Press Centre

ကျွမ်းကျင်မှုမြင့်မားသည့် ယာဉ်မောင်းများက ကားကောင်းများနှင့် ဝန်ဆောင်မှုပေးမည့် GrabTaxi Plus ဝန်ဆောင်မှုကို တရားဝင် မိတ်ဆက်

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုအသစ်ဖြစ်သည့် GrabTaxi Plus ပြေးဆွဲခြင်းကို ယနေ့ စတင် မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ဝန်ဆောင်မှုအသစ်ဖြင့် Grab အသုံးပြုသူများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်နှင့် စမ်းသပ်ပြေးဆွဲသည့် ကာလအတွင်း ရရှိထားသော အကြံပြုချက်များအပေါ် မူတည်၍ ပိုမို သက် သောင့်သက်သာရှိစွာ ငှားရမ်းစီးနင်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ […]

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုအသစ်ဖြစ်သည့် GrabTaxi Plus ပြေးဆွဲခြင်းကို ယနေ့ စတင် မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ဝန်ဆောင်မှုအသစ်ဖြင့် Grab အသုံးပြုသူများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်နှင့် စမ်းသပ်ပြေးဆွဲသည့် ကာလအတွင်း ရရှိထားသော အကြံပြုချက်များအပေါ် မူတည်၍ ပိုမို သက် သောင့်သက်သာရှိစွာ ငှားရမ်းစီးနင်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ နိုဝင်ဘာလမှ စတင် စမ်းသပ်ပြေးဆွဲခဲ့သည့် GrabTaxi Plus သည် Grab ၏ အရည်အချင်းပြည့်ဝသော ယာဉ်မောင်းများနှင့်အတူ ပိုမိုကောင်းမွန်သော ကားကောင်းကားသန့်များဖြင့်  တရားဝင် စတင်ပြေးဆွဲလျက် ရှိနေပြီဖြစ်သည်။

Grab မှ ကိုယ်တိုင် ကောက်ယူထားသော သုတေသန စစ်တမ်းများအရ မြန်မာနိုင်ငံရှိ Grab အသုံးပြုသည့် ခရီးသည် အများစုမှာ အငှားယာဉ်များကို ကားမော်ဒယ် အသစ်များ ထားရှိပေးရန်၊ ပိုမို သန့်ရှင်းမှုရှိစေရန်နှင့် ကားအတွင်း အနံ့အသက်ကင်းကာ မွှေးပျံ့နေစေရန် တောင်းဆိုခဲ့ကြပါသည်။ အချို့ ခရီးသည်များမှာလည်း Grab မိတ်ဖက်ယာဉ်မောင်းများကို အင်္ဂလိပ် စကားပြော အရည်အချင်း တိုးတက်မှုရှိစေရန်နှင့် GPS (သို့မဟုတ်)လမ်းညွှန်မြေပုံများကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရန်တို့အတွက် တောင်းဆိုမှုများ ရှိခဲ့သည်။

အဆိုပါ တောင်းဆိုမှုများကို အလေးအနက်ထား၍ GrabTaxi Plus ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ ခရီးသည်များသည် Grab ၏ အကောင်းဆုံး ယာဉ်မောင်းများက မောင်းနှင်သော သန့်ရှင်းသပ်ရပ်ကာ အေးမြလတ်ဆတ်သည့် ကားများဖြင့် သက်သောင့်သက်သာ စီးနင်းနိုင်ကြပြီ ဖြစ်ပါသည်။ GrabTaxi Plus ဝန်ဆောင်မှုတွင် ခရီးသည်များ ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကားမော်ဒယ်အသစ်များ ( ဥပမာ – Toyota Fielder, Toyota Crown, Hyundai Sonata, Kia Cerato and etc.,)
  • ကားအတွင်းခန်းတွင် အေးမြမွှေးပျံ့နေစေခြင်း
  • ယဉ်ကျေးပျူဌာစွာ ပြောဆိုဆက်ဆံတတ်ပြီး ခရီးသည်ကို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ အခြေခံ အင်္ဂလိပ်စာ ပြောကြားတတ်ခြင်း နှင့်  GPS (သို့မဟုတ်) လမ်းညွှန်မြေပုံ အသုံးပြုနည်း ကျွမ်းကျင်ခြင်း စသည့် အရည်အသွေးများ ပြည့်မီသော  အငှားယာဉ်မောင်းများ၏ ဝန်ဆောင်မှု

“GrabTaxi Plus နဲ့ဆိုရင် ခရီးသည်တွေဟာ ကျွန်တော်တို့ Grab ရဲ့ အကောင်းဆုံး ယာဉ်မောင်းတွေဆီက အဆင့်မြင့် ဝန်ဆောင်မှုတွေကို ကားအတွင်းခန်းမှာ သေသေချာချာပြင်ဆင်ထားပြီး ပိုကောင်းတဲ့ ကားတွေနဲ့ သက်သောင့်သက်သာ သွားလာ ခံစားနိုင်ပြီ ဖြစ်ပါတယ်။ ပုံမှန် Grab အသုံးပြုနေတဲ့သူတွေကို ဒီဝန်ဆောင်မှု အသုံးပြုလာအောင် အလေးထား ဆောင်ရွက်နေချိန်မှာပဲ ရန်ကုန်မှာရှိတဲ့ ပြည်ပကနေ အလုပ်လာ လုပ်နေတဲ့သူတွေ၊ နိုင်ငံခြား ခရီးသွားဧည့်သည်တွေအတွက်လည်း အကျိုးရှိစေမှာပါ။ တစ်ချိန်တည်းမှာ ဒီလို ဝန်ဆောင်မှုမျိုး ရှိလာတဲ့အတွက် ကားအတွင်းပိုင်းကို သန့်ရှင်းသပ်ရပ်နေအောင် ပြင်ဆင်တတ်ပြီး ဝန်ဆောင်မှုကို အမြဲ အကောင်းဆုံးပေးနိုင်အောင် ကြိုးစားနေတဲ့ ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေအ တွက် ဝင်ငွေ ပိုပြီးရနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါက ယာဉ်မောင်းတွေကို အင်္ဂလိပ်စာ အရည်အချင်း တိုးတက်လာအောင်နဲ့ မြေပုံ ပိုပြီးသုံးတတ်လာအောင် တိုက်တွန်းအားပေးနိုင်ပါတယ်” ဟု Grab Myanmar ၏ Country Manager ဖြစ်သူ Mr Amrt Sagar က ပြောသည်။

GrabTaxi Plus သည် Grab ၏ အရည်အချင်း ပြည့်ဝသော ယာဉ်မောင်းများမှ မောင်းနှင်၍ ပိုမို ကောင်းမွန်သောကားများဖြင့် ပိုမို သက်သောင့်သက်သာရှိစွာ စီးနင်းနိုင်သောကြောင့် ပုံမှန် GrabTaxi လမ်းကြောင်းများထက် ခန့်မှန်းခြေ ၂၀ ရာခိုင်နှုန်းခန့် ဈေးနှုန်း အနည်းငယ် တိုးမြှင့်သတ်မှတ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

GrabTaxi Plus အား အောက်ပါအတိုင်း ဌားရမ်းနိုင်ပါသည်။

1)    Grab app အား ဖွင့်ပြီးနောက် ခရီးသည်များအနေဖြင့် ပုံမှန် GrabTaxi ငှားရမ်းသည့် ပုံစံအတိုင်း လာကြိုရမည့်နေရာ နှင့် သွားလိုသည့် နေရာအား ထည့်ရပါမည်။

2)    ဖုန်းမျက်နှာပြင် အောက်ဘက်ရှိ ကျသင့်ငွေပြသထားသော ယာဉ်အမျိုးအစား ရွေးချယ်ရန် နေရာတွင် GrabTaxi Puls အား ရွေးချယ်လိုက်ပါ။

3)    “Book” ကို နှိပ်ပြီး မိမိသွားလိုသည့် ခရီးအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ပါသည်။ ခရီးသည်နှင့် အနီးဆုံးနေရာတွင် ရှိနေသော GrabTaxi Plus ယာဉ်မောင်းအား Grab မှ ရှာဖွေပေးသွားမည် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် Grab Myanmar မှ နေရာနှစ်ခု တစ်ဆက်တည်း ငှားရမ်းနိုင်သည့် Multi-Stop Rides ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့သောကြောင့် ခရီးသည်များမှာ မိမိတို့၏ GrabTaxi လမ်းကြောင်းတွင် နောက်ထပ်နေရာတစ်ခု ထပ်မံထည့်သွင်း၍ သွားရောက်နိုင်ပြီဖြစ်ပြီး မငှားရမ်းမီ စုစုပေါင်း ကျသင့်ငွေကို တွက်ချက်၍ ကြိုတင်ပြသပေးသည်ဖြစ်ရာ Grab ၏ ခရီးသည်များအနေနှင့် ခရီးလမ်း ပိုမို အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာစွာ ငှားရမ်းနိုင်ပြီဖြစ်သည်။

Grab သည် ၎င်း၏ GrabBike ဝန်ဆောင်မှုကို မန္တလေးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က တိုးချဲ့စမ်းသပ်ပြေးဆွဲခဲ့ပြီး မန္တလေးမြို့ သယ်ယူပို့ဆောင်ရေးစနစ် ပိုမို ကောင်းမွန်လာစေရန်နှင့်  ခရီးသည်များ မိမိလိုရာခရီးသို့ Grab မိုဘိုင်းအပလီကေးရှင်း အသုံးပြု၍ လုံခြုံစိတ်ချမှုရှိသော ဆိုင်ကယ်တက္ကစီများကို အလွယ်တကူ ငှားရမ်းနိုင်စေရန် ဆောင်ရွက်လျက် ရှိသည်။ ထို့အတူ လက်ရှိပြေးဆွဲလျက်ရှိသော ဆိုင်ကယ်တက္ကစီ ယာဉ်မောင်းများသည် Grab app ကို အသုံးပြုပြီး ခရီးသည်ငှားရမ်းမှုများ ပိုမိုရရှိနိုင်သဖြင့်  ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို တိုးတက်စေနိုင်မည်ဖြစ်သည်။ GrabBike စမ်းသပ်ပြေးဆွဲချိန် ကာလအတွင်း ဝန်ဆောင်မှုနှင့် ခရီးသည် တစ်သားတည်း ဖြစ်ကာ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်သည့် အနေ အထားအထိ ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter