Press Centre

Grab က မြန်မာနိုင်ငံ၏ ပထမဦးဆုံး အငှားယာဉ်မျှဝေစီးနင်းနိုင်သည့် GrabShare ဝန်ဆောင်မှုကို ရန်ကုန်တွင် စတင်မိတ်ဆက်

 လမ်းကြောင်းတူ ခရီးစဉ်များအတွက် ခရီးသည်အချင်းချင်း ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အငှားယာဉ်ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ခရီးသည်များသည် GrabTaxi ထက် အများဆုံး ၂၀% အထိ ပိုမို သက်သာသောယာဉ်စီးခဖြင့် စရိတ်သက်သာစွာ စီးနင်းသွားလာနိုင်ကြပြီ ဖြစ်ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်းများမှာလည်း ငှားရမ်းသွားလာနိုင်မှုခရီးစဉ် ပိုမိုများပြားလာနိုင်ခြင်းကြောင့် ဝင်ငွေ ပိုမို ရရှိနိုင်ကြမည် ဖြစ်သည်။

  •  လမ်းကြောင်းတူ ခရီးစဉ်များအတွက် ခရီးသည်အချင်းချင်း ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အငှားယာဉ်ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။
  • ခရီးသည်များသည် GrabTaxi ထက် အများဆုံး ၂၀% အထိ ပိုမို သက်သာသောယာဉ်စီးခဖြင့် စရိတ်သက်သာစွာ စီးနင်းသွားလာနိုင်ကြပြီ ဖြစ်ပါသည်။
  • Grab မိတ်ဖက်ယာဉ်မောင်းများမှာလည်း ငှားရမ်းသွားလာနိုင်မှုခရီးစဉ် ပိုမိုများပြားလာနိုင်ခြင်းကြောင့် ဝင်ငွေ ပိုမို ရရှိနိုင်ကြမည် ဖြစ်သည်။

 ရန်ကုန်၊ မြန်မာ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က လမ်းကြောင်းတူ ခရီးစဉ်များအတွက် ခရီးသည် အချင်းချင်း ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အငှားယာဉ်ဝန်ဆောင်မှုကို တရားဝင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ GrabShare သည် ခရီးသည်များအတွက် ရန်ကုန်မြို့တွင်း သွားလာရန် အကောင်းဆုံး နည်းလမ်းအသစ် တစ်ခုဖြစ်ပြီး မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လျော့နည်း သွားစေရန် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနိုင်မည် ဖြစ်ပါသည်။ GrabShare သည် ဦးတည်ရာ လမ်းကြောင်းတူသည့် ခရီးသည်များကို ယာဉ်မောင်းတစ်ဦးတည်းဖြင့် ချိတ်ဆက်ပေးပြီးနောက် ခရီးစဉ်များကို တစ်ပြိုင်နက် လိုက်လံပို့ဆောင်ပေးမည် ဖြစ်ရာ ခရီးသည်များအား မိမိတို့၏ GrabTaxi ခရီးစဉ်များကို မျှဝေစီးနင်းရန် တိုက်တွန်း အားပေးလိုက်ပါသည်။

ရန်ကုန်မြို့တွင် နေ့စဉ် လှုပ်ရှားသွားလာနေသူများမှာ အထူးသဖြင့် ယခုကဲ့သို့ မိုးရာသီတွင် ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို အမြဲလိုလို တွေ့ကြုံခံစားနေကြရပြီး ခရီးသွားပြည်သူ ၃၀ ရာခိုင်နှှုန်းမှာ တစ်ရက်လျှင် ၃ နာရီကျော်၊ တစ်နှစ်လျှင် ၄၅ ရက်ခန့် ယာဉ်ပေါ်တွင် အချိန်ကုန်နေကြရပါသည်။ GrabShare ဖြင့် လက်ရှိ GrabTaxi အရေအတွက်ကို ပိုမို အကျိုးရှိစွာ အသုံးချပြီး ခရီးသည်များ ငှားရမ်းလိုသည့် အကြောင်းရေများကို ပြည့်မီနိုင်တော့မည် ဖြစ်သောကြောင့် လမ်းမထက်ရှိ မော်တော်ယာဉ် အရေအတွက်  လျှော့ချရာတွင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ လမ်းကြောင်းတူ ခရီးသည်များဖြင့် မျှဝေစီးနင်း ရသောကြောင့် ခရီးသွားလာချိန် အနည်းငယ်ကြာမြင့်နိုင်သော်လည်း ပိုမို သက်သာသော ဈေးနှုန်းဖြင့် သွားလာနိုင်မည် ဖြစ်ပါသည်။

ယာဉ်မောင်းများမှာလည်း GrabShare ဖြင့် ခရီးလမ်းတစ်ခုအတွက် ကုန်လွန်ရသောအချိန်နှင့် သုံးရသည့်လောင်စာဆီပမာဏအတိုင်း အသုံးပြုရုံနှင့် အလုပ်တစ်ခုထက်မက ပိုမိုပြီးမြောက်နိုင်သောကြောင့် ဝင်ငွေပိုမိုရှာဖွေနိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။

GrabShare အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

  • ယာဉ်ကြောပိတ်ဆို့မှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်း
  • ခရီးသည်များမှာ ပုံသေဈေးနှုန်းဖြင့် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိစွာ စီးနင်းသွားလာရင်း မိတ်ဆွေအသစ်များ ရရှိနိုင်ခြင်း
  • ခရီးသည်များမှာ ပုံမှန် GrabTaxi ယာဉ်စီးခထက် အများဆုံး ၂၀% အထိ သက်သာသည့်ယာဉ်စီးခနှင့် စီးနင်းနိုင်ခြင်း
  • Grab မိတ်ဖက်ယာဉ်မောင်းများမှာ ဝင်ငွေပိုမို ရှာဖွေနိုင်ပြီး လူနေမှုဘဝ တိုးတက်ကောင်းမွန်လာနိုင်ခြင်း

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “ ခရီးသည်တွေ ကားအတူ မျှဝေစီးနင်းကြတာဟာ ရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာဖို့နဲ့  ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ပန်းတိုင်တွေဖြစ်တဲ့ မြို့တော်ကြီးတွေမှာ အဆင့်မြင့်မြင့် သွားလာနိုင်အောင် ကူညီဖို့၊ ခရီးသည်တွေ လက်လှမ်းမီနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာဖို့နဲ့ မိတ်ဖက်ယာဉ် မောင်းတွေရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့ စတာတွေကို အကောင်အထည်ဖော်နိုင်ဖို့ရာမှာ အရေးကြီးပါတယ်။ GrabShare ဝန်ဆောင်မှုကြောင့် ရန်ကုန်မြို့မှာ နေ့စဉ် သွားလာနေရတဲ့ ခရီးသည်တွေဟာ ခရီးစရိတ် ပိုသက်သာသွားမှာဖြစ်ပြီး ယာဉ်မောင်းတွေဟာလည်း ခရီးစဉ်တစ်ကြောင်းတည်းမှာ ငှားရမ်းမှု ခရီးစဉ်နှစ်ကြောင်း  ရလို့ ဝင်ငွေပိုရှာနိုင်တဲ့ အခွင့်အရေး ရသွားမှာပါ။ ဒါ့အပြင် မြို့တွင်း GrabTaxi တစ်စီးစီမှာ ခရီးသည်များများ ပိုပြီး လိုက်ပါစီးနင်းနိုင်မှာဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကာဗွန်ထုတ်လွှတ်မှု  လျော့ကျသွားအောင် အကူအညီပေးနိုင်ပါလိမ့်မယ်”  ဟု ပြောကြားခဲ့သည်။

GrabShare ကို ဘယ်လို အသုံးပြုရမလဲ

ခရီးသည်တစ်ဦးသည် GrabShare ခရီးစဉ်တစ်ခုကို စတင်နိုင်ရန် Grab အက်ပလီကေးရှင်းတွင်  ဝန်ဆောင်မှု အမျိုးအစား ရွေးချယ်နိုင်ပါသည်။ GrabShare က အခြားနေရာတစ်ခုမှ သင်နှင့် လမ်းကြောင်းတူ ခရီးသည်တစ်ဦးနှင့် မျှဝေစီးနင်းနိုင်ရန် ရွေးချယ်ချိတ်ဆက်ပေးမည် ဖြစ်ပါသည်။ ငှားရမ်းပုံ အဆင့်ဆင့်မှာ –

၁) အက်ပလီကေးရှင်းတွင် လာကြိုရမည့်နေရာကို တိတိကျကျ ရွေးချယ်ပေးပါ။ ထိုမှသာ ယာဉ်မောင်းမှ အချိန်တိုအတွင်း လာရောက်ကြိုပေးနိုင်မည် ဖြစ်ပါသည်။

၂) ယာဉ်မောင်းမှ ၃ မိနစ်အထိသာ စောင့်ဆိုင်းပေးမည် ဖြစ်ပါသည်။ အလွယ်တကူ လာရောက်ကြိုနိုင်ရန် ယာဉ်မောင်းနှင့် ဆက်သွယ်ပြောဆိုနိုင်ပါသည်။

၃) မိမိနှင့်အတူ သူငယ်ချင်းတစ်ဦးကိုသာ ခေါ်ဆောင်လာနိုင်ပါသည်။ ဘွတ်ကင်တစ်ခုတွင် ခရီးသည် အများဆုံး ၂ ဦးသာ ပါရှိရပါမည်။

၄)  သင်၏ခရီးစဉ်အတွင်း မည်သည့်အချိန်မဆို အခြားခရီးသည်တစ်ဦးနှင့် ချိတ်ဆက်မိနိုင်ပါသည်။

၅) ယာဉ်မောင်းမှာ အက်ပလီကေးရှင်းတွင်  ပြသထားသော ပို့ဆောင်ပေးရမည့် နေရာအစဉ်လိုက်သာ ပို့ဆောင်ပေးမည်ဖြစ်ပြီး နောက်ထပ်နေရာများတွင် ရပ်နားပေးမည် မဟုတ်တော့ပါ။

GrabShare ခရီးစဉ်တစ်ခု၏ ဖြစ်နိုင်ခြေရှိသည့် ပုံစံကို အောက်တွင် ဖော်ပြထားပါသည်။

စိတ်ကူးပုံဖော်ခြင်း၊ ပုံစံချခြင်းနှင့် တီထွင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသော Grab ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ သုံးခုကို စင်ကာပူနိုင်ငံ၊ စီအက်တယ်နှင့် ပေကျင်းတွင် ဖွင့်လှစ်ထားပြီး GrabShare ၏ ချိတ်ဆက်ပုံ သဘောတရားသည် ခရီးသည်များအတွက် ခန့်မှန်းကြာချိန် အတိုဆုံးဖြင့် သွားရောက်လိုသော နေရာများသို့ ရောက်ရှိနိုင်ရန် တွက်ချက်ပေးပါသည်။ အဆိုပါသဘောတရားဖြင့် လာကြိုရမည့် နေရာများနှင့် ပို့ဆောင်ပေးရမည့် နေရာများကို အစီအစဉ်မချမီ အနီးဆုံးတွင် ရနိုင်သော ယာဉ်မောင်း၊ လမ်းခရီးကြာချိန်၊ ထပ်သွားနိုင်သည့် ခရီးလမ်းကြောင်းများ၊ လမ်းတစ်ဝက်တွင် ကြိုရမည့် အကွာအဝေးနှင့် လက်ရှိ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေ စသည့် အချက်များအပေါ် မူတည်၍ ချိတ်ဆက်မှုတစ်ခုကို တွက်ချက်ဆုံးဖြတ်ပေးနိုင်ပါသည်။

GrabShare ကို လက်ရှိတွင် အရှေ့တောင်အာရှရှိ နိုင်ငံပေါင်း ၄ နိုင်ငံတွင် အသုံးပြုနေကြပြီဖြစ်ပြီး  မြန်မာနိုင်ငံသည် ပဉ္စမနိုင်ငံမြောက်အဖြစ် ရန်ကုန်မြို့ကြီးတွင် စတင်ဝန်ဆောင်မှုပေးရန် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း၌ပင် အရှေ့တောင်အာရှ ဒေသတစ်လွှားရှိ GrabShare ခရီးစဉ်များဖြင့် ကားနှစ်စီးအစား ကားတစ်စီးသာ သုံးစွဲသွားလာသောကြောင့် ခရီးအကွာအဝေး ကီလိုမီတာ ပေါင်း ၅ သန်းကျော် လျှော့ချနိုင်ခဲ့သည်။

GrabShare အကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက https://www.grab.com/mm/share/ နှင့် Grab Myanmar အကြောင်း သိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMMတွင် ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ပါသည်။

Grab သည် သတင်းစာ၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် အွန်လိုင်း၊ ရုပ်သံချန်နယ် မီဒီယာများကို ဖိတ်ကြားပြီး Grab ၏ ဝန်ဆောင်မှုအသစ်ဖြစ်သည့် GrabShare ကို မိတ်ဆက်ပေးစဉ်။

GrabShare ဝန်ဆောင်မှုမိတ်ဆက်ပွဲအခမ်းအနားကို ရောက်ရှိလာတဲ့ သရုပ်ဆောင်မော်ဒယ် လင်းအောင်ခေတ်

GrabShare ဝန်ဆောင်မှုမိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာသူ Miss Universe Yangon အမရာငြိမ်း

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter