၊ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ယင်း၏ အဖွဲ့ဝင် ကုမ္ပဏီများ၏ တစ်ရပ်ရပ်အား မိမိတို့်၏ “အနှောက်အယှက်ကင်းမှု ပေါ်လစီ” တွင် ဆက်လက် ဖော်ပြ ထားသည့် အတိုင်း “ပုဂ္ဂိုလ်ရေး အချက်အလက်” ကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ဆန်းစစ်ခြင်း နှင့် ထုတ် ဖော်ပြောဆိုခြင်း ပြုနိုင်သည်။
၁၆-၃၊ လူကြီးမင်း တာဝန်ခံ ကတိပြုသည်မှာ Grab သည် Grab ၏ “ဝန်ဆောင်မှုများ” အား လူကြီးမင်း အသုံးပြုစဉ် ကာလအတွင်း အခြား တစ်ဦးချင်း ပုဂ္ဂိုလ်များ၏ “ပုဂ္ဂိုလ်ရေး အချက်အလက်” ကို ထုတ်ဖော်ပြော ကြားနိုင်သည်။ လူကြီးမင်းက ကိုယ်စားပြုပြီး အာမခံသည်မှာ လူကြီးမင်းသည် Grab က လူကြီးမင်းအား ထုတ် ဖော်ပြောကြားထားသည့် ကိစ္စရပ်အတွက် သာလျှင် ယင်း “ပုဂ္ဂိုလ်ရေး အချက်အလက်” ကို အသုံးပြုရမည်ဖြစ် ပြီး အခြားခွင့်ပြုချက်မဲ့ ကိစ္စရပ်များအတွက် အသုံးမပြုရ။
၁၇။ အခြားသူများနှင့် လုပ်ငန်းဆက်သွယ်မှုများ
၁၇-၁၊ “ဝန်ဆောင်မှု” အား အသုံးပြုစဉ် ကာလအတွင်း လူကြီးမင်းသည် “ပလက်ဖောင်း” မှ တစ်ဆင့်ဖြစ်စေ၊ “အက်ပလီကေးရှင်း” မှ တစ်ဆင့်ဖြစ်စေ၊ အခြားသူများက ပြသသည့် သို့မဟုတ် ကမ်းလှမ်းသည့် ယင်းတို့၏ ကုန်စည်များနှင့် သို့မဟုတ် ဝန်ဆောင်မှုများအတွက် စာပေးစာယူ သို့မဟုတ် အရောင်းအဝယ်များ ပြုလုပ် လာနိုင်ပါသည်။ ယင်းသို့သော ဆက်သွယ်ခြင်း သို့မဟုတ် သဘောတူညီချက်သည် လူကြီးမင်းနှင့် အကျုံးဝင် သက်ဆိုင်သည့် အခြားသူတို့အကြား ပက်သက်မှုသာဖြစ်ပြီး Grab နှင့် ယင်း၏ လိုင်စင်ထုတ်ပေးသူများတွင် ယင်းဆက်သွယ်ရေး သို့မဟုတ် သဘောတူညီချက်သည် ပေးရန်တာဝန် သို့မဟုတ် ဆောင်ရွက်ရန် တာဝန်မရှိပါ။ Grab သို့မဟုတ် ယင်း၏ အဖွဲ့ဝင်ကုမ္ပဏီများသည် “ပလက်ဖောင်း” သို့မဟုတ် “အက်ပလီကေးရှင်း” မှ တစ်ဆင့် ဆက်သွယ်သည့် “အင်တာနက်” ပေါ်ရှိ အက်ပလီကေးရှင်းများ သို့မဟုတ် နေရာများအား ခွင့်ပြုမထားပါ။ ထို့အပြင် မည်သည့် အခြေအနေမျိုးတွင်မဆို Grab၊ ယင်း၏ လိုင်စင်ချပေးသူများ သို့မဟုတ် ယင်း၏ အဖွဲ့ဝင် ကုမ္ပဏီများသည် အကြောင်းအရာများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အခြားပစ္စည်းများအတွက် တာဝန်မရှိပါ။ တစ်စုံတစ်ရာသော ပို့ဆောင်ရေးကုန်စည် နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးသည့် အခြား ဝန်ဆောင်မှု ပေးသူများသည် ယင်းကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများကို လူကြီးမင်း အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မပြုမီ အသုံးပြုခြင်းနှင့် အနှောက်အယှက်ကင်းခြင်း ပေါ်လစီများဆိုင်ရာ နောက်တိုး သို့မဟုတ် ကွဲပြားသော စည်းကမ်းချက်များ အတွက် လူကြီးမင်း၏ သဘောတူညီချက် လိုအပ်နိုင်ပါသည်။ ထို့အပြင် Grab သည် လူကြီးမင်းနှင့် အခြားဝန်ဆောင်မှုပေးသူတို့အကြား ယင်းသဘောတူညီချက်များမှ ပေါ်ပေါက်လာသည့် တာဝန်ရှိမှု တစ်ရပ်ရပ် သို့မဟုတ် အားလုံးအတွက် စာချုပ်ဝင်မဟုတ်သည့် အပြင် တာဝန်မယူနိုင်ကြောင်း ငြင်းဆိုပါသည်။ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ အသုံးပြုရန်နှင့် အနှောက်အယှက်မှ ကင်းခြင်း ပေါ်လစီ၏ ယင်းနောက်တိုး သို့မဟုတ် ကွဲပြားသော စည်းကမ်းများသည် ယင်းအခြားသူ ဝန် ဆောင်မှုများအား လူကြီးမင်း အသုံးပြုခြင်းနှင့် အကျုံးဝင် သက်ဆိုင်နိုင်ပါသည်။ Grab သည် လူကြီးမင်းက အခြား သူ တစ်ဦးအား ဖြည့်ဆည်းပေးရန် လူကြီးမင်းက မိမိတို့အား ဖြည့်ဆည်းပေးသည့် သို့မဟုတ် ခွင့်ပြုသည့် သတင်း အချက်အလက်အတွက် ဖြစ်စေ၊ ယင်းအခြားသူ၏ ယင်း သတင်းအချက်အလက်ကို စုဆောင်းခြင်း အသုံးပြုခြင်း နှင့် ထုတ်ဖော် ပြောဆိုခြင်းအတွက် တာဝန်မရှိစေရ။
၁၇-၂၊ Grab သည် အခြားသူအား “ဝန်ဆောင်မှု” ကို ထောက်ပံ့ရန်နှင့် သို့မဟုတ် နောက်တိုးဝင်ငွေရရှိရန်နှင့် “ဝန်ဆောင်မှု” နှင့် အခြားနည်းလမ်းများမှ ဖြည့်ဆည်းပေးသည့် ကြော်ငြာနှင့် ဈေးကွက်တင်ရောင်းချခြင်းတို့ အား အားထားနိုင်ပါသည်။ အကယ်၍ လူကြီးမင်းသည် ယင်းသို့သောကြော်ငြာနှင့် ဈေးကွက်တင်ရောင်းချခြင်းတို့ကို လက်ခံရရှိလိုခြင်း မရှိပါက လူကြီးမင်း၏ အနှောက်အယှက်မှ ကင်းခြင်း၊ စက်ပိုင်းဆိုင်ရာ ချိန်ညှိချက်တွင် ရေးသွင်းခြင်းမပြုရန် သို့မဟုတ် လက်ရှိ အနေအထား ဖြစ်စေရန် ညွှန်ကြားချက်များ အတွက် မိမိတို့၏ “အနှောက်အယှက်မှ ကင်းခြင်းပေါ်လစီ” ကို ကျေးဇူးပြု၍ ရည်ညွှန်းအကြောင်းကြားစေလိုပါသည်။ လူကြီးမင်းက သဘောတူညီပြီး ခွင့်ပြုသည်မှာ Grab အနေဖြင့် ဖောက်သည် ကိုယ်ရေးအကျဉ်း သို့မဟုတ် အလားတူ အစီရင်ခံစာ သို့မဟုတ် စိစစ်အကဲဖြတ်ချက်၏ အစိတ်အပိုင်း အနေဖြင့် လူသူ မသိနိုင်သည့် အခြေခံမူဖြင့် လူကြီးမင်းနှင့် “ဝန်ဆောင်မှု” အား လူကြီးမင်း အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ပြုစုရန်နှင့် သတင်းအချက်အလက် ထုတ်ပေးရန်ဖြစ်သည်။ လူကြီးမင်းက သဘောတူညီသည်မှာ “ဝန်ဆောင်မှု” မှတစ်ဆင့် လူကြီးမင်းက အခြားမှုနှင့် အပြန်အလှန် ဆက်ဆံသည့် လုပ်ရပ်များနှင့် အပြန်အလှန် ဆက်ဆံမှုများ နှင့်/သို့မဟုတ် ကြော်ငြာခြင်း သို့မဟုတ် “ဝန်ဆောင်မှု” မှတစ်ဆင့် အခြားသူများအား ဖြည့်ဆည်းပေးသည့် ပစ္စည်းအားလုံးတွင် အားလုံးသော သတိထားမှု ပြုလုပ်ရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။
၁၇-၃၊ မိမိတို့သည် အခြားသူများက ပိုင်ဆိုင်ပြီး လုပ်ငန်းဆောင်ရွက်သည့် “အင်တာနက်” ပေါ်တွင် အခြား ဝက်ဆိုက်များ သို့မဟုတ် ပါဝင်သည့် အကြောင်းအရာများသို့ “ဟိုက်ပါလင့်ခ်” ဆက်သွယ်မှု ပါဝင်လာနိုင်ပါသည်။ (“အခြားသူ လင့်ခ်များ”)၊ ယင်း “အခြားသူ လင့်ခ်များ” သည် မိမိတို့၏ ထိန်းချုပ်မှု အောက်တွင် မရှိပါ။ ထို့အပြင် မိမိတို့သည် ဆက်နွယ်ထားသည့် ဝက်ဆိုက်၏ ပါဝင်သည့် အကြောင်းအရာပါ အမှားများ၊ ပျက်ကွက်မှုများ၊ ကြန့်ကြာမှုများ၊ အသရေဖျက်မှု၊ အမှတ်အသားဖြင့် အသရေဖျက်မှု၊ ကိုယ်နှုတ်အမူအယာဖြင့် အသရေဖျက်မှု၊ မှားယွင်းမှု၊ မရှုဝံ့မမြင်သာခြင်း၊ လိင်ပိုင်းဆိုင်ရာရေးသားပြသမှု၊ ဘာသာရေးဆိုင်ရာ အလေးအမြတ်ထားမှုမရှိခြင်း၊ တိကျမှန်ကန်မှု မရှိခြင်း သို့မဟုတ် အခြားအငြင်းပွားဖွယ်ရာများ သို့မဟုတ် ယင်းတို့အပေါ် စိစစ်သုံးသပ်မှု၏ အကျိုးဆက်များ အတွက် တာဝန်မရှိပါ။ အခြား ဝက်ဆိုက်များ သို့မဟုတ် ပါဝင်သည့် အကြောင်းအရာများသို့ “ဟိုက်ပါလင့်ခ်” သို့ ဆက်သွယ်ခြင်းသည် ယင်းဝက်ဆိုက်များကိုဖြစ်စေ၊ ပါဝင်သည့် အကြောင်းအရာ များကိုဖြစ်စေ၊ ခွင့်ပြုပေးရာမရောက်ပါ သို့မဟုတ် မှန်ကန်သည်ဟု တာဝန်ခံခြင်းမဟုတ်ပါ။ ထို့အပြင် လူကြီးမင်းက သဘောတုူညီသည်မှာ ယင်းသို့သော ဝက်ဆိုက်များ သို့မဟုတ် ပါဝင်သည့် အကြောင်းအရာများသို့ ဝင်ရောက်ခြင်း သို့မဟုတ် အသုံးပြုခြင်းသည် လူကြီးမင်း ကိုယ်တိုင် အန္တရာယ်ရှိမှုတွင် လုံးဝ တာဝန်ရှိပါသည်။
၁၇-၄၊ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ “အက်ပလီကေးရှင်း” သည် အပိုင်း (၂) တွင် ပြုစုပါရှိသည့် အချက်အလက်များဆိုင်ရာ အရင်းအမြစ်များပါ အချက်အလက်များကို အသုံးပြုခြင်းအပြင် Google Maps ဝန်ဆောင်မှုများနှင့် ပါဝင်သည့် အကြောင်းအရာတို့မှ ရှာဖွေ၍ ရရှိသော ရလာဒ်များကို အသုံးပြုပြီးလျှင် ပြင်ဆင်ပြောင်းလဲပါသည်။ ထို့ပြင် “အက်ပလီကေးရှင်း” ကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်းက ဖော်ပြပါတို့ကို လိုက်နာရန် သဘော တူပါသည်။ ယင်းတို့မှာ (၁) Google Maps/Google Earth နောက်တိုးဝန်ဆောင်မှု ဆိုင်ရာ စည်းကမ်းချက်များ၊ ယင်းကို https://maps.google.com/help/terms map.html တွင် တွေ့ရှိနိုင်ပါသည်။ (၂) Google “အနှောက်အ ယှက်မှ အေးငြိမ်းမှုပေါ်လစီ” ကို https://www.google.com/policies/privacy/ တွင် တွေ့ရှိနိုင်ပါသည်။ နှင့် (၃) Google Acceptable Use Policy ကို https://cloud.com/maps-plaform/terms/aup/ တွင် တွေ့ရှိနိုင်ပါသည်။ လူကြီးမင်းက ဆက်လက်၍ သဘောတူညီသည်မှာ “အက်ပလီကေးရှင်း” ကို အသုံးပြူသည့်အခါ လူကြီးမင်းသည် အောက်ပါတို့ကို အသုံးမပြုရ –
(က) Google Maps ကို မိတ္တူမကူးရ၊ ပြောင်းလဲခြင်း မပြုရ၊ ပြောင်းလဲမှုလုပ်ငန်းတစ်ရပ်ကို ဖန်တီးမှု မပြုရ၊ အင်ဂျင်နီယာ အတတ်ပညာကို ကူးယူရန် လေ့လာစမ်းစစ်ခြင်း မပြုရ။ ဖွဲ့စည်းထားရှိမှုကို ဖျက်သိမ်းခြင်း မပြုရ။ ဘာသာပြန်ဆိုခြင်း မပြုရ၊ တစ်စစီခွဲထုတ်ခြင်း မပြုရ သို့မဟုတ် Source code တစ်ရပ်ရပ်ကို ထုတ်ယူရန် အခြားနည်းအား ထုတ်ခြင်း မပြုရ။
(ခ) Google Maps ကို တစ်ဆင့်လိုင်စင်ထုတ်မပေးရ၊ လွှဲပြောင်းခြင်း မပြုရ သို့မဟုတ် ဖြန့်ဝေခြင်း မပြုရ။
(ဂ) Google Maps မပါဘဲ ကြီးမားသည့် တန်ဖိုး မရှိနိုင်သည့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကမ်းလှမ်းချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် Google Maps ကို အခြားသူသို့ ရောင်းချခြင်း မပြုရ။ ပြန်လည်ရောင်းချခြင်း မပြုရ သို့မဟုတ် အခြားနည်းရရှိစေရန် မပြုလုပ်ရ သို့မဟုတ်
(ဃ) တရားမဝင်သည့် နည်းလမ်းဖြင့် ဖြစ်စေ၊ Google သို့ ပေးချေရမည့် အခကြေးငွေတစ်ရပ်ရပ်အား လှည့်ပတ်သွယ်ဝိုက်သည့် အကျိုးဆက်ပေါ်ပေါက်စေနိုင်သည့် နည်းလမ်းဖြင့် Google Maps ကို ရယူခြင်း မပြုရ သို့မဟုတ် အသုံးမပြုရ။
၁၈။ ကင်းလွတ်ခွင့် ပေးခြင်း။
“ဝန်ဆောင်မှု”အား အသုံးပြုသည်တွင် “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” ကို သဘောတူခြင်းအားဖြင့်၊ လူကြီးမင်းက သဘောတူညီသည်မှာ လူကြီးမင်းသည် Grab၊ ယင်း၏ လိုင်စင်ပေးသူများနှင့် ယင်းစာချုပ်ဝင် တစ်ဦးချင်းစီ၏ အဖွဲ့ဝင်များ၊ အရာရှိများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ရှေ့နေများနှင့် ကိုယ်စား လှယ်များအား အောက်ပါအကြောင်းအချက်တို့မှ ထွက်ပေါ်လာသော သို့မဟုတ် ဆက်စပ်သည့် (ရှေ့နေ၊ ရှေ့ရပ်ခများ နှင့် စရိတ်များ နှင့်/သို့မဟုတ် စည်းမျဉ်းစည်းကမ်းကို လိုက်နာစေရန် အရေးယူ ဆောင်ရွက်ချက်များ အပါအဝင်) တောင်းဆိုမှုများ၊ စရိတ်များ၊ နစ်နာကြေးများ၊ ဆုံးရှုံးမှုများ၊ ပေးရန်တာဝန်များနှင့် ကုန်ကျစရိတ်များမှ သို့မဟုတ် ဆန့်ကျင်၍ တာဝန်မှ ကင်းလွတ်ခွင့် ပေးရမည်ရာ ယင်းတို့မှာ (က) လူကြီးမင်း၏ “အခြားဝန်ဆောင်မှုပေးသူများ” သို့မဟုတ် “အသုံးပြုသူများ” (ကိစ္စရပ် တစ်ခုချင်းစီအလိုက်)၊ အခြားကုန် သည်များ၊ ဝန်ဆောင်မှုပေးသူများ၊ အဖွဲ့ဝင်များ၊ ကြော်ငြာသူများ နှင့်/သို့မဟုတ် စပွန်ဆာများ၊ သို့မဟုတ် (ခ) ဤတွင် ရည်ညွှန်းထားသည့်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ”၊ အခြားသူတစ်ဦးဦး၏ စည်းကမ်းချက်များ သို့မဟုတ် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် စည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်ခြင်း သို့မဟုတ် (ဂ) ဝန်ဆောင်မှု မှတစ်ဆင့် စီစဉ်ထားသည့် အခြားဝန် ဆောင်မှုပေး သူများ သို့မဟုတ် အသုံးပြုသူများအပါအဝင် အခြားသူများ၏ အခွင့်အရေးများကို လူကြီးမင်းက ချိုးဖောက်ခြင်း၊ သို့မဟုတ် (ဃ) “ဝန်ဆောင်မှုများ”၊ “ပလက်ဖောင်း” ၊ “ဆော့ဖ်ဝဲလ်” နှင့်/သို့မဟုတ် “အက်ပလီကေးရှင်း” အား လူကြီးမင်း အသုံးပြုခြင်း သို့မဟုတ် မှားယွင်းစွာ အသုံးပြုခြင်း ၊ နှင့် (င) အကျုံးဝင် သက်ဆိုင်ပါက “ဝန်ဆောင်မှု” မှတစ်ဆင့် “အသုံးပြုသူများ” ထံသို့ “ဖြေရှင်းချက်များ” ကို လူကြီးမင်းက ဖြည့်ဆည်းပေးခြင်း အပါအဝင်၊ အကျုံးဝင် သက်ဆိုင်ပါက “ယာဉ်” အား လူကြီးမင်း ပိုင်ဆိုင်မှု၊ အသုံးပြုမှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု။
၁၉။ အာမခံချက်များကို တာဝန်မယူနိုင်ကြောင်း ငြင်းဆိုခြင်း။
၁၉-၁၊ Grab သည် “ဝန်ဆောင်မှု”၊ “ဆော့ဖ်ဝဲလ်”၊ “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း”၏ ယုံကြည် စိတ်ချရမှု၊ အချိန်မှန်ကန်မှု၊ အရည်အချင်းပြည့်မီမှု၊ သင့်လျော်မှု၊ အသုံးပြူရန် ရရှိနိုင်မှု၊ တိကျမှန်ကန်မှု သို့မဟုတ် ပြည့်စုံမှု တို့နှင့် စပ်လျဉ်း၍ ကိုယ်စားပြုခြင်း၊ ပစ္စည်းမှန်ကန်ကြောင်း အာမခံခြင်း၊ သို့မဟုတ် အာမခံချက် ပြုလုပ်ပေးထားခြင်း မပြုပါ။ Grab သည် ဖော်ပြပါတို့ကို ကိုယ်စားမပြုပါ သို့မဟုတ် အာမခံချက်မပြုလုပ်ပါ။ (က) “ဝန်ဆောင်မှု”၊ “ဆော့ဖ်ဝဲလ်”၊ “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း”ကို အသုံးပြုခြင်းသည် လုံခြုံ သည်၊ ပြတ်တောက်ခြင်းမရှိ၊ အမှားအယွင်း သို့မဟုတ် အခြားအန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းရှင်း သည် သို့မဟုတ် အခြားစက်ပစ္စည်းများ၊ ဆော့ပ်ဝဲလ်များ စနစ် သို့မဟုတ် အချက်အလက်တို့နှင့် ပေါင်းစပ်လျက် လုပ်ငန်းလည်ပတ်သည်။ (ခ) လူကြီးမင်း၏ လိုအပ်ချက်များ သို့မဟုတ် မျှော်လင့်ချက်များကို ပြည့်မီသည်။ (ဂ) သိုလှောင်ထားသည့် အချက်အလက်တစ်စုံတစ်ရာသည် တိကျပြီး၊ ယုံကြည်ကိုးစားရသည်။ သို့မဟုတ် (ဃ) “အက်ပလီကေးရှင်း” မှတစ်ဆင့် လူကြီးမင်း ဝယ်ယူသည့် သို့မဟုတ် ရရှိသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက် သို့မဟုတ် အခြားအရာများသည် လူကြီးမင်း၏ လိုအပ်ချက်များ သို့မဟုတ် မျှော် လင့် ချက်များကို ပြည့်မီသည်။ “ဝန်ဆောင်မှု” အား “လက်ရှိဖြစ်တည်နေသည့်” အခြေခံဖြင့် လူကြီးမင်းအား ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ကုန်သွယ်ရောင်းဝယ်မှုဆိုင်ရာ သဘောသက် ရောက်သည့် အာမခံချက်၊ သီးသန့် ကိ စ္စရပ်တစ်ခုအတွက် ပြည်စုံ လုံလောက်မှု၊ အခြားသူ အခွင့်အရေးများအား မဖောက်ဖျက်မှု အပါအဝင် စည်းကမ်း ချက်များနှင့် အာမခံချက်များသည် ဥပဒေအရ ခွင့်ပြူသည့် အတိုင်းအတာအထိ ဤနေရာတွင် အကျုံး မဝင်ပါ။
၁၉-၂၊ Grab သည် “အခြားဝန်ဆောင်မှုများ” အား ဖြည့်ဆည်းပေးသည့် “ဖြေရှင်းချက်များ” သို့မ ဟုတ် ”ဝန်ဆောင်မှု” ကို အသုံးပြုခြင်းဖြင့် ရရှိသည့် “ဖြေရှင်းချက်များ” နှင့် စပ်လျဉ်း၍ အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ မည်သည့် အမျိုးအစား ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်းကိုလည်း မပြုလုပ်ပါ။ လူကြီး မင်းက သဘောတူညီသည်မှာ လူကြီးမင်းသည် “အခြားဝန်ဆောင်မှုများ” ကို အသုံးပြုခြင်းအားဖြင့် ထွက်ပေါ် လာသည့် နှင့် အခြားဝန်ဆောင်မှု ပေးသူများက ဖြည့်ဆည်းပေးသည့် “ဖြေရှင်းချက်များ” မှ ထွက်ပေါ်လာသည့် အန္တရာယ်များ အားလုံးအတွက် တာဝန်ခံရပါမည်။
၂၀။ “အင်တာနက်” ကြန့်ကြာခြင်းများ
“ဝန်ဆောင်မှု” ၊ “ပလက်ဖောင်း”၊ “အက်ပလီကေးရှင်း” နှင့်/သို့မဟုတ် “ဆော့ဖ်ဝဲလ်”သည် လူကြီးမင်း သို့မဟုတ် အခြား” ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးသူ” က အသုံးပြုသည့် ပစ္စည်းကိရိယာသည် ဆက်သွယ်မှု ပြတ်တောက် ခြင်း၊ အကွာအဝေးပြင်ပသို့ ရောက်ရှိနေခြင်း၊ ခလုတ်ပိတ်ထားခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ခြင်း မရှိခြင်း အပါအဝင် “အင်တာနက်” သို့မဟုတ် အီလက်ထရွန်နစ်ဆက်သွယ်ရေးကိရိယာတွင် မလွဲမသွေပါဝင်နေသည့် ကန့်သတ်မှုများ၊ ကြန့်ကြာမှုများနှင့် အခြားပြဿနာများနှင့် တွေ့ကြုံနိုင်ပါသည်။ Grab သည် ယင်းသို့သော ပြဿနာများမှ ပေါ်ပေါက်လာသည့် ကြန့်ကြာမှုများ၊ လက်ရောက်ပေးအပ်ရာတွင် ပျက်ကွက်မှုများ၊ နစ်နာမှုများ သို့မဟုတ် ဆုံးရှုံးမှုများအတွက် တာဝန်မရှိပါ။
၂၁။ ပေးရန်တာဝန်ရှိသူအား ကန့်သတ်ခြင်း
၂၁-၁၊ အခြားနည်းပြဌာန်းထားခြင်း မရှိပါက၊ ထို့အပြင် ဥပဒေက ခွင့်ပြုသည့် အပြည့်ဝဆုံး အတိုင်းအတာထိ၊ လူကြီးမင်းက Grab ပေါ်တွင် တောင်းဆိုချက်များသည် ယင်းတောင်းဆိုချက်များ ပေါ်ပေါက်လာသည့် ဖြစ်ရပ်ကာလ အတွင်း ဝန်ဆောင်မှုအား အသုံးပြူသည်တွင် လူကြီးမင်းက ပေးချေသည့် နှင့်/သို့မဟုတ် ကျရောက် သည့် အမှန်တကယ်ပေးချေမှုများအားလုံး၏ စုစုပေါင်း ပမာဏတွင် ကန့်သတ်ထားရှိရမည်။ Grab နှင့်/သို့မဟုတ် ယင်း၏ လိုင်စင်ထုတ်ပေးသူများသည် ယင်းအတွက် လူကြီးမင်းအားဖြစ်စေ၊ အခြားသူအားဖြစ်စေ ပေးရန်တာ ဝန်မရှိစေရ။ Grab နှင့်/သို့မဟုတ် ယင်း၏ လိုင်စင်ထုတ်ပေးသူများသည် အောက်ပါတို့အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်ဘဲ၊ လူကြီးမင်းအား ပြုလုပ်သည့် သို့မဟုတ် လူကြီးမင်းအား ပြုလုပ်သည့် သို့မဟုတ် လူကြီးမင်းက “ဝန်ဆောင်မှု” အတွက် လူကြီးမင်းက ကြိုတင်နေရာ/ လက်မှတ်စာရင်းသွင်းထားသူအား ပြုလုပ်သည့် ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ထိခိုက်မှုအတွက် တာဝန်မရှိစေရ။
၂၁-၁-၁၊ “ဝန်ဆောင်မှု”၊ “ပလက်ဖောင်း”၊ “အက်ပလီကေးရှင်း” နှင့်/သို့မဟုတ် “ဆော့ဖ်ဝဲလ်” က ထွက်ပေါ် လာသည့် သို့မဟုတ် ယင်းတို့နှင့် တစ်နည်းနည်း ဆက်စပ်သည့် ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ထိခိုက်မှု။
၂၁-၁-၂၊ “ဝန်ဆောင်မှု”၊ “ပလက်ဖောင်း”၊ “အက်ပလီကေးရှင်း” နှင့်/သို့မဟုတ် “ဆော့ပ်ဝဲလ်” ကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍ မရခြင်း။
၂၁-၁-၃၊ ကြော်ငြာတစ်ရပ်၏ ပြည့်စုံမှု၊ တိကျမှုနှင့် တည်ရှိမှုပေါ်တွင် လူကြီးမင်းက ထည့်သွင်းပေးထားသည့် ယုံကြည်ကိုးစားမှု တစ်ရပ်ရပ်။
၂၁-၁-၄၊ လူကြီးမင်းနှင့် အခြားဝန်ဆောင်မှု ပေးသူတို့အကြား ဆက်ဆံရေး သို့မဟုတ် ရောင်းဝယ်ဖောက်ကားသည့် ကိစ္စကြောင့် ကုန်သည်၊ ကြော်ငြာသူ သို့မဟုတ် စပွန်ဆာပေးသူ၏ ကြော်ငြာသည့် ဝက်ဆိုက်တွင် ပေါ်လာခြင်း သို့မဟုတ် “ဝန်ဆောင်မှု”၊ “အက်ပလီကေးရှင်း” နှင့်/သို့မဟုတ် “ဆော့ပ်ဝဲလ်” က ရည်ညွှန်းခြင်း။
Grab နှင့်/သို့မဟုတ် ယင်း၏ လိုင်စင်ချပေးသူများက ယင်းသို့သော နစ်နာမှုများ ဖြစ်နိုင်ချေရှိမှုအား ကြိုတင်၍ အကြံပေးထားပါသော်လည်း အထက်ပါအတိုင်း ဖြစ်စေရမည်။
၂၁-၂၊ Grab သည် အခြားသူ ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများ၊ ကုန်သည်များ၊ ကြော်ငြာသူများ နှင့်/သို့မဟုတ် စပွန်ဆာပေးသူများ အပါအဝင် အခြားဝန်ဆောင်မှု ပေးသူများ၏ သင့်တော်လျော်ကန်မှု၊ တရားဝင်မှု၊ စွမ်းရည်ရွေ့လျားမှု သို့မဟုတ် နေရာကို သုံးသပ် အကဲဖြတ်မည်မဟုတ် သို့မဟုတ် စောင့်ကြည့်၍ သတင်းထုတ်ပြန်မည် မဟုတ်၊ ထို့ပြင် လူကြီးမင်းသည် Grab အား အခြားပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများ၊ ကုန်သည်များ၊ ကြော်ငြာသူများ နှင့်/သို့မဟုတ် စပွန်ဆာပေးသူများ အပါအဝင် အခြားဝန်ဆောင်မှု ပေးသူများမှ ပေါ်ပေါက်လာသည့် သို့မဟုတ် တစ်နည်းနည်းဖြင့် ဆက်စပ်သည့် ပေးရန်တာဝန်ရှိမှု၊ တောင်းဆိုမှုများ သို့မဟုတ် ဆုံးရှုံးမှုများ အားလုံးမှ အတိအလင်း စွန့်လွှတ်ပြီး ကင်းလွတ်ခွင့်ပြုသည်။
၂၁-၃၊ Grab သည် အခြားသူ ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများ၊ ကုန်သည်များ၊ ကြော်ငြာသူများ နှင့်/သို့မ ဟုတ် စပွန်ဆာပေးသူများ အပါအဝင် လူကြီးမင်းနှင့် အခြားဝန်ဆောင်မှုပေးသူများ အကြား အငြင်းပွားမှုများ သို့မဟုတ် အငြင်းပွားမှုတွင် ညှိနှိုင်းဆွေးနွေးမှုများတွင် အဖွဲ့ဝင် အဖြစ် ပါဝင်မည်မဟုတ်။ အကယ်၍ လူကြီးမင်း သည် Grab နှင့် လက်ရှိစီးပွားရေးလုပ်ငန်း အကောင့်စာရင်းရှိသည့် စီးပွားရေးလုပ်ငန်း ဖောက်သည် တစ်ဦးမ ဟုတ်ပါက၊ Grab သည် လူကြီးူမင်းနှင့် အခြားပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများ၊ ကုန်သည်များ၊ ကြော်ငြာ သူများ နှင့်/သို့မဟုတ် စပွန်ဆာပေးသူများ အပါအဝင် အခြားဝန်ဆောင်မှု ပေးသူများ အကြား ငွေပေးချေမှုအား စီမံခန့်ခွဲရာတွင် မည်သည့် အခန်း ကဏ္ဍမှမဆို ပါဝင်ပက်သည်မည်မဟုတ်။ “ဝန်ဆောင်မှု”၊ “ဆော့ဖ်ဝဲလ်” နှင့်/သို့ မဟုတ် “အက်ပလီကေးရှင်း” (ယင်းတို့အားလုံး၏ ပါဝင် သက်ဆိုင်မှုများ အားလုံးနှင့် အတူ) မှတစ်ဆင့် ကမ်းလှမ်း သည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ လူကြီးမင်းက ပြုလုပ်သည့် ဆုံးဖြတ်ချက်များသည် လူကြီးမင်းနှင့်၊ ထို့ပြင် လူကြီးမင်းအပေါ်တွင်သာလျှင် ကျရောက်ပါသည်။ လူကြီးမင်းသည် Grab အား “ဝန် ဆောင်မှု”၊ “ဆော့ဖ်ဝဲလ်” နှင့်/သို့မဟုတ် “အက်ပလီကေးရှင်း” က လူကြီးမင်းအား ကနဦး ဆက်သွယ်ပေး သည့် အခြားသူ ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများ၊ ကုန်သည်များ၊ ကြော်ငြာသူများ နှင့်/သို့မဟုတ် စပွန်ဆာပေးသူများ အပါအဝင် အခြားသူများနှင့် တစ်နည်းနည်းဖြင့် ဆက်စပ် သည့် တာဝန်ရှိမှု၊ တောင်းဆိုမှုများ သို့မဟုတ် အမှုအ ခင်းဖြစ်ပေါ်ရသည့် အကြောင်းရင်းများ တစ်ရပ်စီ နှင့် အားလုံးမှ အတိအလင်း စွန့်လွှတ်ပြီး၊ ကင်းလွှတ်ခွင့်ပြု သည်။
၂၁-၄၊ “ဝန်ဆောင်မှု” ကို အသုံးပြုခြင်း မှတစ်ဆင့် စီစဉ်ထားရှိသည့် “ဖြေရှင်းချက်” များ၏ အရည်အသွေးသည် လူကြီးမင်းအား ယင်း “ဖြေရှင်းချက်” ကို အခြေခံအားဖြင့် ဖြည့်ဆည်းပေးသည့် အခြားဝန်ဆောင်မှု ပေးသူတွင် တာဝန်အပြည့်အဝရှိပါသည်။ ယင်းကြောင့် လူကြီးမင်းက နားလည်သည်မှာ “ဝန်ဆောင်မှု” ကို အသုံးပြုခြင်းသည် အရွယ်မရောက်သေးသူများအတွက် အန္တရာယ် ကြီးမားပြီး၊ စက်ဆုတ်ဖွယ်ရာဖြစ်သည့်အပြင် အန္တရာယ်ပြုနို င်ပါသည်။ ထို့အပြင် လုံခြုံမှု ကင်းမဲ့ပါသည်။ သို့မဟုတ် အခြားနည်း ကန့်ကွက်ဖွယ်ရာ ဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းသည် “ဝန်ဆောင်မှု” အား လူကြီးမင်းကိုယ်တိုင် အန္တရာယ်ကို သိရှိပြီး အသုံးပြုခြင်း ဖြစ်ပါသည်။
၂၂။ နို့တစ်စာ
၂၂-၁၊ Grab သည် အကြောင်းကြားစာကို “အက်ပလီကေးရှင်း”၊ Grab ၏ မှတ်တမ်းများရှိ လူကြီးမင်း၏ အီးမေးလ်လိပ်စာ သို့မဟုတ် မှတ်ပုံတင်စာပို့ဖြင့် ပေးပို့သည့် စာရေးသားဆက်သွယ်ခြင်း သို့မဟုတ် Grab ၏ မှတ်တမ်းရှိ လူကြီးမင်း၏ လိပ်စာသို့ ကြိုတင်ငွေပေးချေထားသည့် စာတိုက်မှ ပို့ဆောင်ခြင်းမှ တစ်ဆင့် ပေးပို့နိုင်ပါသည်။ ယင်းအကြောင်းကြားစာသည် စာပို့ဖြင့် ပေးပြီး သို့မဟုတ် စာတိုက်မှ ထည့်ပြီး (အကယ်၍ မှတ်ပုံတင်စာပို့ သို့မဟုတ် ကြိုတင်ငွေပေးချေသည့် စာပို့ဖြင့် ပေးပို့လျှင်) (၄၈) နာရီ ကျော်လွန်လျှင်ဖြစ်စေ၊ ( အကယ်၍ အီးမေးလ်ဖြင့် ပေးပို့လျှင်) ပေးပို့ပြီး (၁)နာရီကျော်လွန်လျှင် ရရှိပြီ ဖြစ်သည်ဟု မှတ်ယူရမည်။ လူကြီးမင်းသည် Grab ထံသို့ “အက်ပလီကေးရှင်း” တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် အသေးစိတ်အချက်များ ကို အသုံးပြုလျက် ချောထုတ်သယ်ယူပို့ဆောင်ရေးဖြင့် ဖြစ်စေ၊ မှတ်ပုံတင်စာပို့ဖြင့် ဖြစ်စေ၊ စာဖြင့်ပေးပို့၍ အကြောင်းကြားနိုင်ပါသည်။ (ယင်း အကြောင်းကြားစာကို Grab က လက်ခံရရှိသည်တွင် ပေးပို့ပြီးဖြစ်သည်ဟု မှတ်ယူရမည်။)
၂၃။ တာဝန်ပေးခြင်း။
၂၃-၁၊ အခါအားလျော်စွာ ပြင်ဆင်ထားသည့် ဤ “အသုံးပြုရန် စည်းကမ်းချက်များ” ကို လူကြီးမင်းက Grab ၏ စာဖြင့် ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ တာဝန်ပေးခြင်း မပြုလုပ်နိုင်၊ သို့သော် Grab က လူကြီးမင်း၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တာဝန်ပေးနိုင်သည်။
၂၄။ အငြင်းပွားမှု ဖြေရှင်းရေး
၂၄-၁၊ ဤ “အသုံးပြုရန် စည်းကမ်းချက်များ” သည် မည်သည့်နိုင်ငံ၏ ဥပဒေပြဌာန်းချက်များကို ရွေးချယ်မှု သို့မဟုတ် ပဋ္ဋိပက္ခဖြစ်မှုကို အလေး ဂရုပြုရန် မလိုအပ်ဘဲ၊ မြန်မာဥပဒေများအရသာ လွှမ်းမိုးရမည်။ ထို့ပြင် ဤ “အသုံးပြုရန် စည်းကမ်းချက်များ” သို့မဟုတ် “ဝန်ဆောင်မှု” မှ ပေါ်ပေါက်လာသော သို့မဟုတ် ဆက်စပ်သော အငြင်းပွားမှုများ၊ လုပ်ရပ်များ၊ တောင်းဆိုချက်များ သို့မဟုတ် တရားစွဲဆိုရန် အကြောင်းများကို Singapore International Arbitration Centre (“SIAC”) သို့ ရည်ညွှန်းလွှဲအပ်ပြီး၊ လူကြီးမင်းနှင့် Grab တို့၏ အပြန်အလှန် သဘောတူညီချက် အရ ခန့်အပ်သည့် တစ်ဦးတည်းသော ခုံသမာဓိလူကြီး (“ခုံသမာဓိလူကြီး”) က အခါအားလျော်စွာ ပြောင်းလဲသည့် သို့မဟုတ် ပြင်ဆင်သည့် “SIAC” ၏ “နည်းဥပဒေများ” နှင့်အညီ ဆောင် ရွက်ရမည်။ အကယ်၍ လူကြီးမင်းနှင့် Grab တို့သည် ခုံသမာဓိလူကြီးတစ်ဦးပေါ် တွင် သဘောတူညီရန် မဖြစ်နိုင် ပါက၊ “နည်းဥပဒေများ” နှင့်အညီ “SIAC” ၏ “ဥက္ကဌ” က ခန့်အပ်ရမည်။ ခုံသမာဓိဖြင့် စီရင်ဆုံး ဖြတ်ခြင်း၏ နေရာနှင့် စီရင်ပိုင်ခွင့်သည် စင်ကာပူူနိုင်ငံဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရမည်။ “ခုံသမာဓိလူကြီး” ၏ အခကြေးငွေကို အကျုံးဝင် သက်ဆိုင်သည့် ဥပဒေအရ အတင်းအကြပ် ဆောင်ရွက် နိုင်ရန်အတွက် “ခုံသ မာဓိလူကြီး” က ဆုံးဖြတ်သည့် နည်းလမ်းဖြင့် ယင်းအခကြေးငွေကို ကျခံစေခြင်း မှ အပ၊ “ခုံသမာဓိလူကြီး” ၏ အခကြေးငွေကို လူကြီးမင်းနှင့် Grab က အညီအမျှ ကျခံရမည်။
၂၅။ ဆက်ဆံရေး။
၂၅-၁၊ ဤ “အသုံးပြုရန် စည်းကမ်းချက်များ” ပါ မည်သည့် အချက်ကမျှ အေဂျင်စီ၊ အစုစပ် သို့မဟုတ် Grab နှင့် ပူးတွဲလုပ်ငန်းပုံစံ တစ်ရပ်ဖန်တီးသည်ဟု မှတ်ယူခြင်းမပြုရ။
၂၆။ အဆက်ဖြတ်ခြင်း။
၂၆-၁၊ “အသုံးပြုရန် စည်းကမ်းချက်များ” ၏ ပြဌာန်းချက် တစ်ရပ်သည် တရားမဝင်ဖြစ်လျှင် သို့မဟုတ် အတင်း အကြပ် လိုက်နာစေရန် ဆောင်ရွက်၍ မရလျှင် ကျန်ရှိသည့် ပြဌာန်းချက်များ၏ ဥပဒေအရ ပြစ်မှု၊ တရားဝင်မှု နှင့် အတင်းအကြပ်လိုက်နာစေမှုကို မထိခိုက်စေရ သို့မဟုတ် နစ်နာစေခြင်း မရှိစေရ။
၂၇။ စွန့်လွှတ်ခြင်း မဟုတ်။
၂၇-၁၊ “အသုံးပြုရန် စည်းကမ်းချက်များ” ပါ အခွင့်အရေး သို့မဟုတ် ပြဌာန်းချက် တစ်ရပ်ကို အတင်းအ ကြပ်ဆောင်ရွက်ရန် Grab ၏ ပျက်ကွက်မှုသည် ယင်းအခွင့်အရေး သို့မဟုတ် ပြဌာန်ုးချက်အား စွန့်လွှတ်ခြင်း တစ်ရပ်အဖြစ် သဘော မသတ်စေရ။
၂၈။ ပြီးပြည့်စုံသည့် သဘောတူညီချက်
၂၈-၁၊ ဤ “သဘောတူညီချက်” သည် လူကြီးမင်းနှင့် Grab တို့အကြား ပြီးပြည့်စုံသည့် သဘောတူညီချက်အဖြစ် ဖွဲ့စည်းပါဝင်ပြီး၊ ယခင် သို့မဟုတ် မျက်မှောက်အချိန်တွင် ညှိနှိုင်းချက်များ သို့မဟုတ် ဆွေးနွေးချက်များကို လွှမ်း မိုးသည်။
၂၉။ ဆိုင်းငံ့ခြင်း နှင့် ရပ်စဲခြင်း
၂၉-၁၊ လူကြီးမင်းက သဘောတူညီသည်မှာ မိမိတို့က အောက်ပါတို့ကို အကြောင်းကြားခြင်း မရှိဘဲ မည်သည့် အချိန်တွင် မဆို ပြုလုပ်နိုင်သည်။ (၁) မည်သည့် အကြောင်းကြောင့်မဆို “အက်ပလီကေးရှင်” ၏ အစိတ်အပိုင်း တစ်ရပ်ရပ် (လူကြီးမင်း၏ အကောင့်စာရင်းသို့ ဝင်ရောက်ခြင်း နှင့်/သို့မဟုတ် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရရှိနိုင်မှု အပါအဝင်) လုပ်ငန်းလည်ပတ်မှု သို့မဟုတ် ဝင်ရောက်မှုအား ပြင်ဆင်နိုင်သည်။ ဆိုင်းငံ့နိုင်သည် ုသို့မဟုတ် ရပ်စဲနိုင်သည်။ (၂) အကျုံးဝင်သက်ဆိုင်သည့် ပေါ်လစီများ သို့မဟုတ် စည်း ကမ်း ချက်များကို ပြင်ဆင်နိုင်သည်။ သို့မဟုတ် ပြောင်းလဲနိုင်သည်။ နှင့် (၃) ပုံမှန် သို့မဟုတ် ပုံမှန်မဟုတ်သည့် ကြံ့ခိုင်ရေးပြုလုပ်ခြင်း၊ အမှားပြင်ဆင်ခြင်း သို့မဟုတ် အခြားပြောင်းလဲမှုများကို ပြုလုပ်ဆောင်ရွက်ရန် လိုအပ် သလို (လူကြီးမင်း၏ အကောင့်စာရင်း နှင့်/သို့မဟုတ် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများအား ရရှိနိုင်မှု အပါအ ဝင်) “အက်ပလီကေးရှင်း” သို့မဟုတ် “အက်ပလီကေးရှင်း” ၏ အစိတ်အပိုင်း၏ လုပ်ငန်းဆောင်ရွက်မှုကို ကြား ဖြတ် ဝင်ရောက်နိုင်သည်။ မိမိတို့သည် လူကြီးမင်းအား ဆိုင်းငံ့ခြင်း၊ သို့မဟုတ် ရပ်စဲခြင်း အတွက် လျော်ကြေးပေး ရန်လိုအပ်မည်မဟုတ်။
၃၀။ အခြားသူ အခွင့်အရေးများ မရှိ။
ဤသဘောတူညီချက်သည် ဤ “သဘောတူညီချက်” တွင် အဖွဲ့ဝင် မဟုတ်သူ အခြားသူများအား အခွင့်အရေးများ ပေးမည်မဟုတ်။
၃၁။ တည်နေရာများပြသမှု (Point of Interest) ထောက်ပံ့ပေးအပ်ခြင်းများ
၃၁.၁ ဤ ကဏ္ဍသည် “အသုံးပြုသူများ” နှင့် အခြားဝန်ဆောင်မှု ပေးသူများက သက်ဆိုင်ရာ “အက်ပလီကေး ရှင်းရှိ” မြေပုံတွင် တည်နေရာများပြသမှု (“Point of Interest/POI”) တင်ပြခြင်း အပေါ် အကျုံးဝင်သက်ဆိုင်မည် ဖြစ်သည်။
၃၁.၂ တင်ပြခြင်းဆိုင်ရာ လိုအပ်ချက်များ – POI တစ်ခု တင်ပြသည့်အခါ လူကြီးမင်းသည် အဆိုပါ POI တွင် ပါဝင်သည့်အကြောင်းအရာဖြစ်သည့် ဥပမာအားဖြင့် ယင်း၏ အမည်၊ လိပ်စာ နှင့် အမျိုးအစား ကိုပေးအပ်ရန်လို အပ်ပါသည်။ လူကြီးမင်း အနေဖြင့် POI တွင်ထပ်လောင်း ပါဝင်သည့် အကြောင်းအရာများ ဖြစ်သည့် ယင်း၏ ပုံများ နှင့် သက်ဆိုင်ရာ နောက်ထပ် အသေးစိတ် အချက်အလက်များကိုလည်း ပေးအပ်နိုင်ပါသည် (“POI တွင် ပါဝင်သည့် အကြောင်းအရာ”)။
၃၁.၃ တားမြစ်ထားသည့် အကြောင်းအရာ
၃၁.၃ လူကြီးမင်းအနေဖြင့် သေချာစေရမည်မှာ တင်ပြလိုက်သည့် အားလုံးသော POI တွင် ပါဝင်သည့် အကြောင်းအရာသည် –
၃၁.၃.၁ မမှန်မကန်ဖြစ်ခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် မလိုလားအပ်သည့်စာများ မဖြစ်စေရ။
၃၁.၃.၂ အသရေဖျက်ခြင်း၊ ညစ်ညမ်းခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကာမရာဂနှိုးဆွခြင်း၊ ရိုင်းစိုင်း ယုတ်ညံ့ခြင်း၊ ထိခိုက် နစ်နာစေခြင်း၊ စော်ကားသော သို့မဟုတ် တစ်နည်းနည်းဖြင့် မနှစ်မြို့ဖွယ် မဖြစ်စေရ။
၃၁.၃.၃ နိုင်ငံရေး သို့မဟုတ် ကိုယ်ပိုင် ထင်မြင်ချက်များ ကဲ့သို့သော မသက်ဆိုင်သည့် အကြောင်းရာများ မပါဝင် စေရ။
၃၁.၃.၄ ဆေးရွက်ကြီး နှင့် ယင်းမှ ထုတ်လုပ်သည့် ဆေးလိပ်၊ ဆေးတံ စသဖြင့်၊ မူးယစ်ဆေးဝါးများ၊ လောင်းက စား၊ လက်နက်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ နှင့် သက်ကြီးရွယ်အိုများ အတွက် ဝန်ဆောင်မှုများ အကန့်အသတ်မဲ့ အပါအဝင် စည်းမျဉ်းဖြင့် သတ်မှတ်ထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် ပစ္စည်းများ ရောင်း ချရန် သို့မဟုတ် ဝန်ဆောင်မှုများပေးရန် အတွက် ကမ်းလှမ်းခြင်း သို့မဟုတ် အရောင်းမြှင့် တင်ခြင်းမပြုလုပ်ရ။
၃၁.၃.၅ လိင်အသားပေး အကြောင်းအရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာ ပုံများ နှင့်/သို့မဟုတ် ဥပဒေ အရ အ ရွယ် မရောက်သေးသူများ၏ ပုံများ၊ အကြမ်းဖက်မှု၊ အကြမ်းဖက်ဝါဒ သို့မဟုတ် အခြားသော ထိခိုက်နစ်နာ စေ သည့် အမူအရာ သို့မဟုတ် တရားမဝင်သည့် လုပ်ဆောင်ချက် တစ်ရပ်ရပ် ကို ရည်ညွှန်းခြင်း၊ တိုးတက်ဆောင် ရွက်ခြင်း သို့ မဟုတ် သရုပ်ဖော်ခြင်းတို့မပြုလုပ်ရ။
၃၁.၃.၆ ပုဂ္ဂိုလ် တစ်ဦးဦး၏ ကိုယ်ရေး/အကာအကွယ်ထားရှိရမည့် အချက်အလက်များ သို့မဟုတ် ပုံများ မပါဝင်ရ။
၃၁.၃.၇ ကန့်သတ်ထားသည့် နယ်မြေဧရိယာများ ၏ ပုံများ၊ အများပြည်သူ ဝင်ရောက်ခွင့်မရှိသည့် နေရာများ သို့မ ဟုတ် ကန့်သတ်ထားသည့် ဧရိယာများ သို့မဟုတ် ဓာတ်ပုံရိုက်ခြင်း နှင့် ရုပ်ရှင်ရိုက်ကူးခြင်းတို့ကို ခွင့်ပြုထား ခြင်းမရှိသည့် နေရာများ၏ ပုံများပါဝင်ခြင်းမရှိစေရ (ဥပမာ- လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေး ဂိတ်များ၊ စစ်တပ် ပရဝုဏ်များ၊ ကိုယ်ပိုင်အိမ်ယာများ၏ အတွင်းပိုင်းနေရာများ)
၃၁.၃.၈ မိတ္တူပွါးထားခြင်း သို့မဟုတ် ခိုးယူထားခြင်း မရှိစေရ။ ထို့ပြင် ကြားခံပြင်ပ အဖွဲ့အစည်း၏ ဉာဏပစ္စည်း မူ ပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်းမပြုရ။
၃၁.၄ POI လက်ခံခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း
Grab သည် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် မည်သည့် အချိန်တွင်မဆို လူကြီးမင်းထံသို့ အကြောင်းကြား ခြင်းမပြုပဲ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် –
၃၁.၄.၁ တင်ပြခဲ့သည့် မည်သည့် POI တွင်ပါဝင်သည့် အကြောင်းအရာကိုမဆို လက်ခံခြင်း သို့မဟုတ် ငြင်းပယ် ခြင်း၊
၃၁.၄.၂ POI သို့မဟုတ် POI တွင်ပါဝင်သည့် အကြောင်းအရာ တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း သို့မဟုတ် တည်းဖြတ် ခြင်း၊ နှင့်
၃၁.၄.၃ မည်သည့် POI သို့မဟုတ် POI တွင်ပါဝင်သည့် အကြောင်းအရာ ကိုမဆို ဖယ်ရှားခြင်း၊
၃၁.၅ ဆုများ – Grab သည် “အက်ပလီကေးရှင်း” ထဲတွင် လူကြီးမင်းထံသို့အကြောင်းကြားခဲ့သည့် အတိုင်း လက်ခံ ခဲ့သည့် POI အကြောင်းအရာ တင်ပြချက်များအတွက် မက်လုံးများ သို့မဟုတ် ဆုများ ကို အခါအားလျော်စွာချီးမြှင့် နိုင်သည်။
၃၁.၆ လိုင်စင် – POI တစ်ခု တင်ပြခြင်းဖြင့်
၃၁.၆.၁ လူကြီးမင်း၏ လုပ်ဆောင်ချက် နှင့် “အက်ပလီကင်းရှင်း” ပေါ်တွင် သို့မဟုတ် ယင်းမှ တစ်ဆင့် လူကြီးမင်း တင်ပြသည့်၊ ပို့စ်တင်သည့် သို့မဟုတ် ပြသသည့် မည်သည့် အချက်အလက်များ၊ စာသားများ၊ သတင်းအချက် အလက်များ၊ အမည်များ၊ ပုံများ၊ graphic များ၊ ဓာတ်ပုံများ၊ ပုံရိပ်များ နှင့် အခြားသော အကြောင်းအရာများ အ တွက်မဆို လူကြီးမင်ထံတွင်သာ တစ်ဦးတည်း တာဝန်ရှိမည်ဖြစ်သည်။ လူကြီးမင်း “အက်ပလီကေးရှင်း” ပေါ် တွင် သို့မဟုတ် ယင်းမှ တစ်ဆင့် ပို့စ်တင်လိုက်သည့် မည်သည့် POI တွင်ပါဝင်သည့် အကြောင်းအရာ တစ်ရပ်ရပ်၏ ပိုင်ဆိုင်ခွင့်ကို Grab အနေဖြင့် တောင်းဆိုမည်မဟုတ်ပါ။
၃၁.၆.၂ Grab ထံသို့ အကြောင်းအရာ တစ်ရပ်ရပ်အား ထောက်ပံ့ပေးအပ်ရန် လူကြီးမင်းထံတွင် တာဝန်မရှိပါ။ သို့ ရာ တွင် အကြောင်းအရာကို တင်လိုက်ရန် (upload) သို့မဟုတ် မျှဝေရန် လူကြီးမင်းက ရွေးချယ်ပါက POI နှင့် POI တွင်ပါဝင်သည့် အကြောင်းအရာ တင်ပြရန် လိုအပ်သည့် ခွင့်ပြုချက်များ ရှိကြောင်း လူကြီးမင်းအနေဖြင့် ကိုယ်စားပြု၍ အာမခံရမည် ဖြစ်သည်။
၃၁.၆.၃ POI နှင့် POI တွင်ပါဝင်သည့် အကြောင်းအရာ ကို အခြေခံ၍ သူတစ်ပါးထံမှ ဆင့်ပွါးကူးယူ ဆောင် ရွက်နိုင်သည့် အလုပ်များ လုပ်ကိုင်ရန်၊ မူပွါးရန်၊ ဆက်သွယ်ဆောင်ရွက်ရန်၊ ဖြန့်ချီရန်၊ အသုံးပြုရန်၊ လိုင်စင် ခွဲရန်၊ မွမ်းမံပြင်ဆင်ရန် နှင့် ဖန် တီးရန် လူကြီးမင်းသည် Grab အား ပြန်လည်ရုပ်သိမ်း၍ မရနိုင်သော၊ ကမ္ဘာအနှံ့ အသုံးပြုနိုင်သော၊ သီးသန့်မဟုတ် သော နှင့် မူပိုင်ခွင့် ကင်းလွတ်သည့် လိုင်စင် တစ်ရပ်ကို ပေးအပ်ပါသည်။
၃၁.၆.၄ ဥပမာအားဖြင့် လုပ်ငန်းအမည်ကဲ့သို့သော အများပြည်သူ ရယူသိရှိနိုင်သည့် အချက်အလက်များ ပါဝင် သည့် POI နှင့် POI တွင်ပါဝင်သည့် အကြောင်းအရာ တို့သည့် ဤ လိုင်စင်ရှိ သတ်မှတ်ချက် အတိုင်းအ တာအောက်တွင် အကျုံးဝင်သက် ဆိုင်ခြင်း မရှိပါ။ နှင့်
၃၁.၆.၅ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ က လူကြီးမင်း၏ POI တွင်ပါဝင်သည့် အကြောင်းအရာကို အကာအကွယ် ပေးထားသမျှ ဤ လိုင်စင်သည် အကျုံးဝင်သက်ရောက်မှုရှိနေမည်ဖြစ်သည်။
၃၁.၇ တောင်းဆိုချက်အား ပြင်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း – “အက်ပလီကေးရှင်း” မှ တစ်ဆင့် POI များ သို့မ ဟုတ် POI တွင်ပါဝင်သည့် အကြောင်းအရာများကို ပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားရန် တောင်းဆိုချက်များကို လူကြီးမင်း အနေဖြင့် တင်သွင်းနိုင်သည်။
၃၁.၈ ဂြိုတုလမ်းမှ မြင်ကွင်းပုံရိပ်များ – “အက်ပလီကေးရှင်း” အတွင်း POI များ တင်ပြခြင်း သို့မဟုတ် ကြည့်ရှုခြင်း တို့ဆောင်ရွက်သည့်အခါ လူကြီးမင်းသည် ဂြိုတုလမ်းမှ မြင်ကွင်းပုံရိပ်များ ကိုကြည့်ရှုနိုင်သည် (“ဂြိုတုပုံများ”) ။ လူကြီးမင်းသည် အောက်ပါ အချက်များကို အသိအမှတ်ပြု သဘောတူညီပါသည် –
၃၁.၈.၁ အားလုံးသော ပြင်ဆင်ချက်များ၊ တိုးတက်မှုများ၊ မွမ်းမံပြင်ဆင်မှုများ သို့မဟုတ် Grab ၏ ပြင်ပ မှ ရောင်းချ သူ(များ) သို့မဟုတ် အဆိုပါ ရောင်းချသူ၏ ကုန်စည်ပေးသွင်းသူများ အပါအဝင် “ဂြိုတုပုံများ” ရှိ အားလုံးသော အခွင့်အရေးများ၊ ပိုင်ဆိုင်ခွင့်များ နှင့် အကျိုးအမြတ်များ၊
၃၁.၈.၂ လူကြီးမင်းသည် “ဂြိုတုပုံများ” ကို မည်သည့် ကြားခံပြင်ပ အဖွဲ့အစည်းထံသို့မှ ဖြန့်ဖြူးခြင်း၊ လိုင်စင်ခွဲ ပေး ခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း သို့မဟုတ် ချေးငှားခြင်းမပြုလုပ်ရ သို့မဟုတ် တစ်နည်းနည်း ဖြင့် “ဂြိုတုပုံများ” ကို စီးပွါးရေးကိစ္စရပ် အလို့ငှာ အပါအဝင် Grab ၏ အတိအလင်း ခွင့်ပြုထားခြင်း မရှိသည့် ကိစ္စရပ် တစ်ရပ်ရပ်အတွက် အသုံးပြုခြင်း သို့မဟုတ် မူပွါးခြင်းတို့မပြုလုပ်ရ။
၃၁.၈.၂ “ဂြိုတုပုံများ” ပေါ်ရှိ အီလက်ထရောနစ် သို့မဟုတ် အခြားအကာအကွယ်များကို ဖယ်ထုတ်ခြင်း၊ ရှောင် ဖယ်ခြင်း သို့မဟုတ် ရှောင်ကွင်းခြင်းမပြုလုပ်ရ။
၃၁.၈.၄ မည်သည့် ကိရိယာထဲသို့မဆို “ဂြိုတုပုံများ” ကို ဒေါင်းလုဒ်ဆွဲခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့မပြုလုပ် ရ။
၃၁.၈.၅ “ဂြိုတုပုံများ” အပေါ် သို့မဟုတ် အတွင်းပါဝင်သော မူပိုင်ခွင့်ဆိုင်ရာ သတိပေးချက်၊ မူပိုင်ခွင့်ဆိုင်ရာ စီမံ ခန့်ခွဲရေး သတင်းအချက်အလက်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သော လျို့ဝှက်ထာရှိရ မည့် သတင်းအချက်အလက်များကို ပြောင်းလဲပြင်ဆင်ခြင်း၊ ဖုံးကာထားခြင်း သို့မဟုတ် ဖယ်ရှား ခြင်းတို့ မပြု လုပ်ရ။
၃၁.၈.၆ သင့်လျော်မှုရှိစေရန် အလို့ငှာ အာမခံချက်တစ်ရပ်ရပ်၊ မည်သည့် ကြားခံပြင်ပ အဖွဲ့အစည်း၏ ဉာဏ ပစ္စည်း ပိုင်ဆိုင်ခွင့်များအား ချိုးဖောက်မှု မရှိသော သို့မဟုတ် အလွဲသုံးစားပြုမှု မရှိသော အာမခံချက်၊ တိကျ မှန်ကန်မှု၊ အကြောင်းအရာ သို့မဟုတ် ရလဒ်များ အတွက် အာမခံချက် အပါအဝင် မည်သည့် အာမခံချက် အမျိုး အစားမှ မထား ရှိပဲ “ဂြိုတုပုံများ” ကို “လက်ရှိအခြေအနေအတိုင်းပင်”ထောက်ပံ့ပေးအပ်ထားပါသည်။
၃၁.၈.၇ လူကြီးမင်း မှ “ဂြိုတုပုံများ” ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်းမှ ပေါ်ပေါက်လာသော သို့မ ဟုတ် စပ်လျဉ်းသော မည်သည့် သဘောသဘာဝရှိ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံခြင်းတို့အတွက် Grab သို့မဟုတ် ယင်း၏ ရောင်းချသူ(များ) အနေဖြင့် မည်သည့်တာဝန်မှ မရှိစေပါ။
၃၁-၉ အချက်အလက်များဆိုင်ရာ အရင်းအမြစ်များ
အက်ပလီကေးရှင်းတွင် အောက်ပါအရင်းအမြစ်များပါဝင်သည့် ပထဝီဆိုင်ရာအချက်အလက်များ ပါဝင်သည် –
နှင့် အောက်ပါနေရာများမှ ၁၇ ရက် သြဂုတ်လ ၂၀၂၀ ခုနှစ် တွင်ရယူခဲ့သည့် သတင်းအချက်အလက်များ –
(၁) စင်္ကာပူ၏ ကုန်လမ်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်၊
(၂) စင်္ကာပူမြေယာအာဏာပိုင်၏ OneMap၊
(၃) စင်္ကာပူ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ၊
(၄) Data.gov.sg၊ နှင့်
(၅) Hdb.gov.sg မှ
ယင်းတို့ကို စင်္ကာပူ Open Data လိုင်စင်ဗားရှင်း ၁.ဝ (Singapore Open Data Licence version 1.0) ၏ စည်း ကမ်းချက်များ နှင့် အညီ ရယူအသုံးပြုနိုင်ပါသည်။
အပိုင်း(၂) နောက်တိုးစည်းကမ်းချက်များ
၁။ စီးပွားရေးလုပ်ငန်းအတွက် Grab
၁-၁၊ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်း။
၁-၁-၁၊ “ဝန်ဆောင်မှုများ” သို့ ဝင်ရောက်ခြင်း¬_
အကယ်၍ လူကြီးမင်းသည် ကော်ပိုရိတ် “အသုံးပြုသူ” တစ်ဦး ဖြစ်ပါက၊ ဤအပိုင်းသည် လူကြီးမင်းနှင့် သက်ဆိုင် ပါသည်။ ထို့အပြင် “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း” မှ တစ်ဆင့် လူကြီးမင်း သို့မဟုတ် လူကြီး မင်း၏ ခွင့်ပြုထားသည့် အသုံးပြုသူများ (“ခွင့်ပြုထားသည့် အသုံးပြုသူ”) ဝင်ရောက်သည့် “ဖြေရှင်း ချက်များ” နှင့် ဆက်စပ်၍ လူကြီးမင်းက “စီးပွားရေးလုပ်ငန်း ဝင်ပေါက် ဝက်ဆိုက်” အတွက် Grab ကို အသုံး ပြုနိုင်သည့် စည်းကမ်းချက်များကို သတ်မှတ်ထားပါသည်။ “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း” ကို လူကြီးမင်း သို့မဟုတ် လူကြီးမင်း၏ အသုံးပြုခွင့် ပြုသူများ၏ အသုံးပြုခြင်းသည် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်း ချက်များ” ပါ အကျုံးဝင်သက်ဆိုင်သည့် စည်းကမ်းချက်များကို လိုက်နာရမည်။ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်း ချက်များ” နှင့် ဤအပိုင်းတို့သည် လူကြီးမင်းက https://www.business.grab.com ပေါ်ရှိ အကောင့်စာရင်း လက်မှတ်ရေးထိုးသည့် စာမျက်နှာတွင် ရေးထိုး၍ ပြီးစီးသည်တွင် လူကြီးမင်းနှင့် အကျုံးဝင် သက်ဆိုင်သည်။ ထို့ပြင် လူကြီးမင်းနှင့် Grab တို့အကြား စည်းနှောင်မှုရှိ သည့် သဘောတူညီချက်တစ်ရပ် အဖြစ် ဖွဲ့စည်းပါဝင် သည်။ ဤအခန်းပါ စည်းကမ်းချက်များနှင့် ဤ “အသုံး ပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” အကြား ဆန့်ကျင်ကွဲ လွဲမှုရှိပါက၊ ဤအပိုင်းပါ စည်းကမ်းချက်များ အနေဖြင့် ယင်းဆီလျော်ညီညွတ်မှု မရှိခြင်းသည် “စီးပွားရေးလုပ် ငန်း” အတွက် Grab နှင့် ဆက်စပ်သည့် အတိုင်းအတာအထိ လွှမ်းမိုးရမည်။
၁-၁-၂၊ Grab က မှန်ကန်ကြောင်း ဝန်ခံ လက်မှတ်ရေးထိုး၍ လက်ခံပြီးနောက် Garb သည် ဖော်ပြပါတို့ အလို့ငှား “ဖြေရှင်းချက်များ” အတွက် “ခွင့်ပြုသည့် အသုံးပြူသူများ” က ကုန်ကျသည့် အဖိုးအခကို ပေးချေရန် လူကြီးမင်း ကြိုက်နှစ်သက်ရာ နည်းလမ်းနှင့်အညီ လူကြီးမင်း အတွက် “ကော်ပိုရိတ်အသုံးပြုသူအကောင့်စာရင်း” တစ်ရပ်ကို တည်ထောင်ပါမည်။ ယင်းတို့မှာ (၁) အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် “ကော်ပိုရိတ်ကျသင့်ငွေ တောင်း ခံခြင်း”၊ (၂) “ငွေပြန်အမ်းခြင်း”၊ သို့မဟုတ် (၃) ကော်ပိုရိတ်မြီးစားကဒ်ပြားဖြင့် ကျသင့်ငွေတောင်း ခံခြင်း တို့ ဖြစ်ကြသည်။ လူကြီးမင်း၏ “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” ကို အသုံးပြုလျက်၊ လူကြီးမင်းသည် “ခွင့်ပြုသည့် အသုံးပြုသူများ” အား “စာရင်းရှင် အကောင့်စာရင်း” (အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် အတိုင်း) တစ်ရပ်ဖြင့် “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” (အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် အတိုင်း) အသုံးပြုလျက် “ဖြေရှင်းချက်” များအတွက် ပေးချေရမည်။ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” ကို အသုံးပြုသော “ခွင့်ပြုသည့် အသုံးပြုသူများ” သည် လူကြီးမင်း၏ “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” သို့ “အသုံးပြုသူ အဖိုးအခများ” ကို ကျခံရမည်ဖြစ်ပြီး၊ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ကိုယ်ပိုင်အကောင့်စာရင်း သို့မဟုတ် မြီးရှင်အကောင့်စာရင်းမှ ကျခံမည် မဟုတ်ချေ။ လူကြီးမင်းက သဘောတူညီသည်မှာ “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” အရ ကျခံရသည့် “အသုံးပြုသူ အဖိုးအခများ” အားလုံးနှင့် “ဖြေရှင်းချက်များ” ကို အသုံးပြုသည့်အတွက် “ခွင့်ပြုသည့် အသုံးပြုသူများ” က ကျခံရ သည့် ငွေရပ်များကို ဤတွင် ဖော်ပြထားသည့် စည်းကမ်းချက်များ နှင့်အညီ ပေးချေရန်ဖြစ်သည်။ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ဆိုသည်မှာ “အသုံးပြုသူ အဖိုးအခများ” အတွက် လူကြီးမင်းအား Grab သို့မဟုတ် ယင်း၏ “အဖွဲ့ဝင်များ” က ဖြည့်ဆည်းပေးသည့် “ဝန်ဆောင်မှု” အတွက် စီးပွားရေးလုပ်ငန်း ကျသင့်ငွေတောင်း ခံခြင်း နှင့် ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆိုသည်။ ယင်းသို့ဆောင်ရွက်ရာတွင် လူကြီးမင်းသည် တစ်လ တစ်ကြိမ် အခြေခံ တစ်ရပ်ဖြင့် Grab က လူကြီးမင်းထံသို့ ပေးပို့သည့် လစဉ်ရှင်းတမ်းအရ GrabPay အသုံးပြုရန် စည်းကမ်း ချက်များနှင့်အညီ လူကြီးမင်း၏ သတ်မှတ်ထားသည့် ငွေပေးချေမှုမှတစ်ဆင့် သဘောတူထား သည့်နေ့ရက်၌ ငွေပေးချေခြင်းဖြစ်သည်။
၁-၂၊ လိုအပ်သည့် စာရင်းရှင်အကောင့်စာရင်း
၁-၂-၁၊ လူကြီးမင်းက ဝန်ခံကတိပြုပြီး၊ သဘောတူညီသည်မှာ ဤ “သဘောတူညီချက်” နှင့်အညီ “ဝန်ဆောင်မှု” နှင့် ဆက်စပ်၍ စီးပွားရေး လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် “ခွင့်ပြုသည့် အသုံးပြုသူ” အား ခွင့်ပြုချက်မပေးမီ၊ ထို့ပြင် “ခွင့်ပြုသည့် အသုံးပြုသူ” သည် Grab အား ဝင်ရောက်ခြင်း မပြုမီ (“အဆိုပြုသည့် အသုံးပြုသူ”)၊ ယင်း“အဆိုပြုသည့် အသုံးပြုသူ” သည် (၁) ကိုက်ညီသော မိုဘိုင်းdeviceကိရိယာပေါ်တွင် “အက်ပ လီကေးရှင်း” အား အောက်သို့ ဆွဲချယူပြီး၊ တပ်ဆင်ရမည်။ (၂) “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း ရပ်စဲ ခြင်း” မတိုင်မီထိ ရှင်သန်သည့် ကိုယ်ပိုင် အသုံးပြုသူ အကောင့်စာရင်း (“ရှင်သန်သည့် အကောင့်စာရင်း”)ကို မှတ်ပုံတင်ပြီး ထိန်းသိမ်းထားရမည်။ “အဆိုပြုသည့် အသုံးပြုသူ” ၏ မှတ်ပုံတင်ခြင်း ကိုယ်ပိုင်အချက်အလက်တွင် ဝင်ရောက်စာရင်းသွင်းရမည် ဖြစ်ပြီး၊ ကိုယ်ပိုင်မြီးရှင်ကဒ်ပြားအမှတ် သို့မဟုတ် Grab က ခွင့်ပြုသည့် အခြားငွေပေးချေမှု နည်းလမ်းတို့ လိုအပ်မည် ဖြစ်သည်။ “အဆိုပြုသည့် အသုံးပြုသူ” သည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အတွင်း ဖြည့်ဆည်းပေးထားသည့် မိုဘိုင်းနံပါတ်ကိုလည်း အတည်ပြုရမည်။ “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်ကို တည်ထောင်ရန် ကိုယ်ပိုင်အချက်အလက်နှင့် မြီးရှင်ကဒ်ပြား သို့မဟုတ် ခွင့်ပြု သည့် ငွေပေးချေမှု နည်းလမ်းသတင်းအချက်အလက်အား “အနှောက်အယှက်မှ ကင်းလွတ်မှု ပေါ်လစီ” တွင် ဖော်ပြ ထားရမည်။
၁-၂-၂၊ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ တစ်စုံတစ်ရာသော “အဆိုပြုသည့်” သို့မဟုတ် “ခွင့်ပြုထားသည့် အသုံးပြုသူများ” အား အသုံးပြုသည့် စည်းကမ်းချက်များကို နောင်တွင် ဖောက်ဖျက်သည့် သို့မဟုတ် ယခင် ဖောက်ဖျက်သည့် အကြောင်းကြောင့် “ဝန်ဆောင်မှု” အား အသုံးပြုခြင်းမှ ဆိုင်းငံ့နိုင်သည် သို့မဟုတ် တားမြစ် နိုင်သည်။ ထို့ပြင် Grab သည် ယင်းသို့ ဖောက်ဖျက်ခြင်းများကြောင့် “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံ ခြင်း” ကိစ္စရပ်များအတွက် “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်မရရှိနိုင်သည့် သို့မဟုတ် ထိန်းသိမ်းရန် မဖြစ်နိုင်သည့် “အဆိုပြုသည့်” သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူ” နှင့် ဆက်စပ်သည့် ဆောင်ရွက်ရန် တာဝန် ဖြစ်စေ၊ ပေးရန်တာဝန်ဖြစ်စေ ရှိမည် မဟုတ်။
၁-၃။ အသုံးပြုသူ အကောင့်စာရင်းချိတ်ဆက်မှု
၁-၃-၁၊ Grab က “ရှင်သန်သည့် အကောင်စာရင်း” တစ်ရပ် နှင့်အတူ “အဆိုပြုသည့် အသုံးပြုမှု” တစ်ဦးအတွက် “စီးပွားရေးလုပ်ငန်း” ပုံသဏ္ဍန်များ အလို့ငှာ ဆောင်ရွက်နိုင်စေရန်၊ လူကြီးမင်းသည် Grab အား ဖော်ပြပါတို့ကို ဖြည့်ဆည်းပေးရမည်။ (၁) ယင်း “ရှင်သန်သည့်အကောင့်စာရင်း” ပိုင်ဆိုင်သူ၏အမည် အပြည့်အစုံ “ကော်ပိုရိတ် အသုံးပြုသူ” ၏ “ထိပ်တန်းအဆင့် ဒိုမိန်း” ပေါ်တွင် “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူ၏ ကုမ္ပဏီ အီးမေးလ် လိပ်စာ (ဥပမာ။ ။ name@companydomain.com) နှင့် (၃) Grab က ကျိုးကြောင်းဆီလျော်စွာ မေတ္တာရပ်ခံသည့်အတိုင်း “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူ၏ အခြားသော မည်သူ မည်ဝါ ဖြစ်ကြောင်း အထောက်အထား၊ သတင်းအချက်အလက် (“ချိတ်ဆက်မှု သတင်းအချက်အလက်”)၊ Grab သည် မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားပေးထားသော “ရှင်သန်သည့် အကောင့်စာရင်း” ကိုင်ဆောင်သူအား မှန်ကန်ကြောင်း နှင့် “ခွင့်ပြုသည့် အသုံးပြုသူ” တစ်ဦးအဖြစ် “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူကို တည်ထောင်ရန် “စီးပွားရေးလုပ်ငန်း” အကောင့်စာရင်းအတွက် ယင်း “ရှင်သန်သည့် အကောင့်စာရင်း” အား Grab နှင့် ချိတ်ဆက်ပေးရန်နှင့် ဤ သဘောတူညီချက်၏ သက်တမ်းအတွင်း အခါအားလျော်စွာ ယင်း “ခွင့်ပြုသည့် အသုံးပြုသူ” ၏ အဆင့်အတန်းအား မှန်ကန်မှု ရှိ-မရှိ စစ်ဆေးရန် ကိစ္စရပ်တို့အတွက် ဖြည့်ဆည်းပေးထားသည့် “ချိတ်ဆက်သည့် အချက်အလက်” ကို အသုံးပြုပါမည်။ “စီးပွားရေးလုပ်ငန်း” ပုံသဏ္ဍန်များ အတွက် Grab က ဆောင်ရွက်နိုင်စေရန် ဖိတ်ခေါ်ထားသည့် “အဆိုပြုသည့် အသုံးပြုသူများ” အားလုံးသည် “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” နှင့် ယင်းတို့ တစ်ဦးချင်းစီ၏ “ရှင်သန်သည့် အကောင့်စာရင်း” ချိတ်ဆက်ရန်အတွက် ညွှန်ကြားချက်များ ပါရှိသည့် “ချိတ်ဆက်မှု အချက်အလက်” ရှိ အီးမေးလ်လိပ်စာတွင် အီးမေးလ်တစ် ဆောင်ရရှိ ပါမည်။ “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” ကို “ရှင်သန်သည့် အကောင့်စာရင်း” နှင့် ချိတ်ဆက်သည်တွင်၊ ထို့ပြင် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” သည် အကျုံးဝင် သက်ဆိုင်ပါက၊ ယင်း “အဆိုပြုသည့် အသုံးပြု သူများ” သည် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ရွေးချယ်မှု မှတစ်ဆင့် “အသုံးပြုသူ အဖိုးအခ” သည် လူကြီးမင်း၏ “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” တွင် အကျုံးဝင်စေရန် “စီးနင်းလိုက်ပါသူက စီးနင်း လိုက်ပါရန်ကို ရွေးချယ်ရန် အခြေခံ” ဖြင့် ရွေးချယ်မှုကို ပြုလုပ်ရမည်။
၁-၃-၂၊ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ အထက်တွင် ဖော်ပြထားသည့် မှန်ကန်မှု ရှိ-မရှိ စစ်ဆေးခြင်းနှင့် ချိတ်ဆက်မှုတို့သည် Grab က “ချိတ်ဆက်သည့် အချက်အလက်” ကို အသုံးပြုပြီး၊ ယင်း “အဆိုပြုသည့် အသုံးပြုသူ” တစ်ဦးချင်းစီနှင့် ဆက်သွယ်ရန် လိုအပ်ပါမည်။ ထို့ပြင် “ချိတ်ဆက်ရန် အချက်အလက်” ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းက အတည်ပြုသည်မှာ လူကြီးမင်း အနေဖြင့် အကျုံးဝင်သက်ဆိုင်သည့် “ရှင်သန်သည့် အကောင့်စာရင်း” တွင် “စီးပွားရေးလုပ်ငန်း” အကောင့်စာရင်းအတွက် Grab က အကောင် အထည်ဖော်ရန် ကိစ္စရပ်အတွက် ယင်း “အဆိုပြုသည့် အသုံးပြုသူ” ကို ဆက်သွယ်ရန် Grab အတွက် “အဆိုပြု သည့် အသုံးပြုသူ” တစ်ဦးချင်းစီထံမှ လိုအပ်သည့် သဘောတူ ခွင့်ပြုချက်များ အားလုံးကို ရရှိပြီး ဖြစ်သည်ဟု ဆိုလိုပါသည်။ လူကြီးမင်းက သေချာစေရန်မှာ Grab သို့ ဖြည့်ဆည်းပေးသည့် “ချိတ်ဆက်သည့် အချက်အလက်” သည် တိကျပြီး ပြည့်စုံရပါမည်။ ထို့ပြင် Grab က လူကြီးမင်းက ဖြည့်ဆည်းပေးသည့် တိကျမှုမရှိသော သို့မဟုတ် ပြည့်စုံမှု မရှိသော “ချိတ်ဆက်သည့် အချက်အလက်” နှင့် စပ်လျဉ်း၍ လူကြီးမင်း “ခွင့်ပြုသည့် အသုံးပြုသူ” တစ်ဦးဦး၊ သို့မဟုတ် “အဆိုပြုသည့် အသုံးပြုသူ” တစ်ဦးဦး သို့မဟုတ် အခြားမည်သူ့ကို မဆို တာဝန်မယူပါ။
၁-၃-၃၊ လူကြီးမင်းက သဘောတူညီသည်မှာ (၁) Grab သည် လူကြီးမင်း၏ အကောင့်စာရင်းသို့ စီးနင်းလိုက်နာ မှုများအတွက် အသေးစိတ်ခရီးစဉ်/ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်း သည့် သတင်းအချက်အလက် သို့မဟုတ် စရိတ်စခ တောင်းခံသည့် အခြားသော ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်းခြင်း ဖြစ်သည့် “စီးပွား ရေးလုပ်ငန်း” အတွက် Grab အတွက် လူကြီးမင်း၏ “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” နှင့် “အဆိုပြု သည့် အသုံးပြုသူ” ၏ ကိုယ်ပိုင် “ရှင်သန်သည့် အကောင့်စာရင်း” ကို ချိတ်ဆက်ခြင်းဖြင့် “အဆိုပြုသည့် အသုံးပြု သူ” တစ်ဦးချင်းစီကို အကြောင်းကြားရန်နှင့် (၂) လူကြီးမင်းနှင့် အသေးစိတ်ခရီး စဉ်/ကြိုတင်နေရာ /လက်မှတ် စာရင်းပေးသွင်း သည့် သတင်းအချက်အ လက်ကို မျှဝေရန် အလို့ငှာ Grab အတွက် “ခွင့်ပြုသည့်အသုံး ပြုသူ” တစ်ဦးချင်းစီထံမှ လိုအပ်သည့်သဘောတူ ခွင့်ပြုချက် တစ်ရပ်ရပ်ရရှိရန်။
၁-၃-၄၊ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ကိုယ်ပိုင်အကောင့်စာရင်းကို လူကြီးမင်း၏ အကောင့်စာရင်းမှ ချိတ်ဆက် ထားခြင်းကို ဖြတ်တောက်နိုင်ပြီး၊ “ကော်ပိုရိတ်ရှင်း ကျသင့်ငွေတောင်းခံခြင်း” ၊ “အင်တာနက်ဝင်ပေါက်” မှ တစ်ဆင့် “ခွင့်ပြုသည့် အသုံးပြုသူ” ကို ချိတ်ဆက်ခြင်းအား ဖြတ်တောက်ခြင်းဖြင့် လူကြီးမင်းက မည်သည့် အချိန်တွင်မဆို ဖြတ်တောက်နိုင်သည်။
၁-၄။ အသုံးပြုသူ အကောင့်စာရင်း လုပ်ဆောင်ချက်အတွက် တာဝန်
လူကြီးမင်းက သဘောတူညီသည်မှာ (က) “အသုံးပြုသူ စရိတ်စခ” ကို “ခွင့်ပြုသည့် အသုံးပြုသူ” နှင့် လူကြီးမင်းတို့ အကြား ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ယခင်နှင့်ယခု “ခွင့်ပြုသည့် အသုံးပြုသူ” စာရင်းတွင် ပါရှိသော “ခွင့်ပြုသည့် အသုံးပြုသူများ” က ကျခံသုံးစွဲသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် လူကြီးမင်းက တာဝန်ခံရမည်နှင့် (ခ) “အသုံးပြုသူ စရိတ်စခများ” သည် “အသုံးပြုသူ၏ စည်းကမ်းချက်များ” တွင် နောက်ထပ် ဖော်ပြထားသည့်အတိုင်း ရုတ်ချဉ်းတိုးမြင့်သွားသည့် ကာလများအတွင်း အခါအားလျော်စွာ တိုးမြင့်မှုများနှင့် အခြားငွေရပ်ပမာဏများ အပါအဝင် သို့သော် ယင်းတို့ကိုသာ လျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ မည်သည့် အချိန်တွင်မဆို ဈေးနှုန်းပြောင်းလဲခြင်းကို လိုက်နာရမည်။ ဆက်လက်၍ လူကြီးမင်းက သဘောတူညီသည်မှာ “အင်တာနက်ဝင်ပေါက်” မှတစ်ဆင့် လူကြီးမင်းက ပြည့်စုံမှု မရှိသည့် သို့မဟုတ် တိကျမှုမရှိသည့် “ခွင့်ပြုသည့် အသုံးပြုသူ” အား ဖယ်ရှားမှု သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးသည့် အတိုင်းအတာထိ လူကြီးမင်းက ယင်း “ခွင့်ပြုသည့် အသုံးပြုသူ” အား “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ကို ရွေးချယ်မှုမှ ဖယ်ရှားရန် အားထုတ်ပြီးနောက်၊ “ခွင့်ပြုသည့် အသုံးပြုသူ” က ကျခံသုံးစွဲသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် Grab တွင် တာဝန် မရှိစေရ။ နောက်ဆုံးအနေဖြင့် လူကြီးမင်းနှင့် Grab တို့ အကြားတွင် “ဝန်ဆောင်မှု” အတွက် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ၏ “ခွင့်ပြုသည့် အသုံးပြုသူ”၏ အသုံးပြုခြင်းဆိုင်ရာ အစိတ်အပိုင်း တစ်ရပ်တွင် လိမ်လည် လှည့်ဖြားသော သို့မဟုတ် အခြား တားမြစ်ထားသော လုပ်ဆောင်ချက် ကြောင့် ပေါ်ပေါက်လာသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် လူကြီးမင်းတွင် တာဝန်ရှိရမည်။ လူကြီးမင်းသည် လူကြီးမင်း၏ အကောင့်စာရင်းတွင် ပေါ်ပေါက်နေသည့် လိမ်လည်လှည့်ဖြားသော သို့မဟုတ် တားမြစ်ထားသော လုပ်ဆောင်ချက် တစ်ရပ်ရပ်ကို တွေ့ရှိသည့် ချက်ချင်း Grab ထံ ချက်ချင်း အကြောင်းကြားရမည်။
၁-၅။ ကန့်သတ်ချက်များ
လူကြီးမင်းက သဘောတူညီသည်မှာ၊ ထို့ပြင် “ခွင့်ပြုသည့် အသုံးပြုသူ” အား “ဝန်ဆောင်မှု” နှင့် “အက်ပလီ ကေးရှင်း” ကို အသုံးပြုစေသည်မှာ ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” တွင် ပြဌာန်းထားသည့် အတိုင်းသာလျှင် ဖြစ်သည်။ Grab သည် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” ကို ဖောက်ဖျက် ခြင်းများ အတွက် လူကြီးမင်း နှင့်/သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူများ” တစ်ဦးဦးသို့ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံ ခြင်း” တွင် ပါဝင်ခြင်းအား ဆိုင်းငံ့ပိုင်ခွင့် ရှိသည်။ အကယ်၍ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်အား ဤ “အသုံးပြုသည့် စည်းကမ်းချက်များ” နှင့်အညီ ဆိုင်းငံ့လိုက် လျှင် ဖြစ်စေ၊ ရပ်စဲလိုက်လျှင်ဖြစ်စေ၊ ယင်း ”ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” သို့ ဝင်ရောက်မှုကိုလည်း ဆိုင်းငံ့နိုင်သည်။ “ကော်ပိုရိတ် အသုံးပြုသူ” သည် ဖော်ပြပါတို့ကို မပြုလုပ်ရ။ သို့သော် အခြားသူများအားလည်း ယင်းသို့ ခွင့်မပြုရ။ (က) အကျုံးဝင် သက်ဆိုင်သည့် ဥပဒေက ခွင့်ပြုသည့် အတိုင်းအ တာထိ မှအပ “ဝန်ဆောင်မှု” သို့မဟုတ် “အက်ပလီကေးရှင်း” ၏ အရင်းအမြစ် အမိန့်စာများစာရင်း သို့မဟုတ် ဖုံးကွယ်ထားသော နည်းပညာများ သို့မဟုတ် “အယ်လ်ဂိုရိုသမ်” များ၏ ကွန်ပြူတာပရိုဂရမ်များကို ပယ်ဖျက်ရန်၊ ဖျက်သိမ်းရန်၊ အခြားသူ၏ ကုန်စည်ဖွဲ့စည်းမှု ကို စစ်ဆေးရန် သို့မဟုတ် အခြားနည်းအားထုတ်ရန်၊ (၁) အဖွဲ့ဝင်မ ဟုတ်သည့် အခြားသူအား “ဝန်ဆောင်မှု” သို့မဟုတ် “အက်ပလီကေးရှင်း” ကို တစ်ဆင့်လိုင်စင် ပေးခြင်း၊ အငှား ချထား ခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးခြင်း၊ အခြားနည်းလွှဲပြောင်းပေးခြင်း သို့မဟုတ် ဖြည့်ဆည်း ပေးခြင်း မပြုရ၊ (ဂ) “ဝန်ဆောင်မှု” ကို အသုံးပြုခြင်းတစ်ရပ်ရပ်အား “အက်ပလီ ကေးရှင်း” မှတစ်ဆင့် တွက်ချက်ပြီး “အသုံးပြုသူ၏ စရိတ်စခများ” ကို အပိုစရိတ်တောင်းခံခြင်း၊ တိုးမြှင့်ခြင်း သို့မဟုတ် အခြားနည်း ပြောင်းလဲခြင်းမပြုရ၊ သို့မဟုတ် (ဃ) “ဝန်ဆောင်မှု” အား အသုံးပြုခြင်းနှင့် ဆက်စပ်သည့် “ခွင့်ပြုသည့် အသုံးပြု သူ” တစ်ဦးဦးအပေါ်တွင် နောက်တိုး အခကြေးငွေများ သို့မဟုတ် စရိတ်စခများကို စည်းကြပ်ခြင်းမပြုရ၊ Grab သည် ဤ “အသုံးပြု ခြင်းဆိုင်ရာ စည်းကမ်းချက်များ” အရ လူကြီးမင်း သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူများ” သို့ အတိအလင်း ခွင့်ပြုထားခြင်းမရှိသည့် အခွင့်အရေးများကို ရပိုင်ခွင့်ရှိသည်။
၁-၆ စာရင်းအင်းကို စီမံခန့်ခွဲခြင်း
၁-၆-၁ စီးပွားရေးလုပ်ငန်း “အင်တာနက်ဝင်ပေါက်” အတွက် Grab
လူကြီးမင်းအား “အင်တာနက်ဝင်ပေါက်ကို ဖြည့်ဆည်းပေးထားပါမည်။ Grab ၏ လူကြီးမင်းနှင့် အဓိကဆက်သွယ်ရေးမှာ ဤ “သဘောတူညီချက်” နှင့် ဆက်စပ်သည့် အကောင့်စာရင်းဖန်တီးမှုပုံစံပေါ်တွင် သတ်မှတ်ထားသည့် လူကြီးမင်းခန့်ထားသော စီမံခန့်ခွဲသူနည်းလမ်းဖြင့် ဆောင်ရွက်ရပါမည် ( “ကုမ္ပဏီစီမံ”)၊ “အင်တာနက်ဝင်ပေါက်” သည် လူကြီးမင်းအား ဖိတ်ခေါ် ထားသည့် “အဆိုပြုထားသော အသုံးပြုသူများ” အားလုံး၏ လက်ရှိစာရင်းနှင့် ချိတ်ဆက်ထား သော “ခွင့်ပြုသည့် အသုံးပြုသူများ” ကို ကြည့်ရှုရန်၊ (ခ) နောက်တိုး “အဆိုပြုသည့် အသုံးပြု သူများ” ကို ဖိတ်ခေါ်ရန် နောက်တိုး “ချိတ်ဆက်သည့် အချက်အလက်” ကို ဖြည့်ဆည်းပေးရန်၊ (ဂ) “ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” သို့ ဝင်ရောက်မှုကို ပယ်ဖျက်ရန်၊ (ဃ) အခါအားလျော်စွာ Grab က ဆုံးဖြတ်သည့်အတိုင်း သက်ဆိုင်ရာ ခရီးစဉ်/ ကြိုတင်နေရာ/ သတ်မှတ်စာရင်းပေးသွင်းခြင်းကို ကြည့်ရှုရန် ( “အင်တာနက်ဝင်ပေါက် အချက် အလက်”) နှင့် “အင်တာနက်ဝင် ပေါက်အချက်အလက်ကို” အသုံးပြုလျက် လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာများကို ပြုစုရန်နှင့် သုံးသပ်ရန်၊(င) “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” နည်းလမ်းများကို အသုံးပြုခြင်းမှ လက်ရှိ “ခွင့်ပြုသည့် အသုံးပြုသူများ” အားလုံးကို အသုံးပြု၍ မရစေရန်၊ (စ) ဖိုင်တွဲပေါ်ရှိ “ခွင့်ပြုသည့် အသုံးပြုသူများ” ကို စီမံခန့်ခွဲရန်နှင့် မျက်မှောက် ကာလနှင့် ကိုက်ညီစေရန်၊ (ဆ) လက်ရှိ ကုမ္ပဏီ စီမံခန့်ခွဲသူကို ကြည့်ရှုရန်၊ အသစ်ခန့်ရန် နှင့် ဖယ်ရှားရန်၊ လူကြီးမင်းက သဘောတူသည်မှာ စီးပွားရေးလုပ်ငန်း အသုံးစရိတ်ကို အဆင့်ဆင့် စစ်ဆေးခြင်း၊ ငွေစာရင်း လုပ်ငန်းနှင့် ဘတ်ဂျက် ကိစ္စရပ်ရပ်များအပါအဝင် သို့သော် ယင်းတို့ကို သာလျင် ကန့်သတ်ထား သည်မဟုတ်ဘဲ၊ တရားဝင် စီးပွားရေးလုပ်ငန်းကိစ္စရပ်များ အတွက် သာလျင် “အင်တာနက် ဝင်ပေါက် အချက်အလက်” ကို အသုံး ပြုရန် ဖြစ်ပါသည်။ Grab သည် လူကြီးမင်းအား အကြောင်းမကြားဘဲ မည်သည့်အချိန်တွင်မဆို “စီးပွားရေး လုပ်ငန်း အင်တာနက်ဝင်ပေါက်” အတွက် Grab ၏ အသွင်လက္ခဏာများနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု ကို ထပ်မံပေါင်းထည့်ရန်၊ ဖယ်ရှားရန် နှင့် မျက်မှောက်ကာလနှင့် ကိုက်ညီစေရန် ဆောင်ရွက် ခွင့်ရှိသည်။
၁-၆-၂ စီမံခန့်ခွဲမှု
လူကြီးမင်းသည် လူကြီးမင်း၏ ဆင်ခြင်တုံတရားဖြင့် နောက်တိုး “ကုမ္ပဏီစီမံခန့်ခွဲသူများ” ကို ခန့်အပ်နိုင်ပြီး၊ Grab သည် လူကြီးမင်းအား လိုအပ်သည့် “အင်တာနက်ဝင်ပေါက်” အတွက် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသည့် အချက်အလက်များကို ဖြည့်ဆည်းပေးပါမည်။ လူကြီးမင်းက ဖေါ်ပြပါတို့ကို သဘောတူညီပါက (က) “အင်တာနက် ဝင်ပေါက်” မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုသည့် အချက်အလက်များအားလုံးကို လျှို့ဝှက်ထားရှိရန်၊ (ခ) “အင်တာနက်ဝင်ပေါက်” သို့ ဝင်ရောက်ရန် ဦးဆောင် “ကုမ္ပဏီစီမံခန့်ခွဲမှု” နှင့် လူူကြီးမင်း၏ အခြားခွင့်ပြုသည့် ကုမ္ပဏီစီမံခန့်ခွဲနှင့် အခြားခွင့်ပြုသည့် စီမခံခန့်ခွဲသူများ၏ သတင်းအချက် အလက်များအားလုံးကို လက်ရှိကာလနှင့် ကိုက်ညီစေရန်။ လူကြီးမင်းသည် ယင်း “အင်တာ နက်ဝင်ပေါက်အချက်အလက်” သို့ ဝင်ရောက်ရန် တရားဝင်စီးပွားရေးလုပ်ငန်း လိုအပ်ချက် ရှိသော ပုဂိ္ဂုလ်များကိုသာလျင် “အင်တာနက်ဝင်ပေါက်အချက်အလက်” သို့ ဝင်ရောက်စေရန် ကန့်သတ်ထားရမည်။ လူကြီးမင်းသည် “အင်တာနက်ဝင်ပေါက်မှတစ်ဆင့်” “ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” နည်းလမ်းများသို့ ဝင်ရောက်ခွင့်ရှိသည့် လက်ရှိ “ခွင့်ပြုသည့် အသုံး ပြုသူများ” ၏ တိကျသည့် စာရင်းတစ်ရပ်ကို သိမ်းဆည်းပြီး၊ ထိန်းသိမ်းထားရှိခြင်း အပါအဝင် လူကြီးမင်း၏ “အင်တာနက်ဝင်ပေါက်” မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များအရ ပေါ်ပေါက်လာသည့် လုပ်ဆောင်ချက်များအားလုံးအတွက် တာဝန်ရှိရမည်။ Grab သည် “အက်ပလီကေးရှင်း” နှင့် “ဝန်ဆောင်မှု” အား ထိန်းသိမ်းပြီး၊ ထောက်ကူရန် “အင်တာနက် ဝင်ပေါက်” မှ တစ်ဆင့် အခါအားလျော်စွာ “ခွင့်ပြုသည့် အသုံးပြုသူများ” ၏ လက်ရှိစာရင်းအား ပြန်လည်သုံးသပ်ပြီး “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” နှင့် ကိုက်ညီစေရန် ဆောင်ရွက်နိုင်သည်။
၁-၇ အဖိုးအခများနှင့် ပေးချေမှုများ
၁-၇-၁ အဖိုးအခများ
“ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” အပါအဝင် Grab က ဖြည့်ဆည်းပေးသည့် “ဖြေရှင်း ချက်” နှင့် “ပလက် ဖေါင်း” တို့၏ ဖြည့်ဆည်းမှုကို အထောက်အထားပြု၍၊ Grab သည် အခါအားလျော်စွာ Grab က ဆုံးဖြတ် သည့်အတိုင်း ဝန်ဆောင်မှု သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ အခကြေးငွေကို တောင်းခံနိုင်သည်။ လူကြီးမင်းသည် အောက်တွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအရ “အသုံးပြုသူ အဖိုးအခများ” နှင့် “အခကြေးငွေများ” အားလုံးကို Grab သို့ ပေးချေရမည်။
၁-၇-၂ ပေးချေရန် စည်းကမ်းချက်များ
Grab သည် ယင်း၏ တစ်ဦးတည်းဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်သည့် စည်းကမ်းချက်များအရ လူကြီးမင်းသည် ပြီးခဲ့သည့်ကာလအတွင်း “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” ကို အသုံးပြု လျက် “ခွင့်ပြုသည့် အသုံးပြုသူ များ” က သုံးစွဲသည့် (“လစဉ်ကျသင့်ငွေ တောင်းခံခြင်း”) အတွက် လစဉ်အစီရင်ခံစာများ (တစ်ခုစီ လျှင်၊ “လစဉ်အစီရင်ခံစာ”တစ်စောင်) သို့ ဝင်ရောက် ခွင့်ရမည်။ အကယ်၍ လူကြီးမင်းသည် “အင်တာနက် ဝင်ပေါက်” မှတစ်ဆင့် “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ရန်အတွက် အရည်အချင်းပြည့်ဝပြီး၊ ရွေးချယ်ခံရပါက၊ “အသုံးပြုသူ စရိတ်စခများ” နှင့် “အခကြေးငွေ” တို့ကို “လစဉ်အစီရင်ခံစာ” တွင် သတ်မှတ်ထားသည့် အတိုင်း လစဉ် လူကြီးမင်းထံသို့ ကျသင့်ငွေကို တောင်းခံမည်ဖြစ်သည်။ ထို့ပြင် ယင်း “လစဉ် အစီရင်ခံစာ” ကို ယင်းလစဉ် အစီရင်ခံစာအား ရရှိသည့်နေ့မှ ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း လူကြီးမင်းက အပြည့်အ၀ ပေးသွင်းရမည်။ အကယ်၍ လူကြီးမင်းသည် “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်သက်ဆိုင်ခြင်း မရှိဘဲ၊ ယင်းအစား လူကြီးမင်းသည် ငွေပေးချေမှုတွင် ငွေသားထုတ်ပေးခြင်း သို့မဟုတ် ကော်ပိုရိတ်မြီးရှင်ကဒ်ပြားစနစ်ကို ရွေးချယ် ပါက၊ Grab သည် “ခွင့်ပြုသည့် အသုံးပြုသူ” က ရွေးချယ်သော ငွေပေးချေမှုနည်းလမ်းမှတစ်ဆင့် တစ်ခု ချင်းစီ သော ခရီးစဉ်/ ကြိုတင်နေရာ/ သတ်မှတ်စာရင်းပေးသွင်းခြင်းတစ်ရပ်စီ အခြေခံဖြင့် “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ခရီးစဉ်/ ကြိုတင်နေရာ/ လက်မှတ်တစ်ရပ်စီ၏ အကုန်တွင် “အသုံးပြုမှု စရိတ်စခများ” အတွက် “ခွင့်ပြုသည့် အသုံးပြုသူ” အား စရိတ်စခကို တောင်းခံမည်။
အဖိုးအခများ
အဖိုးအခများအားလုံးသည် “တန်ဖိုးပြည့်အခွန်” မှ ကင်းလွတ်ရမည်။ “တန်ဖိုးပြည့်အခွန်” တွင် “ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်” နှင့်/ သို့မဟုတ် အလားတူ အရောင်းခွန်များပါဝင်သည်။ အကယ်၍ “တန်ဖိုးပြည့် အခွန်” အား အဖိုးအခတွင် ကောက်ခံမည်ဆိုပါက လူကြီးမင်းသည် “အဖိုးအခများ” ကို ပေးချေသည့်အခါ “တန်ဖိုးပြည့်အခွန်” ပမာဏအား Grab သို့ ပေးချေရပါမည်။
အသုံးပြုသူအဖိုးအခ
“ခွင့်ပြုသည့် အသုံးပြုသူ” ပြေစာတွင် အခြားနည်းဖေါ်ပြထားခြင်းမရှိပါက ဤ “အသုံးပြုခြင်း ဆိုင်ရာ စည်းကမ်းချက်များ” အရ ပြုလုပ်သည့် ပေးချေမှုများ အားလုံးသည် အကျုံးဝင်သက်ဆိုင်သည့် အခွန်များမှ ကင်းလွတ်ရမည်ဖြစ်ပြီး လူကြီးမင်းသည် “တန်ဖိုးပြည့်အခွန်” အပါအဝင် “အသုံးပြုသူ အဖိုး အခများ” ပေါ်းတွင် စည်းကြပ်သည့် ယင်းအခွန်များကို ပေးချေရန်တာဝန်ရှိသည်။ လူကြီးမင်းက သတင်း အချက်အလက်ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်မှာ Grab သည် ဖေါ်ပြပါတို့အပါအဝင် သို့သော် ယင်းတို့ ကိုသာလျင် ကန့်သတ်ထား သည်မဟုတ်ဘဲ ယင်း၏ အခွန်အစီရင်ခံရေးတာဝန်ကို Grab က လိုက်နာရန် ကျိုးကြောင်းဆီလျော်စွာ မေတ္တာ ရပ်ခံနိုင်ပါသည်။ ယင်းတို့မှာ လူကြီးမင်း၏ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အမည်၊ ကျသင့်ငွေ တောင်းခံရန်လိပ်စာ၊ အခွန်နံပါတ် (အကျုံးဝင် သက်ဆိုင်ပါက) နှင့် လူကြီးမင်းသည် စီးပွားရေးလုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ကြောင်း ဖေါ်ပြရန် Grab က လိုအပ်မည်ဖြစ်သည့် အခြားသက်သေ အထောက်အ ထားတို့ ပါဝင်ကြသည်။ အကယ်၍ လူကြီးမင်းသည် “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ပါက၊ “လစဉ်အစီရင်ခံစာ” တွင် ကုမ္ပဏီကို ဖွဲ့စည်းသည့် နေရာတွင်သာလျင် အကျုံးဝင် သက်ဆိုင်သည့် ငွေကြေးဖြင့် ဖေါ်ပြပေးပါသည်။ အကယ်၍ လူကြီးမင်း သည် “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ခြင်း မရှိပါက၊ ငွေပေးချေမှုများအားလုံးကို “ခွင့်ပြု သည့် အသုံးပြုသူ” ၏ အကျုံးဝင်သက်ဆိုင်သော စီနင်းလိုက်ပါမှု၏ ပထဝီ နေရာတွင် အကျုံးဝင်သက်ဆိုင် သည့် ဒေသဆိုင်ရာငွေကြေးဖြင့် စီစစ်စည်းကြပ်ပါမည်။ ငွေပေးချေမှုများ အားလုံးသည် အခြားနည်း ဖေါ်ပြထားခြင်းမရှိပါက၊ ငွေပြန်အမ်ခြင်း မပြုနိုင်ပါ။ ရှင်းလင်းစေရန်အလို့ငှာ ငွေပေးချေမှုအားလုံးကို လူကြီးမင်းသည် https.//www.business.grob.com ပေါ်ရှိ စီးပွားရေးလုပ်ငန်း အကောင့် စားရင်း လက်မှတ်အတွက် Grab တွင် ဖေါ်ပြထားသည့် Grab သီးခြားဖြစ်တည်သည့်အရာသို့ ပေးချေရမည်။
၁-၇-၃ ငွေပေးချေခြင်း မပြုခြင်း
အကယ်၍ ကုန်လွန်သွားသည့်ကျသင့်သော “လစဉ်အစီရင်ခံစာများ” (အကျုံးဝင်သက်ဆိုင် သလို) ကျသင့်သည် လူကြီးမင်းက မပေးချေရသေးသော “အသုံးပြုသူ အဖိုးအခများ” နှင့်/ သို့မဟုတ် “အခကြေးငွေများ”၊ လူကြီးမင်း၏ “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်းပေါ်ရှိ တရားမဝင်သည့် မြီးစား သို့မဟုတ် ငြင်းပယ်သည့်လုပ်ငန်းကိစ္စတစ်ရပ်ပေါ်ပေါက်ပါက၊ Grab သည် လူကြီးမင်း၏ အကောင့် စာရင်းကို ချက်ချင်းဆိုင်းငံ့ပိုင်ခွင့်ရှိပြီး၊ “ခွင့်ပြုသည့် အသုံးပြုသူများ” အားလုံး၏ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” တစ်ရပ်ရပ်နှင့် အားလုံးကို ရပ်စဲနိုင်သည်။ ဆက်လက်၍ Grab သည် အကယ်၍ ဤတွင် ပါရှိသည့် ငွေပေးချေခြင်းမပြုသည့် “အသုံးပြုသူ အဖိုးအခများ” နှင့်/ သို့မဟုတ် “အခကြေးငွေများ” ပေါ်ပေါက်သည်တွင် အကျုံးဝင်သက်ဆိုင်သည့် မြီရှင်အစီရင်ခံခြင်းအေဂျင်စီများသို့ လူကြီးမင်းအပေါ် အစီရင်ခံခြင်းအပါအဝင် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေအရ ယင်းကိုရရှိနိုင်သည့် ကုစားမှုတစ်ရပ်ရပ် သို့မဟုတ် အားလုံးကို အသုံးပြုပိုင်ခွင့်ရှိသည်။ နောက်ကျသည့် “အသုံးပြုသူအဖိုးအခများ” နှင့်/ သို့မဟုတ် “အခကြေးငွေများ” ကို အပြည့်အ၀ ပေးချေပြီးနောက် လူကြီးမင်း၏ အကောင့်စာရင်းအား ပြန်လည်တည်ထောင်ဖွင့်လှစ်ခြင်းကို Grab ၏ တစ်ဦးတည်း ဆင်ခြင်တုံတရားအရ ပြုလုပ်ပါမည်။ နောက်ကျ ပေးချေမှုများအားလုံး အတွက် တစ်လလျင် ၂% အတိုးဖြစ်စေ၊ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေက ခွင့်ပြုသော အမြင့်ဆုံးကိုဖြစ်စေ ကျခံရပါမည်။
၁-၈ သက်တမ်းကာလနှင့် ရပ်စဲခြင်း
၁-၈-၁ ဤသက်တမ်းကာလများသည် လူကြီးမင်း၏ “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” ကို ဖန်တီးပြု လုပ်သည့်နေ့တွင် အကျုံးဝင်သက်ဆိုင်ပြီး၊ ယင်းရပ်စဲသည့်အချိန်ထိ ဆက်လက်၍ အကျိုးသက်ရော က်စေရမည်။
၁-၈-၂ လူကြီးမင်းဖြစ်စေ၊ Grab ဖြစ်စေ အခြားစာချုပ်ဝင်ထံသို့ ရက်ပေါင်း (၃၀) ကြိုတင်၍ စာဖြင့် ရေးသား သည့်စာဖြင့် အကြောင်းပြချက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဤ “သဘောတူ ညီချက်” အား ရပ်စဲနိုင်သည်။ ကျန်ရှိသည့် ငွေရပ်ပေးချေရန် တာဝန်များနှင့် ဤအပိုင်း၏ စာပိုဒ် ၁-၇ မှ ၁-၁၃ ထိပါ ပြဌာန်းချက်များသည် ယင်းသို့ ရပ်စဲသော်လည်း ဆက်လက်၍ အသက်ဝင် နေရမည်။
၁-၉၊ အာမခံချက်များနှင့် ပေးရန်တာဝန်ရှိမှုကို ငြင်းဆိုခြင်း
၁-၉-၁၊ လူကြီးမင်းက ကိုယ်စားပြုပြီး၊ အာမခံချက်ပေးသည်မှာ (က) လူကြီးမင်းသည် ဤ “သဘော တူညီချက်” ကို ချုပ်ဆိုရန် အခွင့်အရေး၊ အခွင့်အာဏာနှင့် အာဏာပိုင်ဆိုင်မှု အပြည့်အ၀ ရှိသည်၊ ထို့ပြင် (ခ) ဤတွင် ပါရှိသည့် အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် လူကြီးမင်း၏ ဆောင်ရွက်ရန်တာဝန်များကို ထမ်း ဆောင်ခြင်းတို့သည် လူကြီးမင်းက စာချုပ်ဝင်အဖြစ် ပါဝင် သည့် အခြားသဘောတူညီချက်တစ်စုံတစ်ရာအား ဖေါက်ဖျက်သည်မဟုတ် သို့မဟုတ် ဖေါက် ဖျက်လိမ့်မည်မဟုတ်။
၁-၉-၂၊ လူကြီးမင်းက ဆက်လက်၍ ကိုယ်စားပြုပြီး၊ အာမခံချက်ပေးသည်မှာ၊ (က) လူကြီးမင်းသည် “ဝန်ဆောင် မှု” နှင့် “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” နှင့် ဆက်စပ်သည့် “ချိတ်ဆက် သည့် အချက်အလက်” နှင့် ဤမှ အောက်တွင် ဖေါ်ပြထားသည့် Grab အား ဖြည့်ဆည်းပေး သည့် အခြားသတင်းအချက်အလက်ကို ဖြည့်ဆည်း ပေးရန် အခွင့်အရေးများနှင့် ခွင့်ပြုချက်များ အားလုံးရှိသည်၊ (ခ) “ကော်ပိုရိတ်ကျသင့် ငွေတောင်းခံခြင်း” အပါအဝင် “ဝန်ဆောင်မှု” နှင့် ကော်ပိုရိတ်ငွေပေးချေမှု နည်းလမ်းများနှင့် ဆက်စပ်၍ ကိုယ်ပိုင်အချက်အလက်နှင့် Grab သို့ ဖြည့်ဆည်းပေးရန် လိုအပ်သည်အတိုင်း “အဆိုပြုသည့် အသုံးပြုသူများ” နှင့် “ခွင့်ပြုသည့် အသုံးပြုသူများ” ထံမှ ဥပဒေကြောင်းအရ လုံလောက်သည့် သဘောတူခွင့်ပြုချက်အား လူကြီးမင်းက ရရှိပြီးဖြစ် သည်၊ (ဂ) လူကြီးမင်းက “အဆိုပြုသည့် အသုံးပြုသူများ” နှင့် “ခွင့်ပြုသည့် အသုံးပြုမှုများ” ထံမှ ဖေါ်ပြပါအ တွက် အကြောင်းကြားထားပေးပြီး၊ ယင်းတို့ထံမှ ဥပဒေကြောင်း အရ လုံလောက်သည့် သဘောတူခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ရမည်၊ ယင်းအချက်မှာ Grab သည် လူကြီးးမင်းအား စီးနင်းလိုက်ပါမှုများအတွက် အသေးစိတ် ခရီးစဉ်/ ကြိုတင်နေရာ၊ လက်မှတ်စာရင်းပေးသွင်းခြင်း သို့မဟုတ် လူကြီးမင်း၏ အကောင့်စာရင်း သို့ စရိတ်တောင်းခံ သည့် အခြားကြိုတင်နေရာ/ လက်မှတ်စာရင်းပေးသွင်းခြင်းများကို ဖြည့်ဆည်းပေးမည်ဟု ဖြစ်သည်၊ ထို့ပြင် (ဃ) လူကြီးမင်းသည် ဤ “သဘောတူညီချက်” ၏ သက်တမ်းကာလအတွင်း ဖေါ်ပြပါများကို လိုက်နာပြီး၊ ဆက်လက်၍လည်း လိုက်နာနေမည် ဖြစ်သည်၊ ယင်းတို့မှာ အချက်အလက်ကာကွယ်ရေး၊ အနှောက် အယှက်မှ ကင်းဝေးခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ဖေါ်ပြချက်ကို ခိုးယူမှု၊ အချက်အလက်ကို ချိုးဖေါက်ခြင်း၊ စားသုံးသူ ကာကွယ်ရေးအပြင် အချက်အလက်လုံခြုံရေးနှင့် အနှောက်အယှက်မှ အေးငြိမ်းခြင်းနှင့် အချက်အလက် လုံခြုံရေးတို့နှင့် သက်ဆိုင်သည့် အကျုံးဝင်သက်ဆိုင်သော လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများတို့နှင့် ဆက်စပ် ပတ်သက်သော အကျုံးဝင်သက်ဆိုင်သည့် ဒေသဆိုင်ရာ၊ မြို့၊ ပြည်နယ်၊ ဖက်ဒရယ်၊ အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများတို့ ဖြစ်ကြသည်။
၁-၉-၃၊ လျှို့ဝှက်ထားရှိခြင်းအား ဖေါက်ဖျက်ခြင်း သို့မဟုတ် အချက်အလက်ကို အနှောက်အယှက်မှ အေးငြိမ်း ခြင်းတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များမှအပ၊ (က) စာချုပ်ဝင်တစ်ဦးဦးသည် မည်သည့် ကိစ္စရပ်တွင်မဆို Grab ကိုဖြစ်စေ၊ “ကော်ပိုရိတ်အသုံးပြုသူ” ကိုဖြစ်စေ (သူတို့၏ ကိုယ်စားလှယ်များကိုဖြစ်စေ) ယင်းသို့သော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ကို အကြံပြု သော်လည်း ဤသဘောတူညီချက်မှ ပေါ်ပေါက်လာသည့် အခြားစာချုပ်ဝင် သို့မဟုတ် အခြားသူ ဆုံးရှုံးသည့် သွယ်ဝှိုက်သော၊ မှတ်သားလောက်သော၊ မျှော်မှန်းမထားဘဲဖြစ်ပေါ် သော၊ စံနမူနာပြဖြစ်သော၊ အထူး သို့မဟုတ် နောက်ဆက်တွဲ ဆုံးရှုံးနစ်နာမှု သို့မဟုတ် စီးပွားရေး သို့မဟုတ် အမြတ်ဆုံး ရှုံးမှုဖြစ်သည်။ ဖေါ်ပြပါ “သဘောတူ ညီချက်” နှင့်စပ်လျဉ်း၍ ယင်းသည် ပဋိညာဉ်စာချုပ်၊ တရားမနစ် နာမှု သို့မ ဟုတ် အခြားဥပဒေရေးရာ သီဝရီပေါ် တွင် အခြေခံထားသည်ဖြစ်စေ၊ အခြေခံခြင်းမပြု သည်ဖြစ်စေ တရား ဝင်ပါသည်။ ထို့ပြင် (ခ) မည်သည့်အခြေ အနေတွင်မျှ စာချုပ်ဝင်တစ်ဦးသည် (၁) စင်ကာပူ ဒေါ်လာ တစ်သောင်း (SGD ၁၀,၀၀၀) (သို့မဟုတ် ယင်းနှင့် တူညီသည့် ဒေသဆိုင်ရာငွေကြေး) နှင့် (၂) ဤတွင်ဖေါ်ပြ ထားသည့် Grab သို့ လူကြီးမင်းက ပေးချေသည့် သို့မဟုတ် ပေးချေရမည့် အခကြေးငွေ စုစုပေါင်းထက်ကျော်လွန်သည့် ပမာဏရှိ တိုက်ရိုက်ဆုံရှုံးမှုတစ်ရပ် အတွက် ဤ “သဘောတူညီချက်” အရ တာဝန်မရှိစေရ။
၁-၁၀ ပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သည့် အခွင့်အရေးများ
၁-၁၀-၁ မည်သည့်စာချုပ်ဝင်မျှ စာနယ်ဇင်းများသို့ တရားဝင်ထုတ်ပြန်ရာတွင်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ကိစ္စရပ်တစ်ခုချင်းစီတွင် အခြားစာချုပ်ဝင်၏ ကြိုတင်သဘောတူခွင့်ပြုချက်မရှိဘဲ၊ ယင်း အခြားစာချုပ်ဝင်၏ အမည်၊ လိုဂို၊ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် ဝန်ဆောင်မှုတံဆိပ်များကို အသုံးမပြုရ သို့မဟုတ် ရည်ညွှန်း ခြင်းမပြုရ။
၁-၁၀-၂ ပိုင်ဆိုင်မှု
Grab နှင့် ယင်း၏အဖွဲ့ဝင် ကုမ္ပဏီများသည် “ဝန်ဆောင်မှု” “အက်ပလီကေးရှင်း” နှင့် “အင်တာနက် ဝင်ပေါက်” တွင် ရှိပြီး၊ သက်ဆိုင်သော အခွင့်အရေး၊ ပိုင်ဆိုင်ခွင့်နှင့် အကျိုးစီးပွား အပြင်၊ ယင်းတို့၏ လက်ရှိအခြေ အနေများ၊ တိုးမြှင့်မှုများနှင့် ပုံသဏ္ဍာန်အသစ်များ၊ ထို့ပြင် ဤ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ဆက်စပ်၍ လူကြီးမင်း သို့မဟုတ် “အဆိုပြုသည့် အသုံးပြုသူ” သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူ” သို့ ဖြည့်ဆည်းပေးသော ဆက်စပ်သည့် စာရွက်စာတမ်းများနှင့် ပစ္စည်းများ၏ ပိုင်ရှင်များဖြစ်ကြပြီး၊ ယင်းသို့ ဆက်လက်၍ တည်ရှိနေရ မည်။
၁-၁၀-၃ Grab သည် စာပိုဒ် ၁.၁၀.၄ ပါ လိုင်စင် ကန့်သတ်ချက်များ နှင့် ဤ “သဘောတူညီချက်” ပါ အခြားသော စည်းကမ်းချက်များကို အထောက်အထားပြုလျက် လွှဲပြောင်း၍ မရနိုင်သော၊ ပြန်လည်ရုပ်သိမ်းနိုင် သော၊ မူပိုင် ခွင့်ကင်းလွတ်သော၊ သီးသန့်မဟုတ်သည့် အကန့်အသတ်ပါသော လိုင်စင်ကို လူကြီးမင်း၏ ဌာနတွင်း လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များအလို့ငှာ “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” အသုံးပြု ၍ “လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်းများ” ဝင်ရောက်အသုံးပြုရန် နှင့် ကြည့်ရှုနိုင်ရန် ထုတ်ပေး ပါသည်။
၁-၁၀-၄ ဤစာပိုဒ် ၁-၁၀-၄ ပါ ကိစ္စရပ်များအတွက်
“လုပ်ငန်းဆောင်ရွက်ချက် ဆိုင်ရာမှတ်တမ်းများ” ဆိုသည်မှာ Grab ၏ “ဖြေရှင်းချက်များ” ကိုအသုံးပြု သည့် “ခွင့်ပြုထားသည့် အသုံးပြုသူများ” ၏ “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်းများ” နှင့် “ခွင့်ပြုထား သည့် အသုံးပြုသူများ” ဝင်ရောက်ကြည့်ရှုရန်၊ လက်ဝယ်ထားရှိရန် နှင့် Grab ၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက် ဖြင့် သတ်မှတ်ထားရှိသည့် ပုံစံဖြင့် ပြန်လည်ရယူရန် ခွင့်ပြုထားသည့် “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်း များ” ကိုဆိုသည်။
“Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” ဆိုသည်မှာ “ဖြေရှင်းချက်များ” ကို ဝင်ရောက် အသုံးပြုသော “ခွင့်ပြုထားသည့် အသုံးပြုသူများ” နှင့် စပ်လျဉ်း၍ Grab မှ လူကြီးမင်းအား ဝင်ရောက် အသုံးပြု ခွင့်ပေးထားသည့် စုပေါင်းထားသော သို့မဟုတ် POI အချက်အလက်များ၊ လိပ်စာများ၊ အကွာအဝေးများ နှင့် နေရာ များ၏ အမည်များ အကန့်အသတ်မဲ့အပါအဝင် မည်သည့် ပထဝီအနေအထားဆိုင်ရာ အချက်အလက်များကို မဆို ဆိုသည်။
၁-၁၀-၅ လူကြီးမင်း နှင့် “ခွင့်ပြုထားသည့် အသုံးပြုသူများ” သည်
(က) ဤ “သဘောတူညီချက်” အရ ခွင့်ပြုထားခြင်းမရှိသည့် မည်သည့်ကိစ္စရပ်အတွက်မျှ သို့မဟုတ် ဥပဒေ သို့မ ဟုတ် စည်းမျဉ်း သို့မဟုတ် စည်းမျဉ်းစု၊ လမ်းညွှန်ချက် သို့မဟုတ် တောင်းဆိုချက် တို့နှင့် ဆန့်ကျင်ချိုးဖောက် သည့် မည်သည့် နည်းလမ်းဖြင့်မဆို Grab POI အချက်အလက်များကို အသုံးမပြုရ။
(ခ) “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” သို့မဟုတ် “လုပ်ငန်းဆောင်ရွက်ချက် ဆိုင်ရာ မှတ်တမ်းများ” ကို ဤ “သဘောတူညီချက်” အရ အတိအလင်းခွင့်ပြုပေးထားခြင်းမရှိသည့် မည်သည့်ကိစ္စရပ်အ တွက်မျှ ထုတ်ယူခြင်း၊ ပေးပို့ခြင်း၊ ရေးခြစ်ခြင်း၊ ၊ အသုံးပြုခြင်း၊ အသုံးချခြင်း၊ ထုတ်ဝေခြင်း၊ ပြန်လည်ထုတ် ဝေခြင်း၊ ဖြန့်ဝေခြင်း၊ မိတ္တူကူးယူခြင်း သို့မဟုတ် သိမ်းဆည်းခြင်းတို့မပြုလုပ်ရ။
(ဂ) စာပိုဒ် ၁.၁၀.၃ တွင်ပါရှိသည့် ကိစ္စရပ်များကိုသာ ဆောင်ရွက်ရန်အတွက် “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ မှတ်တမ်းများ” ကိုလက်ဝယ်ထားထိန်းသိမ်းနိုင်ခြင်းမှ အပ၊ ဌာနတွင်း နှင့် အရန်အဖြစ်ထားရှိသည့် စနစ်များ အား လုံး နှင့် မည်သည့် နှင့် အားလုံးသော “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” (၎င်းမှ ထုတ်ယူ ထားသော နှင့် မိတ္တူကူးယူထားသည့် မည်သည့်အချက်အလက်မဆိုအပါအဝင်) ကို Grab မှ တောင်းဆိုသည့် အချိန်မှ စ၍ ၁၀ ရက်အတွင်းမည်သည့်အချိန်တွင်မဆို သို့မဟုတ် ဤ “သဘောတူညီချက်” သက်တမ်းကုန်ဆုံး သည့်အခါ သို့မဟုတ် ရပ်စဲသည့်အခါတွင် ဖျက်ဆီးခြင်း နှင့် ဖယ်ရှားခြင်းတို့ပြုလုပ်ရမည်။
၁-၁၁၊ မလွန်ဆန်နိုင်သောဖြစ်ရပ်
ဤတွင် ဖေါ်ပြထားသည့် ဆောင်ရွက်ရန်တာဝန်များကို စာချုပ်ဝင်တစ်ဦးဦးက ဆောင်ရွက်နိုင် ခြင်းမရှိမှု အား ဖေါ်ပြပါအကြောင်းများကြောင့် ယင်းဆောင်ရွက်ချက် မဖြစ်နိုင်သည့်အတိုင်း အတာထိနှင့် ယင်းသက် တမ်းကာလအတွင်း ခွင့်လွှတ်ရမည်၊ ယင်းတို့မှာ သပိတ်မှောက်ခြင်း၊ မီးဘေး၊ ရေးဘေး၊ ငလျင်လှုပ်ခြင်း၊ အစိုးရဆိုင်ရာ လုပ်ဆောင်ချက်များ အမိန့်များ သို့မဟုတ် ကန့်သတ်မှုများ ဖြည့်တင်းပေးသူများ သို့မဟုတ် ကန်ထရိုက်တာများ၏ ပျက်ကွက်မှုများ သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်မှုသည် ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်မှုအပသို့ ရောက်ရှိသည့်အပြင် ဆောင်ရွက်ခြင်းမပြုသည့် အဖွဲ့ဝင်၏ တာဝန်ပျက်ကွက်မှုကြောင့် ပေါ် ပေါက်သည်မဟုတ်ခြင်းတို့ ဖြစ်ကြသည်။
၁-၁၂၊ တာဝန်ပေးခြင်း
ဤ “သဘောတူညီချက်” တွင် မည်သို့ပင် ပါရှိစေကာမူ၊ စာချုပ်ဝင်တစ်ဦးသည် လုပ်ငန်းပေါင်း စပ်ခြင်း သို့မဟုတ် အဆိုပါစာချုပ်ဝင်၏ အစုရှယ်ယာတန်ဖိုး သို့မဟုတ် ပိုင်ဆိုင်သည့်ပစ္စည်းများ အားလုံးကို ရောင်း ချခြင်း နှင့် စပ်လျဉ်း၍ အခြားစာချုပ်ဝင်၏ ခွင့်ပြုချက်မလိုဘဲ၊ သို့သော် အကြောင်းကြားစာပေးပို့လျက် ဤ “သဘော တူစာချုပ်” ကို တာဝန်လွှဲပြောင်းပေးနိုင်သည်။ အထက်ဖေါ်ပြပါတို့ကို အထောက်အထားပြု၍၊ ဤ “သဘောတူ စာချုပ်” သည် စာချုပ်ဝင် တစ်ဦး၏ သက်သေခံသူများနှင့် တာဝန်ပေးခံရသူများအားလုံးပေါ်တွင် စည်းနှောင်မှု ရှိရမည်။
၁-၁၃၊ ဥပဒေရေးရာလုပ်ငန်းများအတွက် ကုန်ကျစရိတ်များ
စာချုပ်ဝင်များအကြား ဥပဒေရေးရာအမှုတွဲ လုပ်ငန်းဆောင်ရွက်ချက်များတွင် အနိုင်ရရှိသည့် စာချုပ်ဝင် သည် သင့်တင့်လျောက်ပတ်သည့်ရှေ့နေခများနှင့် ဤ “သဘောတူစာချုပ်” ကို လိုက်နာစေရန် အတင်းအကြပ် ဆောင်ရွက်ရာတွင် ကုန်ကျသည့် တရားရုံးအမှုတွဲဆိုင်ရာ ဆောင်ရွက်ချက်များ၏ ကုန်ကျစရိတ်များအားလုံးကို ရရှိပိုင်ခွင့်ရှိရမည်။
၂။ GrabFood
၂-၁၊ အသုံးပြုသူများအတွက်၂-၁-၁၊ Grab က သတ်မှတ်သည့်အတိုင်း လူကြီးမင်း၏ အရပ်ဒေသပေါ် မူ တည်၍ လူကြီးမင်းသည် “အက်ပလီ ကေးရှင်းမှ” တစ်ဆင့် အစားအသောက်ဖြည့်ဆည်းပေးမူများထံမှ အမှာစာ များ ပေးပို့နိုင်ပြီး ( “GrabFood ကုန်သည်”) သီးခြားဖြစ်သော အခြားသူအစားအစာပို့ဆောင်ရေး ဝန်ဆောင်မှု ဖြည့်ဆည်းပေးမှုများက လူကြီးမင်း ထံသို့ အရောက်ပေးပို့နိုင်သည့် (“လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ”)။ Grab သည် အစား အသောက်ပစ္စည်းကို ပိုင်ဆိုင်မှုမရှိ၊ ရောင်းချခြင်းလည်းမပြု၊ ထပ်ဆင့်ရောင်း ချခြင်းလည်းမပြုပါ၊ ထို့ပြင် ယင်းသည် “GrabFood ကုန်သည်များ”၊ “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ” သို့မဟုတ် ယင်းတို့က ဖြည့်ဆည်းပေးသည့် ဝန်ဆောင်မှုများကို ထိန်းချုပ် ကွပ်ကဲမှုလည်းမပြုလုပ်ပါ၊ လူကြီးမင်းက နားလည်သဘောပေါက်သည်မှာ လူကြီးမင်း မှာသည့်မှာခြင်းသည် “GrabFood ကုန်သည်များ” နှင့်/ သို့မဟုတ် “အခြားဖြည့်ဆည်းပေးသူ များ” ၏ ထုတ်ကုန်ရရှိနိုင်မှုနှင့် လက် ရောက်ပေးအပ်သည့် နေရာဒေသကို ဝန်ဆောင်မှုပေးနိုင်မှု ပေါ်တွင် မူတည်ပါသည်။
၂-၁-၂၊ “အက်ပလီကေးရှင်းပေါ်တွင်” အစားအစာမှာယူခြင်းနှင့် လက်ရောက်ပေးအပ်ရန် ကြိုတင် နေရာ/ လက်မှတ်စာရင်းပေးသွင်းခြင်း (“အစားအစာမှာခြင်း”) အားလုံးကို အတည်ပြုသည်ဟု သတ်မှတ်သည်၊ လူကြီး မင်းသည် လူကြီးမင်း၏ အစားအစာမှာခြင်းအပေါ် လူကြီးမင်းက အတည်ပြုချက်လက်ခံရရှိသည်တွင် ပယ်ဖျက် ခြင်းမရှိစေရ။ “အစားအစာမှာခြင်း” ကို အတည် ပြုပြီးနောက် လူကြီးမင်းက ယင်းအားပယ်ဖျက်ပါက၊ ယင်းသို့မှာ ခြင်းအား “GrabFood ကုန်သည်” က ပြင်ဆင်မှုပြုလုပ်ပြီးသည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ၊ လူကြီးမင်းသည် လက်ရောက်ပေးအပ်သည့် အဖိုးအခကို အပြည့်အ ပေးချေရန် ဆက်လက်၍ တာဝန်ရှိ နေရမည်။
၂-၁-၃၊ “အစားအစာမှာခြင်း” တစ်ရပ်အား လူကြီးမင်းက အောင်မြင်စွာမှာကြားပြီးနောက်၊ “Grab Food ကုန်သည်များ” နှင့်/ သို့မဟုတ် “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှုဖြည့်ဆည်းပေး သူများ” သည် ပေးထား သည့် တယ်လီဖုန်း သို့မဟုတ် မိုဘိုင်းနံပါတ် သို့မဟုတ် အခြားနည်းဖြင့် ဆက်သွယ်၍ မှာခြင်း၏ အသေး စိတ်အ ချက်များအား အတည်ပြုရန်၊ မှာခြင်းတွင်ပြောင်းလဲမှု (ဥပမာ ရရှိမှုမရှိခြင်းကြောင့်) ပေးချေရမည့် ဈေးနှုန်း သို့မ ဟုတ် ယင်းတွင်ပြောင်းလဲမှုနှင့်/ သို့မဟုတ် ခန့်မှန်းလက်ရောက်ပေးအပ်မည့်အချိန်တို့အတွက် လူကြီးမင်းအား ခေါ်နိုင်ပါသည်။ သံသယကင်းရှင်းစေရန်အလို့ငှာ၊ ဖေါ်ပြမည့် အစီအစဉ်အား အတည်မပြုခြင်း နှင့် “အက်ပလီ ကေးရှင်း” တွင် မှတ်တမ်းတင်ခြင်းပြုသည့်ကိစ္စရပ် ပေါ်ပေါက်သည့် လူကြီးမင်းကပြုလုပ်သော မှာခြင်းကို ပြင်ဆင်ခြင်းနှင့်/ သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ လူကြီးမင်းနှင့် “GrabFood ကုန်သည်” နှင့်/ သို့မဟုတ် “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူ” တို့အကြား သီးခြားအစီအစဉ်အတွက် Grab သည် ပါဝင်ပတ်သက်ခြင်းမရှိပါ၊ ထို့ပြင် တာဝန်ရှိ သည်လည်း မဟုတ်ပါ။
၂-၁-၄၊ လက်ရောက်ပေးအပ်သည်တွင် လူကြီးမင်းသည် “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်း ပေး သူ” အား “အစားအစာမှာခြင်း” ဝယ်ယူခြင်းဈေးနှုန်း၏ အပြည့်အဝပမာဏကို ငွေသားဖြင့်ပေးချေ ရမည်။ လူကြီးမင်းအား “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူ” တွင် အကြွေရှိနိုင်မည်မ ဟုတ်သ ဖြင့် အတိအကျငွေပမာဏကိုသာ ပေးချေရန် အကြံပြုပါသည်။ “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့် ဆည်းပေးသူ” သည် အကယ်၍ လူကြီးမင်းအနေဖြင့် လက်ရောက်ပေးအပ်သည်တွင် ဝယ်ယူခြင်းဈေး နှုန်းအား ပေးချေရန် မတတ်နိုင်ပါက၊ လူကြီးမင်းထံမှ “အစားအစာမှာခြင်း” အား ထိန်းထားနိုင်သည်။
၂-၁-၅၊ အကယ်၍ မေတ္တာရပ်ခံသည့် လက်ရောက်ပေးအပ်ရန် အရပ်ဒေသသည် “အက်ပလီကေးရှင်း” တွင် ကမ်းလှမ်းဖေါ်ပြသည့် လက်ရောက်ပေးအပ်သည့် ဇုန်ပြင်ပတွင် ကျရောက်သည်တွင် အကယ်၍ လူကြီးမင်းအား မှာခြင်းကို အတည်ပြုရန်အတွက် ခေါ်သည့်အချိန်၌ ဖုန်းတွင်ခေါ်၍ မရလျှင်ဖြစ်စေ၊ အခြားနည်းဆက်သွယ်၍ မရလျှင်ဖြစ်စေ၊ Grab “GrabFood ကုန်သည်” နှင့်/ သို့မဟုတ် “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူ” သည် လူကြီးမင်း၏ “အစားအစာမှာခြင်”း ကို စီစစ်မည်မဟုတ်ပါ။
၂-၁-၆၊ “အက်ပလီကေးရှင်း” တွင် ဖေါ်ပြထားသည့် အစားအသောက်ပစ္စည်းများ၏ ဈေးနှုန်းများကို “GrabFood ကုန်သည်” ကသာလျင် တစ်ဦးတည်းသတ်မှတ်ပြီး၊ သတင်းအချက်အလက် အတွက်သာလျင် စာရင်းတင် ထားခြင်းဖြစ်ပါသည်။
၂-၁-၇၊ “အက်ပလီကေးရှင်း” တွင် ဖေါ်ပြထားသည့်အတိုင်း အစားအသောက်များ၏ဈေးနှုန်းများကို နည်းပညာ ပြဿနာ၊ မြေမျက်နှာသွင်ပြင်ပြဿနာ အမှားအယွင်း သို့မဟုတ် “GrabFood ကုန်သည်” က ပေးသည့် ရက် လွန် သည့် ထုတ်ကုန်အချက်အလက်ကဲ့သို့သော အကြောင်းရင်းများကြောင့် မှားယွင်းစွာ ဖေါ်ပြနိုင်ပြီး၊ ယင်းကိ စ္စပေါ်တွင် “GrabFood ကုန်သည်” သည် လူကြီးမင်း၏ မှာခြင်း(များ) ကို ပယ်ဖျက်နိုင်သည်။
၂-၁-၈၊ အကယ်၍ လူကြီးမင်းသည် အရောင်းမြှင့်တင်ရေး လိုက်နာရန်စည်းကမ်းချက်များ သို့မဟုတ် ဈေးနှုန်း များကို အသုံးပြုရန် သို့မဟုတ် လျှောက်ထားရန်ဆန္ဒမရှိပါက၊ လူကြီးမင်းသည် “အစားအစာမှာခြင်း” ကို ငွေပေးချေပြီးနောက် ရရှိသည့် အရောင်းမြှင့်တင်ရေး လိုက်နာရန် စည်းကမ်းချက်များ သို့မဟုတ် လျော့နှုန်းသို့ အွန်လိုင်းတွင် ဝင်ရောက်နိုင်ပါသည်။ အရောင်း မြှင့်တင်ရေး လိုက်နာရန် စည်းကမ်းချက်များ သို့မဟုတ် လျော့နှုန်းများသည် အခြားနည်း ဖေါ်ပြ ထားခြင်းမရှိပါက ယင်း၏ သီးခြားစည်းကမ်းချက်များအရသာလျင်ဖြစ်ပြီး၊ အပြန်အလှန် သက်ဆိုင်ခြင်းမရှိပါ၊ အခြားအရောင်းမြှင့်တင်ခြင်းများနှင့်လည်း ပေါင်းစပ်ခြင်း မပြုလုပ်နိုင်ပါ။ လျော့နှုန်းအစားအသောက်ပစ္စည်းအတွက် ပေးချေရမည့် ဈေးနှုန်းကို အပြည့်ကိန်းဂဏန်းဖြင့် ဖေါ်ပြနိုင်ပြီး၊ လူကြီးမင်း၏ အစားလျော့ခြင်းအတွက် ငွေပေးချေသည့် စာမျက်နှာပေါ်တွင် သတ်မှတ်ထားပါသည်။ လူကြီးမင်း က သဘောတူညီသည်မှာ ငွေပေးချေသည့်လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် မိမိတို့သည် အရောင်းမြှင့် တင်ရေး လိုက်နာရန်စည်းကမ်းချက်များနှင့် လျော့နှုန်းသို့ နောက်ကျသည့်ဝင်ရောက်ခြင်းကို လက်ခံရန်တာဝန်မရှိပါ။ မိမိတို့သည် အရောင်းမြှင့်တင်းရေး လိုက်နာရန် စည်းကမ်းချက်များနှင့် လျော့နှုန်းအား ခိုးယူခြင်းသို့ တရားမဝင် သို့မဟုတ် လိမ်လည်လှည့်ဖြားသော အသုံးပြုခြင်းအကြောင်းကြောင့် နစ်နာသွားသည် သို့မဟုတ် ကုန်ကျသွားသည့်ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များ အတွက် တာဝန်ရှိမည်မ ဟုတ်။ အကယ်၍ လူကြီးမင်းသည် အရောင်းမြှင့်တင်ရေးလိုက်နာရန် စည်းကမ်းချက်များနှင့် ဈေးနှုန်းကို ဥပဒေနှင့် ဆန့်ကျင်၍ဖြစ်စေ၊ လိမ်လည်လှည်ဖြားသော သဘောဖြင့်ဖြစ်စေ အသုံးပြုသည်ကို တွေ့ရှိပါက၊ လူကြီးမင်း၏ အသုံးပြုသူအကောင့်စာရင်း ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း အပါအဝင် မိမိတို့သည် လူကြီးမင်းအပေါ် အရေးယူနိုင် ပါသည်။
၂-၁-၉၊ “Grab Food ကုန်သည်” သည် လူကြီးမင်းထံသို့ ရောင်းချသည့် အစားအသောက် ထုတ်ကုန် များနှင့် ဆက်စပ်၍၊ ထို့ပြင် ယင်း၏ အရည်အသွေးကို အာမခံအတွက် တစ်ဦးတည်း တာဝန် ရှိရမည်။
၂-၁-၁၀၊ လူကြီးမင်းကသေချာစေရေးအတွက် တာဝန်ရှိသည်မှာ “အက်ပလီကေးရှင်း” ပေါ်တွင် လူကြီး မင်း ရေးသွင်းသည့် လက်ရောက်ပေးအပ်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက် များသည် တိကျပြီး၊ ပြည့်စုံမှု ရှိရန် ဖြစ်သည်။ လူကြီးမင်းက “အက်ပလီကေးရှင်း” ပေါ်တွင် လူကြီးမင်း ရေးသွင်းသည့် မှားယွင်းသော လက်ရောက်ပေးအပ်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက် များကြောင့် လူကြီးမင်းမှာသည့် အစားအသော က် ပစ္စည်းများအား နောက်ကျစွာ လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် လက်ရောက်ပေးအပ် ခြင်းမရှိခြင်း အတွက် Grab သည် တာဝန်မရှိစေရ။
၂-၁-၁၁၊ အစားအသောက်ပစ္စည်းများကို လက်ရောက်ပေးအပ်ပြီးနောက်၊ လူကြီးမင်း သို့မဟုတ် လူကြီးမင်း ကိုယ်စား ပြုလုပ်သူ တစ်ဦးဦးက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ယင်းအစားအသောက် ပစ္စည်းများ (“ကွန်တိန်နာ” အပါအဝင် သို့သော် ယင်းအရာကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ) ကုန်ရွေးကြန့် ကြာကြေး သို့မဟုတ် ဆုံးရှုံးမှု၊ နစ်နာကြေး၊ ညစ်ညမ်းစေခြင်း၊ စွန်းထင်းခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းအတွက် လူကြီးမင်း တစ်ဦးတည်း တွင်သာလျင် တာဝန်ရှိစေရမည်။
၂-၁-၁၂ အကယ်၍ အကျုံးဝင်သက်ဆိုင်ပါက “Grab Food ကုန်သည်များ” ထံမှ အရက်သေစာကို မှာကြားပါက၊ လူကြီးမင်းသည် အနည်းဆုံးအသက် (၁၈) နှစ် ရှိသည်ဟု အာမခံပါသည်။ အရက်သေစာကို အကျုံးဝင် သက်ဆိုင် သည့် ဥပဒေများနှင့် နည်းဥပဒေများအရ သတ်မှတ်ထားရာတွင် အသက်အနည်းဆုံး (၁၈) နှစ် ပြည့်သူကိုသာလျင် ရောင်းချပြီး လွှဲပြောင်းပေးနိုင်ပါသည်။ (“လက်ခံရရှိသူ”) လူကြီးမင်းက အာမခံသည်မှာ “လက်ခံရရှိသူ” သည် GrabFood Delivery ဝန်ဆောင်မှုပေးသူများက လက်ရောက်ပေးအပ်သည်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
၂-၁-၁၃ Grab အစားအစာ လက်ရောက်ပေးပို့ခြင်း ဝန်ဆောင်မှု
ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူတွင် ဖော်ပြပါ အခွင့်အရေးများ ရှိရပါမည်။ (၁) အသက်မှန်ကန်မှု ရှိ-မရှိ စစ်ဆေး ရန် လူကြီးမင်း၏ “အမျိုးသားမှတ်ပုံတင်ကဒ်ပြား”ကို တောင်းခေါ်နိုင်ပါသည်။ (၂) လက်ရောက် ပေးအပ်သည့် သို့မဟုတ် ယူဆောင်သွားမည့် ပစ္စည်းကို လက်ခံရယူမည့်သူသည် ထိုအချိန်တွင် အနည်း ဆုံး အသက် (၁၈) နှစ် မပြည့်လျင်ဖြစ်စေ၊ သူ/သူမသည် အနည်းဆုံး အသက် (၁၈) နှစ် ပြည့်ကြောင်း သက်သေမပြနိုင်လျင်ဖြစ်စေ အရက်သေစာပစ္စည်းကို လက်ရောက်ပေးအပ်ရန် ငြင်းဆိုနိုင်သည်၊ (၃) ယူဆောင်သွားမည့်ပစ္စည်းကို လက်ရောက် ပေးအပ်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခြင်း သို့မဟုတ် ယင်းသို့ရှိနေသည်ဟု ထင်မြင် ရခြင်း၊ ထို့ပြင် ယင်းအခြေအနေတွင် လူကြီးမင်းက သဘောတူညီသည်မှာ Grab၊ Grab Food ကုန်သည် နှင့် Grab အစားအစာ လက်ရောက်ပေးခြင်း ဝန်ဆောင်မှုဖြည့် ဆည်းပေးသူများသည် လူကြီးမင်းအား ပြုလုပ်ပြီး သည့် ငွေပေးချေမှုအတွက် ပြန်အမ်းရန်တာဝန်မရှိပါ။
၂-၁-၁၄ အကယ်၍ လူကြီးမင်း သည် အသက် (၁၈) နှစ် အောက်ဖြစ်ပါက လူကြီးမင်းက ဤတွင်သ ဘောတူ ညီသည်မှာ ဥပဒေ အကြောင်းအရ အကျိုးဆက်များသည် လူကြီးမင်း၏ ကိုယ်ပိုင်စွန့်စားမှုနှင့် တာဝန်ဖြစ် သည် ဆိုသည့် အချက်ဖြစ်သည်။ ထို့ပြင် သဘောတူညီသည်မှာ ဆက်လက်ဖော်ပြမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Grab၊ GrabFood ကုန်သည်၊ GrabFood Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ သို့မဟုတ် Grab ၏ အခြားသူ ဝန်ဆောင်မှု ပေးသူများ၊ လက်အောက်ခံကုမ္ပဏီများ၊ အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ အရာရှိများ၊ ကိုယ်စား လှယ် များ၊ ပူးတွဲတံဆိပ်ကို အသုံးပြုသူများနှင့် အခြားလုပ်ငန်းအဖွဲ့ဝင်များ (“ကင်းလွတ်ခွင့် ပေးသည့် စာချုပ်ဝင်”) တစ်ဦးဦးအား ကင်းလွတ်ခွင့်ပြုရန်၊ အကာအကွယ်ပေးရန်နှင့် တာဝန်မှ ကင်းလွတ်စေရန် သဘော တူညီပါသည်။ အဆိုပါ ကိစ္စရပ်များမှာ အထက်ဖော်ပြပါ အနည်းဆုံး အသက် သတ်မှတ်ချက်အရ Grab၊ GrabFood ကုန်သည်၊ GrabFood Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများအား ယင်း၏ ကိုယ်စားလှယ်များ နှင့်/သို့မဟုတ် ယင်း၏ ဥပဒေတစ်ရပ်ရပ် သို့မဟုတ် အခြားသူတို့၏ အခွင့်အရေးများကို ချိုးဖောက်မှုတို့၏ တိကျမှုမရှိခြင်း သို့မဟုတ် ချိုးဖောက်ခြင်းတို့ အပါအဝင် သို့သော် ယင်းအချက်တို့ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ လိမ်လည်လှည့်ဖြားရန်၊ ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ထိန်းချုပ်ရန် ကြိုးစားသည့် လုပ်ရပ်တစ်ရပ်မှ ပေါ်ထွက်လာ သော သို့မဟုတ် ဆက်စပ်သည့် အကာအကွယ်ပေးခြင်း ခံရသော စာချုပ်ဝင်က ကျခံသည့် တောင်းဆိုမှုများ၊ လုပ်ရပ်များ၊ အမှုတွဲဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တရားမမှုများနှင့် အားလုံးသော ဆက်စပ်သည့် ပေးရန်တာ ဝန်ရှိမှုများ၊ ဆုံးရှုံးမှုများ၊ ကြေအေးခြင်းများ၊ ပြစ်ဒဏ်များ၊ ဒဏ်ကြေးများ၊ စရိတ်စခများနှင့် အသုံးစရိတ်များ (အခြားသော အငြင်းပွားမှု ဖြေရှင်းရေး အသုံးစရိတ်များ အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထား သည် မဟုတ်ဘဲ) တို့မှ ကင်းလွတ်ခွင့် ပြုရမည်။
၂-၂၊ Grab Food လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ
၂-၂-၁၄၊ “အစားအစာမှာခြင်း” တစ်ရပ်စီအား လက်ရောက်ပေးအပ်ပြီးနောက်၊ လူကြီးမင်းသည် Grab က လူကြီး မင်းအား အခါအားလျော်စွာ ဆုံးဖြတ်ပြီး အကြောင်းကြားသည့်အတိုင်း ပစ္စည်းစု ဆောင်းထားရှိသည့် နေရာများ တွင်ဖြစ်စေ အဆိုပါ “အစားအစာမှာခြင်း” အတွက် “အသုံးပြု သူများ” ထံမှ ကောက်ခံထားသည့် အပြည့်အဝသော ငွေရပ်ပမာဏများကို ချက်ချင်းပေးချေ ရမည်။
၂-၂-၁၅၊ လူကြီးမင်းသဘောတူညီသည်မှာ “အစားအစာမှာခြင်း”ကို လက်ရောက်ပေးအပ်ပြီးနောက် (၂၄) နာရီ အတွင်း “အသုံးပြုသူများ” ထံမှ ကောက်ယူထားသည်။ သို့သော် ပစ္စည်းစုဆောင်း သည့်နေရာတွင် စုဆောင်း ထားခြင်းမရှိသော ငွေရပ်ပမာဏများကို Grab သည် လူကြီးမင်း၏ မြီစားပိုက်ဆံအိတ်အတွင်းမှ ယင်းငွေရပ် ပမာဏများအား ထုတ်နှုတ်ယူခွင့်ရှိရမည် သို့မဟုတ် Grab က သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း ဆိုင်းငံ့ ပိုင်ခွင့် သို့မဟုတ် ရပ်စဲပိုင်ခွင့် ရှိသည်။
၂-၃၊ “Grab Food ကုန်သည်များ”အတွက်
၂-၃-၁၊ အရပ်ရပ်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုယ်စားပြုခြင်း
(က) “GrabFood ကုန်သည်” သည် အရက်သေစာများကို ရောင်းချသည့် လိုင်စင်ရရောင်းသူ တစ်ဦးဖြစ်ပြီး၊ ယင်းသည် GrabFood App နှင့်/သို့မဟုတ် “ဝန်ဆောင်မှု” မှတစ်ဆင့် အရက်သေစာ ပစ္စည်း ပစ္စယများကို ရောင်းချရန် ဆန္ဒရှိပါသည်။ GrabFood App မှတစ်ဆင့် မှာယူသည့် အရက်သေစာ ပစ္စည်း ပစ္စယများအတွက် မှာကြားချက်များကို GrabFood ကုန်သည် သို့ ပေးပို့ပေးပါမည်။ GrabFood ကုန်သည် သည် ရောင်း ချခြင်းအတွက် တာဝန်ရှိပြီး၊ အရောင်းအဝယ်ကို ကြီးကြပ်ကွပ်ကဲပါသည်။ GrabFood ကုန်သည် သည် ယင်း မှာကြားချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိပြီး၊ အရောင်းအဝယ်ကို ကြီးကြပ်ကွပ်ကဲပါသည်။ “GrabFood ကုန်သည်” က သဘောတူညီသည်မှာ Grab သည် “GrabFood ကုန်သည်” နှင့် “အသုံးပြု သူများ” ကြားတွင် ဖြစ်ပွားသည့် အရောင်းအဝယ်ကိစ္စရပ်များ၏ တရားဝင်မှုနှင့် စပ်လျဉ်း၍ မည်သည့်တာဝန်မျှ မရှိစေရ။
(ခ) “GrabFood ကုန်သည်” က သဘောတူညီသည်မှာ ယင်းသည် ကြမ်းတမ်းသည့် ရာသီဥတု သို့မဟုတ် ယင်း အရက်သေစာ ပစ္စည်း ပစ္စယများ၏ သဘာဝအပါအဝင်၊ အခြားအကြောင်းအရာတစ်ရပ် ရပ်ကြောင့် ပျက်စီး ယိုယွင်းမှု သို့မဟုတ် ဆုံးရှုံးမှုကို တားဆီးပေးရန် လိုအပ်သည့် အကာအကွယ်ပေးမှု အပါအဝင် GrabFood Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများက လက်ရောက်ပေးအပ်ရန် အတွက် ပစ္စည်းပစ္စယများ အားလုံးကို သင့်တင့်လျောက်ပတ်စွာထုတ်ပိုးပေးပါမည်။ အကယ်၍ ဥပဒေအရ လိုအပ်ပါက အရက်သေစာပါဝင်သည့် အထုပ်အပိုးအပါအဝင်၊ သို့သော် ယင်းကိုသာ ကန့်သတ်ထားသည် မဟုတ်ဘဲ (အကယ်၍ ဥပဒေအရ လိုအပ်ပါက) တံဆိပ်အမှတ်အသား ကပ်နှိပ်ထားရှိခြင်း သေချာစေရန်နှင့် အသက်အရွယ်ဆိုင်ရာ တရားဝင် သက်သေခံချက်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအရ အနည်းဆုံး (၁၈) နှစ်နှင့်အထက် ပုဂ္ဂိုလ်ကို သာလျှင် လက် ရောက်ပေးအပ်နိုင်ရန်ဖြစ်သည်။
(ဂ) “GrabFood ကုန်သည်” က သဘောတူညီသည်မှာ Grab အနေဖြင့် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေနှင့် နည်းဥပဒေများအပြင်၊ GrabFood App ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စဉ်းစားရန် အချက်များကို အထောက် အထားပြု၍ ဝယ်ယူရရှိနိုင်သည့် အရက်သေစာ ပစ္စည်းပစ္စယများနှင့် GrabFood App အရ GrabFood ကုန်သည် က လက်ရောက်ပေးအပ်မည့် အချိန်နာရီ အပိုင်းအခြားကို ပြောင်းလဲပြင်ဆင်နိုင်သည်။
၂-၃-၂၊ “GrabFood ကုန်သည်” သည် ဤတွင် အာမခံချက်ပြုသည်မှာ-
(၁) ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် ဘာသာရေးအရ အရက်သေစာ ရောင်းချခြင်းမှ အခြားနည်းဖြင့် တားမြစ်ခြင်းမပြုပါ။
(၂) ယင်းသည် “ဝန်ဆောင်မှု” မှတစ်ဆင့် အရက်သေစာရောင်းချရန် လိုအပ်သည့် လိုင်စင်များ နှင့်/သို့မဟုတ် ပါမစ်များ အားလုံးကို လက်ရှိထားရှိရမည်။
(၃) Grab ထံသို့ ဖြည့်ဆည်းပေးသည့် သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများ အားလုံးသည် မှန်ကန်ပြီး တိကျမှုရှိသည်။
၂-၃-၃၊ ငွေပေးချေမှုအားပေးပို့ခြင်း
လူကြီးမင်းက သဘောတူညီသည်မှာ Grab သည် “အစားအစာမှာခြင်း” များအတွက် “အသုံးပြု သူများ” ထံမှ ငွေပေးချေမှုနှင့် စပ်လျဉ်း၍ ဤ လူကြီးမင်းထံမှ ငွေကောက်ခံသည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည် (“အစားအစာငွေပေးချေမှုများ”) ။ Grab သည် လူကြီးမင်းနှင့် Grab တို့အကြား Grab Food ကုန်သည် သဘောတူညီချက်နှင့်အညီ အပတ်စဉ် အခြေခံဖြင့် လူကြီးမင်းက Grab အား ပေးချေရမည်ဖြစ်သည့် “အစာငွေပေးချေမှု များ” ပမာဏမှ ပေးချေရမည့် “ဝန်ဆောင်မှု အခကြေးငွေ”ကို နှုတ်ယူပြီး ငွေပို့ပေးမည်ဖြစ် သည်။
၂-၃-၄၊ ကိုယ်ပိုင်ရန်ပုံငွေ ထည့်ဝင်သည့် “ကမ်ပိန်း”ကို တည်ထောင်ပြီး၊ စောင့်ကြည့်၍ သတင်းထုတ် ပြန်ခြင်း
အမြဲတစေ ချွင်းချက်တစ်ရပ်အနေဖြင့် လူကြီးမင်းသည် “ကမ်ပိန်း”နှင့် ဆက်စပ်၍ ပေါ်ပေါက် လာနိုင်သည့် ကုန်ကျစရိတ်များ သို့မဟုတ် အသုံးစရိတ်များ တစ်ရပ်ရပ် သို့မဟုတ် အားလုံး ကို ကျခံရန် သဘော တူညီပါက လူကြီးမင်းသည် “အက်ပလီကေးရှင်း” ပေါ်တွင် ရရှိနိုင်သည့် မိမိတို့၏ ကိရိယာတန်ဆာပလာ(များ) မှတစ်ဆင့် “ကမ်ပိန်း” တစ်ရပ်ကို ဖန်တီးနိုင်ပါသည်။ ယင်းသို့ဖန်တီးပေးသည့် ကာလအတွင်း လူကြီးမင်းသည် အရောင်းမြှင့်တင်ရေး အမျိုးအစား နှင့် အရောင်းမြှင့်တင်ရေးအတွက် အဆိုပြုသည့် ကာလတို့ ကဲ့သို့သော သတင်းအချက် အလက်ကို ဖော်ပြရန် လိုအပ်ပါသည်။ “ပုံစံ”မှ လူကြီးမင်းရွေးချယ်နိုင်သည့် အရောင်းမြှင့် တင်ရေး အမျိုးအစားသည် Grab ၏ တစ်ဦးတည်း ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် အခါအား လျော်စွာ ပြောင်းလဲနိုင်သည်။
“အက်ပလီကေးရှင်း”ပေါ်တွင် မိမိတို့၏ ကိရိယာတန်ဆာပလာ(များ) ကိုသုံးပြီး၊ “ကမ်ပိန်း” ကို ဖန်တီးခြင်းဖြင့် လူကြီးမင်းသည် အောက်ပါ နောက်တိုး အရပ်ရပ်ဆိုင်ရာ စည်းကမ်းချက် များကို လက်ခံပါသည် –
(က) လူကြီးမင်း၏ အလုပ်ရှင်ကိုယ်စား မိမိတို့၏ “အက်ပလီကေးရှင်း”မှ တစ်ဆင့် သို့မဟုတ် အခြားနည်းဖြင့် လူကြီးမင်းက သတင်းအချက်အလက်ကို တင်သွင်းပါက၊ လူကြီးမင်းသည် အာမခံသည်မှာ လူကြီးမင်းအား ယင်းသို့သော ကမ်းလှမ်းချက်ပြုရန် လူကြီးမင်း၏ အလုပ်ရှင်အား စည်းနှောင်မှုရှိစေရန် နည်းလမ်းတကျ အခွင့်အာဏာပေးထားသည်ဟု ဆိုလိုသည်။
(ခ) မိမိတို့အား ဖြည့်ဆည်းပေးရန် လိုအပ်သည် သို့မဟုတ် အခြားနည်း ဖြည့်ဆည်းပေးသည့် မိမိတို့၏ “အက်ပလီကေးရှင်း”သို့ လူကြီးမင်းက ထည့်သွင်းသည့် သတင်းသည် ပြည်စုံရမည်၊ မှန်ကန်ရမည်၊ တိကျရမည်။ ထို့ပြင် အထင်မှားစေခြင်း မဖြစ်စေရ။
(ဂ) မိမိတို့၏ “အက်ပလီကေးရှင်း” မှတစ်ဆင့် “ကမ်ပိန်း” ပြုလုပ်ရန် လူကြီးမင်း၏ ရည်ရွယ် ချက်သည် အစစ်အမှန် ဖြစ်ရမည့်အပြင် နောက်ဆုံးစားသုံးသူများ သို့မဟုတ် အသုံးပြုသူများ ကို အထင်အမြင်မှားစေနိုင်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခြင်းမပြုရ။ အကယ်၍ မိမိတို့၏ “အက်ပလီကေးရှင်း”မှတစ်ဆင့် လူကြီးမင်း ဖန်တီးသည့် “ကမ်ပိန်း”နှင့်အညီ မိမိတို့တွင် ဆုံးရှုံးမှုများ သို့မဟုတ် နစ်နာမှုများ ပေါ်ပေါက်ပါက လူကြီးမင်းသည် မိမိတို့အား လျော်ကြေး ပေးရမည်။
(ဃ) လူကြီးမင်းက ရွေးချယ်သည့် “ကမ်ပိန်း” အမျိုးအစားပေါ်တွင် မူတည်၍ လူကြီးမင်းက “ကမ်ပိန်း”ကို အသက်သွင်းသည့် နည်းလမ်းသည် ကွဲပြားနိုင်သည်။ လူကြီးမင်းက သဘောတူညီသည်မှာ မိမိတို့၏ စနစ်များပေါ်တွင် “ကမ်ပိန်း” အမျိုးအစားတစ်ရပ်စီကို မည်သို့မည်ပုံ အသက်သွင်းသည်ဆိုသည့် သတင်းအ ချက်အလက်အတွက် မိမိတို့က ရရှိစေရန်ပေးသည့် သတင်းအချက်အလက်တစ်ရပ် သို့မဟုတ် အားလုံးကို လေ့လာသုံးသပ် ရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။ အကယ်၍ လူကြီးမင်းသည် မေးမြန်းစုံစမ်းရန် ရှိနေပါ က၊ လူကြီးမင်းက သဘောတူညီသည်မှာ မိမိတို့၏ “အက်ပလီကေးရှင်း”ကို အသုံးပြု၍ “ကမ်ပိန်း”တစ်ရပ် ဖန်တီးခြင်း မပြုလုပ်မီ လူကြီးမင်းသည် လူကြီးမင်း၏ ဝန်ထမ်းများနှင့် ယင်းကိစ္စကို ရှင်းလင်းပေးရန် တာဝန်ရှိသည်။ မိမိတို့၏ “အက်ပလီကေးရှင်း”ကို အသုံးပြုလျက် “ကမ်ပိန်း” တစ်ရပ်ကို ဖန်တီးပေးခြင်းဖြင့် လူကြီးမင်းသည် “ကမ်ပိန်း” အား မိမိတို့၏ စနစ်များမှတစ်ဆင့် အလိုအလျောက် အသက်ဝင်စေသည့် နည်းလမ်းကို ပြန်လည်ရုပ်သိမ်း၍ မရသည့် သဘောတူညီချက် ပြုရာမြောက်သည်။
(င) လူကြီးမင်းသည် “ကမ်ပိန်း”နှင့် စပ်လျဉ်း၍ နောက်ဆုံးအသုံးပြုမှုများ/ စားသုံးသူများထံမှ တိုင်တန်း ချက်များ သို့မဟုတ် မေးမြန်းစုံစမ်းချက်များကို တိုက်ရိုက်ကိုင်တွယ်ရန် တာဝန်ရှိသည်။
(စ) အကယ်၍ လူကြီးမင်းသည် “အက်ပလီကေးရှင်း”တွင် တိကျစွာ သတ်မှတ်ထားသော ကာလအပိုင်းအခြားထက် စော၍ “ကမ်ပိန်း”ကို ရပ်နားလိုလျင်ဖြစ်စေ၊ အကယ်၍ “ကမ်ပိန်း” တွင်ရှိသော ကိစ္စရပ်တစ်ခုသည် ယင်းကာလအပိုင်းအခြား မကုန်လွန်မီ ပြီးသွားလျင်ဖြစ်စေ လူကြီးမင်းက တိကျစွာ သတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ လူကြီးမင်းသည် မိမိတို့၏ “အက်ပလီကေးရှင်း”မှတစ်ဆင့် ယင်းကိစ္စကို ချက်ချင်းဖော်ပြရမည်။ ယင်းလုပ်ငန်းစဉ် ပြီးဆုံး ခြင်းမရှိမီ လူကြီးမင်းသည် “ကမ်ပိန်း”နှင့် ဆက်စပ်သည့် ကုန်ကျသော ကုန်ကျစရိတ်များ သို့မဟုတ် အသုံးစရိတ်များ တစ်ရပ်ရပ် သို့မဟုတ် အားလုံးအတွက် ကျခံရန် ဆက်လက်တာ ဝန်ရှိနေရမည်ဖြစ်ပြီး၊ ယင်းကိစ္စပေါ်တွင် နောက်ဆုံးအသုံးပြုသူ/ စားသုံးသူထံမှ တိုင်တန်းချက် များ သို့မဟုတ် မေးမြန်းစုံစမ်းချက်များကို တိုက်ရိုက်ကိုင်တွယ်ရန် တာဝန်ရှိရ မည်။
(ဆ) အခြားနည်းပြဌာန်းချက်နှင့် မည်သည့်ဖြစ်ရပ်မဆို ပေါ်ပေါက်စေကာမှု၊ “အက်ပလီကေး ရှင်း”ကို အသုံးပြုပြီး “ကမ်ပိန်း”ကို အောင်မြင်စွာ ပြုလုပ်ခြင်းသည် “ကမ်ပိန်း”အား အကျုံးဝင် သက်ဆိုင်သည့် ဥပဒေနှင့် ကိုက်ညီသည်ဟု မိမိတို့၏ သဘောတူခွင့်ပြုချက်ကို ဖော်ပြခြင်း မဟုတ်ပါ။ လူကြီးမင်းက သဘောတူညီသည်မှာ မိမိတို့ထံ တင်ပြသည့် သတင်းအချက်အ လက်၏ လျှိူ့ဝှက်ထားရှိမှုကို တစ်ဦးတည်းနှင့် လုံးဝတာဝန်ယူ ရမည်ဖြစ်ပြီး၊ “ကမ်ပိန်း”အား အကျုံးဝင်သက်ဆိုင်သည့် ဥပဒေနှင့်အညီ ပြုလုပ်သည်။ ထို့ပြင် ပြု လုပ်မည်ကိုလည်း အလားတူ တာဝန်ယူရမည်။
(ဇ) လူကြီးမင်းက ဖန်တီးပြုလုပ်သည့် “ကမ်ပိန်း”အား မိမိတို့မှ ကြီးကြပ်ခြင်း သို့မဟုတ် စောင့်ကြည့်၍ သတင်းထုတ်ပြန်ခြင်း မပြုသော်လည်း မိမိတို့တွင် “အက်ပလီကေးရှင်း”မှ တစ်ဆင့် လူကြီးမင်း ဖန်တီးပြု လုပ်သည့် “ကမ်ပိန်း”ကို ပယ်ဖျက်ရန် (သို့သော် ဆောင်ရွက် ရန် တာဝန်မဟုတ်) အခွင့်အရေးရှိသည်။
(ဈ) မိမိတို့၏ “အက်ပလီကေးရှင်း”ကို အသုံးပြုလျက် ဖန်တီးပြုလုပ်သည့်် “ကမ်ပိန်း”နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်ကို မိမိတို့က လူကြီးမင်းထံပေးရာတွင် ယင်းသတင်း အချက်အလက်သည် “အက်ပလီ ကေးရှင်း”တွင် ပါဝင်သည့် အကြောင်းအရာ၏ အစိတ်အ ပိုင်းတစ်ရပ်အဖြစ် မှတ်ယူပြီး အောက်ပါ အပိုဒ်-၁၁ နှင့် ကိုက်ညီရမည်။
(ဎ) လူကြီးမင်းသည် “ကမ်ပိန်း”နှင့် ဆက်စပ်၍ မိမိတို့က သတ်မှတ်ဖော်ပြသည့်အတိုင်း ကုန်ကျစ ရိတ်များနှင့် အသုံးစရိတ်များကို ပေးချေရမည်။
(ဋ) အကယ်၍ လူကြီးမင်း၏ “အကောင့်စာရင်း”အား “ကမ်ပိန်း”တစ်ခု ဖန်တီးပြုလုပ်ရန် လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားလျင်ဖြစ်စေ၊ “အက်ပလီကေးရှင်း”ပေါ်ရှိ အသွင် လက္ခဏာများပေါ်တွင်ဖြစ်စေ၊ အခြားလုံခြုံရေးတစ်ရပ်ရပ်ကို ချိုးဖောက်လျင်ဖြစ်စေ၊ လူကြီးမင်း က မိမိတို့အား ချက်ချင်းအကြောင်းကြးရမည်။ ယင်းသို့ပေါ်ပေါက်ပါက ခွင့်ပြုချက်မရှိသည့် အသုံးပြုမှု (လူကြီးမင်း၏ “အကောင့်စာရင်း”ကို အသုံးပြုပြီး ဖန်တီးပြုလုပ်သည့် “ကမ်ပိန်း” အရဖြစ်ပေါ်သည့် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များကို ကျခံခြင်း အပါအဝင် သို့သော် ယင်းတို့ကိုသာလျင် ကန့်သတ်ထားသည် မဟုတ်ဘဲ)၏ အကျိုးဆက်ကြောင့် မိမိတို့ကကျခံ သည့် ဆုံးရှုံး မှုများ သို့မဟုတ် နစ်နာမှုများအတွက် လျော်ကြေးပေးရန် လူကြီးမင်းက သဘော တူညီသည်။ သံသယ ကင်းရှင်း စေရန် အလို့ငှာ မိမိတို့က အခါအားလျော်စွာ မျက်မှောက်ကာ လနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားသည့် မိမိတို့၏ ဌာနတွင်း ပေါ်လစီများနှင့် အညီ“ကမ်ပိန်း” အရ နောက်ဆုံးအသုံးပြုသူများ/ စားသုံးသူများက လူကြီးမင်းအား ပေးချေရမည့် တန်ဖိုးလျော့ဈေးနှုန်းကို ကိန်းပြည့်ဂဏန်းဖြင့် ဖော်ပြရန် သဘောတူပါသည်။
၂-၃-၅၊ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို တင်သွင်းခြင်း
လူကြီးမင်းက လူကြီးမင်း၏ “အက်ပလီကေးရှင်း” ပေါ်တွင် တင်ထားသည့် အကြောင်းအရာ သို့မဟုတ် သတင်းအ ချက်အလက်ကို ဖြစ်စေ၊ မိမိတို့အား အခြားနည်း ဖြည့်ဆည်းပေးသည့် ယင်းအရာတို့ကိုဖြစ်စေ၊ မိမိတို့က ပိုင်ဆိုင် သည်ဟု တောင်းဆိုခြင်း မပြုလုပ်ပါ။ အကယ်၍ လူကြီးမင်းက တင်ထာသည့် သို့မဟုတ် မိမိတို့အား ဖြည့်ဆည်း ပေးသည့် အကြောင်းအရာ တစ်ရပ်ရပ်သည် အသိဉာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးတွင် အကျုံးဝင် သက်ဆိုင် လျှင် (ဓါတ်ပုံနှင့် ဗီဒီယိုများ အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ) လူကြီးမင်း သည် (က) မိမိတို့အား လူကြီးမင်း၏ ပါဝင်သည့် အကြောင်းအရာကို ပြသရန်၊ အသုံးပြုရန်၊ ဖြန့်ဝေရန်၊ ပြောင်းလဲ ရန်၊ အမြန် တင်ပြရန်၊ မိတ္တူကူးရန်၊ အများမြင်သာအောင် ခင်းကျင်းပြသရန်၊ သို့မဟုတ်ပြသရန် ဘာသာပြန်ဆိုရန် နှင့် ဆင့်ပွါးပစ္စည်းများကို ဖန်တီးရန်အတွက် သီးသန့်မဟုတ်သော၊ မူပိုင်ခမပေးရသော၊ လွှဲပြောင်းပေးနိုင်သော၊ တစ်ဆင့်ခံ လိုင်စင်ထုတ်ပေးနိုင်သော၊ ကမ္ဘာအနှံ့အသုံးပြုနိုင်သော လိုင်စင်ကို ခွင့်ပြုရမည် နှင့် (ခ) တာဝန်ခံ ချက်ပြုရမည်မှာ လူကြီးမင်းသည် ယင်းလိုင်စင်းအား မိမိတို့အား ထုတ်ပေးရန် အခွင့်အရေးရှိသည်။ “အက်ပလီ ကေးရှင်း” မှတစ်ဆင့်၊ မိမိတို့သည် လူကြီးမင်းအား မိမိတို့ထံ လူကြီးမင်းက တင်ပြသည့် ပါဝင်သည့် အကြောင်း အရာ သို့မဟုတ် သတင်းအချက်အလက်ကို လုပ်ငန်းမျိုးစုံကို ဖော်ပြထားသည့် ဇယား၊ ဆက်စပ်သည့် သတင်းအ ချက်အလက်အပါအဝင် သို့သော် ယင်းအချက်ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်ဘဲ ပြောင်းလဲရန်ဖြစ်စေ၊ ပြင်ဆင်ရန် ဖြစ်စေ ရွေးချယ်မှုတစ်ရပ်ဖြင့် ဖြည့်ဆည်းပေးနိုင်သည်။ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ အဆိုပါ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို မိမိတို့ လုပ်ငန်းဆောင်ရွက်သည့် “အက်ပလီ ကေးရှင်း” မှတစ်ဆင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ယင်းတို့မှတစ်ဆင့် နောက်ဆုံးဖောက်သည်များထံသို့ သင့်တင့် လျောက်ပတ်သည့် အချိန်တွင် ရရှိနိုင်ပါသည်။ ထို့ပြင် တာဝန်ခံသည်မှာ မိမိတို့တွင် တစ်စုံတစ်ရာ တာဝန် မရှိဘဲ အဆိုပါ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်နှင့် စပ်လျဉ်း၍ နောက်ဆုံး ဖောက်သည်များ၏ တိုင်ကြားချက်များ သို့မဟုတ် မေးမြန်းချက်များကို ကိုင်တွယ်ရမည်။ (ထို့ပြင် တာဝန်ယူရ မည်။) မိမိတို့သည် အခါအားလျော်စွာ (“အက်ပလီကေးရှင်း” မှတစ်ဆင့် ဖြစ်စေ၊ အခြားနည်းဖြစ်စေ) မိမိတို့ထံ လူကြီးမင်းက တင်သွင်းသည့် ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို သုံးသပ်နိုင် သည်။ သို့သော် ယင်းသို့ ဆောင်ရွက်ရန် တာဝန်မရှိစေရ၊ ထို့ပြင် မိမိတို့က သင့်တော်သည်ဟု ထင်မြင်ပါက လူကြီးမင်းက တင်သွင်းသည့် ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်၏ မည်သည့် အစိတ်အပိုင်းကို မဆို ဖယ်ရှားရန် သို့မဟုတ် ပြင်ဆင်ပိုင်ခွင့်ရှိသည်။ သံသယ ကင်းရှင်းစေရန် အလို့ငှာ၊ လူကြီး မင်းက အမြဲတစေ သေချာစေရန်မှာ တင်သွင်းသည့် ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအ ချက်အလက်သည် အကျုံးဝင် သက်ဆိုင်သည့် ဥပဒေများကို ဖောက်ဖျက်ခြင်းမရှိ၊ ထို့ပြင် အခြားသူများ၏ အခွင့်အရေးများကို ဖောက်ဖျက်ခြင်း မရှိစေရန် ဖြစ်သည်။
၂-၃-၆၊ ပုဂ္ဂိုလ်ရေး အချက်အလက်
အထက်ဖော်ပြပါ အချက်များကို မထိခိုက်စေဘဲ “အနှောက်အယှက်မှ အေးငြိမ်းမှု ပေါ်လစီ” တွင် ဖော်ပြထား သော လူကြီးမင်း၏ ပုဂ္ဂိုလ်ရေး အချက်အလက် ပါဝင်နိုင်သည့် မိမိတို့၏စနစ်များတွင် ကုန်သည်တစ်ဦးအဖြစ် လူကြီးမင်း၏ မှတ်ပုံတင်ခြင်းအတွက် မိမိတို့ထံ လူကြီးမင်းတင်သွင်းသည့် အချက်အလက်များသည် “အက်ပလီ ကေးရှင်း” ပေါ်ရှိ အကောင့်စာရင်းတွင် ချိတ်ဆက်နိုင်သည် သို့မဟုတ် “အက်ပလီကေးရှင်း” ပေါ်ရှိ “ဝန်ဆောင်မှု” ကို ဆောင်ရွက်မှု လမ်းကြောင်းနှင့် ချိတ်ဆက်နိုင်သည်။ လူကြီးမင်းသည် မိမိတို့၏ စနစ်များမှတစ်ဆင့် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းကို လွယ်ကူစေရေးကိစ္စအတွက် သတင်းအချက်အလက်ကို ယင်းသို့ လွဲပြောင်း ပေးခြင်းနှင့် သိုလှောင်ခြင်းကို လူကြီးမင်းက ဤသို့ဖြင့် သဘောတူညီချက်ပေးပါသည်။ အကောင့်စာရင်းနှင့် “အက်ပလီကေးရှင်း”အား လူကြီးမင်း အသုံးပြုခြင်းကို လူကြီးမင်း၏ စီးပွားရေး လုပ်ငန်းနှင့် “အကောင့်စာရင်း” ပေါ်တွင် သတင်းအချက်အလက်အား လူကြီးမင်းထံသို့ ဖြည့်ဆည်းပေးရန် မိမိတို့ကဖြစ်စေ၊ အခြားဝန်ဆောင်မှု ပေးသူကဖြစ်စေ စောင့်ကြည့်၍ သတင်းထုတ်ပြန်နိုင်သည်။
၂-၃-၇၊ “ဟိုက်ပါလင့်ခ်” များ
အကယ်၍ လူကြီးမင်းသည် မိမိတို့၏ “အက်ပလီကေးရှင်း” ပေါ်တွင် ပါဝင်သည့် အကြောင်းအရာ တစ်ရပ်ရပ်အား ချိတ်ဆက်ရန် သို့မဟုတ် အသုံးပြုရန် ဆန္ဒရှိပါက မိမိတို့၏ ကြိုတင် စာဖြင့် ရေးသားထားသော သဘောတူခွင့်ပြုချက်ကို ရယူရပါမည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ လူကြီးမင်းသည် မိမိတို့က ချင့်ချိန်စဉ်းစားနိုင်ရန် အတွက် အီးမေလ်ဖြင့် တရားဝင် မေတ္တာရပ်ခံချက် တစ်ရပ်ကို မိမိတို့ထံပေးပို့ရပါမည်။ သံသယ ကင်းရှင်းစေရန် အလို့ငှာ၊ မိမိတို့၏ သဘောတူခွင့်ပြုချက်မရှိဘဲ စီးပွားရေး ကိစ္စအတွက် မိမိတို့၏ “အက်ပလီကေးရှင်း” ပေါ်ရှိ ပါဝင်သည့် အကြောင်းအရာအား ချိတ်ဆက်ရန်ဖြစ်စေ၊ အသုံးပြုရန် ဖြစ်စေ လူကြီးမင်းအား ခွင့်မပြုပါ။ မည်သည့်ကိစ္စရပ်တွင်မဆို၊ မိမိတို့က ချိတ်ဆက်ရန် အတွက် သဘောတူ ခွင့်ပြုချက်ပေးထားသော်လည်း၊ ဖော်ပြပါအချက်များတွင် မိမိတို့၏ “အက်ပလီကေးရှင်း” သို့ ချိတ်ဆက်မှုကို မပြုရပါ။ (က) မည်သည့် အချက်မျှ မရှိသည့် ကိစ္စ၌ မိမိတို့ဘက်တွင် ဆက်စပ်မှု သဘောတူ ခွင့်ပြုခြင်း သို့မဟုတ် ထပ်ဆင့်ခွင့်ပြုခြင်း ပုံစံတစ်ရပ်ရပ်ကို အဆိုပြုရန် နည်းလမ်း တစ်ရပ်အဖြစ် အသုံးပြုခြင်း သို့မဟုတ် (ခ) ယင်းသို့ ချိတ်ဆက်မှုအား တားမြစ်သည့် ဝက်ဆိုက်တစ်ခုခုသို့ဖြစ်စေ၊ မိမိတို့၏ ဂုဏ်သတင်း သို့မဟုတ် သိက္ခာရှိမှုအား တစ်နည်းနည်း ထိခိုက်စေမည့် သို့မဟုတ် နစ်နာစေမည့် ဝက်ဆိုက် တစ်ခုခုသို့ ချိတ်ဆက်ခြင်း၊ မိမိတို့သည် အကြောင်းကြားစာ ပေးပို့ခြင်း မရှိဘဲ ချိတ်ဆက်သည့် ခွင့်ပြုချက်ကို ရုပ်သိမ်းပိုင်ခွင့်ရှိသည်။ “အက်ပလီကေးရှင်း” အား မည်သည့် ဝက်ဆိုက်တွင်မျှ ဖွဲ့စည်းတပ်ဆင်ခြင်းမပြုရ။
၂-၃-၈၊ “အက်ပလီကေးရှင်း” တွင် ပါဝင်သည့် အကြောင်းအရာများ
ဤ “အသုံးပြုရန် စည်းကမ်းချက်များ” ပါ မည်သည့် ပြဌာန်းချက်များကိုမျှ မထိခိုက်စေဘဲ၊ မိမိတို့သည် (ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ကို ရရှိနိုင်မှု၊ူ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများ၊ ဈေးနှုန်း၊ အရောင်းမြှင့်တင်ခြင်းများ၊ ကမ်းလှမ်းချက်များ၊ ထုတ်ကုန်ပို့ဆောင်မှု စရိတ်စခများနှင့် ရပ်နားချိန်ကာလနှင့် ဆက်စပ်သည့် သတင်းအချက်အလက် အပါအဝင် သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည့် မဟုတ်) အကြောင်းကြားခြင်းမပြုဘဲ၊ “အက်ပလီကေးရှင်း” ပေါ်ရှိ ပါဝင်သည့် အကြောင်းအရာ တစ်စုံတစ်ရာအား ပြောင်းလဲနိုင်သည်၊ ပြင်ဆင်နိုင်သည် သို့မဟုတ် ဖယ်ရှားနိုင်သည်။ မိမိတို့၏ “အက်ပလီကေးရှင်း” ပေါ်ရှိ သတင်းအချက်အလက်တွင် ရှားရှားပါးပါး မြေမျက်နှာသွင်ပြင်ဆိုင်ရာ အမှားအယွင်းများ၊ တိကျမှု မရှိသည့် အချက်အလက်များ သို့မဟုတ် ပျက်ကွက်မှုများပါဝင်ပါက၊ မိမိတို့သည် ဖော်ပြပါကဲ့သို့သော လုပ်ဆောင်ချက် များကိုဆောင်ရွက်နိုင်ခွင့် ရှိသည်။ ယင်းတို့မှာ (၁) ယင်းအမှားအယွင်းများ၊ တိကျမှု မရှိသည့် အချက်အလက်များ သို့မဟုတ် ပျက်ကွက်မှုများကို အမှန်ပြင်ဆင်ခြင်း၊ (၂) သတင်းအချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် မျက်မှောက်ကာလနှင့် ကိုက်ညီအောင်ပြုလုပ်ခြင်း နှင့်/သို့မဟုတ် (၃) ဖော်ပြပါ အခြေအနေများတွင် မှာခြင်းများ ကို ပယ်ဖျက်ခြင်း၊ ဖော်ပြပါ အခြေအနေ ဆိုသည်မှာ လူကြီးမင်းထံသို့ ဖြည့်ဆည်းပေးသည့် သတင်းအချက် အလက်သည် (ဤ “အက်ပလီကေးရှင်း” မှတစ်ဆင့် ဖြစ်စေ၊ အခြား ဆက်စပ်သည့် ဝက်ဆိုက်မှ တစ်ဆင့် ဖြစ်စေ) လူကြီးမင်းမှာသည့်အချိန်တွင် တိကျမှုမရှိခြင်း သို့မဟုတ် အကယ်၍ မိမိတို့က အခြားနည်း ရှုမြင်သည်မှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ၊ (မှာခြင်းကို တင်သွင်းပြီးနောက် အချိန်ကာလ ကန့်သတ်မှု မရှိခြင်း အပါအဝင်) မည်သည့် အချိန်တွင် မဆို လူကြီးမင်း၏ မှာခြင်းကို ပယ်ဖျက်ရန်၊ သင့်တော်သည်ဟု ထင်မြင်ခြင်း၊ “အမှားပြင်ဆင်မှု” ကို ဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။ အထက်တွင် မည်သို့ပင် ပါရှိစေကာမူ မိမိတို့သည် ဥပဒေအရ လိုအပ်သည်မှ အပ မိမိတို့၏ “အက်ပလီကေးရှင်း”ပေါ်ရှိ သတင်းအချက်အလက်အား မျက်မှောက် ကာလနှင့် ကိုက်ညီစေရန် ၊ ပြင်ဆင်ရန် သို့မဟုတ် ရှင်းလင်းဖော်ပြရန် တာဝန်မရှိပါ။ သို့မဟုတ် အခြားသော “အမှားပြင်ဆင်မှုကို ဆောင်ရွက်ခြင်း” ကို ဆောင်ရွက်ခြင်း မပြုပါ။ သံသယကင်းရှင်းစေရန် အလို့ငှာ၊ “အက်ပလီ ကေးရှင်း” ပေါ်တွင် ဖြစ်စေ၊ အခြားဆက်စပ်သည့် ဝက်ဆိုက်ပေါ်တွင်ဖြစ်စေ၊ ဖော်ပြထားသော မည်သည့် သတ်သတ်မှတ်မှတ် ဖော်ပြထားသော လက်ရှိအနေအထားကို ဖော်ပြချက် သို့မဟုတ် အသစ်ရက်စွဲကိုမျှ ဤအချက်ကို ဖော်ပြသည်မဟုတ်၊ ဆိုလိုသည်မှာ “အက်ပလီကေးရှင်း” သို့မဟုတ် အခြားဆက်စပ်သည့် ဝက်ဆိုက်ပေါ်ရှိ သတင်းအချက်အလက် အားလုံးသည် ပြင်ဆင်ထားပြီးဖြစ်သည်၊ လက်ရှိအနေအထားနှင့် ကိုက် ညီအောင် ပြုလုပ်ထားပြီဖြစ်သည် ဟုမှတ်ယူရန် မဟုတ်။ ထို့ပြင် မိမိတို့သည် မည်သည့် အခြေအနေတွင် မဆို (၁) “အက်ပလီကေးရှင်း” ပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မ ဟုတ် ဖယ်ရှားခြင်း နှ့င့် (၂) ပြုလုပ်ပြီးသည့် “အမှားပြင်ဆင်မှုကို ဆောင်ရွက်ခြင်း” မှ ပေါ်ပေါက်လာသည့် ဆုံးရှုံး မှုများ၊ နစ်နာမှုများ သို့မဟုတ် အကျိုးဆက်များအတွက် လူကြီးမင်းအားဖြစ်စေ၊ အခြားသူအားဖြစ်စေ မိမိတို့တွင် တာဝန်မရှိစေရ။
၂-၃-၉၊ ပေးရန်တာဝန်ရှိမှုကို ကန့်သတ်ခြင်း
အကျုံးဝင် သက်ဆိုင်သည့် ဥပဒေတွင် အမြင့်ဆုံးခွင့်ပြုသည့် အတိုင်းအတာထိနှင့် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ”၏ အခြားပြဌာန်းချက်များကို မထိခိုက်စေဘဲ၊ ဤ “အသုံးပြုရန် စည်းကမ်းချက်များ” မှ ပေါ်ပေါက်လာသည့် မိမိတို့၏ စုစုပေါင်း ပေးရန် တာဝန်ရှိမှုသည်၊ သဘောသက်ရောက်သော အာမခံများအတွက် အပါအဝင် (၁) စင်္ကာပူဒေါ်လာ တစ်ရာ (SDG $100.00) သို့မဟုတ် ယင်းနှင့် တန်ဖိုးညီမျှသည့် မြန်မာကျပ်ငွေ၊ (၂) အခင်းဖြစ် အကြောင်းအရာ၏ တန်ဖိုး သို့မဟုတ် (၃) ကုန်လွန်ခဲ့သည့် ၁၂ လ အတွင်း “အက်ပလီကေးရှင်း” သို့မဟုတ် (အကယ်၍ ရှိလျှင်) ယင်း၏ အသွင် လက္ခဏာ သို့မဟုတ် လုပ်ငန်း ဆောင်ရွက်မှုအား အသုံးြ့ပုရန် သို့မဟုတ် ဝင်ရောက်ရန် လူကြီးမင်းက ကျွနု်ပ်တို့အား ပေးအပ်ထားသော ငွေပမာဏ။
၂-၃-၁၀၊ ရပ်စဲခြင်း
ဤ “သဘောတူညီချက်”သည် သက်တမ်းကို မည်သို့ပင် ဖော်ပြထားစေကာမူ ဤ “သဘောတူညီ ချက်”သည် လူကြီးမင်း၏ မိမိတို့၏ စနစ်များနှင့် ကုန်သည်အပြစ်ဆက်ဆံရေး ရပ်စဲသွားသည်တွင် မိမိတို့နှင့် ဆက်ဆံရေး ရပ်စဲသွားရမည်။ ယင်းရပ်စဲသည့်အချိန်တွင် စာချုပ်ဝင်တစ်ဦးက အခြားစာချုပ်ဝင် တစ်ဦးပေါ်တွင် ပေးရန်တာဝန်ရှိနေပြီးဖြစ်လျင်ဖြစ်စေ၊ ယင်းရပ်စဲခြင်းမတိုင်မီ အကျိုးသက်ရောက်မှု ကျရောက်နေလျင်ဖြစ်စေ အခြားစာချုပ်ဝင်အား ပေးရန်တာဝန်မှ ကင်းလွတ် စေမည်မဟုတ်။ ထို့ပြင် အခြားစာချုပ်ဝင်အား ဤ “သဘော တူညီချက်”ကို ချိုးဖောက်မှုတစ်ရပ်ရပ် နှင့် စပ်လျဉ်း၍ ယင်းစာချုပ်ဝင်တွင်ရှိသည့် အခွင့်အရေးများနှင့် ကုစား မှုတစ်ရပ်ရပ်အား ရရှိစေရန် ဆောင်ရွက်ခြင်းမှ တားမြစ်သည်မဟုတ်။
၃။ Grab ၏ မော်တော်ဆိုင်ကယ်နှင့် Grab သုံးဘီး
၃-၃၊ အသုံးပြုသူများ
၃-၃-၁၊ လူကြီးမင်း၏ ကောက်ယူသည့်အရပ်နှင့် ချထားပေးရန် နေရာတို့ပေါ် မူတည်၍ လူကြီးမင်းသည် Grab မော်တော်ဆိုင်ကယ် (နှစ်ဘီးတပ် မော်တော်ဆိုင်ကယ်) နှင့်/ သို့မဟုတ် Grab သုံးဘီး (သုံးဘီးတပ် မော်တော် ယာဉ်) အဖြေများကို “အက်ပလီကေးရှင်း” ပေါ်တွင် ကြိုတင် စာရင်းပေး သွင်းနိုင်ပါသည်။
၃-၃-၂၊ လူကြီးမင်းအား တရားမဝင်သော သို့မဟုတ် လက်နက်များ၊ တရားမဝင် မူးယစ်ဆေးဝါးများ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေသည့် ပစ္စည်းများ၊ ယင်းတို့အပါအဝင် သို့သော် ယင်းတို့ကိုသာလျင် ကန့်သတ်ထား သည်မ ဟုတ်ဘဲ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများနှင့်အညီ မဟုတ်သည့် ပစ္စည်းပစ္စယများကို သယ်ဆောင်ခြင်းမှ တား မြစ်သည်။
၃-၃-၃၊ လူကြီးမင်းသည် Grab မော်တော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို စီးနင်းရာတွင် ကျောပိုးအိတ် တစ်အိတ်ထပ် ပို၍ဖြစ်စေ၊ ၅၆*၃၆*၂၀ စင်တီမီတာထက် ပိုသော အရွယ်အစားများ ရှိသည့် ကျောပိုးအိတ်ကို ဖြစ်စေ၊ သယ်ဆောင်ခြင်း မပြုရ။
၃-၃-၄၊ လူကြီးမင်းသည် လူကြီးမင်းကိုယ်တိုင် လုံခြုံမှုအတွက် တာဝန်ရှိသည်။ လူကြီးမင်း သဘောတူညီသည်မှာ ကိုယ်ခန္ဓာထိခိုက်မှု လျော့နည်းစေရန်/လျှော့ချရန် အလို့ငှာ (ဦးထုပ်၊ ဖိနပ် အပါအဝင်) လိုအပ်သော အသက် ခန္ဓာလုံခြုံရေးကိရိယာများနှင့် သင့်တော်သည့် အဝတ်အစားများကို ဝတ်ဆင်ရပါမည်။ လူကြီးမင်းသည် “အခြား ဝန်ဆောင်မှုပေးသူ” က ဖြည့်ဆည်းပေးသည့် ဦးထုပ်ကို အသုံးပြုရန် သဘောတူညီပါသည်။
၃-၃-၅၊ လူကြီးမင်းသည် ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ရန် Grab မော်ေတော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို အသုံးမပြုရ။
၃-၃-၆၊ လူကြီးမင်း သဘောတူညီသည်မှာ Grab မော်တော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို စီးနင်း ရာတွင် မောင်းနှင်သူ နောက်တွင် နောက်ပါခရီးသည် တစ်ဦးကိုသာ ခွင့်ပြုသည်။
၃-၃-၇၊ လူကြီးမင်းသည် Grab မော်တော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို စီးနင်းရာတွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက်သေစာသောက်စားခြင်း မပြုရ။
၃-၄။ အခြားဝန်ဆောင်မှု ပေးသူများ အတွက်
၃-၄-၁၊ လူကြီးမင်းသည် ( မြန်မာဥပဒေများက သတ်မှတ်သည့် ယာဉ်၊ လမ်းလုံခြုံရေးနှင့် ကားရပ်နားခြင်းတို့နှင့် ဆက်စပ်သည့် အရာများ အပါအဝင်) အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ အားလုံးကို လိုက်နာရမည်။ အထူးသဖြင့် လူကြီးမင်းသည် ဖော်ပြပါတို့တွင် ယာဉ်ရပ်နားခြင်း အပါအဝင် အကျုံးဝင် သက်ဆိုင်သည့် ဥပဒေများနှင့် သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နိုင်သည့်နေရာ၊ ကွက်လပ် သို့မဟုတ် နည်းလမ်းဖြင့် Grab မော်တော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို ရပ်နားခြင်း မပြုရ။ (သို့မဟုတ် ပစ်မထားရ သို့မဟုတ် စွန့်ပစ်ခြင်း မပြုရ။ ယင်းတို့မှာ (၁) ကိုယ်ပိုင်နေရာ ကွက်လပ်များ (ကိုယ်ပိုင်ပစ္စည်း) သို့မဟုတ် အများပြည်သူဆိုင်ရာ ကန့်သတ်နေရာများ၊ (၂) အများပြည်သူ ခြေကျင်သွားသည့် လမ်းများနှင့် အများပြည်သူလမ်းများ၊ (၃) ဝင်ပေါက်များ၊ ထွက်ပေါက်များ၊ လမ်းများ၊ လူသွားလမ်းများကို တားဆီးနှောက်ယှက် သည့် နည်းလမ်းတစ်စုံတစ်ရာ။
၃-၄-၂၊ လူကြီးမင်းသည် မန္တာလေးမြို့တွင်းတွင် Grab မော်တော်ဆိုင်ကယ် သို့မဟုတ် Grab သုံးဘီးကို စီးနင်းမှုများနှင့် အခါအားလျော်စွာ Grab က ခွင့်ပြုသည့် အခြားနေရာ အချို့တွင် ဖြည့်ဆည်းပေးနိုင်သည်။
၃-၄-၃၊ လူကြီးမင်း ယာဉ်စည်းကမ်းပြစ်မှုများနှင့် လူကြီးမင်းက အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများကို ချိုး ဖောက်မှုအတွက် Grab ကို လျော်ကြေးပေးရမည်။
၃-၄-၄၊ လူကြီးမင်းသည် သတ်မှတ်ထားသည့် အချိန် တစ်ချိန်ချိန်တွင် နောက်ပါ ခရီးသည် တစ်ဦးသာလျှင် ရှိရ မည်။ အကယ်၍ ရည်ရွယ်သည့် နောက်ပါ ခရီးသည်သည် တစ်ဦးထက် ပိုလျှင်ဖြစ်စေ၊ အကယ်၍ “အသုံးပြုသူ” တွင် ကျောပိုးအိတ်တစ်ခုထက် ပို၍ ပါလျှင် သို့မဟုတ်၅၆*၃၆*၂၀စင်တီမီတာအထက် အတိုင်းအတာရှိသည့် ကျောပိုးအိတ်ပါလျှင် ဖြစ်စေ “အသုံးပြုသူ”၏ ကြိုတင်စာရင်းပေးသွင်းခြင်းကို ပယ်ဖျက်သင့်သည်။
၃-၄-၅၊ လူကြီးမင်းသည် တရားမဝင် ပစ္စည်းများ မူးယစ်ဆေးဝါးများ သို့မဟုတ် အရက်သေစာများ အပါအဝင် မည် သည့် ပစ္စည်းကိုမျှ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ချီခြင်း သို့မဟုတ် လက်ရောက်ပေးအပ်ခြင်း မပြုလုပ်ရ။
၄။ Grab ဈေး
၄-၁၊ Grab ဈေးကို အသုံးပြုသူများအတွက်
၄-၁-၁၊ “အက်ပလီကေးရှင်း”သည် လူကြီးမင်းအား “ကုန်သည်များ”ထံမှ “အက်ပလီကေးရှင်း”ပေါ်တွင် ရောင်း ချရန်အတွက် ရရှိနိုင်သော ကုန်ပစ္စည်းများကို မှာယူနိုင်သည်။ ယင်းမှာယူခြင်းများကို လူကြီးမင်းအား “အခြား ဝန်ဆောင်မှုပေးသူများ”က တက်ရောက်ပေးအပ်ရန် ဖြစ်သည်။ Grab သည် ပစ္စည်းများကို ပိုင်ဆိုင်မှုမရှိ၊ ရောင်း ချခြင်းလည်းမပြု၊ ထပ်ဆင့်ရောင်းချခြင်းလည်းမပြုပါ။ ထို့ပြင် Grab သည် Grab ဈေးကုန်သည်၊ “အခြားသူ ဝန်ဆောင်မှုပေးသူများ သို့မဟုတ် ယင်းတို့ကဖြည့်ဆည်းပေးသည့် ဝန်ဆောင်မှုများကိုလည်း ထိန်းချုပ် ကွပ်ကဲ မှုလည်း မပြုလုပ်ပါ။ လူကြီးမင်းက နားလည်သဘောပေါက် သည်မှာ လူကြီးမင်းမှာသည့် မှာခြင်းသည် Grab ဈေး ကုန်သည်များနှင့်/ သို့မဟုတ် “အခြားဖြည့်ဆည်း ပေးသူများ”၏ ထုတ်ကုန်ရရှိနိုင်မှုနှင့် လက်ရောက်ပေး အပ် သည့် နေရာဒေသကို ဝန်ဆောင်မှုပေးနိုင်မှု ပေါ်တွင် မှုတည်သည်။
၄-၁-၂၊ “အက်ပလီကေးရှင်း”ပေါ်တွင် “ကုန်ပစ္စည်းများ”မှာခြင်းနှင့် လက်ရောက်ပေးအပ်ရန် ကြိုတင်စာရင်းပေး သွင်းခြင်း အားလုံးကိုအတည်ပြုသည်ဟု သတ်မှတ်သည်။ လူကြီးမင်းသည် လူကြီးမင်း၏ ကြိုတင်စာ ရင်းပေး သွင်းခြင်းအပေါ် လူကြီးမင်းက အတည်ပြုချက် လက်ခံရရှိသည်တွင် ပယ်ဖျက်ခြင်းမရှိစေရ။ ယင်းအား အတည်ပြု ပြီးနောက် လူကြီးမင်းက ကြိုတင်စာရင်းပေးသွင်းခြင်းကို ပယ်ဖျက်ပါက ယင်းမှာခြင်းကို “Grab ဈေးကုန်သည်”က ပြင်ဆင်မှုပြုလုပ်ပြီးသည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ၊ လူကြီးမင်းသည် လက်ရောက်ပေးအပ်သည့် အဖိုးအခကို အပြည့်အဝပေးချေရန် ဆက်လက်တာဝန်ရှိ နေရမည်။
၄-၁-၃၊ ကြိုတင်စာရင်းပေးသွင်းခြင်း နှင့်/သို့မဟုတ် အမှာစာ တစ်ရပ်အား လူကြီးမင်းက ပြုလုပ်ပါက “Grab ဈေးကုန်သည်များ” နှင့် “လက်ရောက်ပေးအပ်သည့် ဝန်ဆောင်မှု ဖြည့်ဆည်း ပေးသူ များ” သည် ပေးထားသည့် တယ်လီဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် သို့မဟုတ် အခြားနည်းဖြင့် ဆက်သွယ် ၍ မှာခြင်း ၏ အသေးစိတ်အချက် အလက်များအား အတည်ပြုရန် မှာခြင်းတွင် ပြောင်းလဲမှု (ဥပမာ။ ။ ရရှိမှုမရှိခြင်း ကြောင့်)၊ ပေးချေရ မည့်ဈေးနှုန်း သို့မဟုတ် ယင်းတွင် ပြောင်းလဲမှုနှင့်/ သို့မဟုတ် ခန့်မှန်းလက် ရောက်ပေး အပ် မည့် အချိန် တို့အတွက် လူကြီးမင်းအား ခေါ်နိုင်ပါသည်။ သံသယကင်းရှင်းစေရန် အလို့ငှာ ဖော်ပြမည့် အစီအ စဉ် အား အတည်မပြုခြင်းနှင့် “အက်ပလီကေးရှင်း”တွင် မှတ်တမ်းတင်ခြင်းပြုသည့်ကိစ္စ ပေါ်ပေါက်သည့် လူကြီးမင်း က ပြုလုပ်သောမှာခြင်းကို ပြင်ဆင်ခြင်းနှင့်/ သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ လူကြီးမင်းနှင့် “Grab ဈေး ကုန်သည်” နှင့် “အခြားသူဝန်ဆောင်မှုပေးသူ”တို့ အခြားသီးခြားအစီအစဉ် အတွက် Grab သည် ပါဝင်ပတ် သက်ခြင်းမရှိပါ။ ထို့ပြင် တာဝန်ရှိမည်လည်း မဟုတ်ပါ။
၄-၁-၄၊ အကယ်၍ မေတ္တာရပ်ခံသည့် လက်ရောက်ပေးအပ်ရန် အရပ်ဒေသသည် “အက်ပလီကေးရှင်း”တွင် ကမ်းလှမ်းဖော်ပြသည့် လက်ရောက်ပေးအပ်သည့် ဇုန်ပြင်ပတွင် ကျရောက်သည်တွင် အကယ်၍ လူကြီးမင်းအား မှာခြင်းကို အတည်ပြုရန်အတွက် ခေါ်သည့်အချိန်၌ ဖုန်းဖြင့်ခေါ်၍ မရလျင်ဖြစ်စေ Grab၊ “Grab ဈေးကုန် သည် များ”နှင့် “အခြားဝန်ဆောင်မှုပေးသူ”သည် လူကြီးမင်း၏ ကြိုတင်စာရင်းပေးသွင်း ခြင်းကို စီစစ်မည်မ ဟုတ်ပါ။
၄-၁-၅၊ “အက်ပလီကေးရှင်း”တွင်ဖော်ပြထားသည့် “ကုန်ပစ္စည်း”၏ ဈေးနှုန်းများကို “Grab ဈေးကုန်သည်”က အလျင်တစ်ဦးတည်းသတ်မှတ်ပြီး၊ သတင်းအချက်အလက် အတွက်သာလျင် စာရင်းတင်ခြင်းဖြစ်ပါ သည်။
၄-၁-၆၊ “အက်ပလီကေးရှင်း”တွင် ဖော်ပြထားသည့်အတိုင်း “ကုန်ပစ္စည်းများ”၏ ဈေးနှုန်းများကို နည်းပညာ ပြဿနာ၊ မြေမျက်နှာသွင်ပြင်ပြအမှားအယွင်း သို့မဟုတ် “Grab ဈေးကုန်သည်”က ပေးသည့် ရက်လွန်သည့် ထုတ်ကုန်အချက်အလက်ကဲ့သို့သော အကြောင်းအရင်းများကြောင့် မှားယွင်းစွာ ဖော်ပြနိုင်ပြီး၊ ယင်းကိစ္စပေါ်တွင် “Grab ဈေးကုန်သည်”သည် လူကြီးမင်း၏ မှာခြင်း (များ) ကို ပယ်ဖျက် နိုင်သည်။
၄-၁-၇၊ အကယ်၍ လူကြီးမင်းသည် အရောင်းမြှင့်တင်ခြင်းရေး လိုက်နာရန် စည်းကမ်းချက်များ သို့မဟုတ် လျော့ နှုန်းများကို အသုံးပြုရန် သို့မဟုတ် လျှောက်ထားရန် ဆန္ဒရှိပါက လူကြီးမင်းသည် ကြိုတင်စာရင်းသွင်းခြင်းကို ငွေပေးချေပြီးနောက် ရရှိသည့် အရောင်း မြှင့်တင်ရေး လိုက်နာရန် စည်းကမ်းချက်များ သို့မဟုတ် လျော့နှုန်း သို့ အွန်လိုင်းတွင် ဝင်ရောက်နိုင်ပါသည်။ အရောင်းမြှင့်တင်ရေး လိုက်နာရန် စည်းကမ်းချက်များ သို့မဟုတ် လျော့နှုန်းများသည် အခြားနည်းဖော်ပြထားခြင်း မရှိပါက၊ ယင်း၏ သီးခြားစည်းကမ်းချက်များအရသာလျင်ဖြစ်ပြီး၊ အပြန်အလှန် သက်ဆိုင်ခြင်းမရှိပါ။ အခြား အရောင်းမြှင့်တင်ခြင်းများနှင့်လည်း ပေါင်းစပ်ခြင်းမပြုနိုင်ပါ။ လျော့ နှုန်း အစားအသောက် ပစ္စည်းအတွက် ပေးချေရမည့် ဈေးနှုန်းကို အပြည့်ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်ပြီး၊ လူကြီးမင်း ၏ ကြိုတင်စာရင်းသွင်းခြင်းအတွက် ငွေပေးချေသည့် စာမျက်နှာပေါ်တွင် သတ်မှတ်ထား ပါမည်။ လူကြီးမင်းက သဘောတူညီသည်မှာ ငွေပေးချေသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် မိမိတို့သည် အရောင်းမြှင့်တင်ရေး လိုက်နာရန် စည်းကမ်းချက်များနှင့် လျော့နှုန်းသို့ နောက်ကျသည့်ဝင်ရောက်ခြင်းကို လက်ခံရန် စည်းကမ်း ချက်များ နှင့် လျော့နှုန်းအား ခိုးယူခြင်း သို့မဟုတ် တရားမဝင် သို့မဟုတ် လိမ်လည်လှည်းဖြားသော အသုံးပြုခြင်း အကြောင်းကြောင့် နစ်နာသွားသည် သို့မဟုတ် ကုန်ကျသွားသည့် ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ကုန်ကျစ ရိတ်များ နှင့် အသုံးစရိတ်များအတွက် တာဝန်ရှိမည်မဟုတ်။ အကယ်၍ လူကြီးမင်းသည် အရောင်းမြှင့် တင်ရေး လိုက်နာရန်စည်းကမ်းချက်များနှင့် လျော့နှုန်းကို ဥပဒေနှင့်ဆန့်ကျင်၍ဖြစ်စေ၊ လိမ်လည် လှည့်ဖြားသော သဘော ဖြင့်ဖြစ်စေ အသုံးပြုသည်ကို တွေ့ရှိပါက လူကြီးမင်း၏ အသုံးပြုသူအကောင့်စာရင်း ကို ဆိုင်းင့ံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းအပါအဝင် မိမိတို့သည် လူကြီးမင်းအပေါ်တွင် အရေးယူနိုင်ပါသည်။ အထက်စာပိုဒ် ၄.၁.၃ နှင့် အညီ လူကြီးမင်း နှင့် GrabMart Merchant နှင့်/သို့မဟုတ် အခြားဝန်ဆောင်မှုပေးသူ တို့အကြား ပြုလုပ်သည့် အစီအစဉ် သို့မဟုတ် သဘောတူညီချက် အရ တင်သွင်းသည့် အမှာစာ/ကြိုတင်စာ ရင်းပေးထားခြင်း အတွက် အရောင်းမြှင့်တင်ရေးကုဒ် (များ) သို့မဟုတ် လျော့ဈေး(များ) ကို လူကြီးမင်းအနေဖြင့် ဆက်လက်၍ ရပိုင်ခွင့်ရှိနိုင် မည်မဟုတ်ပါ။ အဆိုပါ အခြေအနေများတွင် တင်သွင်းသည့် အမှာစာ(များ)/ ကြိုတင် စာရင်းပေးထားခြင်း(များ) မှ အရောင်းမြှင့်တင်ရေး (များ) သို့မဟုတ် လျော့ဈေး(များ) လျှောက်ထားမှုကို ဖယ်ရှား ပိုင်သည့် အခွင့်အရေး ကျွန်ုပ်တို့ထံတွင်ရှိသည်။ သို့မဟုတ် မမှန်မကန်လျှောက်ထားလာသည့် အရောင်းမြှင့်တင် ရေး (များ) သို့မဟုတ် လျော့ဈေး(များ) ကို အမှားပြင်ဆင်ပေးရန် လိုအပ်သည့် ဆောင်ရွက်ချက်များ ကို တစ်နည်းနည်းဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိမည်ဖြစ်သည်။
၄-၁-၈၊ “Grab ဈေးကုန်သည်”သည် လူကြီးမင်းထံသို့ ရောင်းချသည့် အစားအစာများနှင့် ဆက်စပ်၍ ထို့ပြင် အရည်အသွေးကို အာမခံခြင်းအတွက် တစ်ဦးတည်း တာဝန်ရှိရမည်။
၄-၁-၉၊ လူကြီးမင်းကသေချာစေရေးအတွက် တာဝန်ရှိသည်မှာ “အက်ပလီကေးရှင်း” ပေါ်တွင် လူကြီးမင်း ရေးသွင်းသည့် လက်ရောက်ပေးအပ်ခြင်းဆိုင်ရာ အသေးစိတ်အချက်များသည် တိကျပြီး၊ ပြည့်စုံမှုရှိရန် ဖြစ်သည်။ လူကြီးမင်းက “အက်ပလီကေးရှင်း”ပေါ်တွင် လူကြီးမင်း ရေးသွင်းသည့် မှားယွင်းသော လက်ရောက်ပေး အပ်ခြင်း ဆိုင်ရာ အသေးစိတ်အချက်အလက်များကြောင့် လူကြီးမင်းမှာသည့် ကုန်စည် များအား နောက်ကျစွာလက်ရောက် ပေးအပ်ခြင်း သို့မဟုတ် လက်ရောက်ပေးအပ်မှုမရှိခြင်းအတွက် Grab တွင် တာဝန်မရှိစေရ။
၄-၁-၁၀၊ ကုန်စည်ပစ္စည်းများကို လက်ရောက်ပေးအပ်ပြီးနောက်၊ လူကြီးမင်း သို့မဟုတ် လူကြီးမင်း ကိုယ်စားပြု လုပ်သူတစ်ဦးဦးက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ယင်းကုန်ပစ္စည်းများ (“ကွန်တိန်နာ” အပါအဝင်၊ သို့သော် ယင်းအရာကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ) ကုန်ရွေးကြန့်ကြာကြေး သို့မဟုတ် ထိန်း ချုပ်ခြင်း အတွက် လူကြီးမင်းတစ်ဦးတည်းတွင်သာလျင် တာဝန်ရှိစေရမည်။
၄-၁-၁၁၊ အကယ်၍ အကျုံးဝင်သက်ဆိုင်ပါက “Grab Mart ကုန်သည်များ” ထံမှ အရက်သေစာကို မှာကြားပါက၊ လူကြီးမင်းသည် အနည်းဆုံးအသက် (၁၈) နှစ် ရှိသည်ဟု အာမခံပါသည်။ အရက်သေစာကို အကျုံးဝင် သက်ဆိုင် သည့် ဥပဒေများနှင့် နည်းဥပဒေများအရ သတ်မှတ်ထားရာတွင် အသက်အနည်းဆုံး (၁၈) နှစ် ပြည့်သူကိုသာလျင် ရောင်းချပြီး လွှဲပြောင်းပေးနိုင်ပါသည်။ (“လက်ခံရရှိသူ”) “လက်ခံရရှိသူ” သည် “GrabMart Delivery ဝန် ဆောင်မှု ဖြည့်ဆည်းပေးသူ” က လက်ရောက်ပေးအပ်သည်တွင် အသက် (၁၈) နှစ်ပြည့်ရပါမည်။
၄-၁-၁၂၊ GrabMart Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများတွင် ဖော်ပြပါ အခွင့်အရေးများ ရှိပါသည်။ (၁) အသက်မှန်ကန်မှု ရှိ-မရှိ စစ်ဆေးရန် လူကြီးမင်း “လက်ခံရရှိသူ” ၏ “အမျိုးသားမှတ်ပုံတင်ကဒ်ပြား”ကို တောင်းခေါ်နိုင်ပါသည်။ (၂) လက်ရောက် ပေးအပ်သည့် သို့မဟုတ် ယူဆောင်သွားမည့် ပစ္စည်းကို လက်ခံရယူ မည့်သူသည် ထိုအချိန်တွင် အနည်း ဆုံး အသက် (၁၈) နှစ် မပြည့်လျင်ဖြစ်စေ၊ သူ/သူမသည် အနည်းဆုံး အသက် (၁၈) နှစ် ပြည့်ကြောင်း သက်သေမပြနိုင်လျင်ဖြစ်စေ အရက်သေစာပစ္စည်းကို လက်ရောက်ပေးအပ်နိုင်ရန် သို့မဟုတ် ဖြည့်ဆည်းပေးရန် ငြင်းဆိုနိုင်သည်။ (၃) ယူဆောင်သွားမည့်ပစ္စည်းကို လက်ရောက်ပေးအပ်ခြင်း သို့မ ဟုတ် မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခြင်း သို့မဟုတ် ယင်းသို့ရှိနေသည်ဟု ထင်မြင် ရခြင်း၊ ထို့ပြင် ယင်းအခြေအနေတွင် လူကြီးမင်းက သဘောတူညီသည်မှာ Grab၊ Grab Mart ကုန်သည်နှင့် Grab Mart လက်ရောက်ပေးခြင်း ဝန်ဆောင်မှုဖြည့်ဆည်းပေးသူများသည် လူကြီးမင်းအား ပြုလုပ်ပြီးသည့် ငွေပေးချေမှုအ တွက် ပြန်အမ်းရန်တာဝန်မရှိပါ။
၄-၁-၁၃၊ အကယ်၍ လူကြီးမင်းသည် အသက်(၁၈)နှစ်အောက် ဖြစ်ပါက၊ ဤတွင် သဘောတူညီသည်မှာ ဥပဒေအရ အကျိုးဆက်များသည် လူကြီးမင်းကိုယ်တိုင် စွန့်စားမှုဖြစ်သည့်အပြင်၊ တာဝန်ခံရပါမည်။ ထို့ပြင် လူကြီးမင်းက သဘောတူညီသည်မှာ ဖော်ပြပါလုပ်ဆောင်ချက် တစ်ရပ်ကြောင့် ပေါ်ပေါက်သည့် တောင်းဆိုမှုများ၊ လုပ်ဆောင်ချက်များ၊ အမှုတွဲဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တရားမမျှတမှုများအပြင် အားလုံးသော ဆက်စပ် သည့် ပေးရန်တာဝန်များ၊ လိမ်လည်လှည့်ဖြားရန်၊ ကြိုးကိုင်ချယ်လှယ်ရန်၊ ထိန်ချန်ရန် အားထုတ်ခြင်းမှ ပေါ် ပေါက်လာသော သို့မဟုတ် ဆက်စပ်သော “ကင်းလွတ်ခွင့်ပြုသည့် စာချူပ်ဝင်” ကကျခံရသည့် ဆုံးရှုံးမှုများ၊ ကျေအေးခြင်းများ၊ ပြစ်ဒဏ်များ၊ ဒဏ်ငွေများ၊ ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များ (အခြားအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရာတွင် ကုန်ကျစရိတ်များ အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ) မှ အထက်ဖော်ပြပါ အနည်းဆုံး အသက်ကန့်သတ်ချက် အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျင် ကန့်သတ်ထား သည်မဟုတ်ဘဲ ယင်း၏ ကိုယ်စားပြုမှုတွင် တိကျမှုမရှိခြင်း သို့မဟုတ် ဖောက်ဖျက်ခြင်း နှင့်/ သို့မဟုတ် ဥပဒေ တစ်ရပ်ရပ် သို့မဟုတ် အခြားသူ၏ အခွင့်အရေးကို ဖောက်ဖျက်ခြင်းတို့အတွက် Grab, GrabMart ကုန်သည်, GrabMart Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများအား ပေးရန်တာဝန်များမှ ကင်းလွတ်ပေးရန်ဖြစ်သည်။
၄-၂၊ Grab ဈေး အခြားသူဝန်ဆောင်မှုပေးသူများအတွက်
၄-၂-၁၊ လူကြီးမင်းသည် အောက်တွင်ဖော်ပြထားသည်ထက်ပိုသော အရွယ်အစား၊ အတိုင်းအတာ သို့မဟုတ် အလေးချိန်ရှိသည့် ပစ္စည်းပစ္စယများကို လက်ရောက်ပေးအပ်ရန် လက်ခံခြင်းမပြုရ-
– ၃၂ စင်တီမီတာ × ၂၅ စင်တီမီတာ × ၁၂ စင်တီမီတာ
– ၁၃ ကီလိုဂရမ်
၄-၂-၂၊ လူကြီးမင်းက သဘောတူညီသည်မှာ ပျက်ကွက်သည့် လက်ရောက်ပေးအပ်မှု ပေါ်ပေါက်သည်တွင် (ယင်းကိစ္စတွင် ဖောက်သည်က ဖြည့်ဆည်းပေးသည့် လိပ်စာသည် မှားယွင်းနေလျင်ဖြစ်စေ၊ ဖောက်သည် သည် “ကုန်စည်ပစ္စည်း”ကို လက်ခံရန် မတတ်စွမ်းနိုင်လျင် နှင့်/ သို့မဟုတ် ဆက်သွယ်၍ မရလျင်)နှင့် “ကုန်စည် ပစ္စည်းများ”ကို ပြန်လည်ပေးအပ်လျင် လူကြီးမင်းသည် ဖော်ပြပါအတွက် တာဝန် ရှိရမည်။ ယင်းအချက်မှာ လူကြီးမင်းသည် “ဖောက်သည်အတွေ့အကြုံ”ရှိသည့် ကိုယ်စားလှယ်က အတည်ပြုခြင်းနှင့် လမ်းညွန်ချက်အရ “ကုန်စည်ပစ္စည်းများ”ကို လူကြီးမင်းထံ လွှဲပြောင်းပေးသည့် “ကုန်သည်/ စတိုး” ထံသို့ လက်ရောက်ပေးအပ်ရန်/ ပြန်လည်အပ်နှံရန် သို့မဟုတ် “ကုန်စည်ပစ္စည်းများ”အား “အသုံးပြုသူ”၏ အိမ်ခြံဝင်း တွင် ချန်ထားခဲ့ရန်ဖြစ်သည်။
၄-၂-၃၊ လူကြီးမင်းက တာဝန်ခံသည်မှာ “ကုန်စည်ပစ္စည်းများ”ကိစ္စနှင့် ဆက်ဆံရာတွင် သတိထားရမည်ဖြစ်ပြီး၊ “ကုန်သည်”က လူကြီးမင်းအား လွှဲပြောင်းပေးသော တိကျသည့် အနေအထားဖြင့် လုံခြုံစွာဖြင့် လက်ရောက် ပေးအပ်ရာတွင် သေချာရေရာစေရန် အစွမ်းကုန် ကြိုးပမ်းမှုကို အသုံးပြုရန်ကိုလည်း တာဝန်ယူပါသည်။
၄-၂-၄၊ လူကြီးမင်းက သဘောတူညီသည်မှာ လူကြီးမင်းသည် လိုအပ်သည့် ပြစ်မှုကြောင်းစုံစမ်း စစ်ဆေးခြင်း နှင့် ဆက်စပ်၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ အာဏာပိုင်များထံမှ ပြည်တွင်းစုံစမ်းစစ်ဆေးမှုများ ညွှန်ကြား ချက်များကို လိုက်နာရာတွင် ကူညီရန်ဖြစ်သည်။
၄-၂-၅၊ လူကြီးမင်းက သဘောတူညီသည်မှာ ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ”ကို ချိုးဖောက်သည့် အကျိုးဆက်ကြောင့် လူကြီးမင်း ကိုယ်တိုင်၊ “အသုံးပြုသူ”၊ Grab သို့မဟုတ် အခြားသူက ဆုံးရှုံးသည့် ဆုံးရှုံးမှုများ သို့မဟုတ် နစ်နာမှုများ အားလုံးအတွက် တာဝန်ယူရမည် ဖြစ်ပြီး၊ ပေးရန်တာဝန်အားလုံးကို လည်း တာဝန်ယူ ရမည်။
၄-၃၊ Grabဈေးကုန်သည်များအတွက်
ဤအပိုင်းသည် “Grabဈေးကုန်သည်များ” (အကျုံးဝင်သက်ဆိုင်ပါက)နှင့် အကျုံးဝင်သက်ဆိုင်ပြီး၊ ဤ “သဘောတူညီချက်”ပါ စည်းကမ်းချက်များသည် လူကြီးမင်းနှင့် Grab တို့အကြား ချုပ်ဆိုသည့်စာဖြင့် သဘော တူညီချက် (များ) အပေါ်တွင် ပေါင်းထည့်ထားခြင်းဖြစ်သည်။
၄-၃-၁ ၊ အရပ်ရပ်ဆိုင်ရာစည်းကမ်းချက်များနှင့် ကိုယ်စားပြုခြင်း
(က) “GrabFood ကုန်သည်” သည် အရက်သေစာများကို ရောင်းချသည့် လိုင်စင်ရရောင်းသူဖြစ်ပြီး ယင်းသည် GrabFood App နှင့်/ သို့မဟုတ် “ဝန်ဆောင်မှု”မှတစ်ဆင့် အရက်သေစာ ပစ္စည်းပစ္စယများ ကို ရောင်းချရန် ဆန္ဒရှိပါသည်။ GradFood App မှတစ်ဆင့် မှာယူသည့် အရက်သေစာ ပစ္စည်းပစ္စယများ အတွက် မှာကြား ချက်များကို GrabFood ကုန်သည်သို့ ပေးပို့ပေးပါမည်။ GrabFood ကုန်သည်သည် ယင်းမှာကြားချက်များကို ရောင်းချခြင်းအတွက် တာဝန်ရှိပြီး၊ အရာင်းအဝယ်ကို ကြီးကြပ်ကွပ်ကဲပါသည်။ GrabFood ကုန်သည်သည် ယင်းမှာကြားချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိပြီး၊ အရောင်းအဝယ် ကို ကြီးကြပ်ကွပ်ကဲပါသည်။ “GrabFood ကုန်သည်” က သဘောတူညီသည်မှာ Grab သည် “GrabFood ကုန်သည်” နှင့် “အသုံးပြုသူ များ” ကြားတွင် ဖြစ်ပွားသည့် အရောင်းအဝယ်ကိစ္စရပ်များ၏ စပ်လျဉ်း၍ မည်သည့်တာဝန်မျှ မရှိစေရ။
(ခ) “GrabFood ကုန်သည်” က သဘောတူညီသည်မှာ ယင်းသည် ကြမ်းတမ်းသည့် ရာသီဥတု သို့မဟုတ် ယင်းအရက်သေစာ ပစ္စည်းပစ္စများ၏ သဘာဝအပါအဝင်၊ အခြားအကြောင်းတရား တစ်ရပ်ရပ်ကြောင့် ပျက်စီးယိုယွင်းမှု သို့မဟုတ် ဆုံးရှုံးမှုကို တားဆီးပေးရန် လိုအပ်သည့် အကာအကွယ် ပေးမှုအပါအဝင် GrabFood Delivery ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများက လက်ရောက်ပေးအပ်ရန် အတွက် ပစ္စည်းပစ္စများအားလုံးကို သင့်တင့်လျောက်ပတ်စွာ ထုတ်ပိုးပေးပါမည်။ အကယ်၍ ဥပဒေအရ လိုအပ်ပါက၊ အရက်သေစာပါဝင်သည့် အထုတ်အပိုးအပါအဝင်၊ သို့သော် ယင်းကိုသာလျင် ကန့်သတ် ထားသည်မဟုတ်ဘဲ (အကယ်၍ ဥပဒေအ ရလို အပ်ပါက) တံဆိပ်အမှတ်အသား ကပ်နှိပ်ထားရှိခြင်း သေချစေရန်နှင့် အသက်အရွယ်ဆိုင်ရာ တရားဝင် သက်သေ ခံချက်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအရ အနည်းဆုံး (၁၈)နှစ်နှင့် အထက် ပုဂိ္ဂုလ်သာလျင် လက်ရောက်ပေးအပ်နိုင်ရန် ဖြစ်သည်။
(ဂ) “GrabFood ကုန်သည်” က သဘောတူညီသည်မှာ Grab အနေဖြင့် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေနှင့် နည်းပညာများအပြင်၊ GrabFood App ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စဉ်းစားရန် အချက် များကို အထောက် အထားပြု၍ ဝယ်ယူရရှိနိုင်သည့် အရက်သေစာ ပစ္စည်းပစ္စများနှင့် GrabFood App အရ GrabFood ကုန်သည်က လက်ရောက်ပေးအပ်မည့် အချိန်နာရီ အပိုင်းအခြားကို ပြောင်းလဲပြင်ဆင် နိုင်သည်။
၄-၃-၂ ၊ “GrabFood ကုန်သည်” ဤတွင် အာမခံချက်ပြုသည်မှာ –
(၁) ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် ဘာအရေးအရ အရက်သေစာ ရောင်းချခြင်းမှ အခြားနည်းဖြင့် တားမြစ်ခြင်းမပြုပါ။
(၂) ယင်းသည် “ဝန်ဆောင်မှု” မှတစ်ဆင့် အရက်သေစာ ရောင်းချရန် လိုအပ်သည့် လိုင်စင်များနှင့်/ သို့မဟုတ် ပါမစ်များအားလုံးကို လက်ရှိထားရမည်။
(၃) Grab ထံသို့ ဖြည့်ဆည်းပေးသည့် သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများ အားလုံးသည် မှန်ကန်ပြီး တိကျမှုရှိရမည်။
၄-၃-၃၊ ကိုယ်တိုင်ငွေကြေးထည့်ဝင်သည့် ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှုများ ကို ဖန်တီးခြင်းနှင့် စောင့်ကြည့်၍ သတင်းထုတ်ပြန်ခြင်လူကြီးမင်းသည် “အက်ပလီကေးရှင်း” တွင် ထားရှိမည့် ကြေငြာ(များ) အတွက် အမှာစာပြု လုပ်ခြင်း သို့မ ဟုတ် အရောင်းမြှင့်တင်ရေးတွင်ပါဝင်ခြင်း နှင့် စည်းရုံးလှုံ့ဆောင်ရေး တစ်ခု(campaing) ဖန်တီး ခြင်းတို့ဆောင် ရွက်နိုင်သည်။ သို့ရာတွင် အဆိုပါ စည်းရှုံးလှုံ့ဆော်ရေး သို့မဟုတ် အရောင်းမြှင့်တင်ရေး သို့မဟုတ် ကြေငြာရေး (“ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှုများ”) နှင့် စပ်လျဉ်းသည့် ကျသင့်လာနိုင်သည့် ကုန်ကျစရိတ်များ သို့မဟုတ် စရိတ်စကများ အားလုံးကို လူကြီးမင်းက ကျခံရန် သဘောတူညီရမည်။ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ရပ် တွင်ပါဝင်ရန် သဘောတူညီချက်ကို ပြုလုပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြခြင်းတို့ပြုလုပ်ရာတွင် လူကြီး မင်း အနေဖြင့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု အမျိုးအစား၊ ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှု အတွက် ဘတ်ဂျက် နှင့် ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှု အတွက် အဆိုပြုသည့် အချိန်ကာလ နှင့်/ သို့မဟုတ် Grab အနေဖြင့် ရရှိရန်ပြု လုပ်ပေးနိုင် သည့် အခြားရွေးချယ်ပိုင်ခွင့် သို့မဟုတ် နယ်ပယ်များ ရွေးချယ်မှု စသည့် အချက်အလက်များ ဖောပြရန် လိုအပ်နိုင်ပါ သည်။ လူကြီးမင်းရွေးချယ်နိုင်သည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု အမျိုးအစားကို Grab ၏ တစ်ဦးတည်း ဆုံး ဖြတ်ချက်ဖြင့် အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်နိုင်သည်။ ထို့ပြင် ထောက်ပံ့ပေး အပ်ထားသည့်၊ အကြုံပြု ထားသည့် သို့မဟုတ် ကမ်းလှမ်းထားသည်များသည် ဆိုထားသည့် အတိုင်းပင် ယင်းတို့ ကို ရရှိနိုင်အောင်ပြုလုပ် ထားခြင်းဖြစ်သည်ကို လူကြီးမင်းအနေဖြင့် အသိအမှတ်ပြု သဘော တူညီပါသည်။
“အက်ပလီကေးရှင်း” မှတစ်ဆင့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ရပ်တွင်ပါဝင်ရန် သဘောတူညီ ချက်ကို ဖန်တီးခြင်း သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြခြင်းဖြင့် လူကြီးမင်သည် အောက်ပါနောက်တိုး အထွေထွေ စည်းကမ်းချက်များကို လက်ခံသည်-
(က) လူကြီးမင်း၏ အကောင့်မှ တစ်ဆင့်(ကျွန်ုပ်တို့၏ “အက်ပလီကေးရှင်း” မှ တစ်ဆင့် သို့မဟုတ် အခြား နည်း လမ်းဖြင့်) ကျွန်ုပ်တို့ထံသို့တင်ပြသော ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ခု တွင် ပါဝင်ရန် သဘော တူညီကြောင်း နှင့် သက်ဆိုင်ရာ စည်းကမ်းချက်များကို လက်ခံကြောင်း တင်ပြချက် တို့ အကန့်အသတ်မဲ့ အပါ အဝင် မည်သည့် သတင်းအချက်အလက်များ ကိုမဆို အခြားသောသူ တစ်ဦးဦး သို့မဟုတ် လူကြီးမင်း၏ ဝန်ထမ်း က လူကြီး မင်းကိုယ်စား လာရောက်တင်ပြခဲ့သည့်တိုင် လူကြီးမင်းကိုယ်တိုင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ လူကြီးမင်း၏ အကောင့်ထဲသို ခွင့်ပြုချက် ပေးထားသော သူများ သာလျှင် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သေချာ စေရေးမှာ လူကြီးမင်း ၏ တာဝန်သာဖြစ်သည်။
(ခ) မိမိတို့က လိုအပ်၍ဖြစ်စေ၊ အခြားနည်းဖြစ်စေ ဖြည့်ဆည်းပေးရာတွင် မိမိတို့၏ “အက်ပလီကေးရှင်း” ထဲသို့ လူကြီးမင်းထည့်သွင်းသည့် သတင်းအချက်အလက်သည် ပြည့်စုံရမည်၊ မှန်ကန်ရမည်၊ တိကျရ မည်။ ထို့ပြင် အထင်အမြင် လွဲမှားစေခြင်း မရှိစေရ။
(ဂ) မိမိတို့၏ “အက်ပလီကေးရှင်း” မှတစ်ဆင့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ရပ် တွင်ပါဝင်ရန် သဘော တူညီချက်ကို ဖန်တီးသည့် သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြသည့် လူကြီးမင်း၏ ဆန္ဒသည် အစစ်အမှန်ရမည် ဖြစ်ပြီး၊ အသုံးပြုသူများကို အထင်အမြင်လွဲမှားစေသော အသွင်လက္ခဏာမျိုးဖြင့် ဆောင်ရွက်ခြင်းမပြုရ။ အ ကယ်၍ မိမိတို့၏ “အက်ပလီကေးရှင်း”မှတစ်ဆင့် လူကြီးမင်းဖန်တီးသည့် “ကမ်ပိန်း” သို့မဟုတ် အရောင်း မြှင့်တင်ရေး နှင့်အညီပြုလုပ်သည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု နှင့် စပ်လျဉ်း၍ သို့မဟုတ် ယင်းမှ ပေါ်ပေါက် လာသော မိမိတို့၏ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများ ကိုလူကြီးမင်းက ကျခံရမည်။
(ဃ) လူကြီးမင်းက ရွေးချယ်သည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု အမျိုးအစားပေါ်တွင် မူတည်၍ ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှု ကို လူကြီးမင်း အကောင်အထည်ဖော်သည့် နည်းလမ်းသည် ကွဲပြားနိုင်ပါသည်။ လူကြီးမင်းက သဘောတူညီသည်မှာ ဖန်တီးထားသည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု အမျိုးအစား တစ်ခုချင်းစီအပေါ် နား လည်နိုင်ရန် “အက်ပလီကေးရှင်း” ပေါ်တွင် မိမိတို့က လူကြီးမင်းတို့ ရရှိစေရန် ပြုလုပ်ထားသော သတင်း အချက် အလက် တစ်ရပ်ရပ် သို့မဟုတ် အားလုံးကို ပြန်လည် သုံးသပ်ရန်မှာ လူကြီးမင်း၏တာဝန်ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။ အကယ်၍ လူကြီးမင်းသည် စုံစမ်းမေးမြန်းမှုများ တစ်စုံတစ်ရာ ပြုလုပ်ပါက၊ လူကြီးမင်းက သဘောတူညီသည်မှာ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ရပ် တွင်ပါဝင်ရန် သဘောတူညီချက်ကို ပြုလုပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြခြင်း မပြုမီ ယင်းအချက်အား လူကြီးမင်း၏ ဝန်ထမ်းများအား ရှင်းလင်း တင် ပြရန် လူကြီးမင်း၏ တာဝန်ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု တစ်ရပ် တွင်ပါ ဝင်ရန် သဘောတူညီချက်ကို ပြုလုပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြခြင်းဖြင့် လူကြီးမင်းသည် ပြန်လည် ရုတ်သိမ်း၍ မရတော့ဘဲ သဘောတူညီသည်မှာ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု ကို ဖန်တီးမည့် နည်းလမ်းကိုဖြစ် သည်။
(င) လူကြီးမင်းသည် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု နှင့် စပ်လျဉ်း၍ အသုံးပြုသူများ ထံမှ တိုင်တန်းချက်များ သို့မဟုတ် စုံစမ်းမေးမြန်းချက်များကို တိုက် ရိုက်ကိုင်တွယ်ဖြေရှင်းရန် တာဝန် ရှိရမည်။
(စ) ဈေးကွက်ရှာဖွေရေးလုပ်ရှားမှု တစ်ရပ်ကို လူကြီးမင်းအနေဖြင့် ရပ်စဲခြင်း၊ ရပ်နားခြင်း သို့မဟုတ် အခြား နည်းဖြင့် ပြောင်းလဲခြင်းတို့ပြုလုပ်လိုပါက ( ဥပမာ – အဆိုပါ အချိန်ကာလ ကုန်ဆုံးမှုမတိုင်မီ ဈေးကွက် ရှာဖွေ ရေးလှုပ်ရှားမှု အရ ဈေးနှုန်းလျော့ပေးထားသော ကုန်ပစ္စည်းများ ပြတ်လတ်သွားပါက၊ လူကြီးမင်းအနေဖြင့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုကို ဖျက်သိမ်းလိုပါက သို့မဟုတ် ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှုအတွက် ဖော်ပြသည့် ဘတ်ဂျက်ကို ပြောင်းလဲလိုပါက)မိမိတို့က သတ်မှတ်ဖော်ပြထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်အညီ မိမိတို့၏ “အက်ပလီကေးရှင်း” မှတစ်ဆင့် သို့မဟုတ် အခြားနည်းဖြင့် ယင်းအချက်အား ချက်ချင်းဖော်ပြရမည်။ ယင်း လုပ်ငန်းစဉ် အဆင့်ဆင့် ပြီးဆုံးခြင်း မတိုင်မီ၊ လူကြီးမင်းသည် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု နှင့် ဆက်စပ်၍ ကုန် ကျသည့် ကုန်ကျစရိတ်များ သို့မဟုတ် အသုံးစရိတ်များ တစ်ရပ်ရပ် သို့မဟုတ် အားလုံးကို ကျခံပေးရန် ဆက် လက်တာဝန်ရှိရမည်ဖြစ်ပြီး၊ ယင်းကိစ္စ ရပ်ပေါ်တွင် နောက်ဆုံးအသုံးပြုသူများ/စားသုံးသူများ ထံမှ စုံစမ်းမေး မြန်းချက်များ သို့မဟုတ် တိုင်တန်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိရမည်။
(ဆ) တခြားနည်းပြဌာန်းချက် မည်သို့ပင် ပါရှိစေကာမူ၊ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဈေးကွက်ရှာ ဖွေရေးလှုပ်ရှားမှု တစ်ရပ် တွင်ပါဝင်ရန် သဘောတူညီချက်ကို ပြုလုပ်ခြင်း သို့မဟုတ် ဖော်ပြခြင်းသည် အဆိုပါဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု သည် အကျုံးဝင်သက် ဆိုင်သည့် ဥပဒေနှင့်ကိုက်ညီ၍ ခွင့်ပြုချက်ပေး သည် ဟု ဖော်ပြရာမရောက်ပါ။ လူကြီးမင်းက သဘောတူညီသည်မှာ မိမိတို့ထံ တင်ပြသည့် သတင်း အချက် အလက်၏ လျှို့ဝှက်ထားရှိခြင်းအား ထိန်းသိမ်းထားရှိရန် လူကြီးမင်းတွင် တစ်ဦးတည်းနှင့် အပြည့်အဝ တာဝန်ရှိသည်။ ထို့ပြင် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု သည် အကျုံးဝင် သက်ဆိုင်သည့် ဥပဒေနှင့် အညီပြုလုပ်ရမည်။
(ဇ) မိမိတို့သည် ဈေးကွက်ရှာ ဖွေရေးလှုပ်ရှားမှု အား ကြီးကြပ် ခြင်း နှင့် စောင့်ကြည့်၍ သတင်း ထုတ်ပြန် ခြင်းမပြုသလို မိမိတို့တွင် ဈေးကွက်ရှာ ဖွေရေးလှုပ်ရှားမှု ကို ဖျက်သိမ်းပိုင်ခွင့်၊ ရပ်နားခွင့် သို့မဟုတ် အခြား နည်းဖြင့် ပြောင်းလဲခွင့် ရှိသည်။ (သို့သော် ထိုသို့ ဆောင်ရွက်ရန် တာဝန်ရှိသည် မဟုတ်။)
(ဈ) မိမိတို့သည် ဈေးကွက်ရှာ ဖွေရေးလှုပ်ရှားမှု နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်အား လူကြီးမင်း ရရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ရာ၊ ယင်းသတင်းအချက်အလက်ကို “အက်ပလီကေးရှင်း” တွင် ပါဝင်သည့် အကြောင်း အရာ၏ အစိတ်အပိုင်းအဖြစ် ယူဆမည်ဖြစ်ပြီး၊ အောက်တွင် ပေးထားသည့် အပိုဒ် ၄-၃-၆ နှင့် ကိုက်ညီရမည်။
(ည) လူကြီးမင်းသည် အောက်ပါ စာပိုဒ် ၄.၃.၇ တွင် သတ်မှတ်ထားသည့် နည်းလမ်းဖြင့် မိမိတို့အား ဈေးကွက် ရှာ ဖွေရေးလှုပ်ရှားမှု နှင့် ဆက်စပ်သော ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များ တစ်ရပ်ရပ်နှင့် အားလုံးအတွက် ပေးချေရန် ဖြစ်သည်။
(ဋ) အကယ်၍ လူကြီးမင်း၏ “အကောင့်စာရင်း” ကို လူကြီးမင်း၏ ခွင့်ပြုချက် မရှိဘဲ ဈေးကွက်ရှာ ဖွေရေး လှုပ်ရှားမှု တစ်ရပ် တွင်ပါဝင်ရန် သဘောတူညီချက်ကို ပြုလုပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ဖော်ပြခြင်း တို့ပြု လုပ်ရာတွင် အသုံးပြုလျှင်ဖြစ်စေ၊ “အက်ပလီကေးရှင်း” ပေါ်ရှိ အသွင်လက္ခဏာများကို အခြားနည်း အသုံးပြုလျှင် ဖြစ်စေ၊ အခြားလုံခြုံရေးချိုးဖောက်မှု ဖြစ်ပွားလျှင်ဖြစ်စေ၊ လူကြီးမင်းသည် မိမိတို့အား ချက်ချင်း အကြောင်း ကြားရမည်။ ယင်းသို့သော အခြေအနေမျိုးတွင် လူကြီးမင်းက သဘောတူညီသည်မှာ (လူကြီးမင်း၏ “အကောင့် စာရင်း” အား အသုံးပြုလျက် ဖန်တီးပြုလုပ်သည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု အရ ပေါ်ပေါက်သည့် ကုန်ကျစ ရိတ်များနှင့် အသုံးစရိတ်များကို ကျခံရန် အပါအဝင် ၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ) တရားမဝင် အသုံးပြုသည့် အကြောင်းကြောင့် မိမိတို့ ကျခံရသည့်ဆုံးရှုံးမှုများနှင့် နစ်နာမှုများ တစ်စုံတစ်ရာ အတွက် မိမိအား လျော်ကြေးပေးရမည်။ သံသယ ကင်းရှင်းစေရန် အလို့ငှာ လူကြီးမင်း၏ “အကောင့်စာရင်း” ကို တစ်ဦးတစ်ယေက် က အသုံးပြုသည့် အကြောင်းကြောင့် လူကြီးမင်းတွင် ပေါ်ပေါက်သည့် ဆုံးရှုံးမှုတစ်ရပ်ရပ် အ တွက် မိမိတို့တွင် တာဝန်ရှိမည်မဟုတ်။
(ဌ) လူကြီးမင်းက သဘောတူညီသည်မှာ လူကြီးမင်းက ဖန်တီးပြုလုပ်သည့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှု နှင့်အ ညီ အသုံးပြုသူများ လူကြီးမင်းအား ပေးအပ်ရမည့် ပမာဏ တစ်ရပ်ရပ်ကို အခါအားလျော်စွာ မိမိတို့က မျက် မှောက်ခေတ်ကာလနှင့်အညီ ပြုလုပ်ထားသည့် မိမိတို့၏ ဌာနတွင်း ပေါ်လစီများနှင့်အညီ ကိန်းပြည့် ဂဏန်း ပြု လုပ်နိုင်သည်။
၄-၃-၄၊ ပါဝင်သည့်အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို တင်သွင်းခြင်း
လူကြီးမင်းက လူကြီးမင်း၏ “အက်ပလီကေးရှင်း” ပေါ်တွင် တင်ထားသည့် အကြောင်းအရာ သို့မဟုတ် သတင်းအ ချက်အလက်ကိုဖြစ်စေ၊ မိမိတို့အား အခြားနည်းဖြည့်ဆည်းပေးသည့် ယင်းအရာတို့ကိုဖြစ်စေ၊ မိမိတို့က ပိုင်ဆိုင် သည်ဟု တောင်းဆိုခြင်း မပြုလုပ်ပါ။ အကယ်၍ လူကြီးမင်းက တင်ထားသည့် သို့မဟုတ် မိမိတို့အား ဖြည့်ဆည်း ပေးထားသည့် အကြောင်းအရာ တစ်ရပ်ရပ်သည် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးတွင် အကျုံးဝင် သက် ဆိုင်လျှင် (ဓါတ်ပုံများနှင့် ဗီဒီယိုများ အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထား သည် မဟုတ်ဘဲ)၊ လူကြီးမင်းသည် (က) မိမိတို့အား လူကြီးမင်း၏ ပါဝင်သည့် အကြောင်းအရာကို ပြသရန်၊ အသုံးပြုရန်၊ ဖြန့် ဝေရန်၊ပြောင်းလဲရန်၊ အမြန်တင်ပြရန်၊ မိတ္တူကူးရန်၊ အများမြင်သာအောင် ခင်းကျင်းပြသရန် သို့မဟုတ် ပြသရန် ဘာသာပြန်ဆိုရန်နှင့် ဆင့်ပွားပစ္စည်းများကို ဖန်တီးရန် အတွက် သီးသန့်မဟုတ်သော၊ မူပိုင်ခ မပေးရ သော၊ လွှဲပြောင်းပေးအပ်နိုင်သော၊ တစ်ဆင့်ခံ လိုင်စင် ထုတ်ပေးနိုင်သော၊ ကမ္ဘာအနှံ့အသုံးပြုနိုင်သော လိုင်စင်ကို ခွင့်ပြု ရမည်။ နှင့် (ခ) တာဝန်ခံချက် ပြုရမည်မှာ လူကြီးမင်းသည် ယင်းလိုင်စင်အား မိမိတို့အား ထုတ်ပေးရန် အ ခွင့်အရေးရှိသည်။
“အက်ပလီကေးရှင်း” မှတစ်ဆင့် မိမိတို့သည် လူကြီးမင်းအား မိမိတို့ထံ လူကြီးမင်းက တင်ပြသည့် ပါဝင်သည့် အ ကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို လုပ်ငန်းမျိုးစုံကို ဖော်ပြသည့်ဇယား၊ ဆက်စပ်သည့် သတင်း အချက်အလက် အပါအဝင် သို့သော် ယင်းအချက်ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ ပြောင်းလဲ ရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ၊ ရွေးချယ်မှု တစ်ရပ်ဖြင့် ဖြည့်ဆည်းပေးနိုင်သည် သို့မဟုတ် အသုံးပြု သူတစ်ဦးက ပြုလုပ်သည့် အမှာစာ တစ်ခု၏ အသေးစိတ် အချက်အလက် (များ) အကန့်အ သတ်မဲ့အပါအဝင် ဝန် ဆောင်မှု (များ) ကို ထောက်ပံ့ရန်အလို့ငှာ အသုံးပြုသူ(များ) က တင်ပြသည့် အချို့သောပါဝင်သည့် အကြောင်း အ ရာများ
လူကြီးမင်းက ဝန်ခံကတိ ပြုသည်မှာ အဆိုပါ- ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်ကို မိမိတို့ လုပ်ငန်းဆောင်ရွက်သည့် “အက်ပလီ ကေးရှင်း” မှတစ်ဆင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ယင်းတို့မှ တစ်ဆင့် နောက်ဆုံး ဖောက်သည်များ ထံသို့ သင့်တင့် လျောက်ပတ်သည့် အချိန်တွင် ရရှိနိုင်ပါသည်။ ထို့ပြင် တာဝန်ခံသည်မှာ မိမိတို့တွင် တစ်စုံတစ်ရာ တာဝန်မရှိဘဲ၊ အဆိုပါ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်း အချက်အလက်နှင့် စပ်လျဉ်း၍ နောက်ဆုံး ဖောက်သည်များ၏ တိုင်ကြားချက်များ သို့မဟုတ် မေးမြန်းချက်များကို ကိုင်တွယ်ရမည်။ (ထို့ပြင် တာဝန်ယူရမည်။) မိမိတို့သည် အခါအားလျော်စွာ (“အက်ပလီ ကေးရှင်း” မှတစ် ဆင့်ဖြစ်စေ၊ အခြားနည်းဖြစ်စေ) မိမိတို့ထံ လူကြီးမင်းက တင်သွင်းသည့် ပါဝင်သည့် အကြောင်း အရာ သို့မဟုတ် သတင်းအချက်အလက်ကို သုံးသပ်နိုင်သည်။ သို့သော် ယင်းသို့ဆောင်ရွက်ရန် တာဝန် မရှိစေရ။ ထို့ပြင် မိမိတို့က သင့်တော်သည်ဟု ထင်မြင်ပါက လူကြီးမင်းက တင်သွင်းသည့် ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် သတင်းအချက်အလက်၏ မည်သည့် အစိတ်အပိုင်းကို မဆို ဖယ်ရှားရန် သို့မဟုတ် ပြင်ဆင်ပိုင် ခွင့်ရှိသည်။ သံသ ယ ကင်းရှင်းစေရန် အလို့ငှာ လူကြီးမင်းက အမြဲတစေသေချာစေရန်မှာ တင်သွင်းသည့် ပါဝင် သည့် အကြောင်း အရာ သို့မဟုတ် သတင်းအချက်အလက် သည် အကျုံးဝင် သက်ဆိုင်သည့် သတင်း အချက်အလက်ကို ဖောက်ဖျက်ခြင်းမရှိ၊ ထို့ပြင် အခြားသူများ၏ အခွင့်အရေးများကို ဖောက်ဖျက်ခြင်း မရှိစေရန် ဖြစ်သည်။ ဥပမာ အ သုံးပြုသူတစ်ဦး ကပြု လုပ်သည့် အမှာစာ တစ်ခု ကဲ့သို့ အသုံးပြုသူ(များ) ကတင်ပြသည့် ပါဝင်အကြောင်း အရာ တစ်ခုခု ကို လူကြီးမင်း ကပြင်ဆင်သည့်အခါ လူကြီးမင်းသည် ထိုသို့ပါဝင် အကြောင်းအ ရာကို ပြင်ဆင် ခြင်းအားဖြင့် အောက်ပါ အချက်များ ကို သဘောတူညီပါသည်- (၁) လူကြီးမင်းသည် အမှန်တကယ် အသုံး ပြုသူ ထံမှ လက်ခံကြောင်း သို့မဟုတ် ကြို တင်ခွင့်ပြုချက် လက်ခံရရှိပြီးဖြစ်ခြင်း၊ နှင့် (၂) ပြုလုပ်လိုက်သည့် ပြင်ဆင်ချက်(များ) ကို အမှား ပြင်ဆင်ရန် “ပြင် ဆင်မှုဆိုင်ရာ အစီအမံ(များ)” (အောက်တွင် အဓိပ္ပါယ်ဖွင့်ဆိုထား သည့် အတိုင်း) အား (တာဝန်အရမဟုတ်သည့်) ဆောင်ရွက်ပိုင်ခွင့် သို့မဟုတ် ပြုလုပ်ခဲ့သည့် ပြင်ဆင်ချက်(များ) နှင့် စပ် လျဉ်း၍ သို့မဟုတ် ယင်းတို့ထံမှ ပေါ်ပေါက်လာသည့် အငြင်းပွါးမှုများ သို့မဟုတ် တိုင်တန်းချက်များကို တစ်နည်းနည်းဖြင့် ဖြေရှင်း ပိုင်ခွင့် Grab ထံတွင်ရှိသော်လည်း လူကြီးမင်း ပြုလုပ်လိုက် သည့် ပြင်ဆင်ချက်များ တွင် Grab အနေဖြင့် ပါဝင် ဆောင်ရွက် မည် သို့မဟုတ် တာဝန်ရှိမည်မဟုတ်ပါ။
၄-၃-၅၊ ပုဂ္ဂိုလ်ရေးအချက်အလက်
အထက်ဖော်ပြပါ အချက်များကို မထိခိုက်စေဘဲ၊ “အနှောက်အယှက်မှ အေးငြီမ်းမှု ပေါ်လစီ” တွင် ဖော်ပြထား သော လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက် ပါဝင်နိုင်သည့် မိမိတို့၏ စနစ်များတွင် ကုန်သည်တစ်ဦးအဖြစ် လူကြီးမင်း၏ မှတ်ပုံတင်ခြင်းအတွက် မိမိတို့ထံ လူကြီးမင်း တင်သွင်းသည့် သတင်းအချက်အလက်သည် “အက် ပလီကေးရှင်း” ပေါ်ရှိ အကောင့်စာရင်းတွင် ချိတ်ဆက်နိုင်သည် သို့မဟုတ် “အက်ပလီကေးရှင်း” ပေါ်ရှိ “ဝန် ဆောင်မှု” ကို ဆောင်ရွက်မှု လမ်းကြောင်းနှင့် ချိတ်ဆက်နိုင်သည်။ လူကြီးမင်းသည် မိမိတို့၏ စနစ်များမှ တစ်ဆင့် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းကို လွယ်ကူစေရေး ကိစ္စအတွက် သတင်းအချက်အလက်ကို ယင်းသို့ လွှဲ ပြောင်း ပေးခြင်းနှင့် သိုလှောင်ခြင်းကို လူကြီးမင်းက ဤသို့ဖြင့် သဘောတူညီချက်ပေးပါသည်။ အကောင့်စာရင်းနှင့် “အက်ပလီကေးရှင်း” အား လူကြီးမင်း အသုံးပြုခြင်းကို လူကြီးမင်း၏ စီးပွားရေး လုပ်ငန်းနှင့် “အကောင့် စာရင်း” ပေါ်တွင် သတင်းအချက်အလက်အား လူကြီးမင်းထံသို့ ဖြည့်ဆည်းပေးရန် မိမိတို့ကဖြစ်စေ၊ အခြား ဝန် ဆောင်မှုပေးသူက ဖြစ်စေ၊ စောင့်ကြည့်၍ သတင်းထုတ်ပြန်နိုင်သည်။
တိုက်ရိုက် နှင့် သီးသန့် သက်ဆိုင်သည့် ကိစ္စရပ် အတွက် လူကြီးမင်းအား “အက်ပလီကေးရှင်း” မှ တစ်ဆင့် ပေးအပ်ထားသဖြင့် လူကြီးမင်း လက်ခံရရှိထားသည့် ကိုယ်ရေးအချက်အလက်များကို အဆိုပါ ကိစ္စရပ်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း လူကြီးမင်း အနေဖြင့် ဆက်လက်၍ သဘောတူညီရ မည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ကိစ္စရပ် အတွက် ကိုယ်ရေးအချက်အလက်များကို ဆက်လက်ထားရှိရန် မလိုအပ်တော့သည် နှင့် တစ်ပြိုင်နက် ယင်းတို့ကို ပယ်ဖျက်ရမည် သို့မဟုတ် အမည်မသိ ပြုလုပ်ရမည်။ သံသယကင်းရှင်းစေရန် အလို့ငှာ ပြုလုပ် လိုက်သည့် အမှာစာ တစ်ခုကို ပြင်ဆင်ရန် အတွက် ကြိုတင်အတည်ပြုချက် ရရှိရန် အလို့ငှာ “အက်ပလီကေးရှင်း” မှ တစ်ဆင့် လူကြီးမင်းအနေဖြင့် အသုံးပြုသူ တစ်ဦး၏ ကိုယ်ရေးအချက်အလက်များ ထောက်ပံ့ပေး ပို့ခြင်းခံရ သည့်အခါ လူကြီးမင်းသည် အဆိုပါ အချက်အလက်များကို အဆိုပါ ကိစ္စရပ်အတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ အဆိုပါ ကိစ္စရပ် အတွက် ဆက်လက်၍ လိုအပ်ခြင်းမရှိတော့သည့် အခါ အဆိုပါ အချက်အလက်ကို လူကြီးမင်း ပိုင်ဆိုင် ထားသည်မှ နှင့် စနစ်များထံမှ ချက်ချင်းထုတ်ပယ်ရမည်။
၄-၃-၆၊ အာမခံခြင်းနှင့် ပေးရန် တာဝန်ရှိခြင်း
လူကြီးမင်းက အာမခံသည်မှာ ဖြည့်ဆည်းပေးပြီး၊ “အသုံးပြုသူများ” အား ရောင်းချသည့် “ကုန်စည်များ” သည် စားသုံးရန်/အသုံးပြုရန် အရည်အသွေးကောင်းမွန်ပြီး လုံခြုံစိတ်ချရမှု ရှိပါသည်။ အကယ်၍ “ကုန်စည်များ” သည် ပျက်စီးယိုယွင်းသည်၊ ကျိုးပဲ့သည်၊ ချို့ယွင်းချက်ရှိသည်၊ ထို့ပြင် (အကယ်၍ စားသုံးပါက သို့မဟုတ် အသုံးပြုပါက) “အသုံးပြုသူများ” က စိတ်ပျက်ရသည်၊ သို့မဟုတ် အန္တရာယ်ဖြစ်စေသည် ဆိုလျှင် လူကြီးမင်းသည် အရေးကြီး သည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ ယင်းဖြစ်ရပ်အတွက် ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိမည်ဖြစ်ပြီး၊ သို့မဟုတ် ဥပဒေ ကြောင်းအရ ပေးရန်တာဝန်ရှိရမည့် အပြင် Grab အား ယင်းကိစ္စနှင့် ပက်သက်သည့် တောင်းဆိုမှုမှ ကင်း လွတ်စေရမည်။
“Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir – Services ကုန်သည်များ” က အာမခံသည်မှာ ကမ်းလှမ်း သည့် “ကုန်စည်များ” သည် အသုံးပြုသူများအတွက် ကောင်းမွန်မှုရှိပြီး၊ အရည်အသွေးမြင့်မားရမည်။ ထို့ပြင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အားလုံးနှင့် ကိုက်ညီရမည်။ အကယ်၍ ဖောက်ဖျက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များက တွေ့ရှိရပါက၊ လူကြီးမင်းသည် Grab ထံ ချက်ချင်း အကြောင်းကြားရမည်။ လူကြီးမင်းက ဆက်လက်၍ ဝန်ခံကတိပြုပြီး သဘောတူညီသည်မှာ “GM” နှင့်/သို့မဟုတ် “GG Delivery ဝန်ဆောင်မှု ဖြည့် ဆည်းပေးသူများ” သည် ခရီးစဉ် လွယ်ကူချောမွေ့စေရေးအတွက် (အကျုံးဝင်သက်ဆိုင်ပါက) အများအပြား သော မှာကြားချက်များကို တစ်ခုချင်းစီပေးပို့နိုင်သည်။
“Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir ဝန်ဆောင်မှု ကုန်သည်များ” ကလည်း အာမခံရမည်မှာ တည်ဆဲဥပဒေများအရ စီးပွားရေးလုပ်ရန်အတွက် လိုအပ်သော လိုင်စင်များအား ရရှိထားပြီး၊ တရားဝင်ဖြစ်ရမည်။ ယင်းတွင် ဖော်ပြပါတို့ကိုသာလျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ “ကုန်စည်များ” ရောင်းချရန် အတွက် စီးပွားရေး လုပ်ငန်း လိုင်စင်များ၊ လုပ်ငန်းဆိုင်ရာ လိုင်စင်များ နှင့်/သို့မဟုတ် အခြားသက်ဆိုင်ရာ လိုင်စင်များနှင့် (အကယ်၍ “Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir ဝန်ဆောင်မှု ကုန်သည်များ” သည် အရက်သေစာ/စီးကရက် ထုတ်ကုန်များကို ရောင်းချပါက) အရက်သေစာ/စီးကရက် ရောင်းချရန် လိုင်စင်တို့ ပါဝင်သည်။ လိုင်စင်ရရှိရန် ပျက်ကွက်မှုမှ ပေါ်ပေါက်လာသည့် အန္တရာယ်များသည် “Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir ဝန်ဆောင်မှု ကုန်သည်များ” ပေါ်တွင် သီးသန့်ကျရောက်သည်။ ထို့ပြင် “Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir ဝန်ဆောင်မှု ကုန်သည်များ” က Grab အား “Grab ဈေးကုန်သည်များ” နှင့်/သို့မဟုတ် “Grosir ဝန်ဆောင် မှုကုန်သည်များ” အနေဖြင့် သက်ဆိုင်ရာ လိုင်စင်များကို လိုက်နာရန် ပျက်ကွက်မှုနှင့် ဆက်စပ်သော တောင်းဆို မှုများ၊ လျှောက်ထားချက်များ သို့မဟုတ် အခြားတရားစွဲဆိုမှုများမှ ဤတွင် အန္တရာယ်မှ ကင်း လွတ်ခွင့် ရှိစေရမည်။
၄-၃-၇၊ “ဟိုက်ပါလင့်ခ်” များ
အကယ်၍ လူကြီးမင်းသည် မိမိတို့၏ “အက်ပလီကေးရှင်း”ပေါ်တွင် ပါဝင်သည့် အကြောင်းအရာ တစ်ရပ်ရပ်အား ချိတ်ဆက်ရန် သို့မဟုတ် အသုံးပြုရန် ဆန္ဒရှိပါက မိမိတို့၏ ကြိုတင် စာဖြင့် ရေးသားထားသော သဘောတူခွင့်ပြုချက်ကို ရယူရပါမည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ လူကြီးမင်းသည် မိမိတို့က ချင့်ချိန်စဉ်းစားနိုင်ရန် အတွက် အီးမေးလ်ဖြင့် တရားဝင် မေတ္တာရပ်ခံချက် တစ်ရပ်ကို မိမိတို့ထံပေးပို့ရပါမည်။ သံသယကင်းရှင်းစေရန် အလို့ငှာ မိမိတို့၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး ကိစ္စအတွက် မိမိတို့၏ “အက်ပလီကေးရှင်း” ပေါ်ရှိ ပါဝင်သည့်အကြောင်းအရာအား ချိတ်ဆက်ရန် ဖြစ်စေ၊ အသုံးပြုရန် ဖြစ်စေ လူကြီးမင်းအား ခွင့်မပြုပါ။ မည်သည့် ကိစ္စရပ်တွင်မဆို၊ မိမိတို့က ချိတ်ဆက်ရန် သဘောတူခွင့်ပြုချက် ပေးထားသော်လည်း ဖော်ပြပါ အချက်များတွင် မိမိတို့၏ “အက်ပလီကေးရှင်း” သို့ ချိတ်ဆက်မှုကို မပြုလုပ်ရပါ။ (က) မည်သည့် မချက်မျှ မရှိသည့် ကိစ္စ၌ မိမိတို့ဘက်တွင် ဆက်စပ်မှု၊ သဘောတူခွင့်ပြုခြင်း သို့မဟုတ် ထပ်ဆင့်ခွင့်ပြုခြင်းပုံစံ တစ်ရပ် ရပ်ကို အဆိုပြုရန် နည်းလမ်းအဖြင့် အသုံးပြုခြင်း၊ သို့မဟုတ် (ခ) ယင်းသို့ချိတ်ဆက်မှုအား တားမြစ်သည့် ဝက်ဆိုက်တစ်ခုခုသို့ ဖြစ်စေ၊ မိမိတို့၏ ဂုဏ်သတင်း သို့မဟုတ် သိက္ခာရှိမှုအား တစ်နည်းနည်း ထိခိုက်စေမည့် ုသို့မဟုတ် နစ်နာ စေမည့် ဝက်ဆိုက်တစ်ခုခုသို့ ချိတ်ဆက်ခြင်း၊ မိမိတို့သည် အကြောင်းကြားစာ ပေးပို့ခြင်းမရှိဘဲ ချိတ်ဆက် သည့် ခွင့်ပြုချက်ကို ရုတ်သိမ်းပိုင်ခွင့် ရှိသည်။ “အက်ပလီကေးရှင်း” အား မည်သည့် ဝက်ဆိုက်တွင်မျှ ဖွဲ့စည်းတပ် ဆင်ခြင်း မပြုလုပ်ရ။
၄-၃-၈၊ “အက်ပလီကေးရှင်း” တွင် ပါဝင်သည့် အကြောင်းအရာများ
ဤ ”အသုံးပြုရန် စည်းကမ်းချက်များ” ပါ မည်သည့်ပြဌာန်းချက်များကိုမျှ မထိခိုက်စေဘဲ၊ မိမိတို့သည် ( ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ကို ရရှိနိုင်မှု၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများ၊ ဈေးနှုန်း၊ အရောင်းမြှင့်တင်ခြင်းများ၊ ကမ်းလှမ်းချက်များ၊ ထုတ်ကုန်ပို့ဆောင်မှု စရိတ်စခများနှင့် ရပ်နားချိန်ကာလနှင့် ဆက်စပ်သည့် သတင်းအချက်အလက် အပါအဝင်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်) အကြောင်းကြားခြင်းမရှိဘဲ “အက်ပလီကေးရှင်း” ပေါ်ရှိ ပါဝင်သည့် အကြောင်းအရာ တစ်စုံတစ်ရာအား ပြောင်းလဲနိုင်သည်။ ပြင်ဆင်နိုင်သည် သို့မဟုတ် ဖယ်ရှားနိုင်သည်။ မိမိတို့၏ “အက်ပလီကေးရှင်း” ပေါ်ရှိ သတင်းအချက်အလက်တွင် ရှားရှားပါးပါး မြေမျက်နှာသွင်ပြင်ဆိုင်ရာ အမှားအယွင်းများ၊ တိကျမှုမရှိသည့် အချက်အလက်များ သို့မဟုတ် ပျက်ကွက်မှုများ ပါဝင်ပါက မိမိတို့သည် ဖော်ပြပါကဲ့သို့သော လုပ် ဆောင် ချက်များကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းတို့မှာ (၁) ယင်းအမှားအယွင်း များ၊ တိကျမှုမရှိသည့် အချက် အလက် များ သို့မဟုတ် ပျက်ကွက်မှုများကို အမှားပြင်ဆင်ခြင်း၊ (၂) သတင်းအချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် မျက်မှောက်ကာလနှင့်ကိုက်ညီအောင် ပြုလုပ်ခြင်း နှင့်/သို့မဟုတ် (၃) ဖော်ပြပါ အခြေအနေများတွင် မှာခြင်းများကို ပယ်ဖျက်ခြင်း၊ ဖော်ပြပါ အခြေအနေဆိုသည် မှာ လူကြီးမင်း ထံသို့ သို့မဟုတ် လူကြီးမင်းမှ သို့မဟုတ် အသုံးပြုသူ (များ) က ဖြည့်ဆည်းပေးသည့် သတင်းအချက်အလက်သည် (ဤ “အက်ပလီကေးရှင်း” မှတစ်ဆင့်ဖြစ်စေ၊ တခြားဆက်စပ်သည့် ဝက်ဆိုက်မှ တစ်ဆင့်ဖြစ်စေ) အမှာစာပြုလုပ်သည့် သို့မဟုတ် ပြင်ဆင်သည့် အချိန်တွင် တိကျမှု မရှိခြင်း၊ သို့မဟုတ် အကယ်၍ မိမိတို့က အခြားနည်း ရှုမြင်သည်မှာ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ (မှာခြင်းကို တင်သွင်းပြီးနောက် အချိန်ကာလကန့်သတ်မှု မရှိခြင်း အပါအဝင်) မည်သည့် အချိန်တွင်မဆို လူကြီးမင်း၏ မှာခြင်းကို ပယ်ဖျက်ရန် သင့်တော်သည်ဟု ထင်မြင်ခြင်း (“အမှားပြင် ဆင်မှုကို ဆောင်ရွက်ခြင်း” တို့ဖြစ်ကြသည်။ အထက်တွင် မည်သို့ပင် ပါရှိစေကာမူ၊ မိမိတို့သည် ဥပဒေအရ လိုအပ် သည်မှအပ မိမိတို့၏ “အက်ပလီကေးရှင်း ” ပေါ်ရှိ သတင်းအချက်အလက်အား မျက်မှောက် ကာလနှင့် ကိုက်ညီစေရန်၊ ပြင်ဆင်ရန် သို့မဟုတ် ရှင်းလင်းဖော်ပြရန် တာဝန်မရှိပါ။ သို့မဟုတ် အခြားသော “အမှားပြင် ဆင်မှုကို ဆောင်ရွက်ခြင်း” ကို ဆောင်ရွက်ခြင်းမပြုပါ။ သံသယကင်းရှင်းစေရန် အလို့ငှာ ၊ “အက်ပလီကေးရှင်း” ပေါ်တွင်ဖြစ်စေ၊ အခြားဆက်စပ်သည့် ဝက်ဆိုက်ပေါ်တွင် ဖြစ်စေ ဖော်ပြထားသော မည် သည့် သတ်သတ် မှတ်မှတ် ဖော်ပြထားသော လက်ရှိအနေအထားကို ဖော်ပြချက် သို့မဟုတ် အသစ်ရက်စွဲကိုမျှ ဤအချက်ကို ဖော်ပြသည်မဟုတ်၊ ဆိုလိုသည်မှာ “အက်ပလီကေးရှင်း” သို့မဟုတ် အခြားဆက်စပ်သည့် ဝက်ဆိုက်ပေါ်ရှိ သတင်းအချက်အလက် အားလုံးသည် ပြင်ဆင်ထားပြီးဖြစ်သည်။ လက်ရှိအနေအထားနှင့် ကိုက်ညီသော ပြုလုပ် ထားပြီး ဖြစ်သည်ဟု မှတ်ယူရန် မဟုတ်၊ ထို့ပြင် မိမိတို့သည် မည်သည့် အခြေအနေတွင်မဆို (၁) “အက်ပလီ ကေးရှင်း ” ပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ပြောင်း လဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ နှင့် (၂) ပြုလုပ်ပြီးသည့် “အမှားပြင်ဆင်မှုကို ဆောင်ရွက်ခြင်း” မှ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှုများ၊ နစ်နာမှုများ သို့မဟုတ် အကျိုးဆက်များ အတွက် လူကြီးမင်းအားဖြစ်စေ၊ အခြားသူအားဖြစ်စေ မိမိတို့တွင် တာဝန်မရှိစေရ။
၄.၃.၉ ငွေပေးချေသည့် နည်းလမ်း
အခြားသော ပြဌာန်းချက်များ တွင်မည်သို့ပင်ဆိုစေကာမူ Grab သို့မဟုတ် ယင်း၏ လက်အောက်ခံအဖွဲ့များ ထံသို့ ပေးရန်ရှိသည့် ငွေပမာဏကို ပေးချေရန်အလို့ငှာ (“ ပေးရန်ရှိသည့် ငွေပမာဏ”) အခြားဝန်ဆောင်မှု ပေးသူ တစ် ဦးအဖြစ် လူကြီးမင်း အနေဖြင့် ရရန်ရှိသည့် ငွေပမာဏ (အက်ပလီကေးရှင်း ပေါ်ရှိ merchant wallet ထဲရှိ လူကြီးမင်း၏ လက်ကျန်ငွေ အပါအဝင်) (“ရရန်ရှိသည့် ငွေပမာဏ”)ထဲမှ အဆိုပါ ပေးရန်ရှိသည့် ငွေပမာဏကို တိုက်ရိုက် နှုတ်ယူရန် သို့မဟုတ် ခုနှိမ်ရန် လူကြီးမင်းက Grab သို့မဟုတ် ယင်း၏ လက်အောက်ခံအဖွဲ့များအား ခွင့်ပြုရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းကို လူကြီးမင်းက Grab သို့မဟုတ် ယင်း၏ လက်အောက်ခံအဖွဲ့များ အား “ရရန်ရှိသည့် ငွေပမာဏ” ကို လွှဲပြောင်းပေးရန် လမ်းညွှန်ထားသည့် ဘဏ်စာရင်း (များ) ထဲသို့ “ရရန်ရှိသည့် ငွေပမာဏ” ကို ထည့်သွင်းခြင်းမပြုမီ ဆောင်ရွက်ရမည်။ ငွေပေးချေသည့် နည်းလမ်းပြောင်းလဲပိုင်ခွင့် သို့မဟုတ် လူကြီးမင်းထံသို့ သင့်တော်သည့် အကြောင်းကြားစာ ပေးပို့၍ လူကြီးမင်း၏ “ရရန်ရှိသည့်ငွေပမာဏ” ထဲမှ “ပေး ရန်ရှိသည့် ငွေပမာဏ” ကို တစ်နည်းနည်းဖြင့် ခုနှိမ်ပိုင်ခွင့် ကျွန်ုပ်တို့ထံတွင်ရှိပါသည်။ သို့မဟုတ် ကျွန်ုပ် တို့က သင့်တော်သည် ဟုထင်မြင်ယူဆသည့် အတိုင်း “ပေးရန်ရှိသည့် ငွေပမာဏ” အတွက် ငွေတောင်းခံလွှာ ထုတ်ပေး ရန် ကျွန်ုပ်တို့အနေဖြင့် ရွေးချယ် ဆောင်ရွက်နိုင်သည်။
၄-၃-၁၀၊ ပေးရန်တာဝန်ရှိမှုကို ကန့်သတ်ခြင်း
အကျုံးဝင် သက်ဆိုင်သည့် ဥပဒေတွင် အမြင့်ဆုံးခွင့်ပြုသည့် အတိုင်းအတာထိနှင့် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” ၏ အခြားပြဌာန်းချက်များကို မထိခိုက်စေဘဲ၊ ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” မှ ပေါ်ပေါက်လာသည့် မိမိတို့၏ စုစုပေါင်း ပေးရန် တာဝန်ရှိမှုသည်၊ သဘောသက်ရောက်သော အာမခံများ အတွက် အပါအဝင် (၁) စင်္ကာပူဒေါ်လာ တစ်ရာ (SGD $100.00) သို့မဟုတ် ယင်းနှင့် တန်ဖိုးညီမျှသည့် မြန်မာ ကျပ်ငွေ၊ (၂) အခင်းဖြစ် အကြောင်းအရာ၏ တန်ဖိုး သို့မဟုတ် (၃) “အက်ပလီကေးရှင်း” သို့မဟုတ် (အကယ်၍ ရှိလျှင်) ကုန်လွန်ခဲ့သည့် (၁၂) လ အတွင်း၊ ယင်း၏ အသွင် လက္ခဏာများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုအား အသုံးပြုရန် သို့မဟုတ် ဝင်ရောက်ရန် လူကြီးမင်းက မိမိတို့အား ငွေပမာဏ။
၄-၃-၁၁၊ ရပ်စဲခြင်း
ဤ “သဘောတူညီချက်” တွင် သက်တမ်းကို မည်သို့ပင် ဖော်ပြထားစေကာမူ၊ ဤ “သဘောတူညီချက်” သည် လူကြီးမင်း၏ မိမိတို့၏ စနစ်များနှင့် ကုန်သည် အဖြစ် ဆက်ဆံရေး ရပ်စဲသွားသည်တွင် မိမိတို့နှင့် ဆက်ဆံရေး ရပ်စဲသွားရမည်။ ယင်း ရပ်စဲခြင်းသည် ယင်းသို့ ရပ်စဲခြင်း အချိန်တွင် စာချုပ်ဝင်တစ်ဦးက အခြားစာချုပ်ဝင် တစ်ဦးပေါ်တွင် ပေးရန်တာဝန်ရှိနေပြီး ဖြစ်လျှင် ဖြစ်စေ၊ ယင်းရပ်စဲခြင်း မတိုင်မီ အကျိုးသက်ရောက်မှု ကျရောက် နေလျှင်ဖြစ်စေ၊ အခြားစာချုပ်ဝင်အား ပေးရန် တာဝန်မှ ကင်းလွတ်စေမည် မဟုတ်၊ ထို့ပြင် အခြား စာချုပ်ဝင်အား ဤ “သဘောတူညီချက်” ကို ချိုးဖောက်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ယင်းစာချုပ်ဝင်တွင် ရှိသည့် အခွင့်အရေး များနှင့် ကုစားမှု တစ်ရပ်ရပ်အား ရရှိစေရန် ဆောင်ရွက်ခြင်းမှ တားမြစ်သည်မဟုတ်။
No(18), 7 Mile, Pyay Road,
Mayangone Township,
Yangon. 11062