Press Centre

ခရီးသည်များ၏တောင်းဆိုချက်အရ အဆင့်မြင့်ကားများနှင့် ဝန်ဆောင်မှုပေးအပ်မည့် Premium Rentals [Beta] ကို ရန်ကုန်မြို့တွင် မိတ်ဆက်

  ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ – အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်း Super app တစ်ခုဖြစ်သော Grab က ရန်ကုန်မြို့တွင်း နေရာအများအပြားသို့ အလုပ်ကိစ္စနှင့် အစည်းအဝေးပွဲများ သွားရောက်နိုင်ရန်၊ သူငယ်ချင်းနှင့် မိသားစုများ အတူတကွ သွားလာနိုင်ရန်၊ လေဆိပ် အကြို၊ အပို့ အပါအဝင် မြို့ပြင်ခရီး သွားလာနိုင်ရန်တို့အတွက် (၇) ယောက်စီး Toyota Alphard ဗန်ကားများကို ခရီးသည်များ သွားရောက်လိုသော အစီအစဉ်အတိုင်း နာရီအလိုက်နှင့် […]

 

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ – အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်း Super app တစ်ခုဖြစ်သော Grab က ရန်ကုန်မြို့တွင်း နေရာအများအပြားသို့ အလုပ်ကိစ္စနှင့် အစည်းအဝေးပွဲများ သွားရောက်နိုင်ရန်၊ သူငယ်ချင်းနှင့် မိသားစုများ အတူတကွ သွားလာနိုင်ရန်၊ လေဆိပ် အကြို၊ အပို့ အပါအဝင် မြို့ပြင်ခရီး သွားလာနိုင်ရန်တို့အတွက် (၇) ယောက်စီး Toyota Alphard ဗန်ကားများကို ခရီးသည်များ သွားရောက်လိုသော အစီအစဉ်အတိုင်း နာရီအလိုက်နှင့် တစ်နေ့တာလုံး လိုအပ်သလို ငှားရမ်းအသုံးပြုနိုင်မည့် အဆင့်မြင့် premium ဝန်ဆောင်မှုအသစ်၊ Premium Rentals [Beta] ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုသည် အလုပ်ကိစ္စနှင့် မိသားစု အပန်းဖြေခရီးသွားရန် ကျွမ်းကျင်ယာဉ်မောင်းများနှင့် အဆင့်မြင့် premium ဝန်ဆောင်မှု ပါဝင်သည့်ကားများ ငှားရမ်းအသုံးပြုလိုကြောင်း တောင်းဆိုနေကြသူများ အတွက် ဈေးကွက်အတွင်း လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပါသည်။ ထို့အပြင် ယခု စတင်မိတ်ဆက်လိုက်သည့် ဝန်ဆောင်မှုဖြင့် လက်ရှိ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၏ စံချိန်စံနှုန်းကို မြင့်မားလာစေပြီး ရန်ကုန်မြို့တွင်း  ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး အထောက် အကူဖြစ်စေရန် ရည်ရွယ်ထားပါသည်။

Grab အသုံးပြုသူများမှာ Premium Rentals [Beta] ဝန်ဆောင်မှုကို Grab အက်ပလီကေးရှင်းထဲရှိ “Rentals” လုပ်ဆောင်မှုမှတစ်ဆင့် အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသစ်တွင် ကျွမ်းကျင်ယာဉ်မောင်း များနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပါဝင်သော သန့်ရှင်းကျယ်ဝန်းသည့် (၇) ယောက်စီး Toyota Alphards များကို နာရီအလိုက် packages များဖြင့် ငှားရမ်းနိုင်ပြီး မိမိ အသုံးပြုသည့် အချိန်အတွင်း ရပ်နားသည့်နေရာ အရေအတွက်၊ ခရီးအကွာအဝေးနှင့် သွားရောက်လိုသည့် မြို့နယ်များကို အကန့်အသတ်မရှိ သွားရောက်နိုင်မည် ဖြစ်သည်။ ခရီးသည်များမှာ မိမိ သွားလိုသည့် ခရီးလမ်းကြောင်းအတွက် ခရီးသွား လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကို ရက်အနည်းငယ် ကြိုတင်ငှားရမ်းရမည့်အစား Premium Rentals [Beta] ဖြင့် Grab အက်ပလီကေးရှင်းမှတစ်ဆင့် လိုအပ်သည့်အချိန်တွင် ဘွတ်ကင်တင်နိုင်ပြီး ပိုမို များပြားသော အကျိုးခံစားခွင့်များနှင့်အတူ သာလွန်ကောင်းမွန်သော ခရီးစဉ် အတွေ့အကြုံတစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။ အလုပ်တာဝန်များစွာ စီမံခန့်ခွဲရမည့် ခရီးသည်များအနေဖြင့်လည်း GrabTaxi ခရီးစဉ်များစွာကို ဘွတ်ကင်လုပ်နေရမည့်အစား သွားလာရန် လိုအပ်သည့် အချိန်အတိုင်း Premium Rentals [Beta] ဖြင့် ဘွတ်ကင်တင်နိုင်မည် ဖြစ်သည်။

Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “Grab ကို ပုံမှန်သုံးတဲ့ ခရီးသည်တွေဆီကနေ ရတဲ့ အကြံပြုချက်တွေအရ စီးပွားရေး အချက်အချာကျတဲ့မြို့တော်ကြီးမှာ  လုပ်ငန်းရှင်တွေ၊ မိသားစုတွေနဲ့ ခရီးသွားဧည့်သည်တွေ နေ့စဉ် သွားလာတဲ့အခါ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် Premium Rentals [Beta] လိုမျိုး ကိုယ့်အစီအစဉ်အတိုင်း လိုအပ်သလို သွားလာနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုကို တောင်းဆိုလာကြတာ တွေ့ခဲ့ရပါတယ်။ Premium Rentals [Beta] ဆိုတာ လူတိုင်း ကိုယ် လိုအပ်တဲ့အချိန် စိတ်တိုင်းကျ ဝန်ဆောင်မှုရယူနိုင်အောင် ပြုလုပ်ပေးထားတာပါ။ မိဘတွေအတွက် ဆွေမျိုးတွေနဲ့အတူ အတူတူ မင်္ဂလာပွဲသွားဖို့ စီစဉ်ပေးတာ၊ လုပ်ငန်းရှင်တွေဆိုရင်လည်း သီလဝါ အထူးစီးပွားရေးဇုန်လိုမျိုး နေရာတွေကို သွားဖို့ စတာတွေကနေ မိသားစုလိုက် တစ်ရက်လုံး အချိန်ယူပြီး ဈေးဝယ်ထွက်တာ၊ အပျော်ခရီးထွက်တာတွေ လုပ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ Premium Rentals [Beta] ဝန်ဆောင်မှုကို လိုင်စင်ရ ခရီးသွားလုပ်ငန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးထားတာဖြစ်ပြီး သူတို့တွေအတွက် ဘွတ်ကင်တွေ ပိုရအောင်ရှာပေးနိုင် တဲ့အတွက် သူတို့ကားတွေကို အကျိုးရှိရှိ အသုံးပြုပြီး ဝင်ငွေ အခွင့်အလမ်းသစ်တွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

Grab Premium Rentals [Beta] အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Premium Rentals [Beta] အသုံးပြု၍ အောက်ပါ အကျိုးကျေးဇူးများစွာကို ရယူနိုင်မည် ဖြစ်ပါသည်။

  • လိုအပ်သည့်အချိန်တွင် ရရှိနိုင်ခြင်း – အဆင့်မြင့် premium ကားများကို Grab အက်ပလီကေးရှင်း မှတစ်ဆင့် အလွယ်တကူ ဘွတ်ကင်တင်လိုက်ရုံဖြင့် လာကြိုရမည့် နေရာသို့ အချိန်အနည်းငယ်အတွင်း  ရောက်ရှိလာမည် ဖြစ်သည်။
  • လိုအပ်သလို အသုံးပြုနိုင်ခြင်း – နာရီအလိုက်နှင့် တစ်နေ့တာ packages များကို Grab အက်ပလီကေးရှင်း မှတစ်ဆင့် အဆင်ပြေပြေ သက်သောင့်သက်သာ ဘွတ်ကင်တင်နိုင်ပါသည်။ မြို့ပြင် ခရီး packages များအဖြစ် ၁ ရက်၊ ၂ ရက်၊ ၃ ရက် ခရီးတိုလေးများအား ကြိုတင်သိရှိနိုင်သော ပုံသေ ဈေးနှုန်းဖြင့် ၀၉၉၇ ၇၄၇ ၈၇၈၇ သို့ ဆက်သွယ်ပြီး ငှားရမ်းနိုင်ပါသည်။
  • ခံစားခွင့် – ဖော်ပြထားသည့် ဈေးနှုန်းတွင် အများဆုံး ခရီးသည် (၇) ဦးအတွက် ဆီဖိုး၊ ယာဉ်မောင်း စရိတ်နှင့် တစ်ကိုယ်ရေ ထိခိုက်မှုအာမခံတို့ ပါရှိပြီး ဖြစ်ပါသည်။ တိုးဂိတ်ကြေးနှင့် ကားပါကင်ကြေးများ မပါဝင်ပါ။
  • လေဆိပ် အကြို၊ အပို့ – ခရီးသည်များမှာ လေဆိပ် အသွား၊ အပြန် ခရီးများကို အဆင့်မြင့် ဝန်ဆောင်မှု များဖြင့် အဆင်ပြေချောမွေ့စွာ သက်သောင့်သက်သာ သွားလာနိုင်မည် ဖြစ်သည်။
  • အရည်အသွေး – လိုင်စင်ရ ကားအငှားလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများရှိ အင်္ဂလိပ်စကားပြောနိုင်သော ကျွမ်းကျင် ကားသမားများမှ မောင်းနှင်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ ခရီးသည်များအတွက် လိုအပ်သည့် အကူအညီပေးနိုင်ရန် ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိသည့် Grab customer support စင်တာလည်း ထားရှိပေးထားပါသည်။

Grab အနေဖြင့် မော်တော်ယာဉ်များ၏ အရည်အသွေးနှင့် ယာဉ်မောင်းများ၏ ဝန်ဆောင်မှု အခြေအနေကို ပုံမှန် စစ်ဆေးစောင့်ကြည့်လျက် ရှိပါသည်။ ထို့အပြင် Grab မှ ခွင့်ပြုချက်မရှိဘဲ ယာဉ်မောင်းများအနေဖြင့် ဘွတ်ကင်များကို ဖျက်သိမ်းနိုင်မည် မဟုတ်ပါ။

Premium Rentals [Beta] မှ ပေးအပ်ထားသော ခရီးသွား packages များ

 Premium Rentals [Beta] မှ နာရီအလိုက် packages များနှင့် မြို့ပြင်ခရီး packages များ စသည်ဖြင့် packages အမျိုးအစားနှစ်ခု ပေးအပ်ထားပါသည်။ စမ်းသပ် ဝန်ဆောင်မှုပေးသည့် ကာလတွင် ရန်ကုန်မြို့နယ်များအတွင်း နံနက် ၆ နာရီမှ ည ၉ နာရီအထိ နာရီလိုက် packages များ ရယူပြီး သွားလာနိုင်မည် ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်း ရရှိနိုင်သော နာရီလိုက် package များ ကျသင့်ငွေ စုစုပေါင်း
Alphard ၁ နာရီစာ – ရန်ကုန်ဧရိယာအတွင်း (စက်မှုဇုန်များ မပါ) ၁၅,၀၀၀ ကျပ်
Alphard ၂ နာရီစာ – ရန်ကုန်ဧရိယာအတွင်း ၂၆,၀၀၀ ကျပ်
Alphard ၄ နာရီစာ – ရန်ကုန်ဧရိယာအတွင်း ၄၀,၀၀၀ ကျပ်
Alphard ၁၀ နာရီစာ – ရန်ကုန်ဧရိယာအတွင်း (မြို့ပြင်ခရီး မပါ) ၁၁၀,၀၀၀ ကျပ်
လေဆိပ်အကြိုအပို့ – Alphard ၁ နာရီခွဲ ၂၀,၀၀၀ ကျပ်

မြို့ပြင်ခရီး packages များဖြင့် ပဲခူး၊ မန္တလေး၊ ပုဂံ နှင့် ချောင်းသာ စသည့် မြို့များအား သွားရောက်နိုင်မည်ဖြစ်ပြီး ၀၉၉၇ ၇၄၇ ၈၇၈၇ သို့ ဆက်သွယ်၍ ကြိုတင်ဘွတ်ကင် ပြုလုပ်နိုင်ပါသည်။

မြို့ပြင်ခရီး packages များ တစ်ရက် (နေ့ချင်းပြန်) နှစ်ရက် (တစ်ညအိပ် နှစ်ရက်ခရီး) သုံးရက် (နှစ်ညအိပ် သုံးရက်ခရီး)
ပဲခူး ၁၅၀,၀၀၀ ကျပ် ၂၅၀,၀၀၀ ကျပ် ၃၈၀,၀၀၀ ကျပ်
သန်လျင် ၁၃၀,၀၀၀ ကျပ် ၂၀၀,၀၀၀ ကျပ် ၂၈၀,၀၀၀ ကျပ်
မော်လမြိုင် ၃၀၀,၀၀၀ ကျပ် ၃၅၀,၀၀၀ ကျပ် ၄၂၀,၀၀၀ ကျပ်
ဘားအံ ၂၈၀,၀၀၀ ကျပ် ၃၈၀,၀၀၀ ကျပ် ၄၂၀,၀၀၀ ကျပ်
ကျိုက်ထီးရိုး ဘုရား ၂၂၀,၀၀၀ ကျပ် ၃၀၀,၀၀၀ ကျပ် ၃၅၀,၀၀၀ ကျပ်
နေပြည်တော် ၃၀၀,၀၀၀ ကျပ် ၃၈၀,၀၀၀ ကျပ် ၄၅၀,၀၀၀ ကျပ်
မန္တလေး ၄၅၀,၀၀၀ ကျပ် ၅၅၀,၀၀၀ ကျပ်
ပုဂံ ၄၅၀,၀၀၀ ကျပ် ၄၈၀,၀၀၀ ကျပ်
ပြင်ဦးလွင် ၅၀၀,၀၀၀ ကျပ် ၆၀၀,၀၀၀ ကျပ်
ငွေဆောင်/ ချောင်းသာ ၃၀၀,၀၀၀ ကျပ် ၄၀၀,၀၀၀ ကျပ်

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှရှိ လူမှုအသိုက်အဝန်းအတွက် အကျိုးကျေးဇူးများ ရရှိစေရန်  ဆောင်ရွက်သွားမည့် “Grab for Good” လူမှုရပ်ဝန်း အကျိုးပြု အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးမှ အခွင့်အလမ်းများ ပိုမို ရရှိစေနိုင်ရေးနှင့် အရည်အသွေး မြှင့်တင်ပေးနိုင်ရေး အထောက်အကူပေးရန် ၂၀၂၅ ခုနှစ်အထိ ရည်မှန်းဖော်ဆောင်သွားမည့် ငါးနှစ်တာ ပန်းတိုင်များကို ချမှတ်ထားရာ ယခု မိတ်ဆက်လိုက်သည့် Premium Rentals [Beta] ဝန်ဆောင်မှု အသစ်မှာ မိရိုးဖလာ ခရီးသွားလုပ်ငန်းနှင့် ကားငှားလုပ်ငန်းများကို Grab ၏ ပလက်ဖောင်းမှတစ်ဆင့် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည့် Grab ၏ အားထုတ်မှုကို မြင်သာစေသော ဥပမာတစ်ခုပင် ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍ တိုးတက်လာတာနဲ့အမျှ အထူးသဖြင့် အစိုးရ ရုံးပိတ်ရက်တွေ နဲ့ ပွဲတော်ရာသီတွေမှာ ရက်ရှည်ခရီးစဉ်တွေ ဘွတ်ကင်ရတာ ပိုပြီး များလာပါတယ်။ Grab ရဲ့ Premium Rentals [Beta] မစခင်က ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေဟာ နေရာတွေအများကြီးကို တစ်ခါတည်းသွားဖို့ အဆင့်မြင့် premium ကားတွေကို ချက်ချင်း ငှားလို့မရခဲ့ပါဘူး။ အခု Grab ရဲ့ Premium Rentals [Beta] ဝန်ဆောင်မှုနဲ့ ခရီးသည်တွေဟာ အဆင့်မြင့် premium ကားတွေကို အက်ပလီကေးရှင်းကနေ ချက်ချင်း ငှားနိုင်လာပြီဆိုတော့ ကျွန်တော်တို့အတွက် ဝင်ငွေရဖို့ အခွင့်အလမ်းတွေ ပိုပြီး များလာတာပေါ့” ဟု Premium Rentals [Beta] ၏ မိတ်ဖက်ယာဉ်မောင်း ဖြစ်သူ ကိုကျော်ဝဏ္ဏ က ပြောသည်။

စမ်းသပ် ဝန်ဆောင်မှုပေးသည့် ကာလအတွင်း ခရီးသည်များထံမှ ဝေဖန်အကြံပြုချက်များ ရယူပြီး Grab မှ Premium Rentals [Beta] ဝန်ဆောင်မှုကို ပိုမို ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ လာမည့် လအနည်းငယ် အတွင်း ခရီးသည်များအတွက် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အဆင့်မြင့် ဆလွန်း ကား အမျိုးမျိုးအား ဘွတ်ကင်ရယူနိုင်ရန်လည်း  စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Grab Myanmar အကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက www.grab.com / www.facebook.com/GrabMM  တို့တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter