Press Centre

Grab က မိတ်ဖက်ယာဉ်မောင်းများနှင့် မိသားစုဝင်များအတွက် ပျော်ပွဲရွှင်ပွဲကို ကျင်းပခဲ့ပြီး လုပ်ဆောင်ချက်အသစ်များနှင့်အကျိုးခံစားခွင့်အသစ်များ မိတ်ဆက်ပေးခဲ့

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ – မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ထောင်ပေါင်းများစွာသော Grab မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ဆင်နွှဲနိုင်သည့် Grab Fun Fair ပွဲတော်ကြီးကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိကွင်းတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ပါသည်။ Grab အား ရန်ကုန်မြို့တွင်း ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်လာစေရန် နေ့စဉ် ပါဝင်အားဖြည့်ပေးခဲ့ကြသည့် […]

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ – မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ထောင်ပေါင်းများစွာသော Grab မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ဆင်နွှဲနိုင်သည့် Grab Fun Fair ပွဲတော်ကြီးကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိကွင်းတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ပါသည်။ Grab အား ရန်ကုန်မြို့တွင်း ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်လာစေရန် နေ့စဉ် ပါဝင်အားဖြည့်ပေးခဲ့ကြသည့် Grab ၏ မိတ်ဖက်ယာဉ်မောင်းထုကြီးကို ကျေးဇူးတင် ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါ ပွဲတော်ကြီးကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

အဆိုပါသုဝဏ္ဏဘူမိကွင်းပြင်တွင် ကျင်းပသောပွဲတော်ကြီးတွင် ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ၊ စားသောက်ဖွယ်ရာများ နှင့် ဖျော်ဖြေရေးအစီအစဉ်များစွာ ပါဝင်ပြီး မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များအနေနှင့် တန်ဖိုးရှိလှသည့် အချိန်အခိုက်အတံ့များကို အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ရည်ရွယ်ပြီး ကလေးများအတွက် ကစားကွင်းအပါအဝင် တေးဂီတဖျော်ဖြေမှုများ၊ စိတ်လှုပ်ရှားစရာဂိမ်းမျိုးစုံ နှင့် မိသားစုများ အတူသုံးဆောင်နိုင်ရန် အစားအသောက်ဘူးများလည်း  ဝေမျှပေးခဲ့ပါသည်။ ထို့ပြင် Grab ၏ မိတ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်သည့် Samaritan’s Purse နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှလည်း ၎င်းတို့၏ ပညာပေးအစီအစဉ်များအား တက်ရောက်လာသည့် မိတ်ဖက်ယာဉ်မောင်းများ နှင့် မိသားစုများအား မျှဝေပေးသွားမည် ဖြစ်ပါသည်။

ပွဲတော်ကြီးအား Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh မှ အဖွင့်အမှာစကား ပြောကြားခြင်းဖြင့်  စတင်ဖွင့်လှစ်ခဲ့ပါသည်။ သူမက “Grab အနေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ အားထုတ်မှု မပါဘဲ မြန်မာနိုင်ငံမှာ အခုလိုမျိုး ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့ နေရာတစ်ခုကို ရောက်ရှိလာမှာမဟုတ်ပါဘူး။ ကျွန်မတို့ Grab အနေနဲ့လည်း မိတ်ဖက်ယာဉ်မောင်းတွေအတွက် အ ကောင်းဆုံးမိတ်ဖက်ဖြစ်အောင် အမြဲတမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ် Grab Fun Fair ပွဲတော်ကြီးမှာ ကျွန်မတို့ရဲ့ စွမ်းရည်အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းတွေကို ဖိတ်ခေါ်ပြီး သူတို့ချစ်ခင်ရတဲ့ မိသားစုတွေနဲ့ ပျော်စရာအချိန်လေးတွေ အတူကုန်ဆုံးနိုင်ဖို့နဲ့ အခြား Grab Myanmar မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံရင်းနှီးနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ မနှစ်ကပွဲ အတွေ့အကြုံနဲ့ ဝေဖန်အကြံပြုချက်တွေအရ ကျွန်မတို့ ဒီနှစ်မှာ အသက်အရွယ်မရွေး ပါဝင်ဆင်နွှဲနိုင်မယ့် စိတ်ဝင်စားစရာ အစီအစဉ်တွေ အများကြီးကို ထည့်သွင်း စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

Grab Myanmar ၏ Head of Operations ဖြစ်သူ မသူဇာတင်က “ဒီ Grab Fun Fair ပွဲတော်ကြီးဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ခရီးသည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးခဲ့တဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်း တွေကို  ကျေးဇူးတင်ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်။ မိတ်ဖက်ယာဉ်မောင်းတွေအနေနဲ့ ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက် အကောင်းဆုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ဆက်ပြီးပေးနိုင်အောင် အားပေးသွားမှာပါ။ ဒါမှလည်း ခရီးသည်တွေအနေနဲ့ သူတို့ရဲ့ကျောင်း၊ အလုပ်တွေကို နေ့စဉ်သွားလာတဲ့အခါမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေမှာပါ။ Grab နဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတူ ကြိုးစားလက်တွဲမှုကနေ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ” ဟုဆိုပါသည်။

Cindy Toh, Country Head of Grab Myanmar gives a welcome and thank you speech to Grab driver-partners and their families at the Grab Fun Fair.

Thuzar Tin, Head of Operations, Grab Myanmar, is presenting new features and new benefits for driver-partners

Grab မိတ်ဖက်ယာဉ်မောင်းများမှ ခရီးစဉ်များပိုမိုရရှိစေရန်နှင့် ဝင်ငွေအခွင့်အလမ်းများ ပိုမိုရရှိစေရန် ကူညီပံ့ပိုးခြင်းအပြင် Better 365 စီမံကိန်းမှတစ်ဆင့် အကျိုးခံစားခွင့်အသစ်များကို ဆက်လက်ဖြည့်ဆည်း မိတ်ဆက်ပေးလျက် ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင် Grab က မိတ်ဖက်ယာဉ်မောင်းများမှ မိမိတို့၏ ဝင်ငွေများကို တစ်နေ့တာ၏ မည်သည့်အချိန်တွင်မဆို နိုင်ငံတဝှမ်းရှိ CB ဘဏ်၏ ATM စက်များတွင် ငွေသားချက်ချင်း ထုတ်ယူနိုင်ရန်အတွက် ယာဉ်မောင်းအက်ပလီကေးရှင်းတွင် ထည့်သွင်းထားသည့် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

၂၀၂၀ ခုနှစ်တွင် Grab မိတ်ဖက်ယာဉ်မောင်းများမှ ပိုမိုကောင်းမွန်သော ယာဉ်မောင်းအတွေ့အကြုံများရရှိနိုင်မည့် အက်ပလီကေးရှင်းတွင်း လုပ်ဆောင်ချက်အသစ်များနှင့် အကျိုးခံစားခွင့်အသစ်များကို ရရှိခံစားနိုင်မည် ဖြစ်သည်။ အကျိုးခံစားခွင့်အသစ်များတွင် အောက်ပါအချက်များ ပါဝင်သည် –

မိတ်ဖက်ယာဉ်မောင်းများအတွက် ပိုမိုလွယ်ကူအဆင်ပြေမည့် ကြိုတင်ငွေဖြည့်မှု စနစ်

Grab ကြိုတင်ငွေဖြည့်ကဒ် – Grab မိတ်ဖက်ယာဉ်မောင်းများမှ   ၎င်းတို့၏ ယာဉ်မောင်းသုံး မိုဘိုင်းပိုက်ဆံ အိတ်တွင် ခရီးစဉ်ဘွတ်ကင်များလက်ခံရရှိနိုင်သည့် လုံလောက်သော ငွေပမာဏ ထားရှိနိုင်စေရန်အတွက် မိတ်ဖက်ယာဉ်မောင်းများမှ (၃,၀၀၀) ကျပ်၊ (၅,၀၀၀) ကျပ်နှင့် (၁၀,၀၀၀) ကျပ် အစရှိသည့် ကြိုတင်ငွေဖြည့်ကဒ်များအား ကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ (သို့မဟုတ်) အခြားခင်မင်ရင်းနှီးသည့် Grab မိတ်ဖက်ယာဉ်မောင်းမိတ်ဆွေများအတွက် ဖြစ်စေ Junction Mawtin ဈေးဝယ်စင်တာရှိ Grab ကောင်တာနှင့် Crystal Tower ရှိ Grab Myanmar ရုံးတွင် ဝယ်ယူနိုင်ပါသည်။  မကြာသေးမီကာလတွင်လည်း Grab ကြိုတင်ငွေဖြည့်ကဒ်များအား ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်မည့် နေရာများတွင်လည်း ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ Grab ကြိုတင်ငွေဖြည့်ကဒ်အကြောင်းကို ပိုမိုသိရှိလိုပါက Grab Myanmar website တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

CB Pay အသုံးပြုပြီး Grab Driver Wallet အတွက် ငွေဖြည့်ခြင်း – ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုရသည်ကို ပိုမိုနှစ်ခြိုက်သော မိတ်ဖက်ယာဉ်မောင်းများအနေနှင့် ၎င်းတို့၏ Grab Driver Wallet ကို CB Pay အသုံးပြုပြီး တိုက်ရိုက်ငွေဖြည့်နိုင်မည် ဖြစ်သည်။ အဆိုပါ လုပ်ဆောင်မှုကို Grab Driver App တွင်း၌ပင် အလွယ်တကူ လုပ်ဆောင်နိုင်ပါမည်။ အဆိုပါလုပ်ဆောင်ချက်အသစ် အကြောင်းကို ပိုမိုသိရှိလိုပါက Grab Myanmar website တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

များမကြာမီတွင် Grab သည် ယာဉ်မောင်းသုံး မိုဘိုင်းပိုက်ဆံအိတ်တွင်း ငွေလုံလောက်မှုရှိမနေသည့် မိတ်ဖက်ယာဉ်မောင်းများအတွက် ငွေသားမဲ့ ပေးချေစနစ် (GrabPay) ဖြင့် ငှားရမ်းလာသည့် ဘွတ်ကင်များကို ဉီးစားပေး လက်ခံနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်သည်။  ငွေသားမဲ့ ပေးချေမှုများကို မိတ်ဖက်ယာဉ်မောင်း ၏ ယာဉ်မောင်းမိုဘိုင်းပိုက်ဆံအိတ်ထဲသို့ တိုက်ရိုက်ထည့်ပေးသွားမည် ဖြစ်သဖြင့် မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် တက္ကစီငှားရမ်းမှုများကို စက္ကန့်မခြား ဆက်လက်လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။

Grab ၏ ကတိကဝတ်တစ်ခုဖြစ်သည့် ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် လုပ်ဆောင်မှု

ခရီးသည်များ ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် ခရီးသည်မှ မိမိကိုယ်ကို ရိုက်ကူးထားသောဆယ်လ်ဖီပုံဖြင့် အတည်ပြုရန် လိုအပ်ခြင်း – မြန်မာနိုင်ငံတွင် ရှိသော Grab အက်ပလီကေးရှင်း အသုံးပြုသူအသစ်များ အားလုံးသည် အက်ပလီကေးရှင်းကို အသုံးပြုနိုင်ရန်အတွက် အကောင့်စာရင်းသွင်းရာတွင် အသုံးပြုသူ၏ မိမိကိုယ်ကို ရိုက်ကူးထားသောဆယ်လ်ဖီပုံကို အသုံးပြု၍ အတည်ပြုရန် လိုအပ်ပါသည်။ ထိုကဲ့သို့ အတည်ပြုခြင်း မလုပ်ဆောင်ပါက ၎င်းတို့၏ Facebook အကောင့် (သို့မဟုတ်) ဘဏ်အကောင့်အချက်အလက်များကို အသုံးပြု၍ မိမိတို့၏ Grab အကောင့်ကို စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ အဆိုပါ အသုံးပြုသူ၏ မိမိကိုယ်ကို ရိုက်ကူးထားသောဆယ်လ်ဖီပုံသည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာ အတည်ပြု ပေးနိုင်ရန် ဖြစ်ပြီး လိုအပ်ပါက တာဝန်ရှိ ရဲဝန်ထမ်းများကို ကူညီပေးနိုင်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ Grab က အသုံးပြုသူများ၏ မိမိကိုယ်ကို ရိုက်ကူးထားသောဆယ်လ်ဖီပုံများနှင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားမည် ဖြစ်ပြီး မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက်လုပ်ငန်းများအား အသိပေး မျှဝေမည် မဟုတ်ပါ။ အသုံးပြုသူမှ မိမိကိုယ်ကို ဆယ်လ်ဖီပုံ မရိုက်မီ Grab အက်ပလီကေးရှင်းမှ အသုံးပြုသူ၏ ဖုန်းကင်မရာကို အသုံးပြုရန် ခွင့်ပြုချက် တောင်းခံပါမည်။ ခရီးသည်မှ မိမိကိုယ်ကို ရိုက်ကူးထားသောဆယ်လ်ဖီပုံ ဖြင့် အတည်ပြုရန် လိုအပ်သည့် မူဝါဒသည် Grab မှ လက်ရှိဝန်ဆောင်မှုပေးနေသော ဒေသများအားလုံးရှိ ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအတွက်လည်းကောင်း၊ အနာဂတ်တွင် တိုးချဲ့လာမည့် Grab အသုံးပြုများအတွက်လည်းကောင်း အဆင့်မြင့် ဘေးကင်းလုံခြုံစိတ်ချရမှုဆိုင်ရာ စံနှုန်းများကို ပိုမိုဆောင်ရွက်နိုင် ရန်အတွက် Grab က လက်ရှိအကောင်ထည်ဖော်နေသော  အစီအစဉ်များစွာအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ 

မိတ်ဖက်ယာဉ်မောင်း၏ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားစေရေးအတွက် ပံ့ပိုးကူညီမှု

ငွေ အဆင့်ရှိ မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့် – Grab က အပတ်စဉ်သတ်မှတ်ထားသောခရီးစဉ် အရေအတွက် ပြည့်မီမှု၊ ခရီးသည်များမှ အကဲဖြတ်အဆင့်သတ်မှတ်ချက်များနှင့် လမ်းအန္တရာယ်ကင်းရှင်းရေး မှတ်တမ်းတို့အပေါ် မူတည်၍ မိတ်ဖက်ယာဉ်မောင်းများအား အဆင့်များ သတ်မှတ်ထားပါသည်။ အဆိုပါ သတ်မှတ်ချက်များတွင် အမြင့်ဆုံးအဆင့်သတ်မှတ်ချက်အဖြစ် ပလက်တီနမ်အဆင့်ရှိ မိတ်ဖက်ယာဉ်မောင်း၊ ရွှေ အဆင့်နှင့် ငွေအဆင့် မိတ်ဖက်ယာဉ်မောင်း ဟူ၍ အဆင့်ဆင့်ရှိပြီး ပလက်တီနမ်နှင့် ရွှေအဆင့်မိတ်ဖက်ယာဉ်မောင်းများကဲ့သို့ပင် ငွေရောင်အဆင့်ရှိ Grab မိတ်ဖက်ယာဉ်မောင်းများသည် ထိုအဆင့်သတ်မှတ်ချက်အား စဉ်ဆက်မပြတ်ထိန်းထားနိုင်ပါက ၎င်း၏အဆင့်သတ်မှတ်ချက်နှင့်အညီ Grab နှင့် ပူးပေါင်းထားသော မိတ်ဖက်လုပ်ငန်းဆိုင်များတွင် စက်သုံးဆီ အထူးဝယ်ယူခွင့် ဘောင်ချာများနှင့် လျော့ဈေးကူပွန်မျာ းအစရှိသည့် အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်တော့မည် ဖြစ်သည်။

မိတ်ဖက်ယာဉ်မောင်းများ၏ သားသမီးများအား ဝန်ဆောင်မှုအသစ် GrabFood နှင့် ချိတ်ဆက်ပြီး အချိန်ပိုင်းအလုပ်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းဖွင့်ပေးခြင်း – Grab က GrabFood အမည်ရှိ အရှေ့တောင်အာရှတွင် အကြီးဆုံး အစားအစာပို့ဆောင်ရေး ဝန်ဆောင်မှုအား ရန်ကုန်မြို့တွင် မကြာမီ စတင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။ ထိုဝန်ဆောင်မှုအသစ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လာမည့် ရက်သတ္တပတ်များတွင် ကြေညာပေးသွားမည်။ GrabFood နှင့်အတူ ပူးပေါင်းလုပ်ကိုင်နိုင်မည့် အချိန်ပိုင်းအလုပ်များကို စိတ်ဝင်စားသည့် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိ Grab မိတ်ဖက်ယာဉ်မောင်းများ၏ သားသမီးများအား ဦးစားပေးခန့်အပ်သွားမည် ဖြစ်သည်။ ထိုအချိန်ပိုင်းအလုပ်များ တွင် ဝယ်ယူသူအား ဝန်ဆောင်မှုပေးသည့်ကိုယ်စားလှယ်နေရာများ၊ မိတ်ဖက် လုပ်ငန်းကိုယ်စားလှယ်နေရာများ နှင့် စက်ဘီးဖြင့် အစားအစာပို့ဆောင်ပေးသည့်အလုပ်အကိုင်များ ပါဝင်ပါသည်။ 

ယနေ့ ကျင်းပသော Grab Fun Fair အား ဇနီးသည်၊ သားငယ်တို့နှင့် အတူ တက္ရောက္ခဲ့သည့္ ကိုဆန်းဝင်းက “Grab က နောက်ထပ် Fun Fair တစ်ခုကို ဒီနှစ်မှာလည်း ထပ်ပြီး ကျင်းပပေးတာ ကျွန်တော် အရမ်း ပျော်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က တစ်ပတ်မှာ ခြောက်ရက် အလုပ်လုပ်တယ်။ ကျန်တဲ့တစ်ရက်တော့ အိမ်မှာ မိသားစုအတွက် အချိန်ပေးပါတယ်။ ဒီနေ့တော့ ချစ်ရတဲ့ ကျွန်တော့ မိသားစုနဲ့အတူ သုဝဏ္ဏ ဘူမိကွင်းပြင်မှာ ပျော်စရာအချိန်တွေကို အတူတူဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော်က Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းအဖြစ် လက်တွဲလာတာ နှစ်နှစ်နီးပါး ရှိနေပါပြီ။ လမ်းပေါ်မှာ ကားလျှောက်မောင်းပြီး လက်တားငှားတဲ့ ခရီးသည်ရှာရတာထက် Grab ရဲ့ နည်းပညာပလက်ဖောင်းကနေ ရတဲ့ ခရီးသည် အရေအ တွက်က ပိုများပြီး အဆင်ပြေလွယ်ကူလို့ ဒီလိုတောက်လျှောက်လက်တွဲလာတာပါ။ ပြီးတော့ Grab က ကျွန်တော်တို့လို အငှားယာဉ်မောင်းတွေကို ကူညီပေးနိုင်တဲ့ နည်းပညာလုပ်ဆောင်ချက်အသစ်တွေကိုလည်း ဆက်ပြီးတော့ တီထွင်ထည့်သွင်းပေးနေတဲ့အပေါ် အရမ်းသဘောကျပါတယ်” ဟု ပြောသည်။ 

“ကျွန်တော်က ကလေးနှစ်ယောက် အဖေပါ။  ကျွန်တော် အငှားယာဉ်မောင်းတစ်ယောက်အနေနဲ့ လုပ်ကိုင်ပြီး မိသားစုရဲ့ စားဝတ်နေရေးကို  ထောက်ပံ့ပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက် ကျွန်တော်က Grab မြန်မာ မိသားစုဝင်တစ်ယောက်လည်း ဖြစ်ပြီးတော့ ကျွန်တော်ရဲ့ Grab ခရီးသည်တွေကို ဘေးကင်းလုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်တွေကို အကောင်းဆုံးကြိုးစားပြီး ဝန်ဆောင်မှု ပေးနေပါတယ်။ ခရီးသွားလာဖို့အတွက် ခရီးသည်တွေက Grab ကို ပိုသုံးလာကြတာနဲ့အမျှ Grab ရဲ့ ကျေးဇူးတွေကြောင့် ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ Grab ခရီးစဉ်ဘွတ်ကင်အရေအတွက်အများကြီးကို ကျွန်တော် လက်ခံရရှိခဲ့ပါတယ်။ ဒီနေ့ Grab Fun Fair မှာလည်း ကျွန်တော့်ကလေးတွေနဲ့ တော်တော် ပျော်ခဲ့ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ၊ တိုးတက်မှုတွေကို အမှတ်ရစေမယ့် ပွဲတစ်ပွဲလို ခံစားရစေပြီး ကျွန်တော့်လို မိသားစု အတွက် အကောင်းဆုံး ဆောင်ရွက်ပေးချင်တဲ့ လူတွေ အများကြီးရှိနေတယ်ဆိုတာကို သတိရစေပါတယ်” ဟု ကိုတင့်ဆွေက ပြောသည်။

  • Grab Fun Fair ပွဲတော်ကြီးအား ပါဝင်ကူညီပေးခဲ့သော စပွန်ဆာအဖွဲ့အစည်းများမှာ –
    • အဓိက စပွန်ဆာ – Mega Lifesciences
    • ပလက်တီနမ် စပွန်ဆာများ – First National Insurance, Ooredoo
    • ဂိုးလ် စပွန်ဆာ – CB Bank
    • အထွေထွေ စပွန်ဆာ – Zingo, Asia Advance Technology, 100PLUS, VeVe

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter