Grab ယာဉ်မောင်း အပလီကေးရှင်းအတွင်းရှိ Credit Wallet ထဲသို့ CB Pay အကောင့်မှ တိုက်ရိုက်ငွေ ဖြည့် သွင်းနိုင်ပါပြီ

Credit Wallet ထဲကို ငွေဖြည့်သွင်းဖို့ အတွက် Grab ရုံးချုပ်ကို လာရောက်ရတာ အခက်အခဲရှိတယ်လို့ မိတ်ဆွေများထံမှ ကြားသိခဲ့ရပါတယ်။ ထို့ကြောင့် ငွေဖြည့်သွင်းတဲ့အခါ လွယ်ကူမြန်ဆန်စေမယ့် နည်းလမ်းတစ်ခု ဖြစ်တဲ့ CB Pay အကောင့်ကနေ တိုက်ရိုက်ငွေဖြည့်နိုင်မယ့် လုပ်ဆောင်ချက်ကို Grab မှ မိတ်ဆွေများအတွက် ဖန်တီးပေးလိုက်နိုင်ပါပြီ။ 

ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီး ငွေဖြည့်မယ်ဆိုရင် Grab ရုံးချုပ်ကို ကိုယ်တိုင်လာရောက်ပြီး ငွေဖြည့်သွင်း စရာ မလိုတဲ့အတွက် မိတ်ဆွေရဲ့ အချိန်တွေကို ယခင်ထက် များစွာ သက်သာစေမှာမို့ မိတ်ဆွေယာဉ်မောင်းများ အားလုံး စိတ်ကျေနပ်မှု ရရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ မိတ်ဆွေရဲ့ CB Pay အကောင့်မှ ငွေဖြည့်သွင်းတဲ့ အခါ ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်များ  ဖြည့်သွင်းနိုင်ပါတယ်။ တစ်ကြိမ်ဖြည့်သွင်း ချိန်တိုင်း ဘဏ်ငွေလွှဲခ (Transaction fees) ၂၀၀ ကျပ်သည် မိတ်ဆွေရဲ့ Credit Wallet ငွေမှ ကျသင့်မှာဖြစ်ပါတယ်။ 

CB Pay နဲ့ မိတ်ဆွေတို့ကိုယ်တိုင် ငွေဖြည့်သွင်းတဲ့အခါ အခက်အခဲမရှိစေဖို့ ငွေဖြည့်သွင်းနည်း လုပ်ဆောင်ချက် အဆင့်ဆင့်ကို  ပုံနဲ့တကွ အသေးစိတ်ဖော်ပြပေးထားပါတယ်.. တစ်ဆင့်ချင်း လေ့လာကြည့်လိုက်ရအောင်…

အဆင့် (၁) မိတ်ဆွေတို့ရဲ့ ဖုန်းထဲမှ CB Pay App ကို ဖွင့်ပြီး Log In ၀င်ပါ။

အဆင့်(၂) ဖုန်းမျက်နှာပြင် အောက်ခြေရှိ Pay Bill ကို နှိပ်ပါ

အဆင့်(၃) Bill type ပေါ်လာပါက မြှားပုံစံလေးကို နှိပ်ပါ

အဆင့်(၄)ထို့နောက် Taxi Driver Payment ကိုရွေးပါ

အဆင့် (၅) Biller ပေါ်လာက Biller ဘေးရှိ မြှားကိုနှိပ်ပါ

အဆင့် (၆) Grab Payment ပေါ်လာပါက နှိပ်ပါ

အဆင့် (၇) ထို့နောက် Pay Bill ကို နှိပ်ပါ   

အဆင့် (၈) ကားနံပါတ်၊ ယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်နှင့် ဖြည့်သွင်းမည့် ငွေပမာဏကို ရိုက်နှိပ်ပါ ကားနံပါတ်ရိုက်ထည့် တဲ့ အခါ ဆက်တိုက်ရိုက် ထည့်ပေးပါ။ဥပမာ။ AA1234 ( အလယ်မှာ မျဉ်းများ မထည့်ရပါ)

 

ဒီအဆင့်တွေအားလုံးပြီးရင်တော့ မိတ်ဆွေရဲ့ Credit Wallet ထဲကို CB Bank အကောင့်ဖြင့် ငွေဖြည့်သွင်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။  

ငွေဖြည့်သွင်းချိန်နှင့်ငွေဝင်ချိန်များ  

CB Pay အကောင့်မှ ငွေဖြည့်မယ်ဆိုရင် နေ့အလိုက် ငွေဖြည့်ချိန်နဲ့ ငွေဝင်ချိန်များတူညီကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့ နားလည်လွယ်အောင်လို့  ငွေဖြည့်သွင်းချိန်နှင့် ငွေဝင်ချိန်များကို ဇယားနှင့်သာမက အသေးစိတ်ရှင်းလင်းချက်နှင့်ပါ ဖော်ပြပေးလိုက်ပါတယ်။ 

ငွေဖြည့်သွင်းချိန်နှင့် ငွေဝင်ချိန်အတွက် အသေးစိတ် ရှင်းလင်းချက်များ

(၁) တနလာင်္နေ့မှ သောကြာနေ့အတွင်း မနက် ၉း၀၀  နာရီမှ ၁၀ : ၅၉ အချိန်အတွင်း ငွေဖြည့်သွင်းပါက နေ့လယ် ၁၂း ၃၀ အချိန်တွင် Credit Wallet အတွင်းသို့ ငွေဝင်ပါမယ်

(၂) တနလာင်္နေ့မှ သောကြာနေ့အတွင်း မနက် ၁၁း၀၀ နာရီမှ ၁၂ : ၅၉ အချိန်အတွင်း ငွေဖြည့်သွင်းပါက နေ့လယ် ၂း ၃၀ အချိန်တွင် Credit Wallet အတွင်းသို့ ငွေဝင်ပါမယ်

(၃) တနလာင်္နေ့မှ သောကြာနေ့အတွင်း နေ့လယ် ၁း၀၀ နာရီမှ  ၂ : ၅၉ အချိန်အတွင်း ငွေဖြည့်သွင်းပါက ညနေ ၄း ၃၀ အချိန်တွင် Credit Wallet အတွင်းသို့ ငွေဝင်ပါမယ်

(၄) တနလာင်္နေ့ မှ ကြာသပတေးနေ့အတွင်း ညနေ ၃ နာရီနှင့် နောက်ပိုင်း ငွေဖြည့်သွင်းပါက နောက်တစ်နေ့ မနက် ၁၀း ၃၀ အချိန်တွင် Credit Wallet အတွင်းသို့ ငွေဝင်ပါမယ်

(၅) သောကြာနေ့ ညနေ ၃ နာရီမှ တနလာင်္နေ့မနက် ၈း၅၉ အချိန်အတွင်း ငွေဖြည့်သွင်းပါက တနလာင်္နေ့မနက် ၁၀း ၃၀ အချိန်တွင် Credit Wallet အတွင်းသို့ ငွေဝင်ပါမယ်

ယခုဆိုရင် မိတ်ဆွေရဲ့ CB Pay အကောင့်ကနေ Credit Wallet ထဲ ငွေဖြည့်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ မျှော်လင့်ပါတယ်။  မိတ်ဆွေရဲ့ အဆင်ပြေလွယ်ကူစေရေးက Grab ရဲ့ ရည်ရွယ်ချက် တစ်ခု ဖြစ်တာကြောင့် ယခုကဲ့သို့ မိတ်ဆွေယာဉ်မောင်းများ လွယ်ကူအဆင်ပြေသောလုပ်ဆောင်ချက်များကို Grab မှ ဆက်လက်ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။ အစစ အရာရာ အဆင်ပြေချော့မွေ့ကြပါစေ။