မိသားစုအကောင့်- ဝန်ဆောင်မှုစည်းမျဉ်းများ

နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ- ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်

မိသားစုအကောင့်စီမံခန့်ခွဲသူများအတွက်-

မိသားစုအကောင့်တစ်ခု ဖန်တီးရန်နှင့် အသုံးပြုရန်အတွက် လူကြီးမင်းသည် အောက်ပါ စည်းမျဉ်းများကို လိုက်နာရန် သဘောတူ/ဝန်ခံကတိပြုပါသည်။

၁။ လူကြီးမင်းနှင့် လူကြီးမင်း၏ မိသားစုအကောင့်ရှိ အဖွဲ့ဝင်များ၏ ဆောင်ရွက် ချက်များ အားလုံးအတွက် လူကြီးမင်းက  အပြည့်အဝတာဝန်ယူရမည်။

၂။ လူကြီးမင်း၏ မိသားစုအကောင့်သို့ ထည့်သွင်းထားသော အဖွဲ့ဝင်အားလုံးသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာစီးနင်းမှုများ နှင့်စပ်လျဉ်းသည့် ဝန်ဆောင်မှုတစ်မျိုး တည်း အတွက်သာ တောင်းဆိုချက်များ တင်သွင်းနိုင်ပါမည်။

၃။ လူကြီးမင်း၏ မိသားစုအကောင့်ရှိ မည်သည့်အဖွဲ့ဝင်မဆို ပြုလုပ်သော သို့မဟုတ် ၎င်းတို့ထံသို့ ပေးအပ်သော စီးနင်းမှုများ/ဝန်ဆောင်မှုများအတွက် လူကြီးမင်းက တာဝန်ယူ ပေးချေရန် သဘောတူပါသည်။ Grab မှ သတ်မှတ်ပေးထားသော မိသားစုအကောင့်နှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ငွေကြေး အရင်းအမြစ်များ (“မျှဝေထားသော ငွေပေးချေမှု”) မှတဆင့်သာ ငွေပေးချေမှုများကို တတ်နိုင်သမျှ ပြုလုပ်ရမည်။

၄။ မိသားစုအကောင့်အတွင်းသို့ ထည့်သွင်းလိုက်သည့် အဖွဲ့ဝင်များ အသက် ၁၈ နှစ်နှင့် အထက်ဖြစ်ကြောင်း လူကြီးမင်းက ကိုယ်စားပြုပြီး အာမခံ ရမည်။ အကယ်၍ အဖွဲ့ဝင်တစ်ဦးသည် အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်း လူကြီးမင်းက သိရှိပါက၊ ၎င်းတို့၏ အုပ်ထိန်းသူအဖြစ် လူကြီးမင်း၏သဘောတူညီချက်ကို ဤနေရာတွင် ပေးအပ်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး ၎င်းတို့၏ အက်ပ်အသုံးပြုမှုများအတွက် လူကြီးမင်းက အပြည့်အဝ တာဝန်ယူရမည်။

၅။ မိသားစုအကောင့်ကို အသုံးပြုရန်နှင့် အဖွဲ့ဝင်များ ထည့်သွင်းရန် ရည်ရွယ်ချက် အတွက်၊ အဖွဲ့ဝင်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Grab နှင့် မျှဝေရန် သဘောတူညီချက် သို့မဟုတ် အခွင့်အာဏာကို လူကြီးမင်း ရရှိထားပြီးဖြစ်ကြောင်း လူကြီးမင်းကိုယ်စားပြုပြီး အာမခံပါသည်။

၆။ Grab ၏ အသုံးပြုရန်စည်းကမ်းချက်များ နှင့်  ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက် တို့သည် ဤမိသားစုအကောင့် ဝန်ဆောင်မှုစည်းမျဉ်းများနှင့် သက်ဆိုင်၍ လူကြီးမင်း သို့မဟုတ် လူကြီးမင်း၏ မိသားစုအကောင့်ရှိ မည်သည့်အဖွဲ့ဝင်မဆိုအဆိုပါ စည်းမျဉ်းများကို ချိုးဖောက်ပါက မိသားစုအကောင့်နှင့်/သို့မဟုတ် လူကြီးမင်းတို့ ၏ တစ်ဦးချင်းအကောင့်များကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းခံရနိုင်ကြောင်း လူကြီးမင်းနားလည်ပါသည်။

၇။ လူကြီးမင်းနှင့် လူကြီးမင်း၏ အဖွဲ့ဝင်များသည် အခြားစီရင်ပိုင်ခွင့်နယ်မြေတစ်ခုတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုပါက၊ အသုံးပြုရန်စည်းကမ်းချက်များ နှင့် ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက် ကို လူကြီးမင်းက လက်ခံခြင်းသည် လူကြီးမင်းနှင့် လူကြီးမင်း၏ အဖွဲ့ဝင်များက ဝန်ဆောင်မှုများကို အသုံးပြုသည့် သီးခြား စီရင်ပိုင်ခွင့်နယ်မြေနှင့် သက်ဆိုင်သော အသုံးပြုရန်စည်းကမ်းချက်များနှင့်၊ ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်ကို လက်ခံခြင်းဖြစ်ကြောင်း လူကြီးမင်းက ဝန်ခံကတိပြု၍ သဘောတူပါသည်။

၈။ အဖွဲ့ဝင်များ၏ မိသားစုအကောင့် အသုံးပြုခွင့်ကို လူကြီးမင်းက ဖယ်ရှားလိုက် ခြင်းဖြင့် ၎င်းတို့၏ မိသားစုအကောင့် အသုံးပြုခြင်းကို ရုပ်သိမ်းနိုင်ပါသည်။

၉။ လူကြီးမင်း၏ မိသားစုအကောင့်ရှိ အဖွဲ့ဝင်အားလုံးသည် တစ်ဦးနှင့်တစ်ဦး၏ ပရိုဖိုင်များကို အချင်းချင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

မိသားစုအကောင့်အဖွဲ့ဝင်များအတွက်-

၁။ မိသားစုအကောင့်၏ အဖွဲ့ဝင် ဖြစ်နေသည့် အားလျှော်စွာ လူကြီးမင်းသည် လူကြီးမင်း၏ လုပ်ဆောင်မှုများအတွက် တာဝန်ယူရမည်။

၂။ မိသားစုအကောင့်ရှိ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူကြီးမင်းသည် သယ်ယူပို့ဆောင်ရေး စီးနင်းမှုနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုများကိုသာ တောင်းဆိုနိုင်ပါသည်။ ထိုသို့သော သယ်ယူပို့ဆောင်ရေး စီးနင်းမှုနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုများအတွက် မိသားစုအကောင့်စီမံခန့်ခွဲသူမှ မျှဝေထားသော ငွေပေးချေမှုနည်းလမ်းသည်သာ မူရင်းငွေပေးချေမှုနည်းလမ်း ဖြစ်ပါလိမ့်မည်။

၃။ မိသားစုအကောင့်သို့ စာရင်းသွင်းလိုက်ခြင်းဖြင့် လူကြီးမင်းသည် တရားဝင် အရွယ်ရောက်ပြီးသူဖြစ်ကြောင်း လူကြီးမင်းက ဝန်ခံကတိပြုပါသည်။ အကယ်၍ လူကြီးမင်းသည် အရွယ်မရောက်သေးသူဖြစ်ပါက၊ အက်ပ်ကို အသုံးပြုရန်နှင့် မိသားစုအကောင့်တွင် စာရင်းသွင်းရန်အတွက် လူကြီးမင်း၏ အုပ်ထိန်းသူ/မိဘ၏ သဘောတူညီချက် (သက်ဆိုင်ရာဥပဒေများက လိုအပ်ပါက) ကို လူကြီးမင်းက ရရှိထားပြီးဖြစ်ကြောင်း ကိုယ်စားပြုပြီး အာမခံပါသည်။

၄။ Grab ၏ အသုံးပြုရန်စည်းကမ်းချက်များ နှင့်  ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက် တို့သည် ဤမိသားစုအကောင့် ဝန်ဆောင်မှုစည်းမျဉ်းများနှင့် သက်ဆိုင်ပြီး လူကြီးမင်း ဤစည်းမျဉ်းများကို ချိုးဖောက်ပါက မိသားစုအကောင့်နှင့်/သို့မဟုတ် လူကြီးမင်း၏ တစ်ဦးချင်းအကောင့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းခံရနိုင်ကြောင်း လူကြီးမင်းက သဘောပေါက်နားလည်ပါသည်။

၅။ မိသားစုအကောင့်ရှိ အဖွဲ့ဝင်အားလုံးသည် တစ်ဦးနှင့်တစ်ဦး၏ ပရိုဖိုင်များကို အချင်းချင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

၆။ မိသားစုအကောင့်သည် “အရေးပေါ်အကူအညီ” ပေးအပ်သည့် လုပ်ဆောင်ချက်ကို ပံ့ပိုးထားပါသည်။ အကယ်၍ လူကြီးမင်းသည် “အရေးပေါ်အကူအညီ” လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပါက၊ သက်ဆိုင်ရာ ယာဉ်အချက်အလက်များ (ယာဉ်၏ နောက်ဆုံးသိရှိရသော တည်နေရာ၊ ယာဉ်မှတ်ပုံတင်နံပါတ်၊ ယာဉ်အမှတ်တံဆိပ်နှင့် မော်ဒယ်၊ ယာဉ်၏ အရောင် အပါအဝင်) ကို လူကြီးမင်း၏ မိသားစုအကောင့် စီမံခန့်ခွဲသူနှင့် မျှဝေပေးပါသည်။

လုပ်ဖော်ကိုင်ဖက်များအတွက်-

၁။ မိသားစုအကောင့် နှင့် စပ်လျဉ်းသည့် အခက်အခဲများကို ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် မိသားစုအကောင့်စီမံခန့်ခွဲသူနှင့် အဖွဲ့ဝင်နှစ်ဦးစလုံးသည် လူကြီးမင်းတို့၏ ပရိုဖိုင် (အမည်၊ ဓာတ်ပုံ၊ ကားနံပါတ်ပြား၊ အက်ပ်အတွင်း စကားပြောစာများ နှင့် တိုက်ရိုက်တည်နေရာ) ကို ကျွန်ုပ်တို့က အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဝန်ခံကတိပြု၍ သဘောတူပါသည်။