Press Centre

ခရီးသည်များ ပိုမို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် Grab က လုံခြုံရေးဆိုင်ရာ နှင့် Help Centre လုပ်ဆောင်ချက်များကို မိတ်ဆက်

အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က ခရီးသည်များအတွက် လုပ်ဆောင်ချက်အသစ်နှစ်မျိုးဖြစ်သည့် အရေးပေါ် လုံခြုံရေးအတွက် Emergency SOS ခလုတ်တစ်ခုနှင့် ကိုယ်တိုင်ဝင်ရောက်လေ့လာနိုင်သည့် App အတွင်း Help Centre လုပ်ဆောင်ချက်ကို ယနေ့စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က ခရီးသည်များအတွက် လုပ်ဆောင်ချက်အသစ်နှစ်မျိုးဖြစ်သည့် အရေးပေါ် လုံခြုံရေးအတွက် Emergency SOS ခလုတ်တစ်ခုနှင့် ကိုယ်တိုင်ဝင်ရောက်လေ့လာနိုင်သည့် App အတွင်း Help Centre လုပ်ဆောင်ချက်ကို ယနေ့စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ခရီးသည်များနှင့် ကိုက်ညီမှုရှိစေရန်  ပြုလုပ်ပေးထားသည့် အဆိုပါ လုပ်ဆောင်ချက်အသစ်များကို Grab ၏ ကတိကဝတ်များဖြစ်သော ပိုမို လွယ်ကူသက်သာစွာ သွားလာနိုင်စေရန်၊ ခရီးသွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့စေရန်နှင့် ဒေသခံလူထုအတွက် လုံခြုံရေးစနစ် တိုးမြှင့်ပေးနိုင်ရန်  ရည်ရွယ်ချက်များဖြင့် ထည့်သွင်းအဆင့်မြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

ခရီးသည်များမှာ Grab အက်ပလီကေးရှင်း၏ Menu မှ တစ်ဆင့် Emergency ထဲသို့ ဝင်ရောက်ကာ မိမိတို့၏ မိသားစုဝင်၊ သူငယ်ချင်း သို့မဟုတ် ချစ်ခင်ရင်းနှီးသူများအတွင်း အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် သုံးခုအထိ ထည့်သွင်းနိုင်မည်ဖြစ်ပြီး အဆိုပါ အရေးပေါ် ဖုန်းနံပါတ်များကို အချိန်မရွေး ပြင်ဆင်ဖြည့်စွက်နိုင်မည် ဖြစ်သည်။ စီးနင်းသွားလာနေစဉ် အချိန်အတွင်း ခရီးသည်က အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပါက ခရီးစဉ်၏ အသေးစိတ်အချက်အလက်များကို အရေးပေါ် ဆက်သွယ်ရန် ထည့်သွင်းထားသော ဖုန်းနံပါတ်များထံ အလိုအလျောက် SMS ပေးပို့သွားမည် ဖြစ်ပါသည်။ ထို့ပြင် ခရီးသည်များအနေဖြင့် “Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)” ကိုလည်း ဖွင့်ထားနိုင်ပြီး ဝေးလံသော နေရာများသို့ ညဉ့်နက်ချိန် သွားလာရခြင်းကဲ့သို့သော ပုံမှန်သွားလာနေကျ မဟုတ်သည့် ခရီးစဉ်များကို တွေ့ရှိလာပါက Grab က အရေးပေါ် ဖုန်းနံပါတ်များသို့ အလိုအလျောက် SMS ပေးပို့ပေးသော စနစ်ကို လုပ်ဆောင်ပေးမည် ဖြစ်သည်။ “Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)”ကို ဖွင့်လှစ်ထားခြင်းကြောင့် မိမိတို့၏ ခရီးစဉ်အသေးစိတ်အချက်အလက်များကို အရေးပေါ် ဖုန်းနံပါတ်များသို့ ပေးပို့ထားပြီး   ကြောင်းကိုလည်း မိမိထံသို့ ပြန်လည်အသိပေးသွားမည် ဖြစ်ပါသည်။

Grab ဖြင့် စီးနင်းသွားလာနေချိန်အတွင်း ဝင်ဝင်ချင်းစာမျက်နှာတွင် အရေးပေါ် ခလုတ်ကို ပြသထားသောကြောင့် အကြောင်းကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက တစ်ချက်နှိပ်လိုက်ရုံဖြင့် နီးစပ်ရာရဲစခန်းသို့ ခေါ်ဆိုနိုင်မည် ဖြစ်သည်။

Grab ၏App အတွင်း ထည့်သွင်းထားသော Help Centre အသစ်မှာ အကူအညီလိုအပ်နေသည့် ခရီးသည်များအတွက် အထောက်အပံ့ဖြစ်စေရန် ဖြည့်စွက်ထားသည့်နေရာတစ်ခုဖြစ်ပါသည်။ ကိုယ်တိုင်ဝင်ရောက်လေ့လာအသုံးချနိုင်သော Help Centre တွင် ခရီးသည်များ မကြာခဏမေးမြန်းတတ်သည့်မေးခွန်းများကို စုစည်းကာ လမ်းညွှန်ချက်များထည့်သွင်းပေးထားသောကြောင့် ခရီးသည်အနေဖြင့် Customer Support Centre သို့ ဖုန်းဆက်မေးြ မန်း ရန် မလိုအပ်တော့ဘဲ သိလိုသည်များကို ရှာဖွေကြည့်ရှု ဖြေရှင်းနိုင်ပြီး အကြံပြုလိုသည်များကို လွယ်ကူလျင်မြန်စွာ  ပေးပို့နိုင်မည် ဖြစ်ပါသည်။ Help Centre တွင် ဥပမာအားဖြင့် ကားပေါ်မှဆင်းအပြီး GrabTaxi ပေါ်တွင် ပစ္စည်းမေ့ကျန်ခဲ့သည့် ခရီးသည်များ၊ ကားငှားရမ်းရာတွင် အဆင်မပြေမှု ရှိခဲ့သည့် ခရီးသည်များ၊ မိတ်ဖက်ယာဉ်မောင်းနှင့် ငွေပေးချေရန်ကိစ္စ သို့မဟုတ် နားလည်မှုလွဲမှားသောကိစ္စ ကြုံတွေ့နေရသည့် ခရီးသည်များ ပြုလုပ်သင့်သည့် အချက်များ အပါအဝင် Grab အက်ပလီကေးရှင်း အသုံးပြုပုံနှင့် GrabRewards ရှိ loyalty programme တွင် ပါဝင်ပုံ စသည့် အထွေထွေ မှတ်သားစရာလေးများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

“ကျွန်တော်တို့ Grab ကတော့ ခရီးသည်တွေ ပိုပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့နဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ပေးနိုင်ဖို့ အမြဲ အလေးထား လုပ်ဆောင်လျက်ရှိပါတယ်။ အခု နောက်ဆုံး ထပ်မံထည့်သွင်းပေးလိုက်တဲ့နည်းပညာတွေကလည်း မြန်မာနိုင်ငံက လူတွေရဲ့ နေ့စဉ်သယ်ယူပို့ဆောင်ရေးလိုအပ်ချက်တွေအတွက် အလွယ်တကူအသုံးပြုနိုင်တဲ့ App နဲ့ လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝတဲ့ပလက်ဖောင်းတစ်ခုကို အသုံးပြုပြီး  ဖြေရှင်းပေးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်သာမြင်သာဖြစ်စေမှာပါ” ဟု Grab Myanmar ၏ ခေတ္တ Country Manager ဖြစ်သူ Alvin Loh က ပြောသည်။

ခရီးသည်များအတွက် Grab အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးထားသော အခြားလုံခြုံရေးလုပ်ဆောင်ချက်များမှာ

  • ခရီးသည်များအနေဖြင့် မိမိတည်ရှိရာနေရာကို မိသားစု၊ သူငယ်ချင်းများအား ပေးပို့ပြီး အချိန်နှင့် တပြေးညီ   ခြေရာခံနိုင်သည့် GPS စနစ် အသုံးပြုနိုင်သော Share-My-Ride လုပ်ဆောင်ချက်
  • စီးနင်းခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အကြံပြုချက်နှင့် ဝေဖန်ချက်များ ပေးပို့နိုင်သည့် App အတွင်း ပါရှိသော မိတ်ဖက်ယာဉ်မောင်းများအား အဆင့်သတ်မှတ်ပေးနိုင်ခြင်းနှင့် အကြံပြုနိုင်ခြင်း လုပ်ဆောင်ချက်
  • ခရီးသည်များအတွက် အချိန်မရွေး ကူညီပေးနိုင်မည့် 24/7 hotline ဝန်ဆောင်မှု

ထို့အပြင် Grab မှ မိတ်ဖက်ယာဉ်မောင်းများ အားလုံးကိုလည်း Grab ပလက်ဖောင်းတွင် စာရင်းမပေးသွင်းမီ စနစ်တကျစစ်ဆေးမှုများပြုလုပ်ထားပြီး လမ်းခရီးတွင် အကြောင်းကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုတင် သင်တန်းပေးပို့ချမှုများ ပြုလုပ်ထားပါသည်။

Grab ၏ မိတ်ဖက်ယာဉ်မောင်းများအတွက် Driver အက်ပလီကေးရှင်းတွင်လည်း အောက်ပါ လုံခြုံရေးလုပ်ဆောင်ချက်များ ပါရှိပါသည်။

  • Grab ဖြင့် မောင်းနှင်သော လမ်းကြောင်းများ အားလုံးကို အချိန်နှင့် တစ်ပြေးညီ ခြေရာခံနိုင်ပါသည်။  မောင်းနှင်ပြီးသည့် လမ်းကြောင်းများ၏ အချက်အလက်များကို သိမ်းဆည်းပေးထားသောကြောင့် မည့်သည့်       အကြောင်းကိစ္စမဆို Grab မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးနိုင်ပါသည်။
  • အကူအညီ လိုအပ်ပါက တောင်းဆိုနိုင်ရန်နှင့် အကြံပြုချက်များ မျှဝေနိုင်ရန် Grab Partner Care အဖွဲ့ကို ဆက်သွယ်နိုင်ပါသည်။
  • Grab Driver အက်ပလီကေးရှင်း ၏ “Support” နေရာတွင် Help Centre လုပ်ဆောင်ချက် ထည့်သွင်းပေးထားသောကြောင့် မိတ်ဖက်ယာဉ်မောင်းများမှာ Customer Experience အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး    ပြဿနာဖြစ်ပွားပါက တိုင်ကြားခြင်း သို့မဟုတ် အကြောင်းကြားခြင်းများ ပြုလုပ်ကာ  မြန်ဆန်ထိရောက်စွာ အကူအညီရယူ ဖြေရှင်းနိုင်ပါသည်။
  • မိတ်ဖက်ယာဉ်မောင်းများအတွက် မောင်းနှင်ပြီးစီးခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အကြံပြုချက် ပေးပို့နိုင်သည့် App အတွင်း ပါရှိသော ခရီးသည်များအား အဆင့်သတ်မှတ်ပေးနိုင်ခြင်းနှင့် အကြံပြုနိုင်ခြင်း လုပ်ဆောင်ချက်
  • မိတ်ဖက်ယာဉ်မောင်းများအတွက် အချိန်မရွေး ကူညီပေးနိုင်မည့် 24/7 hotline ဝန်ဆောင်မှု

 

အသစ် ထည့်သွင်းပေးထားသည့် လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန် Grab အက်ပလီကေးရှင်းအား update ပြုလုပ်ပေးရန် လိုအပ်ကြောင်း Grab မှ ခရီးသည်များအား မေတ္တာရပ်ခံတိုက်တွန်းထားပါသည်။  လုပ်ဆောင်ချက်အသစ်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက  https://www.grab.com/mm/blog/helpcentre/ နှင့် Grab Myanmar အကြောင်း အသေးစိတ်သိရှိလိုပါက  http://www.grab.com သို့မဟုတ်     www.facebook.com/GrabMM တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter