Say hi to GrabFlash [beta]: on-demand delivery service for your package 📦

ပါဆယ်တွေ ချက်ချင်း (ဘယ်နေရာမှ မဝင်ဘဲ) တစ်ခါတည်း တန်းပို့ဖို့ဆိုရင် မြန်ဆန်၊ စိတ်ချရတဲ့ ပို့ဆောင်ရေး တစ်ခု လိုတာပေါ့။ ကျွန်တော်တို့ရဲ့ ချက်ချင်းလာယူ၊ ချက်ချင်း ပို့ဆောင်ပေးမယ့် ကိုယ်စားလှယ် ပို့ဆောင်ရေး GrabFlash [beta] ကို အခုပဲ စမ်းသုံးကြည့်ပါ။

GrabFlash [beta] ရဲ့ အားသာချက်များ

ချက်ချင်း ပို့ဆောင်ပေးခြင်း။ ။ လိုချင်တဲ့အချိန်မှ ပို့ဆောင်ပေးသူကို ခေါ်ရုံပါပဲ။ တစ်လ ပါဆယ် ဘယ်နှခုပို့ရမယ်လို့ သဘောတူညီချက် ထားရှိစရာ မလိုပါဘူး။

ဈေးနှုန်း သင့်တင်ခြင်း။ ။ ပို့ဆောင်ခက မိတ်ဖက် ပို့ဆောင်သူရဲ့ သွားရတဲ့ ခရီးပေါ်မူတည်ပြီး ပေးရတာ ဖြစ်ပြီး ဈေးနှုန်းများမှာ ၂၅၀၀ ကျပ်မှ စတင်ပါတယ်။

များများပို့နိုင်ခြင်း။ ။ တစ်ကြောင်းတည်းမှာ ၁၀ နေရာထိ ပို့နိုင်ပါတယ်။ 

တည်နေရာ တိုက်ရိုက်ကြည့်နိုင်ခြင်း။ ။ Share my ride လုပ်ဆောင်ချက်နဲ့ ပေးပို့သူတွေဆီ လင့်ခ် ပို့ပြီး ပါဆယ် ဘယ်နေရာ ရောက်နေပြီလဲဆိုတာ အတူတူ ကြည့်နိုင်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ပို့ဆောင်ပေးသူတွေက ရန်ကုန်နဲ့ မန္တလေး မြို့လုံးမှာ ရာနဲ့ ချီ ရှိပြီး မိတ်ဆွေတို့ရဲ့ ပစ္စည်းတွေကို သေချာ ဂရုစိုက် ကိုင်တွယ်ဖို့ သေချာလေ့ကျင့် သင်ကြားထားပြီး ဖြစ်ပါတယ်။ 

ပေးပို့တဲ့ ပစ္စည်းတွေ စုစုပေါင်း ၃၅ စင်တီမီတာ x ၃၅ စင်တီမီတာ x ၃၅ စင်တီမီတာနဲ့ဆံ့ရမှာ ဖြစ်ပြီး, ၁၀ ကီလိုဂရမ် အလေးချိန် အထိသာ ရှိရမှာပါ။ 

GrabFlash [beta] က GrabFood ဝန်ဆောင်မှု မိတ်ဖက်ပို့ဆောင်သူများဖြင့် ထပ်မံတိုးချဲ့လိုက်သော ဝန်ဆောင်မှု ဖြစ်ပါတယ်။ GrabFlash [beta] ဟာ မိတ်ဖက်ယဉ်မောင်းများ ဝင်ငွေပိုမိုတိုးတက်လာစေရန်အတွက် ဖောက်သည်များနဲ့ အသေးစားလုပ်ငန်းငယ်များအား လိုအပ်ချက်အတိုင်း ရန်ကုန်မြို့အတွင်း  ပို့ဆောင်မှုများ ပြုလုပ်နိုင်ရန် အကူအညီပေးသော ဝန်ဆောင်မှု ဖြစ်ပါတယ်။

GrabFlash [beta] အသုံးပြုပုံ

မေးလေ့ရှိသော မေးခွန်းများ

GrabFlash [beta] ဆိုတာ ကိုယ်လိုအပ်တဲ့ အချိန်မှာမှ တစ်နေရာကနေ တစ်နေရာကို ပစ္စည်းပို့ဆောင်လိုတဲ့အခါ အသုံးပြုနိုင်တဲ့ ပို့ဆောင်ရေး ဖြစ်ပါတယ်။  တစ်ကြောင်းတည်းနဲ့ ၁၀ နေရာအထိ ပို့ဆောင်ခိုင်းလို့ ရပါတယ်။ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း အသုံးပြုနိုင်ပါတယ်။

၂,၀၀၀ ကျပ်က စတင်ပြီး အကွာအဝေးအလိုက် ပေးချေရမှာ ဖြစ်ပါတယ်။ ဘွတ်ကင် အတည်မပြုမီ ပို့ဆောင်မယ့်နေရာများ ထည့်ပြီးတာနဲ့ ကျသင့်ငွေကို ကြိုပြပေးမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အကူအညီစင်တာကတစ်ဆင့် ဆက်သွယ်ပါ။

လက်ရှိမှာတော့ စားစရာတွေပဲ ပို့ဆောင်နိုင်ပါသေးတယ်။ စက်ဘီးနဲ့ ပို့ဆောင်မှုအတွက် စုစုပေါင်း ၃၅ စင်တီမီတာ x ၃၅ စင်တီမီတာ x ၃၅ စင်တီမီတာနဲ့ဆံ့ရမှာ ဖြစ်ပြီး ၁၀ ကီလိုဂရမ် အလေးချိန် အထိသာ ရှိရမှာပါ။

သင့်ပါဆယ် ပျက်စီး/ ပျောက်ဆုံးခြင်း မဖြစ်ရအောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပို့ဆောင်မှာပါ။ မတော်တဆ ကံဆိုးစွာနဲ့ သင့်ပါဆယ် ပျက်စီး/ ပျောက်ဆုံးသွားခဲ့ပါက ပို့ဆောင်မှု တစ်ကြောင်းလျှင် ၁၅၀,၀၀၀ ကျပ်အထိ အာမခံ ရှိပါတယ်။ အသေးစိတ် အချက်အလက်များအတွက် စည်းကမ်းသတ်မှတ်ချက်များ မှာ ကြည့်ပါ။