Grab ယာဉ်မောင်း အပလီကေးရှင်းအတွင်းရှိ Credit Wallet ထဲသို့ CB Pay အကောင့်မှ တိုက်ရိုက်ငွေ ဖြည့် သွင်းနိုင်ပါပြီ

Credit Wallet ထဲကို ငွေဖြည့်သွင်းဖို့ အတွက် လွယ်ကူမြန်ဆန်စေမယ့် နည်းလမ်းတစ်ခု ဖြစ်တဲ့ CB Pay အကောင့်ကနေ တိုက်ရိုက်ငွေဖြည့်နိုင်မယ့် လုပ်ဆောင်ချက် ရှိပါတယ်။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီး ငွေဖြည့်မယ်ဆိုရင် Grab ရုံးချုပ်ကို ကိုယ်တိုင်လာရောက်ပြီး ငွေဖြည့်သွင်း စရာ မလိုတဲ့အတွက် မိတ်ဆွေရဲ့ အချိန်တွေကို ယခင်ထက် များစွာ သက်သာစေမှာမို့ မိတ်ဆွေယာဉ်မောင်းများ အားလုံး စိတ်ကျေနပ်မှု ရရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ မိတ်ဆွေရဲ့ CB Pay အကောင့်မှ ငွေဖြည့်သွင်းတဲ့ အခါ ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်များ  ဖြည့်သွင်းနိုင်ပါတယ်။ တစ်ကြိမ်ဖြည့်သွင်း ချိန်တိုင်း ဘဏ်ငွေလွှဲခ (Transaction fees) ၂၀၀ ကျပ်သည် မိတ်ဆွေရဲ့ Credit Wallet ငွေမှ ကျသင့်မှာဖြစ်ပါတယ်။ 

CB Pay နဲ့ မိတ်ဆွေတို့ကိုယ်တိုင် ငွေဖြည့်သွင်းတဲ့အခါ အခက်အခဲမရှိစေဖို့ ငွေဖြည့်သွင်းနည်း လုပ်ဆောင်ချက် အဆင့်ဆင့်ကို  ပုံနဲ့တကွ အသေးစိတ်ဖော်ပြပေးထားပါတယ်.. တစ်ဆင့်ချင်း လေ့လာကြည့်လိုက်ရအောင်…

အဆင့် (၁) မိတ်ဆွေတို့ရဲ့ ဖုန်းထဲမှ CB Pay App ကို ဖွင့်ပြီး Log In ဝင်ပါ။

အဆင့်(၂) ဖုန်းမျက်နှာပြင် အောက်ခြေရှိ Pay Bill ကို နှိပ်ပါ

အဆင့်(၃) Bill type ပေါ်လာပါက မြှားပုံစံလေးကို နှိပ်ပါ

အဆင့်(၄)ထို့နောက် Taxi Driver Payment ကိုရွေးပါ

အဆင့် (၅) Biller ပေါ်လာက Biller ဘေးရှိ မြှားကိုနှိပ်ပါ

အဆင့် (၆) Grab Payment ပေါ်လာပါက နှိပ်ပါ

အဆင့် (၇) ထို့နောက် Pay Bill ကို နှိပ်ပါ   

အဆင့် (၈) ကားနံပါတ်၊ ယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်နှင့် ဖြည့်သွင်းမည့် ငွေပမာဏကို ရိုက်နှိပ်ပါ။  Car Plate Number နေရာတွင်အက္ခရာနှင့်ဂဏန်း စုစုပေါင်းခြောက်လုံးရှိရမည်ဖြစ်၍ ကားနံပါတ်ရိုက်ထည့် တဲ့ အခါ ဆက်တိုက်ရိုက် ထည့်ပေးပါ။ဥပမာ။ AA1234 ( အလယ်မှာ မျဉ်းများ မထည့်ရပါ)

မန္တလေးသုံးဘီးကားဆရာများအနေနဲ့ ကားနံပါတ်အရှေ့ဆုံးတွင် “M” ထည့်ပေးပြီး M ၏နောက်တွင် ကားနံပါတ်ရဲ့ နောက်ဆုံး ၅လုံးကိုရေးပေးရမှာဖြစ်ပါတယ်။

ဥပမာ – 41YA/19133 အား M19133 လို့ဖြည့်ပေးပါ။
YARYI/2370 အား MI2370 လို့ဖြည့်ပေးပါ။
14U/6749 အား MU6749 လို့ဖြည့်ပေးပါ။
YARYI/635843 အား M35843 လို့ဖြည့်ပေးပါ။


 

ဒီအဆင့်တွေအားလုံးပြီးရင်တော့ မိတ်ဆွေရဲ့ Credit Wallet ထဲကို CB Bank အကောင့်ဖြင့် ငွေဖြည့်သွင်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။  

ငွေဖြည့်သွင်းချိန်နှင့်ငွေဝင်ချိန်များ  

CB Pay အကောင့်မှ ငွေဖြည့်မယ်ဆိုရင် နေ့အလိုက် ငွေဖြည့်ချိန်နဲ့ ငွေဝင်ချိန်များတူညီကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့ နားလည်လွယ်အောင်လို့  ငွေဖြည့်သွင်းချိန်နှင့် ငွေဝင်ချိန်များကို ဇယားနှင့်သာမက အသေးစိတ်ရှင်းလင်းချက်နှင့်ပါ ဖော်ပြပေးလိုက်ပါတယ်။ 

မိတ်ဆွေရဲ့ အဆင်ပြေလွယ်ကူစေရေးက Grab ရဲ့ ရည်ရွယ်ချက် တစ်ခု ဖြစ်တာကြောင့် ယခုလိုမျိုး လုပ်ဆောင်ချက်များကို အသုံးပြုရတာ ပိုမိုလွယ်ကူအောင် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အစစ အရာရာ အဆင်ပြေချော့မွေ့ကြပါစေ။