Press Centre

ပိုမို လုံခြုံစိတ်ချစွာ သွားလာနိုင်မည့် GrabThoneBane ဝန်ဆောင်မှုအသစ်ကို မန္တလေးမြို့တွင် စတင်မိတ်ဆက်

မန္တလေး၊ မြန်မာ၊ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ မန္တလေးမြို့တွင် GrabThoneBane အမည်ဖြင့် သုံးဘီးကားများ ငှားရမ်းနိုင်မည့် ဝန်ဆောင်မှုကို စတင် စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပါသည်။ မြန်မာ့ဒုတိယအကြီးဆုံး မြို့တော်ရှိ နေ့စဉ် လှုပ်ရှားသွားလာ နေရသူများအတွက် GrabThoneBane သည် ယုံကြည်စိတ်ချစွာဖြင့် ပိုမိုလုံခြုံမှုရှိရှိ သွားလာနိုင်မည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖြစ်ပါသည်။ ယခုအခါ Grab ခရီးသည်များမှာ Grab မိုဘိုင်းအက်ပလီကေးရှင်းကို […]

မန္တလေး၊ မြန်မာ၊ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ မန္တလေးမြို့တွင် GrabThoneBane အမည်ဖြင့် သုံးဘီးကားများ ငှားရမ်းနိုင်မည့် ဝန်ဆောင်မှုကို စတင် စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပါသည်။ မြန်မာ့ဒုတိယအကြီးဆုံး မြို့တော်ရှိ နေ့စဉ် လှုပ်ရှားသွားလာ နေရသူများအတွက် GrabThoneBane သည် ယုံကြည်စိတ်ချစွာဖြင့် ပိုမိုလုံခြုံမှုရှိရှိ သွားလာနိုင်မည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖြစ်ပါသည်။ ယခုအခါ Grab ခရီးသည်များမှာ Grab မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ပုံသေဈေးနှုန်းဖြင့် လွယ်ကူစွာ ငှားရမ်းစီးနင်းနိုင်မည့် GrabThoneBane ကို ငှားရမ်းနိုင်ကြပြီ ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စတင်ခဲ့ပြီး လက်ရှိ စမ်းသပ်ပြေးဆွဲနေချိန်အတွင်း GrabThoneBane ယာဉ်မောင်းအုပ်စုတစ်စုဖြင့် လက်တွဲလုပ်ကိုင်လျက် ရှိပါသည်။ စမ်းသပ်ပြေးဆွဲသည့် ကာလတွင် ယာဉ်မောင်းများနှင့် ခရီးသည်များ၏ အကြံပြုချက်များအပေါ် အခြေခံ၍ Grab က GrabThoneBane ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေချောမွေ့လာစေရန် တစ်ဆင့်ထက်တစ်ဆင့် တစ်ဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Grab ၏ သုံးဘီးအငှားယာဉ် ဝန်ဆောင်မှုကို မန္တလေးမြို့ အပါအဝင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင်လည်း ပြေးဆွဲလျက်ရှိပြီး  GrabThoneBane ဝန်ဆောင်မှုသည် ကုန်ပစ္စည်း၊ အထုပ်အပိုးများဖြင့် နေ့စဉ် သွားလာနေရသူများ၊ အိမ်အတွက်  ဈေးဝယ်ထွက်ရသူများ၊ မိသားစု၊ ချစ်သူ၊ သူငယ်ချင်း အပါအဝင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ရည်ရွယ်ကာ ဝန်ဆောင်မှုပေးအပ်လျက်ရှိသည်။ ခရီးသည်များအနေဖြင့်  ဈေးဆစ်စရာမလိုတော့ဘဲ အက်ပလီကေးရှင်းဖြင့် ယာဉ်ငှားရမ်းမှုပြုလုပ်ပြီး မိနစ်ပိုင်းအတွင်းတွင် GrabThoneBane တက္ကစီမှ မိမိနေရာအရောက် လာရောက်ခေါ်ဆောင်ပေးမည် ဖြစ်သောကြောင့် နေ့စဉ် သွားလာရေးအတွက် ပိုမို အဆင်ပြေချောမွေ့စေမည် ဖြစ်သည်။ ခရီးသည်များအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးအပ်နိုင်ကြောင်း သေချာမှုရှိစေရန် Grab ၏ မိတ်ဖက်ယာဉ်မောင်း များအား အသေးစိတ် ကြပ်မတ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ထို့အတူ လက်ရှိပြေးဆွဲလျက်ရှိသော မန္တလေးမြို့ရှိ သုံးဘီးအငှားယာဉ် ယာဉ်မောင်းများမှာလည်း ယခုအခါ Grab နှင့် ချိတ်ဆက်ပြီး ခရီးသည်ငှားရမ်းမှုများ ပိုမိုရရှိနိုင်သဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို တိုးတက်စေနိုင်မည်ဖြစ်သည်။ GrabThoneBane မိတ်ဖက်ယာဉ်မောင်းတစ်ဦးအဖြစ် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် သုံးဘီးယာဉ်မောင်းများသည် ဝင်ငွေပိုမိုရရှိစေနိုင်မည့် အခွင့်အလမ်းနှင့် Grab ၏ ယာဉ်မောင်းအဖွဲ့အစည်း ထောက်ပံ့မှုစနစ် အပါအဝင် လုံခြုံရေးဆိုင်ရာ မွမ်းမံသင်တန်းများနှင့် အခမဲ့ တစ်ကိုယ်ရေ ထိခိုက်မှုအာမခံတို့ကိုပါ ရရှိခံစားနိုင်မည် ဖြစ်သည်။ Grab မိတ်ဖက်ယာဉ်မောင်းများကို ထင်သာမြင်သာရှိစေရန် Grab အမှတ်တံဆိပ်ပါ တီရှပ်များ ဝတ်ဆင်စေမည့်အပြင် အပေါ်ထပ် လက်ပြတ်ဂျာကင်ကို ဝတ်ဆင်ကြရန် တိုက်တွန်းသွားမည် ဖြစ်သည်။

“မန္တလေးမြို့မှာ လွယ်ကူသက်သာပြီး လုံခြုံမှုရှိတဲ့အပြင် ဈေးဆစ်စရာမလိုတဲ့ GrabThoneBane ဝန်ဆောင်မှုကို စတင်မိတ်ဆက်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အခုလို စမ်းသပ်လုပ်ဆောင်နေတဲ့ အဆင့်မှာတင် ခရီးသည်တွေဆီက ကျေနပ်ဖွယ်ရာ အကြံပြုချက်ကောင်းတွေ အများကြီး လက်ခံရရှိနေပြီဖြစ်လို့ ဒီဝန်ဆောင်မှုဟာ မန္တလေးမြို့မှာ အလားအလာကောင်းတွေ အများကြီးရှိနေတယ်ဆိုတာ ပြသနေပါတယ်။  နေ့စဉ် မြို့တွင်းမှာ သွားလာနေရတဲ့ ခရီးသည်တွေကို Grab အက်ပလီကေးရှင်း အသုံးပြုပြီး လွယ်ကူစွာနဲ့ သုံးဘီးယာဉ်ကို ငှားရမ်းစီးနင်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးတော့ သုံးဘီး ယာဉ်မောင်းတွေကိုလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်။ GrabThoneBane မိတ်ဖက်ယာဉ်မောင်းတွေက ပုံမှန် သုံးဘီး ယာဉ်မောင်းတွေထက် ဝင်ငွေ သုံးဆလောက်အထိ ပိုဖို့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ GrabThoneBane မိတ်ဖက်ယာဉ်မောင်းတွေဟာ ဝင်ငွေတိုးတက်လာတဲ့အပြင် အလုပ်ချိန် လိုက်လျောညီထွေရှိတာ၊ တစ်ကိုယ်ရေ ထိခိုက်မှု အာမခံရှိတာနဲ့ ကိုယ်ပိုင်စွမ်းရည်တွေ မြင့်တက်လာနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေလည်း ခံစားနိုင်မှာပါ” ဟု Grab Myanmar ၏ ခေတ္တ Country Head ဖြစ်သူ Alvin Loh ကပြောသည်။

သုံးဘီးယာဉ်မောင်းများသည် Grab နှင့် လက်တွဲလုပ်ကိုင်ရန် စာရင်းပေးသွင်းလိုပါက Grab မန္တလေးရုံးခွဲ တည်ရှိရာ လမ်း ၃၀၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးဘူတာကြီး၊ Hotel Marvel သို့ သွားရောက် စာရင်းပေးသွင်းနိုင်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် Grab မန္တလေးရုံးခွဲ ဖုန်းနံပါတ် – ၇၈၅၅၂၅၉၂၁ နှင့် ၀၉၇၈၅၅၂၅၆၇၃ သို့လည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။ Grab တွင် စာရင်းပေးသွင်းရန်အတွက် သုံးဘီး ယာဉ်မောင်းများသည် အစိုးရမှ သတ်မှတ်ထားသော သယ်ယူပို့ဆောင်ရေးစံနှုန်းများဖြင့် ကိုက်ညီသည့် ယာဉ်လိုင်စင် အမည်ပေါက် ရှိရပါမည်။ ထို့အပြင် အောက်ပါအချက်များကိုလည်း ပူးတွဲတင်ပြပေးရန် လိုအပ်ပါသည်။

o    အမျိုးသားမှတ်ပုံတင်အမှတ်

o    အုံနာဘုတ်

o    ဘဏ်အကောင့် အချက်အလက်များ

o    အိမ်ထောင်စုစာရင်း

o    ရဲစခန်းထောက်ခံစာ

o    ရပ်ကွက်ထောက်ခံစာ

မန္တလေးမြို့တွင် GrabThoneBane စတင် စမ်းသပ်ဝန်ဆောင်မှုပေးခြင်း အထိမ်းအမှတ်အနေဖြင့် Grab မှ GrabThoneBane ခရီးသည်များ အားလုံးအတွက် အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု စီစဉ်ပေးထားပါသည်။ Grab ခရီးသည်များမှာ “THONEBANE” ပရိုမိုကုဒ်ကို အသုံးပြု၍ ပထမဆုံး ခရီးစဉ်သုံးကြောင်းအတွက် တစ်ကြောင်းလျှင် ၁,၅၀၀ ကျပ်နှုန်းလျှာ့ဈေးဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ ငှားရမ်းစီးနင်းနိုင်မည် ဖြစ်သည်။

ခရီးသည်များအနေဖြင့် Grab အက်ပလီကေးရှင်းကို Google Play နှင့် App Store တွင် အခမဲ့ ဒေါင်းလုပ်ရယူကာ မန္တလေးမြို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော GrabThoneBane အား ယနေ့မှစတင်၍ ငှားရမ်းစီးနင်းနိုင်ပြီ ဖြစ်ပါသည်။ Grab Myanmar နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMM တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။

###

Grab အကြောင်း

Grab သည် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသတွင်းရှိ လူဦးရေ သန်းပေါင်း ၆၂၀ အတွက် အရေးကြီးလှသော နေ့စဉ်သယ်ယူ ပို့ဆောင်ရေး အခက်အခဲများကို Grab က ကူညီဖြေရှင်း ပေးလျက်ရှိပါသည်။ Grab ၏ အဓိက ဝန်ဆောင်မှုများဖြစ်သည့်  အငှားယာဉ်မောင်းများနှင့် ခရီးသည်များအတွက် သွားလာရာတွင် အဆင်ပြေချောမွေရေး၊   လုံခြုံစိတ်ချရရေးနှင့် ယုံကြည်အားထားနိုင်ရေးတို့ကို အလေးထားသည့် အငှားယာဉ်ဝန်ဆောင်မှုနှင့် အရှေ့တောင်အာရှရှိ သန်းပေါင်းများစွာသော ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ဘဏ္ဍာရေးလုပ်ငန်းများ အဆင်ပြေတိုးတက်စေရန် GrabPay ကဲ့သို့သော မိုဘိုင်းငွေပေးချေစနစ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုအခါ Grab သည် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါကhttp://www.grab.com  တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter