Press Centre

“အားလုံးနှင့်အတူတကွ အနာဂတ်ဟာ စိတ်ချရ” – AIA Myanmar, AYA SOMPO နှင့် AYA ဘဏ်တို့မှ Grab Myanmar နှင့် ပူးပေါင်း၍ COVID-19 ကာလအတွင်း ရန်ကုန်အငှားယာဉ် ၁,၀၀၀ ကို ပိုးသတ်သန့်စင်မည်

၂၀၂၀ ခုနှစ်၊ မေလ၊ (၂၇) ရက် ။ ။“အားလုံးနှင့်အတူတကွ အနာဂတ်ဟာ စိတ်ချရ” ဟူသော ကတိစကား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်မြို့တွင်းမှ အငှားယာဉ်မောင်းများနှင့် ခရီးသည်များကို ကာကွယ်ရန် အတွက် AYA SOMPO, AYA ဘဏ် နှင့် AIA Myanmar တို့မှ Grab Myanmar နှင့် ပူးပေါင်း၍ အငှားယာဉ် အစီးရေ ၁,၀၀၀ အား ပိုးသတ်သန့်စင်ပေးသွားမည်ဖြစ်သည်။ ပြည်သူအများ စိုးရိမ်သောက ကင်းရှင်းပြီး ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေးကို ရည်ရွယ်၍ ၂၀၂၀ ခုနှစ် မေလ (၂၄) ရက်မှ စတင်၍ တစ်လအတွင်း တာမွေ၊ ရန်ကင်း၊ လှိုင် နှင့် တောင်ဥက္ကလာပမြို့နယ်များများရှိ ICAR Auto Service Center (၆) ခုတွင် အထူး သန့်စင်ပစ္စည်းများ၊ ကိရိယာများ၊ ကောင်းမွန်စွာ […]

"အားလုံးနှင့်အတူတကွ အနာဂတ်ဟာ စိတ်ချရ" - AIA Myanmar, AYA SOMPO နှင့် AYA ဘဏ်တို့မှ Grab Myanmar နှင့် ပူးပေါင်း၍ COVID-19 ကာလအတွင်း ရန်ကုန်အငှားယာဉ် ၁၀၀၀ ကို
ပိုးသတ်သန့်စင်မည်

၂၀၂၀ ခုနှစ်၊ မေလ၊ (၂၇) ရက် ။ “အားလုံးနှင့်အတူတကွ အနာဂတ်ဟာ စိတ်ချရ” ဟူသော ကတိစကား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်မြို့တွင်းမှ အငှားယာဉ်မောင်းများနှင့် ခရီးသည်များကို ကာကွယ်ရန် အတွက် AYA SOMPO, AYA ဘဏ် နှင့် AIA Myanmar တို့မှ Grab Myanmar နှင့် ပူးပေါင်း၍ အငှားယာဉ် အစီးရေ ၁,၀၀၀ အား ပိုးသတ်သန့်စင်ပေးသွားမည်ဖြစ်သည်။ 

ပြည်သူအများ စိုးရိမ်သောက ကင်းရှင်းပြီး ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေးကို ရည်ရွယ်၍ ၂၀၂၀ ခုနှစ် မေလ (၂၄ရက်မှ စတင်၍ တစ်လအတွင်း တာမွေ၊ ရန်ကင်း၊ လှိုင် နှင့် တောင်ဥက္ကလာပမြို့နယ်များများရှိ ICAR Auto Service Center (၆) ခုတွင် အထူး သန့်စင်ပစ္စည်းများ၊ ကိရိယာများ၊ ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော ကျွမ်းကျင်သူများနှင့်အတူ Grab အငှားယာဉ်များကို ပိုးသတ်သန့်စင်သွားမည် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးခြေလှမ်းအဖြစ် ရန်ကုန်မြို့တွင် AIA Myanmar မှ အငှားယာဉ် (၅၀၀အား ပိုးသတ်သန့်စင် ပေးသွားမည် ဖြစ်ကာ AYA SOMPO နှင့် AYA ဘဏ်တို့မှ အခြား အငှားယာဉ် (၅၀၀အား ပိုးသတ်သန့်စင်ပေးသွားမည်ဖြစ်သည်။ 

COVID 19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် နေထိုင်မှုပုံစံပြောင်းလဲရခြင်းနှင့် အိမ်ထဲတွင်သာ နေထိုင်ရခြင်း စသည်တို့အပြင် လူအများ၊ အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် မရှိမဖြစ် လိုအပ်သော ပြည်သူ့ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်အတွက် နေ့စဉ် အပြင်ထွက် သွားလာရန် လိုအပ်လျက်ရှိသည်။ ပိုးသတ်သန့်စင်ခြင်းအတွက် အားထုတ်ဆောင်ရွက်မှုသည် အဆိုပါ ပြည်သူများ၊ ဝန်ထမ်းများနှင့် ယာဉ်မောင်းသူများကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ပေးရန် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်မည် ဖြစ်သလို ယာဉ်အတွင်း သန့်ရှင်းမှုအဆင့်ကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ 

“AYA SOMPO, AYA ဘဏ် နဲ့ Grab Myanmar တို့နဲ့ ပူးပေါင်းပြီး COVID-19 ကာလအတွင်း ကျွန်တော်တို့ရဲ့ ပြည်သူတွေ အန္တရာယ်ကင်း ဘေးရှင်းရေးအတွက် ကူညီပေးနိုင်ဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့ပါပြီ။ လုပ်စရာရှိတာတွေ လုပ်ဆောင်ဖို့ တက္ကစီတွေနဲ့ ခရီးသွားတဲ့အခါ သူတို့တွေ ဘေးကင်းဖို့က အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုကြောင့် စိုးရိမ်သောကတွေ ကင်းသွားရမယ်ဆိုရင် ဒါဟာ မြို့ကြီး ရှင်သန်လှုပ်ရှားနေဖို့ အဓိကဖြစ်တဲ့ အများပြည်သူ ခရီးသွားတွေအတွက်ရော၊ ယာဉ်မောင်းသူတွေအတွက်ပါ အကျိုးရှိစေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ “ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်ရန်” ဆိုတဲ့ ကတိစကားအတိုင်း ဒီကာလမှာ မြန်မာပြည်သူတွေကို ကူညီဖို့ အမြဲအသင့်ရှိနေသလို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်လှုပ်ရှားဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့တာကိုလည်း အများကြီး ကျေနပ်ဝမ်းသာရပါတယ်။” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Luc Ly က ဆိုသည်။

Grab Myanmar ၏ Country Head ဖြစ်သူ Ms. Cindy Toh မှ “AIA Myanmar, AYA ဘဏ် နဲ့ AYA SOMPO တို့ ပူးပေါင်းပြီး Grab App နဲ့ လက်တွဲနေတဲ့ ယာဉ်မောင်းတွေ၊ နေ့စဉ် ခရီးသည်တွေနဲ့ မြို့တော်ရဲ့ လူထုတွေကို ကာကွယ်ပေးဖို့ Grab တက္ကစီ ၁,၀၀၀ ကို ပိုးသတ်သန့်စင်ပေးမယ့် လှုပ်ရှားမှုတစ်ခု ဖော်ဆောင်လိုက်တာ အများကြီး ကျေးဇူးတင်ရပါတယ်။ ဒီ အစီအစဉ်အပြင်ကို Grab ယာဉ်မောင်းတွေ အနေနဲ့ ယာဉ်တွေကို အမြဲတမ်း သန့်ရှင်းအောင်ထားဖို့၊ ယာဉ်ပေါ်မှာ အမြဲတမ်းလိုလို ထိတွေ့နေရတဲ့ နေရာတွေကို အမြဲ ပိုးသတ်သန့်စင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုစည်းမျဉ်းထဲမှာ ပါပြီးသားဖြစ်ပါတယ်။ မြို့တော်ကို ဝန်ဆောင်မှုပေးနေတဲ့ ဒီယာဉ်မောင်းတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ဆိုတာ ကျွန်မတို့အတွက်လည်း အရေးကြီးသလို ဒီလှုပ်ရှားမှုကနေတစ်ဆင့် ပြည်သူလူထုအနေနဲ့ Grab တက္ကစီတွေကို နေ့စဉ်စီးနင်းရာမှာ ယုံကြည်စိတ်ချမှု ပိုရှိလာစေဖို့လည်း မျှော်လင့်ပါတယ်” ဟု ဆိုသည်။ 

AIA သည် မြန်မာနိုင်ငံတွင်း၌ ၎င်းတို့၏ လူထုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုလှုပ်ရှားမှုများ မှတစ်ဆင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရေးတို့အား တစ်ဖက် တစ်လမ်းမှာ အထောက်အကူပြုလျက်ရှိသည်။ အင်္ဂလန် ပရီးမီးယားလိဂ်၏ ကလပ်တစ်ခုဖြစ်သော Tottenham Hotspur မှ နည်းပြများကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍ ကလေးငယ်များကို လေ့ကျင့်သင်ကြားပေးသော AIA KICK! နှင့် AIA GOAL! ကို စီစဉ်ကျင်းပနိုင်ခဲ့သည်။ AIA သည် ၎င်း၏ နှစ်တစ်ရာပြည့် အခမ်းအနားအဖြစ် AIA GO! FOR LIGHT ၅ ကီလိုမီတာ ပရဟိတ ပြေးပွဲကို ပုဂံတွင် ကျင်းပခဲ့ပြီး ပုဂံဒေသမှ အိမ်ခြေ (၁၀၀) အတွက် ဆိုလာပြား (၁၀၀) ကို လှူဒါန်းခဲ့သည်။ လူထုအကျိုးပြု လုပ်ငန်းများအကြောင်းနှင့် အခြားသော အချက်အလက်များကို ပိုမိုသိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter

Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ်

Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ  စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား  ရွေးချယ်ဆုပေးအပ် ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ […]

Grab သည် ကိုဗစ်-၁၉ ကပ်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး တိုးမြှင့်လုပ်ဆောင်ပြီး SMEs နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များအတွက် ပံ့ပိုးပေးလျက်ရှိ

●    မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Grab က မိတ်ဖက်အရောင်းဆိုင်များ ရှင်သန်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိ ●      ၂၀၂၀ ခုနှစ် မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ၏ နေ့စဉ် ပျှမ်းမျှ အော်ဒါအရေအတွက် (၄၇၀%) နီးပါး မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပလက်ဖောင်းကို အသုံးပြုသည့် မိတ်ဖက်အရောင်းဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့သည်။ ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာကုမ္ပဏီတစ်ခုမှ ၎င်း၏ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ်  မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅%) အထိ တိုးတက်လာခဲ့ပါသည်။ “Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန်အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစုအနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။ GrabFood က စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀%)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅%) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်လာရန်ဆိုသည့် Grab ၏ မျှော်မှန်းချက်အတွက် ရရှိခဲ့သော အောင်မြင်မှုတစ်ခုမှာ Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂%) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်လီအရောင်းဆိုင်များအတွက် အရေးပါသော ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့် GrabMart GrabMart သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားသုံးသူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ရှိ အရောင်းဆိုင် (၂၀၀) ကျော်မှ လူသုံးကုန်ပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ စသည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း များစွာကို GrabMart တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀%) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။ […]

မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့်အတူစားသောက်ကုန်လုပ်ငန်းများကိုအကျိုးဖြစ်ထွန်းစေပြီးလူမှုဘဝများ တိုးတက်ကောင်းမွန်စေမည်ဟူသော ကတိကဝတ်ကို ထပ်မံအတည်ပြု

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ […]