​COVID-19 ကို
အတူတကွ ကျော်လွှားကြစို့

သင့်အား ဘေးကင်းစေရန် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများကို ကြည့်ပါ

Grab ရဲ့ မိတ်ဆွေများခင်ဗျား၊
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် မိတ်ဆွေတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကြီးစွာသော အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ ကျွန်ုပ်တို့ သိရှိပါတယ်။ အရှေ့တောင်အာရှအတွင်း ဒီကမ္ဘာ့ကပ်ရောဂါကို မိတ်ဆွေတို့နဲ့အတူတူ ကျော်လွှားဖို့ ကျွန်ုပ်တို့ တတ်နိုင်သမျှ အားလုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

01

သုံးစွဲသူများရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက်
  • Grab ရှိရာ နိုင်ငံများတွင် မိတ်ဖက် ယာဉ်မောင်းများနဲ့ စားစရာပို့ဆောင်သူများအတွက် နှာခေါင်းစည်း/ မျက်နှာဖုံးများနဲ့ လက်သန့်စင်ဆေးရည် ၁ သန်းကျော် ဝေငှခဲ့ပြီး ဆက်လက်မျှဝေနေအောင် ကြိုးစားနေခြင်း
  • မိတ်ဖက်များကို နေထိုင်မကောင်း ဖြစ်ပါက ဆေးရုံဆေးခန်းများသို့ သွားရန် အသိပညာများ ပေးထားခြင်း
  • နေထိုင်မကောင်းတဲ့ မိတ်ဖက်ယာဉ်မောင်းများ၊ ပို့ဆောင်သူများကို အကောင့်ယာယီ ပိတ်သိမ်းပြီး COVID-19 မရှိဟု ဆေးစာရွက် သက်သေခံပြမှ အကောင့်ပြန်ဖွင့်ပေးခြင်းတို့ ဆောင်ရွက်လျက် ရှိပါတယ်။

02

ကျွန်ုပ်တို့ရဲ့ မိတ်ဖက်များဖြစ်သော ယာဉ်မောင်းများနဲ့ စားစရာ ပို့ဆောင်သူများကို ထောက်ပံ့ရန်အတွက်
  • အကယ်၍ COVID-19 ကြောင့် ဆေးရုံဆေးခန်း တက်ရခြင်း၊ အိမ် (သို့) တစ်နေရာရာတွင် သီးသန့်ထိန်းသိမ်းထားခံရခြင်း (Quarantine) များအတွက် မိတ်ဖက်အကူအညီ ရန်ပုံငွေ ထားရှိပေးထားခြင်းများ လုပ်ဆောင်လျက် ရှိပါတယ်။

03

ဆိုင်တွင် လာရောက်စားသောက်သူများ နည်းပါးလာမှုဒဏ်ကို ခံစားနေရသော မိတ်ဖက်ဆိုင်လုပ်ငန်းရှင်များအတွက်
  • ပြည်တွင်း အသေးစားဆိုင်လုပ်ငန်းလေးများအား ကျွန်ုပ်တို့၏ Grab ပလက်ဖောင်းပေါ်တွင် အရောင်းမြှင့်တင်ရန် ကူညီပေးခြင်း
  • အမြန်ဆုံး Grab ပလက်ဖောင်းပေါ်တင်ပြီး ရောင်းချနိုင်အောင် လုပ်ဆောင်ပေးခြင်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးလျက် ရှိပါတယ်။

04

ပြည်တွင်း တာဝန်ရှိအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ COVID-19 ကူးစက်မှုကို တတ်နိုင်သမျှ ဟန့်တားရန် ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်။ နိုင်ငံတိုင်းတွင် ကျွန်ုပ်တို့၏ လုံခြုံရေး အဖွဲ့ဝင်များမှ တာဝန်ရှိ အာဏာပိုင်များကို ကူညီပြီး သံသယရှိသူများကို ခြေရာကောက်ခံပေးရန် ၂၄ နာရီလုံး အသင့် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့်ပတ်သက်၍ ဆက်သွယ်ရန်

  • phone-icon copy 2Created with Sketch. ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန
    0944-900-1261 / 0979-451-0057
  • phone-icon copy 2Created with Sketch.

    မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန
    0920-00-344 / 0943-099-526

Grab သုံးစွဲသူများအတွက် အရေးကြီး သတင်းများ

Grab ယာဉ်စီးနင်းမှုများအတွက်

GrabShare ယာယီရပ်ဆိုင်းခြင်း

ကြိုတင်ကာကွယ်မှုများအတွက်

အက်ပ်ပလီကေးရှင်းအတွင်းရှိ ကျွန်ုပ်တို့၏ မိတ်ဖက်များ နေထိုင်မကောင်းဖြစ်နေသည်ကို သတိပြုမိပါက Grab ရဲ့ အကူအညီစင်တာတွင် အစီအရင်ခံနိုင်ပါတယ်။

  1. Grab ဝန်ထမ်းမှ အဆိုပါမိတ်ဖက်ကို ဖုန်းခေါ်မှာ ဖြစ်ပါတယ်။
  2. နေထိုင်မကောင်းဖြစ်နေတာကို အတည်ပြုပြီးပါက မိတ်ဖက်အကောင့်ကို ယာယီရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်။
  3. မိတ်ဖက်များအနေနဲ့ COVID-19 မရှိကြောင်း ဆေးအထောက်အထားလက်မှတ် တင်ပြနိုင်တာနဲ့ အကောင့်ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။

သင် လုပ်ဆောင်နိုင်သည်များ

  • သင့် ကိုယ်အပူချိန်ကို တိုင်းပါ။
  • နေမကောင်းပါက မျက်နှာဖုံးတပ်ပြီး ဆရာဝန် သွားပြပါ။
  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်ကို တစ်ရှူးစက္ကူ၊ လက်ကိုင်ပုဝါဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို ကာပါ။
  • အသုံးပြုပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ ချက်ချင်း ထည့်ပါ။
  • ကျန်းမာရေးနဲ့ ပိုမိုညီညွတ်စေရန် ယာဉ်စီးနင်းမှုများတွင် ငွေသားမဲ့ ပေးချေမှုပုံစံကို အသုံးပြုပါ။

မိတ်ဖက်ယာဉ်မောင်းများနဲ့ စားစရာပို့ဆောင်သူများအတွက် အရေးကြီး သတင်းများ

ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ

01

ရန်ကုန်နဲ့ မန္တလေး ရုံးများမှာ နှာခေါင်းစည်း/ မျက်နှာဖုံးနဲ့ လက်သန့်စင်ဆေးရည်များ ဝေငှခဲ့

02

မိတ်ဖက် ယာဉ်မောင်းနဲ့ စားစရာပို့ဆောင်သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မှု ရှိပါက မိတ်ဖက်အကူအညီ ရန်ပုံငွေ ထောက်ပံ့မှုအဖြစ်

  • တစ်ကြိမ်တည်း ပေးချေမှု ၂၀၀,၀၀၀ ကျပ်

သင့်အတွက် ဘေးကင်းစေရန်

  • သင့်ယာဉ်နှင့် စားစရာထည့်သောအိတ်ကို ပုံမှန် သန့်စင်ပါ
  • ပိုက်ဆံကိုင်ပြီးပါက လက်ကို သန့်စင်ပါ
  • နေမကောင်းပါက မျက်နှာဖုံးတပ်ပြီး ဆရာဝန် သွားပြပါ။
  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်ကို တစ်ရှူးစက္ကူ၊ လက်ကိုင်ပုဝါဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို ကာပါ။
  • အသုံးပြုပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ ချက်ချင်း ထည့်ပါ။
  • ခရီးသည် ယာဉ်ပေါ်မှ ဆင်းသက်ပြီးနောက် ထိုင်ခုံ၊ ခါးပတ်၊ တံခါးလက်ကိုင်များကို သန့်စင်ဆေးရည်ဖြင့် သန့်ရှင်းရေး လုပ်ပါ။

ဆိုင်လုပ်ငန်းရှင်များအတွက် အရေးကြီး သတင်းများ

ဆိုင်လုပ်ငန်းများ လုပ်သင့်သည်များ

  • သင့်ဝန်ထမ်းများနဲ့ စားစရာပို့ဆောင်သူများအား ပုံမှန် အပူချိန်တိုင်းခြင်း
  • စားစရာများ မကိုင်မီ လက်ကို ဆပ်ပြာ၊ ရေဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း
  • ပန်းကန်များအား အမြဲသန့်စင်ပြီး မီးဖိုချောင် သန့်ရှင်းအောင် ထားခြင်း
  • စားစရာများကို ဖုံးအုပ်ထားခြင်း
  • စားစရာကို သင့်တင့်သော အပူချိန်တွင် ထားခြင်း