Family Account: Terms of Service

မိသားစုစာရင်းအကောင့်: ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများ

မိသားစုစာရင်းအကောင့်ကိုစီမံခန့်ခွဲသူအတွက်ရည်ရွယ်ပါသည်။

မိသားစုစာရင်းအကောင့်အားဖွင့်ခြင်းနှင့်အသုံးပြုခြင်းအားဖြင့်လူကြီးမင်းမှသိရှိနားလည်သဘောတူ သည်မှာ-

၁။ လူကြီးမင်း၏ မိသားစုစာရင်းအကောင့်တွင် လူကြီးမင်းနှင့်တကွ တစ်ခြားမိသားစုစာရင်း အကောင့် ကို အသုံးပြုနေသောမိသားစုဝင်များ၏လုပ်ဆောင်ချက်ဟူသမျှကို တာဝန်ရှိယူရန် သဘောတူပါသည်။

၂။ လူကြီးမင်း၏မိသားစုစာရင်းအကောင့်တွင်ထည့်ဝင်ထားသောအသုံးပြုသူမိသားစုဝင်များအား လုံးအစား အသောက်ပို့ဆောင်ပေးရန်တစ်ခုတည်းအတွက်သာတောင်းဆိုနိုင်သည်။

၃။ လူကြီးမင်း၏မိသားစုစာရင်းအကောင့်ကိုအသုံးပြုသူမိသားစုဝင်များမှပြုလုပ်သော သို့မဟုတ် စီစဉ်ထားသောပို့ဆောင်ခများနှင့်ဝန်ဆောင်မှုများကိုလူကြီးမင်းမှပေးချေရန်သဘောတူပါသည်။ အကယ်၍သက်ဆိုင်ပါကငွေပေးချေမှုများကိုလူကြီးမင်း၏မိသားစုစာရင်းအကောင့်ရှိရန်ပုံငွေမှပေးချေနိုင်ပါက Grab သို့အဆိုပါငွေများဖြင့်ပေးချေရမည်။ (“မျှဝေပေးချေခြင်း”)

၄။ လူကြီးမင်း၏မိသားစုစာရင်းအကောင့်ကို အသုံးပြုရန် စာရင်းထည့်သွင်းထားသော မိသားစု ဝင်များ သည် အသက် ၁၈ နှင့် အထက်ရှိသူများဖြစ်ကြောင်း လူကြီးမင်းမှအာမခံပါသည်။ အကယ်၍ စာရင်းထည့်သွင်း ထားသောမိသားစုဝင်တစ်ယောက်သည် အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်းလူကြီးမင်းမှသိရှိပါက ၎င်းတို့၏အုပ်ထိန်းသူအဖြစ်သော်လည်းကောင်း ၎င်းတို့၏ အက်ပလီကေး ရှင်းကိုအသုံးပြုခြင်း အတွက် သော်လည်းကောင်း လူကြီးမင်းမှသ ဘောတူကြောင်းအသိပေးအပ်ပါသည်။

၅။ လူကြီးမင်း၏မိသားစုစာရင်းအကောင့်ကို အသုံးပြုရန်စာရင်းထည့်သွင်းထားသောမိသားစုဝင် များနှင့် အသုံးပြုခြင်းရည်ရွယ်ချက် အတွက် ၎င်းတို့၏သဘောတူညီချက်နှင့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ကို Grab ထံသို့မျှဝေပေးရန် လူကြီးမင်းမှသဘောတူအာမခံပါသည်။

၆။ ဤလူကြီးမင်း၏မိသားစုစာရင်းအကောင့်ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်း သည် Grab၏ Terms of Service နှင့် Privacy Notice များနှင့်သက်ဆိုင်ပါပြီး အဆိုပါစည်းမျဉ်းစည်း ကမ်းများကို လူကြီးမင်း သို့မဟုတ် မိသားစုစာရင်းအကောင့်ကို အသုံးပြုရန်စာရင်းထည့်သွင်း ထားသောမိသားစုဝင်များမှ ချိုး ဖောက်ပါက မိသားစုစာရင်းအကောင့် သို့မဟုတ် လူကြီးမင်း၏ တစ်ဦးတည်းပိုင်စာရင်းအကောင့်ကို သော်လည်းကောင်း ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းခံရ မည်ကို သူကြီးမင်းမှသိရှိနားလည်ပါသည်။

၇။ လူကြီးမင်း၏ မိသားစုဝင်မှ ဤမိသားစုစာရင်းအကောင့်ကိုတစ်ခြားနေရာဒေတွင်အသုံးပြုသည့်ကိစ္စရပ်များတွင် လူကြီးမင်းမှ Grab၏Terms of Service နှင့် Privacy Notice ကို လက်ခံသဘောတူထားသည့် စည်းမျည်းစည်းကမ်းများဖြစ်သည်ဟုမှတ်ယူရမည့်အပြင် လူကြီး မင်း၏ မိသားစုဝင်မှဝန် ဆောင်မှုကို အသုံးပြုလျှက်ရှိသောသီးသန့် နေရာဒေသအတွင်းလည်း အကျိုးသက်ရောက်မှု ရှိသည်ဟု လူကြီးမင်းမှ သဘောတူလက်ခံပါသည်။

၈။ လူကြီးမင်းမှ မိသားစုဝင်များ၏အသုံးပြုဝင်ရောက်မှုကို ရုတ်သိမ်းပယ်ဖျက်နိုင်သည်။

မိသားစုစာရင်းအကောင့်ဝင်များအတွက်ရည်ရွယ်ပါသည်။

၁။ မိသားစုစာရင်းအကောင့်၏တစ်စိတ်တစ်ဒေသနေဖြင့် လူကြီးမင်း၏ လုပ်ဆောင်ချက်များကို တာဝန်ယူကြောင်းသဘောတူပါသည်။

၂။ မိသားစုစာရင်းအကောင့်တွင် ထည့်ဝင်ထားသောအသုံးပြုသူမိသားစုဝင် တစ်ယောက်နေဖြင့်အစား အသောက် ပို့ဆောင်ပေးရန် တစ်ခုတည်းအတွက်သာတောင်းဆိုနိုင်သည်။ ထိုသို့အစား အသောက် ပို့ဆောင် ပေးခြင်းအတွက် မိသားစုစာရင်းအကောင့်၏စီမံခန့်ခွဲသူမှ မျှဝေပေးချေခြင်းမူလ နည်းလမ်း အတိုင်း ပို့ဆောင်ခကိုပေးချေရမည်။

၃။ မိသားစုစာရင်းအကောင့်ကိုဝင်ရောက်အသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် ဥပဒေရအရွယ် ရောက် ဖြစ်ပြီးကြောင်း ဝန်ခံကတိပြုရမည်။ အကယ်၍ လူကြီးမင်းမှဥပဒေအရ အရွယ်မရောက် သေးသူဖြစ် ပါက မိသားစုစာရင်းအကောင့်ကိုဝင်ရောက် အသုံးပြုခြင်းနှင့်ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရန် အတွက် (သက်ဆိုင် ရာဥပဒေများအရလိုအပ်ပါက) အုပ်ထိန်းသူ သို့မဟုတ် မိဘများ၏သဘောတူညီခွင့်ပြုချက် ရရှိထားပြီးဖြစ် ရမည်။

၄။ ဤလူကြီးမင်း၏မိသားစုစာရင်းအကောင့်ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်း သည် Grab၏Terms of Service နှင့် Privacy Notice များနှင့်သက်ဆိုင်ပါပြီး အဆိုပါစည်းမျဉ်းစည်းကမ်းများကို လူကြီးမင်း မှ ချိုးဖောက် ပါက မိသားစုစာရင်းအကောင့် သို့မဟုတ် လူကြီးမင်း၏တစ်ဦးတည်း ပိုင်စာရင်း အကောင့်ကို သော်လည်း ကောင်း ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းခံရမည်ကို သူကြီးမင်းမှသိရှိနား လည်ပါသည်။