Menu

Grab app မှာ Help Centre လုပ်ဆောင်ချက်အသစ် ထပ်တိုး

Grab app မှာ Help Centre လုပ်ဆောင်ချက်အသစ် ထပ်တိုးလိုက်ပါပြီ။  Grab အသုံးပြုရင်း အကူအညီ လိုလာရင်  အလွယ်တကူ အသုံးပြုလို့ ရပြီပေါ့။

Help Centre ကို ဘယ်လို သုံးမလဲ။

  • ပုံထဲမှာ ပါတဲ့အတိုင်း  ကိုယ့်ဖုန်းထဲက app မီနူးထဲ ၀င်ပြီး Help Centre ကို နှိပ်လိုက်ရုံပါပဲ။

Help Centre ကို ဘာအတွက် သုံးမလဲ။ 

  • “Grab တက္ကစီပေါ်မှာ ကျွန်တော်/မရဲ့ ပစ္စည်းတစ်ခု ကျန်ခဲ့လို့ ဘယ်လိုလုပ်ရမလဲ”
  • “ကျွန်တော်/မရဲ့  GrabPay က အလုပ်မလုပ်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲ”
  • “ယာဉ်မောင်းက အက်ပလီကေးရှင်းထဲက သူ့ပရိုဖိုင်းပုံနဲ့ မတူဘူး။ ဒီခရီးစဉ်ကို ပယ်ဖျယ်လိုက်သင့်သလား”
  • “ကျွန်မကို လာကြိုဖို့ မြေပုံမှာ နေရာထောက်တိုင်း တလွဲဖြစ်နေတယ်။ တချို့နေရာတွေက မြေပုံမှာ တိတိကျကျ မပေါ်ဘူးဖြစ်နေတယ်။ ကျွန်မ တည်နေရာကို မြေပုံထဲ ထည့်ပေးလို့ ရမလား”
  • “ပရိုမိုကုဒ်ကို  သုံးလို့ မရဘူးဖြစ်နေတယ်။ ဘာကြောင့်လဲ ..”
  • “ပွိုင့်တွေ သုံးလို့  ကုန်သွားရင် Member အဆင့် ကျသွားမှာလား ..”
  • “တစ်ကိုယ်ရေ အာမခံ ပေးထားတယ်ဆိုတော့ မတော်တဆဖြစ်မှုတွေကို ဘယ်လို report လုပ်ရသလဲ” …. စတဲ့ စတဲ့ အကြောင်းချက်ပေါင်းများစွာရဲ့ အဖြေတွေအတွက် Help Centre ကို အသုံးပြုလို့  ရနိုင်မှာပါ။  ကိုယ် သိလိုတာ တစ်ခုခုအတွက်  ဖုန်းဆက်တာ၊ မက်ဆင်ဂျာက ဆက်သွယ်မေးမြန်းရတာတွေကို တကူးတက လုပ်နေစရာမလိုတော့ဘဲ ကိုယ့် အက်ပလီကေးရှင်းထဲကတစ်ဆင့် အဖြေရှာရုံပါပဲ။

Grab နဲ့ တက္ကစီငှားရမ်းတဲ့အခါ သင့်မှာ စိတ်ပူစရာ၊ စိုးရိမ်စရာတွေ ရှိနိုင်တယ်ဆိုတာ Grab က အပြည့်အ၀ နားလည်ပါတယ်။ ဒါကြောင့်လည်း Help Centre ဆိုတဲ့ လုပ်ဆောင်ချက်ခလုတ်ကို ထပ်တိုးထည့်လိုက်တာပါ။  

အခုတော့ မိတ်ဆွေ လိုတဲ့ အရာအားလုံးအတွက် ကလစ်လေး တစ်ချက်နှိပ်ရုံနဲ့ အဖြေထုတ်လို့ ရပြီပေါ့။