Grab က ခရီးသည်များအတွက် အမှတ်တရဖြစ်စေမည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အထူးပွဲကို မင်္ဂလာရုပ်ရှင်ရုံတွင် စီစဉ်ပြသပေးခဲ့
ရန်ကုန်၊ မြန်မာ၊ ဧပြီလ၊ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် – ယခုနှစ်အတွင်း စိတ်ဝင်စားမှုအခံရဆုံး ရုပ်ရှင်ဇာတ်ကားများ အတွင်း တစ်ကားအပါအဝင်ဖြစ်သည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အား အထူးသီးသန့် ပွဲစဉ်တစ်ခုဖြင့် ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပြသပေးခဲ့သောကြောင့် ယနေ့သည် Grab ခရီးသည်ပေါင်း (၃၀၀) ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက် အမှတ်တရဖြစ်စေမည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သည့် Grab က […]

ရန်ကုန်၊ မြန်မာ၊ ဧပြီလ၊ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် – ယခုနှစ်အတွင်း စိတ်ဝင်စားမှုအခံရဆုံး ရုပ်ရှင်ဇာတ်ကားများ အတွင်း တစ်ကားအပါအဝင်ဖြစ်သည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အား အထူးသီးသန့် ပွဲစဉ်တစ်ခုဖြင့် ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပြသပေးခဲ့သောကြောင့် ယနေ့သည် Grab ခရီးသည်ပေါင်း (၃၀၀) ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက် အမှတ်တရဖြစ်စေမည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သည့် Grab က ၎င်း၏ အရှေ့တောင်အာရှဒေသတွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သော Disney နှင့်အတူ စံရိပ်ငြိမ်၊ ဂမုန်းပွင့် ဈေးဝယ်စင်တာရှိ မင်္ဂလာရုပ်ရှင်ရုံတွင် ရုပ်ရှင် အထူးပွဲစဉ်တစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧပြီလ ၁၈ ရက်နေ့တွင် Grab က “Super app ဖြင့် နေ့စဉ်ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းလိုက်ပါ” အမည်ဖြင့် ကမ်ပိန်းတစ်ခုကို မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်သွားမည့် အဆိုပါ ကမ်ပိန်း မှတစ်ဆင့် Grab အသုံးပြုသူများသည် Marvel Studios ၏ Avengers: Endgame ရုပ်ရှင် အမှတ်တရ အထူး လက်ဆောင်ပစ္စည်းများ ရယူနိုင်ခွင့်နှင့် မင်္ဂလာရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်သည့် ရုပ်ရှင်လက်မှတ် အစောင်ရေ (၇,၀၀၀) အထိ လဲလှယ်နိုင်မည့် အခွင့်အရေးများကို Grab အက်ပလီကေးရှင်း၏ နေ့စဉ်သုံး ဝန်ဆောင်မှုများ အသုံးပြုရုံဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။
ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အောင်မြင့်မြတ်က “ကျွန်တော်က Marvel ရုပ်ပြကာတွန်းတွေနဲ့ Avengers ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တာဆိုတော့ Avengers: Endgame ရုပ်ရှင်ကြည့်ဖို့ မနည်း သည်းခံပြီး စောင့် ခဲ့ရပါတယ်။ ဒီနေ့ ရုပ်ရှင် အထူးပွဲစဉ်မှာ Grab ခရီးသည်တွေနဲ့အတူတူ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်း ပါတယ်။ အားလုံးလည်း ပျော်ပျော်ရွှင်ရွှင် ကြည့်ခဲ့ရပါတယ်။ ကျွန်တော့်မှာရှိတဲ့ GrabRewards ပွိုင့်တွေကို ရုပ်ရှင်လက်မှတ်နဲ့ လဲပြီး နောက်တစ်ပတ်မှာလည်း Avengers: Endgame ရုပ်ရှင်ကို ထပ်သွားကြည့်ဦးမှာပါ” ဟု ပြောသည်။
“အခုလို ရုပ်ရှင်အထူးပွဲစဉ်မှာ ကြည့်ဖို့ ဖိတ်ကြားခံရတာ ပထမဆုံးအကြိမ်ပါ။ ဒီနေ့ အရမ်းကို ပျော်ဖို့ကောင်း ခဲ့ပါတယ်။ ကျွန်မသားက Iron Man နဲ့ Avengers ရုပ်ရှင်တွေ အရမ်းကြိုက်တဲ့အတွက် သူ့ကိုလည်း အတူ ခေါ်လာပါတယ်။ Grab က ခရီးသည်တွေအတွက် ထူးထူးခြားခြား လက်ဆောင်တွေ ပေးတဲ့အတွက် ဝမ်းသာ မိပါတယ်။ နောင်လည်း အခုလို ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လက်ဆောင်တွေ ပေးစေချင်ပါတယ်” ဟု နေ့စဉ် လုပ်ငန်းခွင်နှင့် တစ်ကိုယ်ရေကိစ္စများအတွက် Grab စီးနင်းအသုံးပြုလေ့ရှိသည့် ခရီးသည်တစ်ဦးဖြစ်သူ မသက်မာက ပြောသည်။
Grab ခရီးသည်များသည် ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ အောက်ပါ Avengers: Endgame ဆု လက်ဆောင်များကို ရယူနိုင်မည် ဖြစ်သည်။
- Stamp Cards for Cinema Tickets: ဧပြီလ ၂၂ ရက်မှ မေလ ၅ ရက်နေ့ မတိုင်ခင်အတွင်း ပရိုမိုမပါသည့် Grab ခရီးစဉ် (၈) ကြောင်း စီးနင်းပြီးသည့် ခရီးသည်များ၏ My Rewards ထဲတွင် တစ်စောင်လျှင် မြန်မာငွေကျပ် (၂,၅၀၀) တန်ဖိုးရှိသည့် လက်မှတ် (၂) စောင် ရောက်ရှိလာမည်ဖြစ်သည်။ Grab အသုံးပြုသူများသည် အက်ပလီကေးရှင်းအတွင်း GrabRewards အသိပေးစာကို ပြသကာ မင်္ဂလာရုပ်ရှင်ရုံ လက်မှတ် အရောင်း ကောင်တာများတွင် လက်မှတ်ထုတ်ယူနိုင်မည် ဖြစ်သည်။
- GrabRewards: Grab app မှ GrabRewards ကတ်တလောက်ထဲတွင် Avengers ရုပ်ရှင်လက်မှတ်များနှင့် တရားဝင် ထုတ်လုပ်ထားသည့် Avengers: Endgame ရုပ်ရှင် အမှတ်တရ အထူးလက်ဆောင်ပစ္စည်းများကို GrabRewards ပွိုင့်များဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်မှ စတင်ကာ လဲလှယ်ဝယ်ယူနိုင်ပြီ ဖြစ်သည်။
- New Users: Grab အား ယခုမှ စတင်သုံးစွဲမည့် သူများသည် ကမ်ပိန်းကာလအတွင်း “AVENGERS” ပရိုမိုကုဒ်အား အသုံးပြု၍ ပထမဆုံး Grab ခရီးစဉ် (၃) ကြောင်း စီးနင်းကာ Avengers: Endgame ရုပ်ရှင် လက်မှတ် (၂) စောင် ရရှိနိုင်မည် ဖြစ်သည်။
ရန်ကုန် နှင့် မန္တလေးမြို့ရှိ အောက်ပါ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်လက်မှတ်များ လဲလှယ်ရယူနိုင်မည် ဖြစ်သည်။
- ရန်ကုန် – မင်္ဂလာစံပြ အဆင့်မြင့် ရုပ်ရှင်ရုံ၊ နေပြည်တော် ရုပ်ရှင်ရုံ၊ မင်္ဂလာ ရုပ်ရှင်ရုံ (၂) ၊ ဂမုန်းပွင့် မင်္ဂလာရုံ၊ မင်္ဂလာ (မြောက်ဥက္ကလာပ) ၊ မင်္ဂလာ စိန်ဂေဟာ (လှိုင်သာယာ)၊ မင်္ဂလာ တာမွေ
- မန္တလေး – မင်္ဂလာဒိုင်းမွန်း အဆင့်မြင့် ရုပ်ရှင်ရုံ၊ မင်္ဂလာ (စင်ထရက်ပွိုင့်)
Grab က ၎င်း၏ အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းများအတွက်လည်း ရုပ်ရှင်ရုံများတွင် Avengers: Endgame ရုပ်ရှင်ကြည့်ရှုနိုင်မည့် ရုပ်ရှင်လက်မှတ်များ မေတ္တာလက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။ Grab နှင့် Disney တို့၏ ပူးပေါင်းဆောင်ရွက်မှုအရ ၂၀၁၉ ခုနှစ်အတွင်း ပြသမည့် ရုပ်ရှင်ဇာတ်ကား အသစ်များအတွက် ယခုကဲ့သို့ ကမ်ပိန်းများပြုလုပ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသအတွင်းရှိ ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များ ဖန်တီးပေးအပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Media Inquiries
Contact the Grab media teamGrab Stories
Explore the ideas and people that define GrabEngineering Stories
Learn more about our technology developmentGrab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ်
Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ် ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ […]
Grab သည် ကိုဗစ်-၁၉ ကပ်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး တိုးမြှင့်လုပ်ဆောင်ပြီး SMEs နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များအတွက် ပံ့ပိုးပေးလျက်ရှိ
● မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Grab က မိတ်ဖက်အရောင်းဆိုင်များ ရှင်သန်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိ ● ၂၀၂၀ ခုနှစ် မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ၏ နေ့စဉ် ပျှမ်းမျှ အော်ဒါအရေအတွက် (၄၇၀%) နီးပါး မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပလက်ဖောင်းကို အသုံးပြုသည့် မိတ်ဖက်အရောင်းဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့သည်။ ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာကုမ္ပဏီတစ်ခုမှ ၎င်း၏ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ် မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅%) အထိ တိုးတက်လာခဲ့ပါသည်။ “Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန်အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစုအနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။ GrabFood က စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀%)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅%) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်လာရန်ဆိုသည့် Grab ၏ မျှော်မှန်းချက်အတွက် ရရှိခဲ့သော အောင်မြင်မှုတစ်ခုမှာ Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂%) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်လီအရောင်းဆိုင်များအတွက် အရေးပါသော ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့် GrabMart GrabMart သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားသုံးသူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ရှိ အရောင်းဆိုင် (၂၀၀) ကျော်မှ လူသုံးကုန်ပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ စသည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း များစွာကို GrabMart တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀%) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။ […]
မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့်အတူစားသောက်ကုန်လုပ်ငန်းများကိုအကျိုးဖြစ်ထွန်းစေပြီးလူမှုဘဝများ တိုးတက်ကောင်းမွန်စေမည်ဟူသော ကတိကဝတ်ကို ထပ်မံအတည်ပြု
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ […]