နောက်ဆုံးပြင်ဆင်သည့်နေ့- [၁၃-၄-၂၀၂၆]
ဤ Group Rides ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများကို အသုံးပြုရန်စည်းကမ်းများ နှင့်အတူ တွဲဖက်ဖတ်ရှုရပါမည်။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှု၊ အထူးသဖြင့် Grab ပလက်ဖောင်းပေါ်ရှိ Group Rides Feature ကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်း နှင့်သက်ဆိုင်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းများ၏ စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုပြီးဖြစ်၍၊ ၎င်းတို့ကို သဘောတူပြီး နားလည် လက်ခံသည်ဟု မှတ်ယူပါမည်။ အကယ်၍ လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများ၏ စည်းကမ်းသတ်မှတ်ချက်များကို သဘောမတူပါက၊ ကျွန်ုပ်တို့၏ပလက်ဖောင်း သို့မဟုတ် ဝန်ဆောင်မှုကို ကျေးဇူးပြု၍ အသုံးမပြုပါရန် သို့မဟုတ် ဆက်လက်အသုံးခြင်း မပြုပါရန် အသိပေးအပ်ပါသည်။
ဤ Group Rides ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများတွင် အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိသော စကားရပ်များအားလုံးသည် အသုံးပြုရန်စည်းကမ်းများ တွင် သတ်မှတ်ထားသည့်အတိုင်း အလားတူ အဓိပ္ပာယ် သက်ရောက်စေရမည်။
အထွေထွေ
၁။ လူကြီးမင်းသည် Group Ride နှင့်ပတ်သက်၍ ထည့်သွင်းထားသော အသေးစိတ် အချက်အလက်များ အားလုံး (လမ်းကြောင်း၊ ခေါ်ယူမည့်နေရာနှင့် ဆင်းမည့်နေရာနှင့် ခရီးစဉ်အမျိုးအစား အပါအဝင်) မှန်ကန်ပြည့်စုံကြောင်း သေချာအောင် ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ပလက်ဖောင်းပေါ်တွင် လူကြီးမင်းရိုက်ထည့်ထားသော မှားယွင်းသည့် အသေးစိတ်အချက်အလက်များ သို့မဟုတ် ခရီးစဉ် အမျိုးအစားများကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်နှောင့်နှေးမှု သို့မဟုတ် ခရီးစဉ်ဖျက်သိမ်းမှုများအတွက် Grab သည် တာဝန်ရှိမည်မဟုတ်ပါ။
၂။ Group Ride (ငွေပေးချေမှုနည်းလမ်း သို့မဟုတ် ခရီးစရိတ်ခွဲဝေမှု ရွေးချယ်မှုအပါအဝင်) ကို Host (ခရီးစဉ်စီစဉ်သူ) က အတည်ပြုပြီး ကြိုတင်ဘွတ်ကင်ပြုလုပ်ပြီးသည်နှင့် ပြင်ဆင်၍မရပါ။
၃။ Group Ride ကို စတင်ပြုလုပ်ခြင်း သို့မဟုတ် Group Ride တွင် ပါဝင်ခြင်းဖြင့် တူညီသော Group Ride ရှိ အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး၏ ပရိုဖိုင်များ (အသုံးပြုသူအမည်၊ ပရိုဖိုင်ဓာတ်ပုံအပါအဝင်) ကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း လူကြီးမင်းက အသိအမှတ်ပြုပြီး သဘောတူလက်ခံပါသည်။
Host (ခရီးစဉ်စီစဉ်သူ) တစ်ဦးအနေဖြင့်
၄။ လူကြီးမင်းသည် Group Ride အတွက် ငွေပေးချေမှုအမျိုးအစားကို ရွေးချယ်ရန် တာဝန်ရှိပါသည်။ “ခရီးစရိတ် အညီအမျှ ခွဲဝေမည်” ကို ရွေးချယ်ထားပြီး Group Ride အဖွဲ့ဝင်တစ်ဦးဦးက ငွေပေးချေရန် ပျက်ကွက်ပါက Grab သည် ကျန်ရှိနေသေးသော ပမာဏကို လူကြီးမင်းရွေးချယ်ထားသည့် ငွေပေးချေမှု ရွေးချယ်ခွင့်မှ ဖြတ်တောက်ကောက်ခံပိုင်ခွင့်ကို လက်ဝယ်ထားရှိပါသည်။ အဖွဲ့ဝင်တစ်ဦး၏ လူကြီးမင်းထံ ငွေပေးချေရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ငွေပေးချေမှု အငြင်းပွားမှုများအတွက်မဆို Grab သည် တာဝန်ရှိမည်မဟုတ်ပါ။
၅။ လူကြီးမင်းသည် Group Ride အတွက် ပင်မအဆက်အသွယ်ပြုလုပ်သူ ဖြစ်ကြောင်း သဘောတူပြီး အဖွဲ့ဝင်အားလုံး၏ ကိုယ်စား Grab နှင့်/သို့မဟုတ် Grab၏ မိတ်ဖက်များထံမှ (Group Ride မှ ပေါ်ပေါက်လာသော ပြဿနာများ အပါအဝင်) ဆက်သွယ်မှုများကို ချိတ်ဆက်နိုင်သည် သို့မဟုတ် လက်ခံရရှိနိုင်သည်။
အဖွဲ့ဝင်တစ်ဦးအနေဖြင့်
၆။ ငွေပေးချေမှုအတွက် “ခရီးစရိတ် အညီအမျှ ခွဲဝေမည်” ကို ရွေးချယ်ထားပါက လူကြီးမင်းသည် လူကြီးမင်း၏ အညီအမျှခွဲဝေ၍ ပေးချေရန် ဝေစု (ပလက်ဖောင်းနှင့် Partner ဝန်ဆောင်ခနှင့် ယာဉ်မောင်းဝန်ဆောင်ခ အပါအဝင်) ကို ပေးချေရန် တာဝန်ရှိပါသည်။ လူကြီးမင်း၏ ငွေပေးချေမှုနည်းလမ်းကို ကို အတည်ပြုရန် ပျက်ကွက်ပါက Grab သည် ကျန်ရှိနေသေးသော ပမာဏကို Host (ခရီးစဉ်စီစဉ်သူ) ၏ ရွေးချယ်ထားသော ငွေပေးချေမှုနည်းလမ်းအတိုင်း ဖြတ်တောက်နိုင်ပါသည်။ လူကြီးမင်းအနေဖြင့် Host ထံ ငွေပေးချေရန် ပျက်ကွက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် မည်သည့်ငွေပေးချေမှု အငြင်းပွားမှုများအတွက်မဆို Grab သည် တာဝန်ရှိမည်မဟုတ်ပါ။
၇။ လူကြီးမင်းသည် Group Ride အတွက် Host (ခရီးစဉ်စီစဉ်သူ) ကို ပင်မအဆက်အသွယ်ပြုလုပ်သူ အဖြစ် ခွင့်ပြုထားပြီး Host (ခရီးစဉ်စီစဉ်သူ) သည် လူကြီးမင်း၏ ကိုယ်စား Grab နှင့်/သို့မဟုတ် Grab ၏ မိတ်ဖက်များထံမှ (Group Ride မှ ပေါ်ပေါက်လာသော ပြဿနာများ အပါအဝင်) ဆက်သွယ်မှုများကို ချိတ်ဆက်နိုင်သည် သို့မဟုတ် လက်ခံရရှိနိုင်သည်။
Grab, ကျွန်ုပ်တို့ သည် ဤဝန်ဆောင်မှုစည်းမျဉ်းများကို အချိန်မရွေး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထပ်ပေါင်းထည့်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ ဆောင်ရွက်နိုင်သည့် အခွင့်အရေးကို လက်ဝယ်ထားရှိပါသည်။ အကယ်၍ လူကြီးမင်း သည် ပြောင်းလဲမှုတစ်ခုခုကို သဘောမတူပါက၊ ကျွန်ုပ်တို့၏ Platform နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကို ရပ်ဆိုင်းရမည်။ ကျွန်ုပ်တို့၏ Platform နှင့် ဝန်ဆောင်မှုများကို လူကြီးမင်းက ဆက်လက်အသုံးပြုနေခြင်းသည် ဤဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲမှုများအားလုံးကို လူကြီးမင်းက သဘောတူပြီး ခွင့်ပြုပြီးဖြစ်သည်ဟု ကျွန်ုတို့က မှတ်ယူမည် ဖြစ်ပါသည်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar