Press Centre

iflix နှင့် Grab တို့ ၏ မှတ်တိုင်တစ်ခုဖြစ်သည့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုစတင်

 ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်သည့် iflix သည် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး အသုံးပြုသူများအတွက် GrabRewards ပွိုင့်များနှင့်  iflix VIP  ကို အကန့်အသတ်မရှိ စိတ်ကြိုက်ကြည့်ရှုနိုင်မည့် နည်းလမ်းအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

ရန်ကုန် – နိုဝင်ဘာ ၁၅  ၊၂၀၁၈ – ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်သည့် iflix သည် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး အသုံးပြုသူများအတွက် GrabRewards ပွိုင့်များနှင့်  iflix VIP  ကို အကန့်အသတ်မရှိ စိတ်ကြိုက်ကြည့်ရှုနိုင်မည့် နည်းလမ်းအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ Grab အသုံးပြုသူများအနေဖြင့် GrabRewards ပွိုင့် ၁၀၅၀ ကို အသုံးပြုပြီး  ကြော်ငြာပါဝင်ခြင်းမရှိသော ၁ လစာ iflix VIP  (၃၀၀၀ ကျပ်တန်)ဝန်ဆောင်မှုကို ဝယ်ယူတိုင်း ၎င်းတို့၏ GrabRewards Membership အဆင့်အပေါ် မူတည်ပြီး VIP အသုံးပြုခွင့် (၁၁) လ အထိ အပိုဆု ရယူနိုင်ပါသည်။

iflix ၏ Head of Marketing Myanmar and Cambodia ဖြစ်သူ Eena Acuna က “iflix NEWS နဲ့  iflix SNACKS အပါအဝင်  ပြည်တွင်း၊ ဒေသတွင်း နိုင်ငံတကာဖျော်ဖြေတင်ဆက်မှုတွေကို မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိသလို ကမ္ဘာ့အဆင့်မီဖျော်ဖြေရေး ဝန်ဆောင်မှုကို လျင်လျင်မြန်မြန်  လက်ခံအသုံးပြုနိုင်ဖို့ အဆင်ပြေလွယ်ကူတဲ့နည်းလမ်းအသစ်တစ်ခုကို  Grab နဲ့အတူ ပူးပေါင်းဖော်ဆောင်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။”

Grab Myanmar ၏ Country Head Alvin Loh က “လုံခြုံစိတ်ချရပြီး အများပြည်သူအတွက် ဈေးနှုန်းသင့်တင့် အဆင်ပြေလွယ်ကူတဲ့သယ်ယူပို့ဆောင်ရေးတစ်ခုဆိုတာထက် ပိုတဲ့တန်ဖိုးတစ်ခုအဖြစ်လာဖို့ ရည်ရွယ်ပြီးတော့ Grab ကို စီးနင်းအသုံးပြုတိုင်းမှာ ရနိုင်မယ့် GrabRewards ဆိုတာကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Grab အသုံးပြုသူတွေအနေနဲ့ များပြားလာပြီး လူကြိုက်များ ရေပန်းစားနေတဲ့ လက်လီအရောင်းဈေးကွက်များ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ထုတ်ကုန်များကို GrabRewards Points များနဲ့ ပေးချေ အသုံးပြုနိုင်ပါပြီ။ iflix နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ Grab အသုံးပြုသူတွေအတွက် တန်ဖိုးရှိတဲ့အကျိုးခံစားခွင့်တွေ ထပ်ဆောင်းဖန်တီးပေးလိုက်နိုင်တဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ အခုဆိုရင် Grab အသုံးပြုသူတွေဟာ အဆင့်အတန်းမြင့် နိုင်ငံတကာနဲ့ ပြည်တွင်းရုပ်ရှင်ဇာတ်လမ်းတွဲတွေကို  Grab  စီးနင်းရင်း ကြည့်ရှုခံစားနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

ယခုအခါတွင် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ လူပေါင်း ၁ ဘီလီယံကျော်အတွက် ရရှိနေပြီဖြစ်သည့် iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှု မှုနယ်ပယ်တွင်  ဈေးကွက်ဦးဆောင်သူအဖြစ်  ထင်ထင်ရှားရှားရပ်တည်နေပြီဖြစ်သည်။ iflix တွင်သီးသန့် ကြည့်ရှုနိုင်သည့်  ရုပ်ရှင်များနှင့် ဆုရ အစီအစဉ်များ အပါအဝင် ဟောလိဝုဒ်၊  ဒေသတွင်းနှင့်  ပြည်တွင်းရုပ်ရှင်များ ပါဝင်သည့် ရုပ်ရှင်စုစည်းမှုကြီးကို  အသုံးပြုသူများအတွက်  ဝန်ဆောင်မှုပေးထားပြီးလစဉ်ကြေးပးချေ ၍ အသုံးပြုသူများသည် iflix ကို ဖုန်း၊ လက်ပ်တော့၊ တက်ဘလက်နှင့် တီဗီတို့အပါအဝင်  device  ၅ မျိုးအထိတွင် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်ပါသည်။

iflix အကြောင်း

Iflix သည် ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင် စိတ်ဝင်စားဖွယ် TV ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်များ၊ ပြည်တွင်းပရိတ်သတ်များနှင့်သင့်လျော်သည့် iflix မူပိုင်ရုပ်ရှင်များ၊ သာလွန်ကောင်းမွန်သော တိုက်ရိုက်ထုတ်လွှင့် သည့် အားကစားပွဲများ နှင့် ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော မျက်ေ မှာက်ရေးရာ နောက်ဆုံးရသတင်းများ  ကို ဒေါင်းလုတ်ပြုလုပ်၍ဖြစ်စေ တိုက်ရိုက် ဖြစ်စေ အင်တာနက် ချိတ်ဆက်ထားသော မည်သည့် Device တွင်မဆို ကြည့်ရှုခံစားနိုင်ရန် တင်ဆက်ပေးနေသော ကမ္ဘာ့ထိပ်တန်း ဦးဆောင်  ဖျော်ဖြေရေးဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ယခုအခါ iflix မှ အသုံးပြုသူ တစ်ဘီလီယံကျော်သော ဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များအတွက် ရည်ရွယ်၍ iflixFREE နှင့် iflixVIP ကဲ့သို့ တစ်မူထူးခြားသည့် အတွေ့အကြုံနှစ်မျိုးကို ထပ်မံမိတ်ဆက်ပေးထားသည်။

Let’s play.

လက်ရှိတွင် iflix ကို မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ သိရီလင်္ကာ၊ ပါကစ္စတန်၊  မြန်မာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်ဗ်၊ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေဗီးယား၊ဂျော်ဒန်၊ အီရတ်၊  လက်ဘနွန် ၊ အီဂျစ်၊ဆူဒန်၊ ကမ္ဘောဒီးယား၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ နီပေါ ဘင်္ဂလာဒေ့ရှ်  ၊ဇင်ဘာဘွေ၊မိုရိုကို၊ တန်ဇန်းနီးယားနှင့် ယူဂန်ဒါ နိုင်ငံတို့တွင်  အသုံးပြုနိုင်ပြီဖြစ်သည်။

အသေးစိတ်အချက်လက်များကိုထပ်မံသိရှိနိုင်ရန် ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်  https://www.iflix.com

Grab အကြောင်း

Grab သည် အရှေ့တောင်အာရှတွင် အများဆုံး အသုံးပြုလျက်ရှိသော ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ သွားလာရေး၊ အစားအသောက်၊ အိမ်အရောက် ဈေးဝယ်ခြင်း စသည်တို့ကို e-wallet တစ်ခုတည်းဖြင့် ငွေပေးချေနိုင်သည်။ အရှေ့တောင်အာရှ နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ် စီးပွားရေးမှ အကျိုးကျေးဇူးများ ရရှိသင့်သည်ဟု Grab က ယုံကြည်သည့်အတိုင်း ကုမ္ပဏီသည် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ပစ္စည်း ပို့ဆောင်ရေး၊ မိုဘိုင်း ငွေချေစနစ်နှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter

ကိုဗစ်-၁၉ ကာလအတွင်း သင့်ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို Everyday Everything App ဖြစ်တဲ့ Grab အသုံးပြုပြီး ဖြေရှင်းလိုက်ရအောင်

အခုလိုမျိုး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရတဲ့ အချိန်တွေ၊ လူစုလူဝေး ရှောင်ရှားဖို့ အိမ်ထဲမှာပဲနေရတဲ့ အခိုက်အတန့်တွေမှာ မြန်မာနိုင်ငံက လူအများစုဟာ ဈေးဝယ်ဖို့၊ ငွေရေးကြေးရေး ကိစ္စတွေ ဆောင်ရွက်ဖို့၊ ကျန်းမာကြံ့ခိုင်ဖို့၊ အချိန်တွေကို အကျိုးရှိရှိ ဖြတ်သန်းဖို့နဲ့ စိတ်အပန်းဖြေဖို့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို […]

Grab သည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို ပလတ်စတစ်အကာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုနှင့်အတူ တိုးမြှင့်မိတ်ဆက်

Grab သည် သယ်ယူပို့ဆောင်ရေးနယ်ပယ်ရှိ ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရေးစံနှုန်းသတ်မှတ်ချက်ကို မြှင့်တင်ပေးနိုင်မည့်  ပလတ်စတစ်အကာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှု အသစ်ကို မိတ်ဆက် ခရီးစဉ်ပယ်ဖျက်မှုဆိုင်ရာမူဝါဒအသစ်နှင့် ခရီးစဉ်အပြီး အဆင့်သတ်မှတ်သည့်ပုံစံအသစ်သည် ယာဉ်မောင်းနှင့် ခရီးသည်များကိုပါ ဘေးကင်းလုံခြုံမှုအတွက် မှန်ကန်သော ရွေးချယ်မှုများ […]

Grab ၏ #SupportLocal အစီအစဉ်တွင် နည်းပညာနှင့် လူမှုအသိုင်းအဝိုင်းအပေါ် ထားရှိသည့် ကတိကဝတ်တို့ဖြင့် COVID-19 ကာလအတွင်း ပြည်တွင်းစားသောက်ဆိုင်ငယ်များအား ကူညီပံ့ပိုးပေးနိုင်ခဲ့

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ – မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများ စတင် မြင့်တက်လာခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ မှစတင်ပြီး အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး super app ဖြစ်သော Grab သည် ကူးစက်ရောဂါကြောင့် ဦးစွာ ထိခိုက်ခဲ့ရသည့် ပြည်တွင်း စားသောက်ကုန် (F&B) လုပ်ငန်းများအား ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများစွာကို လေ့လာဆန်းစစ်ခဲ့ပါသည်။ ထိုအချိန်က စားသုံးသူများအား ဆိုင်ထိုင်စနစ်ဖြင့် စားသုံးခြင်းကို တားမြစ်ထားခဲ့ပြီး စားသောက်ကုန် လုပ်ငန်းအများအပြားမှာ ၎င်းတို့၏ လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရေးအတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ကြရသည်။ အဆိုပါဖြစ်ရပ်သည် Grab အား #SupportLocal အစီအစဉ် စတင်အကောင်အထည်ဖော်ရန် တွန်းအားဖြစ်စေခဲ့ပြီး ၎င်း၏ အချိန်နှင့်တပြေးညီ အသုံးပြုနိုင်သည့် GrabFood ဒစ်ဂျစ်တယ် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုဖြင့် ရန်ကုန်မြို့နေ လူမှုအသိုင်းအဝိုင်းအား တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်လေးများနှင့် မုန့်ဆိုင်ငယ် (၇၀) ကျော်ထံက အစားအသောက်များ ဝယ်ယူအားပေးရန် တိုက်တွန်းနိုင်ခဲ့သည်။ #SupportLocal အစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ မေလမှ ဇူလိုင်လအတွင်းပြုလုပ်ခဲ့ပြီး ပါဝင်ခဲ့သည့် GrabFood မိတ်ဖက်စားသောက်ဆိုင်များအတွက် အထူးပံ့ပိုး ကူညီမှုများ ပေးအပ်ခဲ့သည်။ #SupportLocal အစီအစဉ်သည် ၎င်းတို့၏ လုပ်ငန်းများ ယနေ့အချိန်အထိ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီး အကျပ်အတည်း ကာလအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့သော အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါသည်။   #SupportLocal အစီအစဉ် နောက်ခံအချက်အလက်   #SupportLocal အစီအစဉ်တွင် ပါဝင်ခဲ့သော မိတ်ဖက်စားသောက်ဆိုင်များကို GrabFood အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုဖြင့် အော်ဒါများ ပို့ဆောင်ပေးနိုင်ရန် လစဉ်ပျှမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက်သာ ရရှိပြီး လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိဘဲ တနိုင်တပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လေး (သို့မဟုတ်) မုန့်ဆိုင်ငယ် တစ်ဆိုင်ဖြစ်ရမည်ဟူသော စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။   #SupportLocal အစီအစဉ်၏ ကနဦးလှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် “Grab ၏ အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ်” တွင် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပူးပေါင်းပါဝင်ခဲ့သော မိတ်ဖက်စားသောက်ဆိုင်များမှ ရောင်းချသော အစားအသောက် အမျိုးအစား အားလုံးကို (၂၀%) အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab က ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်လုပ်ငန်းငယ်လေးများကို လူအများ ပိုမို သတိပြုမိလာကြပြီး အားပေးပံ့ပိုးရန် တိုက်တွန်းနှိုးဆော်သည့် အနေဖြင့် Grab အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ် အမျိုးမျိုးတို့မှတစ်ဆင့် ဈေးကွက် ထိုးဖောက်ရေးပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။   #SupportLocal အစီအစဉ်၏ အောင်မြင်မှုရလဒ်များ အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် မိတ်ဖက်စားသောက်ဆိုင်များမှာ ဝင်ငွေအခွင့်အလမ်း ပိုမို ရရှိခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန် တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့်အပြင် ဆိုင်ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်း အလုပ်ကိုလည်း ဆက်လက် ထောက်ပံ့ပေးနိုင်ခဲ့သည်။ မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် #SupportLocal အစီအစဉ်၏ စိတ်ဝင်စားဖွယ် အောင်မြင်မှုရလဒ်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။   မိတ်ဖက်စားသောက်ဆိုင်များ၏ ရောင်းအားမြင့်တက်လာခြင်း ●     မိတ်ဖက်စားသောက်ဆိုင်များ၏ အစားအသောက် ပို့ဆောင်ရန် အော်ဒါရရှိမှုနှုန်း (၂၂%) မြင့်တက်ခဲ့ ●     မိတ်ဖက်စားသောက်ဆိုင်များ၏ တစ်ဦးချင်း စားသုံးသူအသစ်များထံမှ အော်ဒါရရှိမှုနှုန်း (၅) ဆ ပိုမို ရရှိခဲ့ ●     မိတ်ဖက်စားသောက်ဆိုင်များမှာ နံနက်စာနှင့် နေ့လယ်စာ စားချိန်တွင် GrabFood အော်ဒါများကို လက်ခံရရှိမှု အများဆုံး ဖြစ်သောကြောင့် စားသောက်ကုန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ညမထွက်ရ ဥပဒေ ချမှတ်ထားသည့်အချိန်တွင်း နေ့ဘက်တွင် ဝင်ငွေပိုမို ရှာဖွေနိုင်ရန် ကူညီပေးနိုင်ခဲ့   မိတ်ဖက်စားသောက်ဆိုင်များ ပိုမို လူသိများလာခြင်း ●     အစီအစဉ် ပြုလုပ်ခဲ့သည့် ကာလအတွင်း မိတ်ဖက်စားသောက်ဆိုင်များအား အရောင်းမြှင့်တင်ပေးနိုင်ရေး အတွက် Grab က အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ရင်းနှီးမြုပ်နှံခဲ့သည်။ […]