အတူတကွ တက်လှမ်းခြင်း

ESG အစီရင်ခံစာ ၂၀၂၅ ကို ဖတ်ပါ
landing-image

Grab ၏ ဦးစားပေး ကဏ္ဍများ

focus card image

မိတ်ဖက်

Grab သည် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှု ဖန်တီးပေးခြင်း၊ မိတ်ဖက်များ၏ အကျိုးခံစားခွင့်ကို မြှင့်တင်ပေးခြင်းနှင့် ငွေကြေးဆိုင်ရာ လက်လှမ်းမီနိုင်မှုကို တိုးမြှင့်ပေးခြင်းဖြင့် လူမှုစီးပွားရေးများ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးပါသည်။

၂၀၂၅ ခုနှစ်၏ သက်ရောက်မှု

Grab ပလက်ဖောင်းပေါ်ရှိ မိတ်ဖက် ယာဉ်မောင်းများနှင့် မိတ်ဖက်လုပ်ငန်းရှင်များ၏ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၅.၃ ဘီလီယံ ရှိခဲ့ပြီး၊ နှစ်စဉ် 19% ကျော် မြင့်တက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် အမျိုးသမီးများနှင့် မသန်စွမ်းသူ ၁၈၉,၀၀၀ ခန့်သည် Grab ပလက်ဖောင်းကတစ်ဆင့် ဝင်ငွေရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် 40% မြင့်တက်လျက် ရှိသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၈၅၆,၀၀၀ သည် မိတ်ဖက် လုပ်ငန်းရှင်များဖြစ်လာကြပြီး ၎င်းတို့၏ ဈေးကွက်ကို ပိုမိုချဲ့ထွင်ပေးနိုင်ခဲ့ပါသည်။

focus card image

ပလက်ဖောင်း

Grab သည် ဘေးကင်းလုံခြုံမှု၊ အားလုံးပါဝင်မှု၊ ကိုယ်ပိုင်ဒေတာ လုံခြုံမှုနှင့် ဆိုက်ဘာလုံခြုံရေးတို့တွင် မြင့်မားသော စံနှုန်းများထားရှိခြင်းဖြင့် အသုံးပြုသူများကို ကာကွယ်ပေးကာ ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်သော ဈေးကွက်တစ်ခုကို ဖန်တီးပေးထားပါသည်။

၂၀၂၅ ခုနှစ်၏ သက်ရောက်မှု

ခရီးစဉ်အားလုံး၏ ၉၉.၉ ရာခိုင်နှုန်းသည် ဘေးကင်းလုံခြုံမှုဆိုင်ရာ အဖြစ်အပျက် တစ်စုံတစ်ရာ မရှိဘဲ ပြီးစီးခဲ့သည်။

ခရီးစဉ်တစ်သန်းလျှင် မတော်တဆဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

စစ်တမ်းကောက်ယူခဲ့သော မိတ်ဖက်ယာဉ်မောင်းများ၏ ၉၀ ရာခိုင်နှုန်းက Grab သည် အခြား အချိန်ပိုင်းအလုပ် ပလက်ဖောင်းများထက် ပိုမိုလုံခြုံသည်ဟု ခံယူထားကြပါသည်။

focus card image

ကမ္ဘာမြေ

Grab သည် ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော အနာဂတ်ကို တည်ဆောက်ရန် ကတိပြုထားပြီး၊ ၂၀၄၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုမျှခြေရှိရန် နှင့် သဘာဝပတ်ဝန်းကျင်အတွင်း ထုပ်ပိုးမှုစွန့်ပစ်ပစ္စည်း လုံးဝမရှိစေရေးတို့ကို ရည်မှန်းထားပါသည်။

၂၀၂၅ ခုနှစ်၏ သက်ရောက်မှု

ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော သယ်ယူပို့ဆောင်ရေးစနစ်များဖြင့် ခရီးနှင်မှုသည် စုစုပေါင်းအကွာအဝေး၏ ၉% ရှိပြီး၊ ၎င်းမှာ ၂၀၂၄ ခုနှစ်တွင် ရှိခဲ့သော ၇% ထက် တိုးတက်လာခြင်းဖြစ်သည်။

 

အတည်ပြုထားသော လူမှုအဖွဲ့အစည်းအခြေပြု၊ နည်းပညာအခြေပြုနှင့် ကာဗွန်ခရက်ဒစ် စီမံကိန်းများမှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ညီမျှတန်ချိန် ၇၇၂,၀၀၀ ကျော်ကို ဖယ်ရှားခြင်း ပြုလုပ်နိုင်ခဲ့သည့်အပြင် ထွက်ရှိလာမည့် ပမာဏကိုလည်း ရှောင်ရှားနိုင်ခဲ့ပါသည်။

 

တစ်ခါသုံး ထုပ်ပိုးမှုစွန့်ပစ်ပစ္စည်း တန်ချိန် ၁၀,၁၄၂ ကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည်။

Partner

article
မိတ်ဖက်ယာဉ်မောင်းများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများ
Grab သည် နည်းပညာကို အသုံးပြု၍ ခိုင်မာတောင့်တင်းသော ဈေးကွက်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် ဝယ်လိုအားအသစ်များနှင့် ရေရှည်တည်တံ့သော တိုးတက်မှုများရရှိလာပြီး ကျွန်ုပ်တို့၏ မိတ်ဖက်ယာဉ်မောင်းများကို ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရှင်သန်အောင်မြင်စေရန် ကူညီပေးပါသည်။
အသေးစိတ် လေ့လာရန်
article
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ (MSME) ဖွံ့ဖြိုးတိုးတက်မှု
Grab သည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် မိတ်ဖက် ကုန်သည်များအား ဝယ်လိုအား၊ ဒစ်ဂျစ်တယ် ကိရိယာများနှင့် ငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ၎င်းတို့၏ ဆိုင်ဖွင့်လှစ်ထားသည့် နေရာတစ်ခုတည်းတွင်တင်မကဘဲ ပိုမိုကျယ်ပြန့်စွာ တိုးတက်လာစေရန် ကူညီပေးလျက်ရှိပါသည်။
အသေးစိတ် လေ့လာရန်
article
ငွေကြေးဆိုင်ရာ လက်လှမ်းမီနိုင်မှု
Grab သည် ၎င်း၏ ကျယ်ပြန့်သောဂေဟစနစ်နှင့် အခြားသောအချက်အလက်များကို အသုံးပြု၍ ပုံမှန်ဝင်ငွေ မရှိသူများ သို့မဟုတ် ချေးငွေရရန် ခက်ခဲသည့် မိတ်ဖက်များနှင့် စားသုံးသူများအတွက် ကိုက်ညီသည့် ငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများကို ဖန်တီးလုပ်ဆောင်ပေးပါသည်။
အသေးစိတ် လေ့လာရန်

တန်းတူအခွင့်အရေးအတွက် အတားအဆီးများကို ဖြိုဖျက်ခြင်း

Grab သည် အမျိုးသမီးများနှင့် မသန်စွမ်းသူများ ပါဝင်နိုင်ရန်အတွက် ရှိနေသော အတားအဆီးများကို လျှော့ချပေးကာ ၎င်းတို့နဲ့ ကိုက်ညီသည့် ဝင်ငွေရရှိမှုအခွင့်အလမ်းများကို တိုးချဲ့ပေးပါသည်။

article
အမျိုးသမီးယာဉ်မောင်းများအတွက် Grab ၏ အစီအစဉ်
အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများအား ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်အတိုင်း စတင်ပြီး အောင်မြင်လာစေရန် ဖန်တီးပေးခြင်း – လုံခြုံရေးဆိုင်ရာ ပူပန်မှုများကို ဖြေရှင်းပေးခြင်း၊ ယုံကြည်မှုတည်ဆောက်ပေးခြင်းနှင့် လိုက်လျောညီထွေရှိသော ဝင်ငွေရရှိမှုအခွင့်အလမ်းများကို ပံ့ပိုးပေးပါသည်။
အသေးစိတ် လေ့လာရန်
article
မသန်စွမ်းသူများအတွက် GrabAccess
ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းများနှင့် ငွေကြေးဆိုင်ရာ လက်လှမ်းမီနိုင်မှုကို လိုအပ်ချက်အတိုင်း ပံ့ပိုးပေးခြင်းဖြင့် မသန်စွမ်းသူများ လက်လှမ်းမီနိုင်သော ဝင်ငွေရရှိမှုအခွင့်အလမ်းများ ဖန်တီးပေးပါသည်။
အသေးစိတ် လေ့လာရန်

ပလက်ဖောင်း

article
ပလက်ဖောင်း၏ ဘေးကင်းလုံခြုံမှု
Grab သည် နည်းပညာအချက်အလက်ကို အခြေခံသည့် ဆောင်ရွက်ချက်များအပြင် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းများမှတစ်ဆင့် အရှေ့တောင်အာရှတစ်ဝှမ်းရှိ မိတ်ဖက်ယာဉ်မောင်းများ၊ စားသုံးသူများနှင့် ခရီးသွားပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် ကတိပြုထားပါသည်။
အသေးစိတ် လေ့လာရန်
article
ဆိုက်ဘာလုံခြုံရေးနှင့် ကိုယ်ပိုင်ဒေတာ လုံခြုံမှု
Grab သည် ဘက်စုံလွှမ်းခြုံသော ဆိုင်ဘာလုံခြုံရေးနှင့် ဒေတာကာကွယ်ရေး အစီအစဉ်များမှတစ်ဆင့် ကျွန်ုပ်တို့၏ ကွန်ရက်များ၊ စနစ်များနှင့် အချက်အလက်များကို ကာကွယ်ပေးထားပါသည်။
အသေးစိတ် လေ့လာရန်
article
AI ကျင့်ဝတ်နှင့် အုပ်ချုပ်မှု
Grab သည် AI နည်းပညာကို တာဝန်ယူမှုရှိရှိနှင့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ အသုံးပြုနိုင်စေရန်အတွက် AI ဆိုင်ရာ စီမံအုပ်ချုပ်မှုမူဘောင်များကို ပိုမိုခိုင်မာအောင် မြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။
အသေးစိတ် လေ့လာရန်

ကမ္ဘာမြေ

article
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်း
Grab သည် မိမိတို့၏ လုပ်ငန်းကွင်းဆက်တစ်လျှောက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချရာတွင် ထုတ်လွှတ်မှုလျှော့ချရေးကို ဦးစားပေးခြင်း နှင့် အားလုံးပါဝင်နိုင်စေခြင်း ဟူသော ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
အသေးစိတ် လေ့လာရန်
article
ရေရှည်တည်တံ့သော ထုပ်ပိုးမှုဆိုင်ရာ ဖြေရှင်းနည်းများ
Grab သည် သယံဇာတများ အလေအလွင့်မရှိဘဲ အစဉ်တစိုက် လည်ပတ်နေသည့် စီးပွားရေးစနစ်သို့ ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်ရန်အတွက် နည်းပညာ၊ လုပ်ငန်းပမာဏနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အသုံးချကာ စွန့်ပစ်ပစ္စည်း လျှော့ချရေးကို ဦးစားပေးသော ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
အသေးစိတ် လေ့လာရန်

လူမှုအသိုင်းအဝိုင်း

article
ပညာရေး
GrabScholar သည် GrabForGood ရန်ပုံငွေမှတစ်ဆင့် ပညာရေးလက်လှမ်းမီနိုင်မှုဖြင့် ရေရှည်လူမှုစီးပွား တိုးတက်မှုကို တွန်းအားပေးရန် ရည်ရွယ်ပါသည်။
အသေးစိတ် လေ့လာရန်
article
လူမှုအသိုင်းအဝိုင်း ကယ်ဆယ်ရေး
Grab သည် ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် ဒေသဆိုင်ရာ ပဋိပက္ခများအတွက် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ပေးနေပါသည်။
အသေးစိတ် လေ့လာရန်
article
လူသားအရင်းအမြစ် စီမံခန့်ခွဲမှု
Grab သည် ရည်မှန်းချက်ကို ဗဟိုပြုသော အဖွဲ့အစည်းဖြစ်ပြီး အရှေ့တောင်အာရှ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို မြှင့်တင်ရန် 4H တန်ဖိုးများဖြင့် အခြေခံထားသည့် ကျွန်ုပ်တို့၏ ဝန်ထမ်းဆိုင်ရာ မဟာဗျူဟာဖြင့် အာရုံစိုက် ဆောင်ရွက်လျက်ရှိပါသည်။
အသေးစိတ် လေ့လာရန်
testimonial image

ကျွန်ုပ်တို့၏ အရှေ့တောင်အာရှ အသိုင်းအဝိုင်း အောင်မြင်ခြင်းသည် Grab ၏အောင်မြင်ခြင်းဖြစ်သည်

"ကျွန်တော်အနေနဲ့ လက်တွေ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး လက်တွေ့ မြေပြင်အခြေအနေက တကယ့်အခက်အခဲတွေကို ဖြေရှင်းပေးသွားမှာဖြစ်ပြီး၊ အရှေ့တောင်အာရှရှိ လူတိုင်းဟာ ဒီဂျစ်တယ်အနာဂတ်မှာ ပါဝင်ပြီး အကျိုးကျေးဇူး ခံစားရရှိနိုင်စေဖို့ ဆက်လက်ဖော်ဆောင်သွားမှာပါ။ ဒါမှသာ Grab ကြီးထွားအောင်မြင်တာနဲ့အမျှ အရှေ့တောင်အာရှဒေသကြီးဟာလည်း ကျွန်တော်တို့နဲ့အတူ အောင်မြင်တိုးတက်လာမှာ ဖြစ်ပါတယ်"

Anthony Tan

Group CEO၊ တွဲဖက် တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ Grab

သတင်းထုတ်ပြန်ချက်များ
အသေးစိတ် လေ့လာရန်
1
of
7