Press Centre

Grab နှင့် Samsung Myanmar တို့ ပူးပေါင်း၍ ပထမဦးဆုံးအကြိမ် Grab-A-Note ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်လျက်ရှိသော Samsung Electronics တို့ ပူးပေါင်းပြီး “Grab-A-Note Race” အမည်ရှိ ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ Grab-A-Note ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာသေးမီက ရောက်ရှိလာခဲ့သည့် Samsung Galaxy Note8 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်နှင့် Grab မိုဘိုင်းအပလီကေးရှင်းဖြင့် အငှားယာဉ်ငှားရမ်းသည့် အလေ့အထ […]

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်လျက်ရှိသော Samsung Electronics တို့ ပူးပေါင်းပြီး “Grab-A-Note Race” အမည်ရှိ ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ Grab-A-Note ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာသေးမီက ရောက်ရှိလာခဲ့သည့် Samsung Galaxy Note8 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်နှင့် Grab မိုဘိုင်းအပလီကေးရှင်းဖြင့် အငှားယာဉ်ငှားရမ်းသည့် အလေ့အထ ပိုမိုတွင်ကျယ်စေရန် ရည်ရွယ်ပြီး အဆိုပါ ကုမ္ပဏီနှစ်ခုမှ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပြိုင်ပွဲကြီးကို ပထမဦးဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သောကြောင့် Grab-A-Note ပြိုင်ပွဲကြီးတွင် ပါဝင်ဆင်နွှဲနိုင်ကြရန် Grab နှင့် Samsung Myanmar တို့က Grab အသုံးပြုသူများနှင့် Samsung ပရိသတ်များ အပါအဝင် ရန်ကုန်မြို့ရှိ လူအများကို ဖိတ်ခေါ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူတိုင်းမှာ ငွေကျပ် ၃၀,၀၀၀ တန်ဖိုးရှိ ပရိုမိုရှင်းကုဒ်များ ရရှိနိုင်မည်ဖြစ်ပြီး အနိုင်ရရှိသည့် အဖွဲ့ကို Samsung Galaxy Note8 စမတ်ဖုန်းတစ်လုံးစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Grab-A-Note ပြိုင်ပွဲကြီးတွင် ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များမှာ နာမည်ကျော် “Amazing Race” ရုပ်သံအစီအစဉ်မှ ကစားနည်းအတိုင်း ပြိုင်ပွဲနေ့တွင် GrabTaxi အသုံးပြုပြီး ရန်ကုန်မြို့တွင်းရှိ Samsung ဆိုင်ပေါင်း ၆ ဆိုင်ရှိရာ နေရာများသို့ သဲလွန်စများကို ဖြေဆိုကာ အဆင့်ဆင့် သွားရောက်ရမည်ဖြစ်သည်။ နောက်ဆုံး Samsung ဆိုင်တည်နေရာသို့ ပထမဦးဆုံး ရောက်ရှိလာသည့် အဖွဲ့က အနိုင်ရရှိမည်ဖြစ်သည်။

Grab-A-Note ပြိုင်ပွဲ အသေးစိတ်အချက်များ

၁) ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခြင်း – ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူတိုင်းသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း Grab မိုဘိုင်းအပလီကေးရှင်းဖြင့် GrabTaxi Plus (Beta) ကို အနည်းဆုံး တစ်ကြိမ် ငှားရမ်းစီးနင်းရမည် ဖြစ်ပါသည်။

GrabTaxi Plus (Beta) ဖြင့် အငှားယာဉ်ငှားရမ်းနိုင်ရန် အောက်ပါအချက်အလက်များပြုလုပ်ရန် လိုအပ်ပါသည်။

  • Grab မိုဘိုင်းအပလီကေးရှင်းကို ဖွင့်ပြီး လာကြိုရမည့်နေရာနှင့် သွားလိုသည့်နေရာကို ရိုက်ထည့်ပါ။
  • “Promo” နေရာကို နှိပ်ပါ။
  • “Promo” ရိုက်ထည့်ရမည့်နေရာတွင် GRABANOTE ဟု ရိုက်ထည့်ပါ။ (အဆိုပါကုဒ်အတွက် ဒစ်စကောင့်ရရှိမည် မဟုတ်ပါ)
  •  ဈေးနှုန်းပြသထားသည့် ယာဉ်အမျိုးအစား ရွေးချယ်ရန်နေရာကို နှိပ်ပြီး  GrabTaxi Plus (Beta) ကို ရွေးချယ်ပါ။
  • အငှားယာဉ်ငှားရမ်းနိုင်ရန် “Book” ကိုနှိပ်ပြီး စတင်စီးနင်းနိုင်ပါသည်။
 ၂) ပြိုင်ပွဲဝင် ရွေးချယ်ခြင်း – Grab-A-Note ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသူ ၈ ဦးကို Grab နှင့် Samsung Myanmar တို့က ဇန်နဝါရီလ ၈ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်များအား Grab နှင့် Samsung Myanmar တို့၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ကြေညာသွားမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၈ ဦးမှ တစ်ဦးချင်းစီက မိမိနှင့်အတူ နောက်ထပ်အဖွဲ့ဝင်တစ်ဦးကို ခေါ်ယူနိုင်ပြီး လူနှစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့အဖြစ် ပါဝင်ယှဉ်ပြိုင်ရပါမည်။

၃) Grab-A-Note ပြိုင်ပွဲနေ့ – ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် ပြိုင်ပွဲနေ့အတွင်း ပြိုင်ပွဲဝင်အဖွဲ့ ၈ ဖွဲ့သည် ရန်ကုန်မြို့ရှိ Samsung ဆိုင်ပေါင်း ၆ ဆိုင်သို့ နေရာတစ်နေရာချင်းစီနှင့် ပတ်သက်သည့် သဲလွန်စများကို အသုံးပြုပြီး အပြိုင်သွားရောက်ကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကြာမြင့်မည့် ပွဲစဉ်တစ်ခုလုံးအတွက် ပြိုင်ပွဲဝင်များ အသုံးပြုရန် GrabTaxi များ ကူညီပံ့ပိုးပေးထားမည်ဖြစ်သည်။ ပြိုင်ပွဲမှာ စုစုပေါင်း ၁၃.၄ ကီလိုမီတာ အကွာအဝေးရှိသော ခရီးစဉ်ဖြစ်ပြီး ပြိုင်ပွဲအတွင်း သွားရောက်ရမည့် Samsung ဆိုင်ပေါင်း ၆ ဆိုင်သို့ ပထမဦးဆုံး သွားရောက်နိုင်သည့်အဖွဲ့က အနိုင်ရရှိမည် ဖြစ်ပါသည်။

Grab-A-Note ပြိုင်ပွဲနှင့် ပတ်သက်ပြီး ပိုမိုသိလိုသည်များရှိပါက Grab Myanmar ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.facebook.com/GrabMM မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

ရန်ကုန်မြို့တွင် နေ့စဉ် သွားလာလှုပ်ရှားနေရသူများအတွက် လွယ်ကူအဆင်ပြေပြီး စိတ်ချလုံခြုံရသော GrabTaxi ကို စမ်းသပ်ငှားရမ်းစီးနင်းကြရန်နှင့် Grab ၏ အကောင်းဆုံးယာဉ်မောင်းများ မောင်းနှင်သည့် အပိုဆောင်းဝန်ဆောင်မှုများပါဝင်သော ပိုမိုသက်သောင့်သက်သာရှိသည့် GrabTaxi Plus (Beta) ဝန်ဆောင်မှုကို သုံးစွဲကြည့်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter