GrabProtect: A safer ride for the new normal

နေထိုင်မှုပုံစံအသစ် New normal ကို တစ်ကမ္ဘာလုံး စတင်ကျင့်သုံးနေကြပြီဆိုတော့ GrabTaxi ခရီးစဉ်တွေမှာ ဘေးကင်းလုံခြုံဖို့အတွက် စည်းမျဉ်းများနဲ့ လုပ်ဆောင်ချက်အသစ်များ ထပ်မံချမှတ်ထားပါတယ်။

ခရီးသည်များနဲ့ မိတ်ဖက်ယာဉ်မောင်းကြား ထိတွေ့မှု လျှော့ချရန်၊ COVID-19 ကူးစက်ပြန့်နှံ့မှု အန္တရာယ်ကို လျှော့ချရန်အတွက် GrabProtect ဝန်ဆောင်မှုအသစ် ဖြစ်တဲ့ ပလတ်စတစ်အကာများနဲ့ GrabTaxi ကို ငှားရမ်းနိုင်ပါပြီ။ ပိုမိုလုံခြုံတဲ့ ခရီးစဉ် ဖြစ်ဖို့ GrabProtect ကို နှိပ်ပြီး ကားငှားပါ။

GrabTaxi
ကြိုတင် သိနိုင်တဲ့ ပုံမှန်ဈေးနှုန်းနဲ့ ခရီးစဉ်များ

GrabTaxi Plus
မော်ဒယ်မြင့်ကားများနဲ့ ကျွမ်းကျင်ယာဉ်မောင်းများ

GrabProtect
ပလတ်စတစ်အကာ တပ်ဆင်ထားတဲ့ ပိုမိုလုံခြုံသော ခရီးစဉ်များ

Envervon-C မှ GrabProtect အတွက် ပံ့ပိုးမှု

ခရီးသည်များအား COVID-19 ကူးစက် ပြန့်ပွားမှု ရန်မှ တတ်စွမ်းသမျှ ကာကွယ်ရန် Grab ရဲ့  ကြိုးပမ်းအားထုတ်မှုတွင် Envervon-C မှ ပါဝင်ပူးပေါင်း ပံ့ပိုးကူညီခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်းမှာ ရန်ကုန်မြို့ရှိ Grab မိတ်ဖက်ယာဉ် အစီးပေါင်း ၁၀၀၀ နဲ့ မန္တလေးမြို့ရှိ မိတ်ဖက်ယာဉ်အစီး ၄၀၀ တို့အား Envervon-C မှ ယာဉ်အတွင်း ပလတ်စတစ်အကာများ တပ်ဆင်ပေးခဲ့ပါတယ်။

ခရီးသည်များနဲ့ မိတ်ဖက်ယာဉ်မောင်းများကို အောက်ပါ အဆင့် ၇ ချက်ကို လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။

သန့်ရှင်းပါ။ ယာဉ်မောင်းများအနေနဲ့ ကားမထွက်မီ လူအများ ထိတွေ့နိုင်တဲ့ တံခါးလက်ကိုင်များ၊ မှန်အတင်အချခလုတ်များ အပါအဝင် ကားကို ဆပ်ပြာ၊ ရေနဲ့ စင်ကြပယ်စွာ သန့်ရှင်းဆေးကြောပါ။

Mask တပ်ပါ။ ခရီးသည်များရော၊ ယာဉ်မောင်းများပါ ပါးစပ်နဲ့နှာခေါင်းစည်း mask များကို အမြဲတပ်ဆင်ပေးပါ။

အရေး မယူပါ။ ခရီးသည်များရော၊ ယာဉ်မောင်းများပါ mask တပ်ထားခြင်း မရှိပါက၊ (သို့) နေထိုင်မကောင်း လက္ခဏာများ ပြနေသူကို တွေ့ပါက ဘယ်ဘက်မှမဆို ခရီးစဉ်ကို ပျက်ဖျက်နိုင်ပြီး Grab မှ ၎င်းပယ်ဖျက်မှုအတွက် အရေးယူခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။

ငွေသားမဲ့ ပေးချေပါ။ ထိတွေ့မှု လျှော့ချဖို့အတွက် ငွေသားမဲ့ ပေးချေမှုပုံစံနဲ့ ပြောင်းလဲပေးချေနိုင်ပါတယ်။

လက်ဆေးပါ။ ခရီးသည်များရော၊ ယာဉ်မောင်းပါ  လက်ကို ပုံမှန်ဆေးကြောခြင်း (သို့) လက်သန့်စင်ဆေးရည် သုံးဖို့ တိုက်တွန်းပါတယ်။

အမှိုက်မချပါနဲ့။ ခရီးသည်များအနေနဲ့ အသုံးပြုပြီးသား တစ်ရှူးများနဲ့ အမှိုက်များကို ကားထဲမှာ မထားခဲ့ဖို့ မေတ္တာရပ်ခံပါတယ်။

အကြောင်းကြားပါ။ ခရီးသည်များရော၊ ယာဉ်မောင်းများပါ Grab app အတွင်း feedback ပေးပြီး အသိပေးအကြောင်းကြားနိုင်ပါတယ်။ သို့မှသာ Grab အနေနဲ့ လိုအပ်ပါက အရေးယူမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ် တစ်ခု စီးနင်း/ မောင်းနှင် ပြီးသွားတိုင်း Grab App ရဲ့ rating နဲ့ feedback လုပ်ဆောင်ချက်များနဲ့ Help Centre (အကူအညီ စင်တာ) မှာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပြဿနာများနဲ့ ပတ်သက်တဲ့ အကြောင်းရင်းနဲ့ report လုပ်နိုင်ဖို့ options များ ထပ်ထည့်ပေးထားပါတယ်။

လုံခြုံရေးလုပ်ဆောင်ချက် အသစ်များ
မိတ်ဆွေတို့ရဲ့ ကျန်းမာရေး၊ မိတ်ဆွေတို့ ချစ်ခင်ရသူတွေရဲ့ ကျန်းမာရေးအတွက် လုံခြုံရေး လုပ်ဆောင်ချက်အသစ်များ ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ခရီးစဉ် ပယ်ဖျက်ခြင်းနဲ့ အဆင့်သတ်မှတ်ပေးခြင်း
ခရီးသည်များရော မိတ်ဖက်ယာဉ်မောင်းများပါ လိုအပ်သော ကျန်းမာရေး စံနှုန်းကို လိုက်နာခြင်း မရှိဟု (mask မတပ်ခြင်း၊ နေထိုင်မကောင်းခြင်း)  တွေ့ရှိပါက ခရီးစဉ်ကို ပယ်ဖျယ်နိုင်ပါတယ်။ ခရီးစဉ်အပြီးမှာ ကြယ်အဆင့်သတ်မှတ်ပေးခြင်း (rating)  ပေးပြီး မှတ်ချက်လည်း ပေးနိုင်ပါတယ်။ ဒီ လုပ်ဆောင်ချက်ကို အသုံးပြုတဲ့အခါ Grab ဘက်က အရေးယူမှု ပြုလုပ်မှာမို့ သတိပြုပြီး အသုံးပြုပေးပါ။

ကျန်းမာရေး ကောင်းမွန်ကြောင်း ကြေညာချက်
Grab အပလီကေးရှင်းမှ ခရီးစဉ် မစတင်မီ ခရီးသည်များနဲ့ မိတ်ဖက်ယာဉ်မောင်းများအား ကျန်းမာရေး ကောင်းမွန်ကြောင်း၊ COVID-19 ရောဂါလက္ခဏာများနဲ့ ဆက်စပ်လက္ခဏာများ ဘာမှ မရှိ ကင်းရှင်းပါကြောင်းနဲ့ လိုအပ်သော တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး လိုက်နာရန်အချက်များကို လိုက်နာပါမည်ဖြစ်ကြောင်း  အွန်လိုင်းမှ တစ်ဆင့် declaration ဖောင်တစ်ခု တင်သွင်းခိုင်းမှာ ဖြစ်ပါတယ်။

ခပ်ခွာခွာ နေပါ
ခရီးစဉ်အတွင်းမှာလည်း အခြားသူတွေနဲ့ ခပ်ခွာခွာနေဖို့ social distancing လုပ်ဖို့ သတိရပါ။ မကြာသေးမီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (MOHS)ရဲ့ ကြေညာချက်များအတိုင်း ဈေးဝယ်ထွက်ခြင်းအတွက် Grab ယာဉ်များတွင် ခရီးသည် ၁ ဦးသာ၊ ဆေးခန်း၊ ဆေးရုံ၊ ကျန်းမာရေးအတွက် သွားလာခြင်းအတွက် ခရီးသည် ၂ ဦးသာ ခွင့်ပြုထားပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်များကို ကြည့်ရှုရန် ဒီမှာ နှိပ်ပါ။