Press Centre

Grab for Business ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီလ၊ ၆ ရက်နေ့၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab မှ မြန်မာနိုင်ငံတွင် Grab for Business ဝန်ဆောင်မှု စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့၊  Mimosa အဆောက်အဦရှိ Grab Myanmar ရုံးခန်းတည်နေရာတွင် မီဒီယာများနှင့် မိတ်ဖက် ကုမ္ပဏီလုပ်ငန်းများကို ဖိတ်ကြားပြီး  ထုတ်ပြန်ကြေညာခဲ့သည်။ အခမဲ့ သုံးစွဲနိုင်သည့် Grab for Business ဝန်ဆောင်မှုဖြင့် ကုမ္ပဏီလုပ်ငန်းများသည် […]

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီလ၊ ၆ ရက်နေ့၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab မှ မြန်မာနိုင်ငံတွင် Grab for Business ဝန်ဆောင်မှု စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့၊  Mimosa အဆောက်အဦရှိ Grab Myanmar ရုံးခန်းတည်နေရာတွင် မီဒီယာများနှင့် မိတ်ဖက် ကုမ္ပဏီလုပ်ငန်းများကို ဖိတ်ကြားပြီး  ထုတ်ပြန်ကြေညာခဲ့သည်။

အခမဲ့ သုံးစွဲနိုင်သည့် Grab for Business ဝန်ဆောင်မှုဖြင့် ကုမ္ပဏီလုပ်ငန်းများသည် ၎င်းတို့၏ အဖွဲ့အစည်း တစ်ခုလုံးအတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ပိုမို ထိရောက်တိကျစွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ လက်ရှိတွင် အရှေ့တောင်အာရှ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းပေါင်း သောင်းဂဏန်းကျော် အသုံးပြုလျက်ရှိနေပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သော နိုဝင်ဘာလမှ စတင်စမ်းသပ် ဝန်ဆောင်မှုပေးခဲ့ကာ ယခုအခါ ပြည်တွင်း စီးပွားရေးလုပ်ငန်းပေါင်း ၅၀ ကျော်မှ အသုံးပြုနေပြီ ဖြစ်ပါသည်။

Grab for Business သည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ဝန်ထမ်းများ အလုပ်ကိစ္စဖြင့် သွားလာရာတွင် ကြုံတွေ့နေကျ ပြဿနာများဖြစ်သော ဝန်ထမ်းများ၏ လမ်းကြောင်းကို မစစ်ဆေးနိုင်ခြင်း၊ ပြေစာမရှိခြင်း၊ ပြေစာများမှာ ထင်ရှားမှုမရှိခြင်း၊ ပုံသေဈေးနှုန်း မရှိခြင်းနှင့် စိတ်ချရပြီး မှန်ကန်သည့် ဈေးနှုန်းဖြစ်ရန် လိုအပ်ခြင်း စသည့်တို့ကို ဖြေရှင်းနိုင်စေရန် အဓိကထား လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

Grab တက္ကစီ ငှားရမ်းရာတွင် အလုပ်လမ်းကြောင်းများအတွက် Grab app အတွင်းရှိ “Business Rides” ကို ရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းစု အနေဖြင့် ငှားရမ်းစီးနင်းနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ ဝန်ထမ်းများ သွားလာခဲ့သော လမ်းကြောင်းများကို ခြုံငုံကြည့်ရှု့နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် တွဲဖက်အသုံးပြုနိုင်သည့် Grab for Business ဝက်ဘ်ပေါ်တယ်လ်ပေါ်တွင် Grab ဖြင့် ငှားရမ်းစီးနင်းခဲ့သည့် လမ်းကြောင်းများ အားလုံးကို စုစည်းပေးထားမည် ဖြစ်သည်။ အဆိုပါ Grab for Business ဝက်ဘ်ပေါ်တယ်လ်တွင် အောက်ပါ လုပ်ဆောင်ချက်များ ပါရှိပါသည်။

  • ကုမ္ပဏီများအနေဖြင့် ဌာနဆိုင်ရာအလိုက်၊ လုပ်ငန်းအသင်းအဖွဲ့အလိုက် ခရီးသွားကုန်ကျစရိတ်များကို ပြန်လည်စစ်ဆေးနိုင်ပြီး စီမံခန့်ခွဲနိုင်သည်။
  • ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများ၏ GrabTaxi ငှားရမ်းစီးနင်းမှုများအတွက် ငွေပေးချေရာတွင် လုပ်ငန်းအကောင့်မှ တိုက်ရိုက်ပေးချေခြင်း၊  ကိုယ်ပိုင်အကောင့်ဖြင့် ပေးချေခြင်း သို့မဟုတ် ငွေသားဖြင့် ပေးချေခြင်း စသည်ဖြင့် အဆင်ပြေသည့် ငွေပေးချေမှုပုံစံကို ရွေးချယ်နိုင်သည်။
  • ကုမ္ပဏီများအနေဖြင့် မိမိတို့ ဝန်ထမ်းများ သွားရောက်ခဲ့သည့် လမ်းကြောင်းများ၏ နေ့ရက်၊ အချိန်၊ နေရာအလိုက် မည်သည့်အချိန်၊ မည်သည့်နေရာမှာ အလုပ်လမ်းကြောင်းအဖြစ် သတ်မှတ်နိုင်သည် ဆိုသော အလုပ်ခရီးသွားလာမှု စည်းကမ်းချက်များကို ချမှတ်နိုင်ပြီး လွယ်ကူစွာ စီမံခန့်ခွဲနိုင်သည်။
  • ကုမ္ပဏီများအနေဖြင် GrabTaxi ငှားရမ်းထားသည့် လမ်းကြောင်းများကို Grab app မှတစ်ဆင့် Grab for Business ပေါ်တယ်လ်တွင် အချိန်နှင့်တစ်ပြေးညီ အလိုအလျောက် စုစည်းထားနိုင်သောကြောင့် စာရွက်စာတမ်းဖြင့် လုပ်ကိုင်ရသည့် အလုပ်များ နည်းပါးလာပြီး ရုံးလုပ်ငန်းများအတွက် ပေးရမည့် အချိန်များကို လျှော့ချနိုင်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် ခရီးသွား ပြေစာ စာရွက်များကို မိတ္တူကူးယူရခြင်းနှင့် ခရီးလမ်းကြောင်း တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်များကို ရေးသားတင်ပြရခြင်း စသည့် လူကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ရမည့်အနေအထားမှ အလုပ်ရှုပ် သက်သာစေမည်ဖြစ်သည်။
  • ဝန်ထမ်းများအနေဖြင့် မိမိသွားလာခဲ့သည့် အလုပ်ခရီးများကို အွန်လိုင်းမှ ပြန်လည်ကြည့်ရှု့ကာ ခရီးစရိတ် အလွယ်တကူ ထုတ်ယူနိုင်သည်။

Grab for Business ပေါ်တယ်လ်တွင် အောက်ပါ လုပ်ဆောင်ချက်များကို Grab အသုံးပြုသူအားလုံး အခမဲ့ ရရှိနိုင်ပါသည်။

  • စီးပွားရေးလုပ်ငန်းသုံးနှင့် ကိုယ်ရေးကိုယ်တာသုံး ခရီးလမ်းကြောင်းများကို အလွယ်တကူ ခွဲခြားနိုင်သည်။ GrabTaxi လမ်းကြောင်းများကို Grab app တွင် လုပ်ငန်းသုံး သို့မဟုတ် ကိုယ်ရေးကိုယ်တာသုံး စသည်ဖြင့် ရွေးချယ်နိုင်သည်။
  • ဝန်ထမ်းများအနေဖြင့် ငှားရမ်းစီးနင်းခဲ့သည့် ပြေစာများအားလုံးကို e-receipts အဖြစ် Grab for Business ပေါ်တယ်လ်တွင် ဒေါင်းလုဒ်ရယူနိုင်ပြီး ပြေစာများအားလုံးကို စုစည်းပေးထားသောကြောင့် အလွယ်တကူ ပြန်လည်ထုတ်ယူနိုင်သည်။

“၂၀၁၆ ခုနှစ်မှာ Grab for Business ကို စတင်မိတ်ဆက်ခဲ့စဉ်ကတည်းက အရှေ့တောင်အာရှမှာရှိတဲ့ ထိပ်တန်းကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး အသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် Grab ကို ယုံကြည်အပ်နှံခဲ့ကြပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို ခရီးစရိတ် ပြန်ထုတ်ပေးတဲ့နေရာမှာလည်း ရိုးရှင်းတဲ့ အဆင့်တွေကြောင့် အကုန်အကျနည်းပြီး အလုပ်ပိုတွင်ကျယ်လို့ အဆင်ပြေ ချောမွေ့ခဲ့ကြပါတယ်။ အဲ့ဒီလိုပဲ မြန်မာ ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ စီးပွားရေးသုံး သယ်ယူပို့ဆောင်ရေးစနစ်ရအောင် Grab for Business ဝန်ဆောင်မှုကို ပေးအပ်နိုင်ခဲ့တာကြောင့် Grab အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရန်ကုန်မှာလည်း GrabTaxi ကို နေ့စဉ် သွားလာရာမှာ ပိုပြီး အသုံးပြုလာကြတဲ့အတွက် Grab for Business ဟာ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အလုပ်ခရီး လမ်းကြောင်းတွေကို ပိုပြီး အဆင်ပြေပြေ စီမံခန့်ခွဲနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်လာမှာပါ။ ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေကြားမှာ Grab for Business ဝန်ဆောင်မှုက တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ခန့်မှန်းလို့ ရပါတယ်။ Grab အနေနဲ့က မြန်မာနိုင်ငံမှာ သူ့လမ်းကြောင်းနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် ချဲ့ထွင်သွားမှာပါ။ Grab for Business ကတော့ ကုမ္ပဏီတွေအနေနဲ့ အလုပ်နဲ့ပတ်သက်တဲ့ ခရီးတွေအတွက် လုပ်ငန်းဆောင်တာတွေကို ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူနဲ့ စီမံခန့်ခွဲနိုင်ဖို့ ကျွန်တော်တို့ဘက်က ပေးတဲ့ အပိုဆောင်းဝန်ဆောင်မှုပါပဲ။ ဒါက သူတို့ရဲ့တကယ် အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေမှာ ပိုအာရုံစိုက်နိုင်အောင် အထောက်အကူဖြစ်စေပါတယ်” ဟု Grab Myanmar ၏ Country Manager ဖြစ်သူ Amrt Sagar က ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် Grab for Business ကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အစိုးရ အဖွဲ့အစည်းများ အပါအဝင် ကမ္ဘာ့အဆင့် ကုမ္ပဏီများမှ နိုင်ငံတကာ လုပ်ငန်းစုကြီးများအထိ၊ စွန့်ဦးတီထွင် ကုမ္ပဏီများမှ အသေးစားနှင့် အလတ်စား ကုမ္ပဏီများ အထိ လုပ်ငန်းအရွယ်အစားမျိုးစုံ အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် Grab for Business စတင် အသုံးပြုလျက်ရှိနေပြီဖြစ်သော ကုမ္ပဏီများမှာ JJ-Pun, City Properties နှင့် Premium Distribution တို့ အပါအဝင်ဖြစ်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် Grab for Business ကို လွန်ခဲ့သည့် သုံးလကတည်းက စတင် အသုံးပြုခဲ့သည့် Myanmar Japon ၏ အယ်ဒီတာနှင့် မားကတ်တင်းမန်နေဂျာဖြစ်သူ Mr. Toru Shimoyama က “နည်းပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဟာ လူကိုယ်တိုင် ဝင်ပြီး လုပ်မှ ရတဲ့ လုပ်ငန်းစဉ်တွေကိုပဲ ကျင့်သုံးနေလို့ မရတော့ပါဘူး။ Grab for Business နဲ့ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီအတွက် ဝန်ထမ်းတွေ ဘယ်အချိန် အလုပ်ပြီးလို့ အိမ်ပြန်သွားလဲ ဆိုတာအထိ GrabTaxi လမ်းကြောင်းတွေကို ကြည့်ပြီး စစ်ဆေးနိုင်လို့ ပိုပြီး စနစ်ကျလာတဲ့ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ ဝန်ထမ်းတွေကလည်း အများကြီးရှိတယ်လေ။ ဒီဝန်ဆောင်မှုက လတိုင်း ရှိသမျှ ဝန်ထမ်းတွေရဲ့ ခရီးစရိတ်အကုန်ကို တစ်စုတစ်စည်းတည်း ပေါင်းရမယ့် အချိန်တွေ၊ တင်ရမယ့် စာရွက်စာတမ်းတွေ လျှော့ချပေးနိုင်တော့ ကုန်ကျစရိတ်လည်း ချွေတာနိုင်တာပေါ့။ Grab for Business ပေါ်တယ်လ်မှာ ခလုတ်လေးတွေ တစ်ချက်၊ နှစ်ချက် နှိပ်လိုက်တာနဲ့ ဝန်ထမ်းတွေ အကုန်လုံးရဲ့ အလုပ်ခရီး လမ်းကြောင်းတွေအကုန် ကြည့်နိုင်ပါပြီ။ တစ်ယောက်ချင်းစီက ခရီးစရိတ်တောင်းတဲ့ဖောင်တွေ လိုက်စုနေစရာ မလိုတော့ပါဘူး” ဟု ပြောသည်။

Grab for Business ဝန်ဆောင်မှုကို စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် နိုင်ငံပေါင်း ရှစ်နိုင်ငံတွင် ရရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် Grab for Business အသုံးပြုရန်အတွက် စာရင်းပေးသွင်းလိုပါက မင်းထွန်းလှမော် (ဖုန်း – ၀၉၄၂၉၉၅၆၂၅၀) သို့မဟုတ် mintun.hlamaw@grab.comမှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter