Press Centre

Grab က ဘေးကင်းလုံခြုံသောခရီးစဉ်များ ဖန်တီးပေးခဲ့သည့် အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းများအား ဂုဏ်ပြုချီးမြှင့်

အဆင့်မြင့်ဝန်ဆောင်မှုများ ပေးအပ်ရန် အလေးထား ကြိုးပမ်းလျက်ရှိသော Grab မိတ်ဖက်ယာဉ်မောင်း (၉၀၀) ဦး အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှအတွင်း ထိပ်တန်း Online to Offline (O2O) ပလက်ဖောင်းတစ်ခုဖြစ်သော Grab က ၎င်း၏ အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို ယနေ့ ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားကို မရမ်းကုန်းမြို့နယ်၊ Gandamar Wholesale ဝန်းအတွင်းရှိ Gandamar Grand Ballroom တွင် ကျင်းပခဲ့ရာ သတ်မှတ်ထားသည့် ခရီးစဉ် အကြောင်းအရေအတွက် ပြည့်မီပြီး အကာင်းဆုံး ခရီးသည်ဝန်ဆောင်မှု ပေးအပ်ခဲ့သော ပလက်တီနမ်၊ ရွှေနှင့် ငွေ အဆင့်ရှိ Grab မိတ်ဖက်ယာဉ်မောင်း (၉၀၀) ဦး တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ Grab မိတ်ဖက်ယာဉ်မောင်း ထောင်ပေါင်းများစွာအနက် သတ်မှတ်ထားသည့် ဘေးကင်း လုံခြုံရေးစံနှုန်းများနှင့်အညီ မောင်းနှင်ပြီး ခရီးသည်ဝန်ဆောင်မှု ကြယ်ငါးပွင့် အဆင့်ရှိ အကောင်းဆုံး ယာဉ်မောင်းများအား ကျေးဇူးတင် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ပလက်တီနမ်အဆင့်ကို (၁၁) လ ဆက်တိုက် ထိန်းထားနိုင်ခဲ့သည့် မိတ်ဖက်ယာဉ်မောင်း (၃၆) ဦးနှင့် ရွှေအဆင့်ကို (၄) လ ဆက်တိုက် ရရှိခဲ့သည့် မိတ်ဖက်ယာဉ်မောင်း (၁၀) ဦး စသည်ဖြင့် ထူးချွန်စွာ မောင်းနှင်နိုင်ခဲ့ကြသူများကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။ မိတ်ဖက်ယာဉ်မောင်း တစ်ဦးချင်းစီကို အပတ်စဉ်မောင်းနှင်ခဲ့သော ခရီးစဉ်အကြောင်းရေ၊ ခရီး သည်များက ပေးအပ်သော ဝန်ဆောင်မှုအဆင့် သတ်မှတ်ချက်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု စသည့် အချက်များအပေါ် မူတည်၍ အမြင့်ဆုံး ပလက်တီနမ်အဆင့်မှ ရွှေနှင့် ငွေအဆင့် စသည်ဖြင့် သတ်မှတ်ထားပါသည်။

Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “ ကျွန်မတို့ Grab အနေနဲ့ ရန်ကုန်မြို့ရဲ့ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုတစ်ခုအဖြစ် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာဟာ ခရီးသည်ထောင်ပေါင်းများစွာ ကို နေ့စဉ် မညည်းမညူ  မနားတမ်း ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးခဲ့ကြတဲ့ ကျွန်မတို့ မိတ်ဖက်ယာဉ်မောင်းတွေ ကြောင့်ပါ။ ဒီအခမ်းအနားက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုရုံတင်မကပါဘူး။ ဒါက လူမှုအသိုင်းအဝန်းထဲမှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ဝေမျှပေးဖို့ အတူတကွ စုဝေးကြတာလည်းပဲ ဖြစ်ကြတယ်။ ကျွန်မတို့မှာ မိတ်ဖက်ယာဉ်မောင်းတွေအားလုံးရဲ့ လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်လာစေဖို့ သိသာ ထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ပေးအပ်နိုင်တဲ့ အစီအစဉ်ကောင်းတစ်ခု ရှိပါတယ်။ အဲ့ဒီ့အထဲမှာ ကျွန်မတို့ ရရှိတဲ့ ဝေဖန်အကြံပြုချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ၊ ဘေးကင်းလုံခြုံရေး လှုပ်ရှားမှုတွေ၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ အသုံးပြုနိုင်အောင် ချိတ်ဆက်ပေးတာတွေ၊ ဆုလက်ဆောင် အစီအစဉ်တွေနဲ့ ပုံမှန် သင်တန်းပို့ချပေးတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်” ဟု ပြောသည်။

ကားဆရာကြီးများ စကားဝိုင်း

Grab Myanmar ၏ Business Development Head ဖြစ်သူ ကိုမင်းထွန်းလှမော်က အခမ်းအနားတက်ရောက်သူ မိတ်ဖက်ယာဉ်မောင်းများအား ဂုဏ်ပြုစကားနှင့် ရှေ့အစီအစဉ်များကို ပြောကြားစဉ်

Grab Myanmar ၏ Expansion Head ဖြစ်သူ ကိုစိုးထိုက်ထွန်းက ရွှေအဆင့် မိတ်ဖက်ယာဉ်မောင်းတစ်ဦးအား ဆုချီးမြှင့်စဉ်

ဂုဏ်ပြုပွဲအခမ်းအနားတွင် Grab မိတ်ဖက်ယာဉ်မောင်း “ကားဆရာကြီး”များ၏ စကားဝိုင်းတစ်ခု ပြုလုပ်ခဲ့ရာ Grab ဖြင့် မောင်းနှင်၍ အောင်မြင်မှုရယူနိုင်မည့်အချက်အား အဓိကထားပြီး အကြောင်းအရာမျိုးစုံ ဆွေးနွေး  ပြောကြားခဲ့ကြသည်။ အဆိုပါ အကြောင်းအရာများတွင် ဝင်ငွေအခွင့်အလမ်းပိုမိုတိုးတက်စေရေး အတွက် Grab ပလက်တီနမ် မိတ်ဖက်ယာဉ်မောင်းအဆင့်ဖြစ်လာရန်၊ ပိုမိုကောင်းမွန်သည့် ခရီးသည်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံဉာဏ်များ အပါအဝင် Grab မှ ပံ့ပိုးထားသည့် အစီအစဉ်များကို အကျိုးရှိရှိ အသုံးပြုပုံတို့ ပါဝင်ပါသည်။

“ကျွန်တော်တို့ မိတ်ဆွေယာဉ်မောင်းတွေနဲ့ အခုလို တစ်စုတစ်စည်းတည်း ဆုံရတာ ပျော်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ သက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုတိုးတက်အောင် လုပ်နိုင်လဲဆိုတာနဲ့ ဒီလိုလုပ်ရင်းက ကိုယ့်မိသားစုကို ထောက်ပံ့ဖို့ ဝင်ငွေဘယ်လိုပိုရှာနိုင်မလဲဆိုတဲ့ အတွေ့အကြုံတွေ အများကြီး ပြောပြခဲ့ပါတယ်။ ကျွန်တော်ကတော့ မိတ်ဆွေ ယာဉ်မောင်းတွေကို Grab က သတ်မှတ်ထားတဲ့ ခရီးစဉ်အကြောင်းရေ (၅) လ နဲ့ အထက် ဆက်တိုက် ပြည့်မီမယ်ဆိုရင် အပိုဆုကြေး ပိုရနိုင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီလို ပလက်တီနမ် အဆင့် ဆက်တိုက်ရခဲ့မယ်ဆိုရင် ခရီးစဉ်တစ်ကြောင်းပြီးတိုင်း Grab က ကျွန်တော်တို့ဆီက ကော်မရှင် (၅%) ပဲ ရသလို ဖြစ်သွားပါတယ်။ ဒီတော့ ခရီးသည်ရှာဖို့ လမ်းပေါ်မှာ လျှောက်မောင်းနေရတာတို့၊ ဈေးစကားပြောရ တာတို့ မလုပ်ရတော့သလို ကျွန်တော်တို့ ယာဉ်မောင်းတွေအတွက် သိသိသာသာ အကျိုးရှိစေတာပေါ့” ဟု ယနေ့ စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့သည့် Grab မိတ်ဖက်ယာဉ်မောင်း ကားဆရာကြီးတစ်ဦးဖြစ်သူ ဦးတင့်ဝေက ပြောသည်။

ရန်ကုန်မြို့ရှိ အငှားယာဉ်ဝန်ဆောင်မှု ပေးလျက်ရှိသော လုပ်ငန်းများအတွင်း Grab သည် မိတ်ဖက်ယာဉ်မောင်း အရေအတွက်အများဆုံးရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လစဉ် မိတ်ဖက်ယာဉ်မောင်း ရာပေါင်းများစွာ စာရင်းသွင်း ချိတ်ဆက်မောင်းနှင်လျက်ရှိပါသည်။ ဤသည်မှာ ခရီးသည်များအတွက် စောင့်ဆိုင်းချိန် သက်သာစေရုံသာမက  ထောင်ပေါင်းများစွာသော မိတ်ဖက်ယာဉ်မောင်းတို့၏ လူမှုဘဝကို ပိုမို တိုးတက်ကောင်းမွန်လာစေရေး ဖန်တီး နိုင်ရန်ဟူသည့် Grab ၏ ကတိကဝတ်ကိုလည်း ပေါ်လွင်စေပါသည်။ ပျှမ်းမျှအားဖြင့် Grab မိတ်ဖက်ယာဉ်မောင်း များမှာ Grab နှင့် ပူးပေါင်းလုပ်ကိုင်ပြီးနောက် ဝင်ငွေ (၃၀၀%) ပိုမို ရှာဖွေနိုင်ခဲ့ကြကြောင်း စစ်တမ်းများအရ သိရှိ နိုင်ပါသည်။

“ကျွန်မတို့ Grab အနေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေ ပိုပြီး အဆင်ပြေလာစေဖို့ သူတို့ရဲ့ အခက်အခဲတွေကို နားထောင်ပြီး ဘေးကင်းလုံခြုံရေး စိတ်ချရအောင် လုပ်ပေးပါတယ်။ သူတို့ နေ့စဉ်ဝင်ငွေတွေ တိုးပွားလာအောင် ကူညီပေးရင်းနဲ့ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်အောင် ကြိုးစားပေးနေပါတယ်။ ကျွန်မတို့ မိတ်ဖက် ယာဉ်မောင်းတွေရဲ့လိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့ဆိုတာ တကယ်ကို ကြီးမားတဲ့တာဝန်တစ်ခုပါ။ ဒါ့ကြောင့် မိတ်ဖက်ယာဉ်မောင်းတွေရဲ့ တောင်းဆိုချက်တွေကို ကူညီဖြေရှင်းနိုင်အောင် နောက်ကွယ်ကနေ နေ့တိုင်း ကြိုးစားပေးနေတဲ့ ကျွန်မတို့ရဲ့ Partner Care အဖွဲ့ကိုယ်စား အရမ်းကို ဂုဏ်ယူကျေနပ်မိပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ ကနေ ကားကြံ့ခိုင်ရေး အခြေအနေ စစ်ဆေးဖို့၊ မှတ်ပုံတင်ဖို့နဲ့ လိုင်စင်လျှောက်တဲ့အချိန်မှာ ကူညီပေးဖို့တွေ အပါ အဝင် ကောင်းမွန်တဲ့ ခရီးသည်ဝန်ဆောင်မှု ပေးနိုင်ဖို့ အကြံဉာဏ်ကောင်းတွေကိုပါ မျှဝေပေးနေပါတယ်” ဟု Cindy က ထပ်လောင်း ပြောကြားခဲ့သည်။

“ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် ကားသမားတွေရှေ့မှာ အခုလို ဆုလက်ခံ ရယူရတဲ့အတွက် အရမ်း ပျော်ပါ တယ်။ ဂုဏ်လည်းယူပါတယ်။ ကျွန်တော့် အချိန်တော်တော်များများကို နေ့ရှိသရွေ့ လမ်းပေါ်မှာ ခရီးသည်သွား ချင်တဲ့ နေရာတွေ လိုက်ပို့နေရင်းက အခုလို အသိအမှတ်ပြုပြီး ဆုရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူးဗျာ။ ဒီနေ့ကတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် တကယ့်ကို အမှတ်တရဖြစ်ရတဲ့နေ့ပါပဲ။ Grab က ပေးတဲ့ ဆုကို အိမ်မှာထားဖို့နေရာတစ်ခုတော့ သေသေချာချာလုပ်ရမယ်။ ဆက်ပြီးတော့လည်း အလုပ်ကို အကောင်းဆုံး  ဖြစ်အောင်လုပ်ပြီး Grab နဲ့အတူ ပိုအောင်မြင်အောင် ကြိုးစားသွားပါမယ်” ဟု လေးလ ဆက်တိုက် ရွှေအဆင့် ရရှိခဲ့သည့် မိတ်ဖက်ယာဉ်မောင်း ကိုအောင်ကျော်မိုးက ပြောသည်။

ထို့နောက် Grab က မိတ်ဖက်ယာဉ်မောင်းများအတွက် လျှပ်စစ် အိမ်သုံးပစ္စည်းများဖြစ်သော မိုက်ခရိုဝေ့ဗ်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်ရေနွေးအိုး၊ ဖျော်ရည်စက်နှင့် hair dryer စသည်ဖြင့် ဆုအမျိုးအစား (၅၀) ပါဝင်သော ကံစမ်းမဲအစီအစဉ်တစ်ခု ပြုလုပ်ပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့သည်။ ဂုဏ်ပြုပွဲ အခမ်းအနားကို ရိုးမဘဏ်က ပါဝင်ကူညီပံ့ပိုးထားပြီး ပလက်တီနမ်၊ ရွှေနှင့် ငွေအဆင့်ရှိ Grab မိတ်ဖက် ယာဉ်မောင်းများအတွက် ချေးငွေ အစီအစဉ်များကို မိတ်ဆက်ပေးခဲ့ပါသည်။

Grab Myanmar အကြောင်း ထပ်မံသိရှိလိုပါက https://www.grab.com/mm/blog/grabtaxicallygn/  နှင့်www.facebook.com/GrabMM တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။

ပလက်တီနမ်အဆင့်နှင့် ရွှေအဆင့် မိတ်ဖက်ယာဉ်မောင်းများနှင့် Grab Myanmar အဖွဲ့သားများ

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter