မသင့်လျော်သောနှင့် ဆင်ခြင်သင့်သောအွန်လိုင်းအကြောင်းအရာများအတွက် လမ်းညွှန်ချက် : GrabAds and GrabFood

နောက်ဆုံးပြင်ဆင်ထားသည့်နေ့ - ၂ရက်နေ့၊ စက်တင်ဘာလ၊၂၀၂၂

နိဒါန်း
ဤလမ်းညွှန်ချက်ဖြစ်သော မသင့်လျော်သောနှင့်ဆင်ခြင်သင့်သောအွန်လိုင်းအကြောင်းအရာများ : GrabAds နှင့် GrabFood (“လမ်းညွှန်ချက်”) ကို ကျေးဇူးပြု၍ဂရုတစိုက်ဖတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အထူးသဖြင့် GrabAds နှင့် GrabFood အတွက် ( Terms of Service တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း) ဤလမ်းညွှန်ချက်ပါ သင်နှင့်သက်ဆိုင်သည့်စည်းကမ်းချက်များကို သင်ဖတ်ရှု၊ သဘောတူပြီး နားလည်သဘော ပေါက်သည်ဟု မှတ်ယူပါသည်။ ဤလမ်းညွှန်ချက်ပါစည်းကမ်းချက်များကို လက်ခံနိုင်ခြင်းမရှိပါက ကျွန်ုပ်တို့၏ ပလပ်ဖောင်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်း သို့မဟုတ် ဆက်လက်အသုံးပြုခြင်းပြုရန်မလိုအပ်ပါ။
အောက်ဖော်ပြပါများသည် ကျွန်ုပ်တို့၏ ပလပ်ဖောင်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုနေချိန်တွင် လုံး၀တားမြစ်ထားသည့် မသင့်လျော်သည့် အကြောင်းအရာများအား အလုံးစုံမဟုတ်သောသာဓကများနှင့် ဥပမာများဖြစ်သည်။

၁။ မဖွယ်မရာနှင့် မလျောက်ပတ်သောအကြောင်းအရာများ

လူမှုရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများ၊ သာမာန်အသိဖြင့် သိနိုင်သည့် ကျင့်ဝတ်၊ ဣန္နြေတို့နှင့် ဆန့်ကျင်သည့်အကြောင်းအရာများဖြစ်သည်။ ထိုအကြောင်းအရာများတွင် အဖော်အချွတ်များ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော ရုပ်ပုံများ သို့မဟုတ် မက်ဆေ့ချ်များ၊ ညစ်ညမ်းမှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုနှင့် မုဒိမ်းမှုတို့ ပါဝင်သည်။

၂။ စိတ်အနှောင်အယှက်ဖြစ်စေသော နှင့် အန္တရာယ်ပြုသောအကြောင်းအရာများ

စိတ်အနှောင့်အယှက်ဖြစ်စေသည့်၊ နှောင့်ယှက်သည့်၊ စော်ကားသည့် သို့မဟုတ် မည်သူ့ကိုမဆိုချိမ်းခြောက်သည့် သို့မဟုတ် ယေဘူယျအားဖြင့် လက်ရှိကိုယ်ကျင့်တရားပိုင်းဆိုင်ရာလက်ခံထားရှိသည့်အပြုအမူများကိုဆန့်ကျင် သည့် အကြောင်းအရာများဖြစ်သည်။ ထိုအကြောင်းအခြင်းအရာများတွင် ကန့်သတ်ထားခြင်းမရှိဘဲ မသင့်လျော် သောအချက်များဖြစ်သည့် (၁) နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးကိုခြိမ်းခြောက်ခြင်း၊ (၂) နိုင်ငံရေးသဘောသဘာ၀နှင့်သက်ဆိုင်သော သို့မဟုတ် အစိုးရ သို့မဟုတ် အုပ်ချုပ်သူကိုဝေဖန်အကဲဖြတ်ခြင်း၊ (၃) အကြမ်းဖတ်သည့်အပြုအမူများ သို့မဟုတ် အဖွဲ့အစည်းများကိုထောက်ခံခြင်း သို့မဟုတ် ထောက်ထား ကြောင်း ကိုဖော်ပြခြင်း သို့မဟုတ် ထောက်ပံ့ခြင်းကဲ့သို့သော နှစ်လိုဖွယ်မရှိသည့် လက္ခဏာများကိုအားပေးခြင်း၊ (၄) အကြောင်းအရာများကိုဖော်ပြရာတွင် နိုင်ငံ၏ ပုဂ္ဂလိကစံနှုန်း သို့မဟုတ် လူ့အသိုင်းအဝိုင်း လက်မခံနိုင် သည် များကိုအလေးမထားခြင်း၊ သို့မဟုတ် (၅) ပြစ်မှု နှင့် ဒုစရိုက်လုပ်ဆောင်မှုများကိုဖော်ပြခြင်း တို့ဖြစ်သည်။

၃။ အကြမ်းဖက်သည့်အကြောင်းအရာများ

အကြောက်တရား သို့မဟုတ် အတုယူမှုတို့ကိုဖြစ်ပေါ်စေသော ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်နှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကို အားပေးသည့် အကြောင်းအရာများဖြစ်သည်။ ထိုအကြောင်းအရာများတွင် လက်နက်များ သို့မဟုတ် အမြင်အား ဖြင့် သွေးနှင့် ဒဏ်ရာများပါရှိသော ထုတ်ကုန်ကြော်ငြာများပါဝင်သည်။

၄။ မှားယွင်းသောအကြောင်းအရာများ

အတုဖြစ်သော သို့မဟုတ် သိသာထင်ရှားစွာမှားယွင်းသော သို့မဟုတ် မမှန်ကန်သော သို့မဟုတ် မပြည့်စုံသော သို့မဟုတ် အထင်မြင်မှားစေသော သတင်းအချက်အလက်များပါရှိသည့်အကြောင်းအရာများဖြစ်သည်။ ထိုအရာ များတွင် ပုံတူ ရှေးဟောင်းပစ္စည်းများကဲ့သို့သော ပုံတူထုတ်ကုန်များရောင်းချခြင်း၊ သက်ဆိုင် ရာ အစိုးရအေ ဂျင် စီများမှလိုအပ်သောခွင့်ပြုချက် သို့မဟုတ် လိုင်စင်ရရှိထားခြင်းမရှိ သောကုန် ပစ္စည်းများ၊ ဥပမာ ကျန်းမာ ရေးကောင်းစေမည်ဟုကတိ ပြုသည့် ‘အံ့သြဖွယ်ရာ’ ထုတ်ကုန်များပါဝင်သည်။
ထို့အပြင် အရှိအတိုင်းတင်ပြခြင်းမဟုတ်သည့် ကြော်ငြာပြောဆိုချက်များ လည်းပါဝင်ပါသည်။ ထို့ကြောင့် သိသာသောမုသားများ၊ ချဲ့ကားပြောဆိုခြင်းများ သို့မဟုတ် လှည့်ဖြားနိုင်ဖွယ်ရှိသော အကြောင်းအရာအား သင့်လျော်ခြင်းမရှိဟုယူဆမည်ဖြစ်သည်။

၅။ မကောင်းသောအသုံးအနှုန်းအကြောင်းအရာများ

စော်ကားသော၊မသင့်လျော်သော၊မထီမဲ့မြင်ပြုသော သို့မဟုတ် ရုန့်ရင်းသော အသုံးအနှုန်း အကြောင်း အရာများ ဖြစ်သည်။ ထိုအကြောင်းအရာများတွင် ကုန်ပစ္စည်းတစ်ခု သို့မဟုတ် အစားအစာတစ်ခုကို မသင့်လျော်သော အမည်ပေးခြင်း သို့မဟုတ် ကုန်ပစ္စည်းတစ်ခုအားမနှစ်မြို့စရာဖော်ပြခြင်း တို့လည်းပါဝင်သည်။

၆။ ဘာသာရေးအကြောင်းအရာများ

ဘာသာတရားတစ်ခုခုကို ရည်ညွှန်းသော အကြောင်းအရာ သို့မဟုတ် ထုတ်ကုန်တစ်ခုရောင်းချမှုကို အားကောင်း စေရန်အတွက် ယခင်ကဖြစ်စေ၊ လက်ရှိဖြစ်စေ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ပုံပါရှိသည့် သို့မဟုတ် ဘာသာရေးဆိုင် ရာ စာသားများကို ကိုးကားဖော်ပြထားသည်တို့ပါရှိသည့် အကြောင်းအရာများကိုဆိုလိုသည်။

၇။ ကလေးသူငယ်အကြောင်းအရာများ

ကလေးများသည် အလွယ်တကူ လွှမ်းမိုးနိုင်ကာ ပုံသွင်းရလွယ်ကူပြီး အရွယ်မရောက်သေးသောကြောင့်/ တွေးခေါ်မှုတွင် ဖွံ့ဖြိုးနေဆဲဖြစ်သောကြောင့် ကလေးများအတွက် ရည်ရွယ်သည့် သို့မဟုတ် ကလေးများကို အမြင်အားဖြင့်ဖော်ပြသည့်အကြောင်းအရာကို ပိုမိုဂရုတစိုက်နှင့်သေချာစွာဆောင်ရွက်ရမည်ဖြစ်သည်။ ထိုအကြောင်းအရာများတွင် အန္တရာယ်ရှိသော လှုပ်ရှားမှုတွင် ပါဝင်နေသည့် ကလေးသူငယ်၏ သရုပ်ဖော်ပုံများ၊ကလေးသူငယ်များကို အမြတ်ထုတ်သော သို့မဟုတ် ကလေးသူငယ်ကို နှိမ့်ချသောပုံစံဖြင့်ပြသခြင်း တို့ပါ ဝင်သည်။

၈။ ဥပဒေနှင့်မညီသော/တားမြစ်ထားသောကုန်ပစ္စည်းများအကြောင်းအရာများ

အောက်ပါကုန်ပစ္စည်းများကို ယေဘူယျအားဖြင့် ကြော်ငြာခြင်းကိုတားမြစ်ထားသည် သို့မဟုတ် အခြားနည်းဖြင့် သင့်လျော်ခြင်းမရှိဟု မှတ်ယူသည် –

  • စီးကရက်၊ ဆေးရွက်ကြီး နှင့် vaping ကုန်ပစ္စည်းများ
  • ဥပဒေနှင့်ဆန့်ကျင်သောဆေးဝါးများ
  • အသက်မပြည့်သေးသော သုံးစွဲသူများအတွက် အရက်သေစာပစ္စည်းများ
  • အရက်ကုန်ပစ္စည်းများ၏ပုံစံကိုပြသခြင်း (ဥပမာအားဖြင့် ဘီယာပုလင်းကိုပြသခြင်း)
  • သေနတ်များ၊လက်နက်များ၊အခြားပေါက်ကွဲစေနိုင်သောအရာများ/ပေါက်ကွဲစေရန်ပုံစံပြုလုပ်ထားသောကုန်ပစ္စည်းများ နှင့် မီးရှူးမီးပန်းများအပါအဝင် အထက်ပါကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း/ ပိုမိုကောင်း မွန်စေရန်ဖန်တီးခြင်း တို့ကို ညွှန်ကြား/သင်ကြား/ရရှိစေရန်လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများ
  • အိမ်ထောင်ရေးအေဂျင်စီများနှင့် မိတ်ဖြစ်ဆွေဖြစ်အသင်းများ
  • ကာမရာဂစိတ်ဖြစ်စေရန်ရေးသားပြသသောပစ္စည်းများနှင့်လိင်ပိုင်းဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ( လိင်ပိုင်းဆိုင်ရာအရုပ်များ၊စာအုပ်များ၊ဗီဒီယိုများ အစရှိသည်ဖြင့်)
  • လောင်းကစား
  • တီရှပ်ကဲ့သို့သော မသင့်လျော်သော စာသားများဖြင့် ကုန်ပစ္စည်းများ
  • ဗေဒင်ဟောပြောခြင်း၊ နက္ခတ်ဗေဒင်ဝန်ဆောင်မှုများ
  • မှတ်ပုံမတင်ထားသောဆေးဝါးများ
  • ထူးခြားဆန်းပြားသောအသားများ၊ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များ နှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားထုတ်ကုန်များ၊ ငါးမန်းတောင်များ၊ ကြံ့ချိုများ၊ ဆင်စွယ်၊ သမင်မှော်၊ ဝက်ဝံသည်းခြေ၊ ကျားလိင်တံနှင့်အလားတူကုန်ပစ္စည်းများ၊ ရေနေနို့တိုက်သတ္တဝါများ ကဲ့သို့သော မျိုးသုဉ်းလုနီးပါး မျိုးစိတ်များတရားမဝင်အမဲလိုက်ခြင်းနှင့် မှောင်ခိုဖမ်းဆီးခြင်း
  • ဝက်သားထုတ်ကုန်များ (မလေးရှားတွင်သာ)
  • လိုင်စင်ရရှိထားခြင်းမရှိသောလုပ်ငန်းများ/ကုန်ပစ္စည်းများ ဖြစ်သော ငွေချေးလုပ်ငန်းအေဂျင်စီ၊ ကိုယ်အလေးချိန်လျော့ကျစေသောအစီအစဉ်များ၊ အားကစားရုံများ၊ ကျန်းမာရေး ဖြည့်စွက်စာများ၊ ခရီးသွားအေးဂျင့်၊ ရှယ်ယာများနှင့် ကုန်သွယ်မှုအညွှန်းကိန်း ပလက်ဖောင်းများနှင့် ပွန်ဇီ/ပိရမစ် ပုံစံစီမံကိန်း၊ ဆင့်ပွား စျေးကွက်ဖြန့်ချိရေးလုပ်ငန်း၊ ရလာဒ်များကို အာမခံ သော၊ ရင်းနှီး မြှုပ်နှံမှု သို့မဟုတ် ကုန်သွယ်မှုသင်တန်းများနှင့် ဝန်ဆောင်မှုများအစရှိသော လှည့်စားသော လုပ်ငန်းလုပ် ထုံးလုပ်နည်းများ
  • ကုန်ပစ္စည်းအတု သို့မဟုတ် ဥာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်ချိုးဖောက်သည့်ကုန်ပစ္စည်း
  • အထူးထိန်းချုပ်ထားသော သို့မဟုတ် အန္တရာယ်ရှိသောဆေးဝါးများ ဥပမာ ပဋိသန္ဓေတားဆေး
  • ကိုယ်ဝန်ဖျက်ချခြင်းဝန်ဆောင်မှုများ
  • မိခင်နို့အစားထိုးပစ္စည်းများ
  • ပဋိသန္ဓေတားသည့်ကုန်ပစ္စည်းများ (ကွန်ဒုံး၊ IUD အစရှိသဖြင့်)

၉။ ရှုတ်ချဝေဖန်ခြင်း သို့မဟုတ် နှိမ့်ချခြင်းမရှိရမည့်အကြောင်းအရာများ

ကြော်ငြာတွင်ပါရှိသည့်အကြောင်းအရာများသည် ၎င်း၏ပြိုင်ဘက်များကို တိုက်ခိုက်ခြင်း သို့မဟုတ် ဂုဏ်သိက္ခာ ကိုထိခိုက်စေခြင်းစသည့်ရည်ရွယ်ချက်မရှိရပါ။ ပြိုင်ဆိုင်မှုသည် ပြင်းထန်သော ယှဉ်ပြိုင်မှုများကို မြှင့်တင်ရန် ကောင်းမွန်သော်လည်း၊ ပေါ်ပေါ်ထင်ထင် သရော်ခြင်း၊ လှောင်ပြောင်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းအစား တရားမျှတသော ယှဉ်ပြိုင်မှုဆိုင်ရာ နိယာမအပေါ် အခြေခံသင့်သည်။


၁၀။ ကြော်ငြာများတွင် လူများကို အသုံးပြုခြင်း

အမျိုးသမီး နှင့် ကလေးသူငယ်များပါရှိသည့်အကြောင်းအရာများ( အထက်ပါအပိုဒ်၇တွင်ဖော် ပြထားသည်) ကို ပိုမိုဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။ ကြော်ငြာများတွင်အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာအတွက်သာလျှင် သို့မဟုတ် အမြတ်ထုတ်သည့်ပုံစံဖြင့် ပုံဖော်ခြင်းမပြုသင့်ပါ။ မသန်စွမ်းသူများအားလည်း အပြုသဘော ဆောင် ခြင်းဖြင့် လူမျိုးရေးအမြင်နှင့် ခွဲခြားဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမည်။


၁၁။ လှောင်ပြောင်သရော်သည့်အကြောင်းအရာများ

ကြော်ငြာတစ်ခုသည် ရယ်စရာကောင်းပြီး လှောင်ပြောင်ခြင်းဖြစ်နိုင်သည်။သို့သော်ငြားလည်း အထူးသတိပြု လုပ်ဆောင်ရန်တော့လိုအပ်ပါသည်။ လူသိများသော အများပြည်သူ/နိုင်ငံရေးပုဂ္ဂိုလ်များကို ဟာသအဖြစ်ပြု လုပ်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုလိုပါသည်။ ထိုလူများစာရင်းတွင် အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေး သမား များ၊ ဘာသာရေးနှင့် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြိုင်ဘက်၏ စီးပွား ရေး ခေါင်းဆောင်များ ပါဝင်သည်။

၁၂။ အမှတ်အသားတံဆိပ်များကိုခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း

သင့်လျော်သောခွင့်ပြုချက်မရရှိဘဲ အခြားသူများ၏မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်ကို အသုံးပြုထား သည့် အကြောင်းအရာများဖြစ်သည်။

၁၃။ ဟာလာအလွဲသုံးစားလုပ်သည့်အကြောင်းအရာများ

စားသုံးသူများအားဆွဲဆောင်ရန်အတွက် ၎င်းတို့ ပေးအပ်သည့်ကုန်ပစ္စည်းတွင်ဟာလာပါရှိကြောင်းထင်ဟပ် စေသည့်ယုံမှားစေသည့်အကြောင်းအရာများဖြစ်သည်။
ကျွန်ုပ်တို့သည်ကြိုတင်အကြောင်းကြားခြင်းပြုလုပ်ရန်မလိုအပ်ဘဲဤလမ်းညွှန်ချက်ကိုမည်သည့်အချိန်တွင်မဆို ပြင်ဆင်ခြင်း၊ ထပ်မံထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုလုပ်နိုင်သည်။ ပြောင်းလဲမှုတစ်စုံတစ်ခုကိုသင် ဘောတူညီခြင်းမရှိပါက ကျွန်ုပ်တို့၏ ပလက် ဖောင်းနှင့်ဝန်ဆောင်မှုအားဆက်လက်အသုံးပြုခြင်းကို သင်ရပ်တန့် ရမည်ဖြစ်သည်။ ကျေးဇူးပြု၍သတိပြုရန်မှာ ကျွန်ုပ်တို့၏ ပလပ်ဖောင်းနှင့် ဝန်ဆောင်မှုများကို ဆက်လက် အသုံး ပြုခြင်းသည် ဤလမ်းညွှန်ချက်ပါ ပြောင်းလဲမှုများကို သင်သဘောတူကြောင်းကိုဆိုလိုခြင်းဖြစ်ပါသည်။