GrabShare

ယာဉ်စီးခ ၂၀% အထိ သက်သာဖို့ ခရီးစဉ်ကို မျှဝေစီးနင်းလိုက်ပါ။

ခရီးစဉ်ကို မျှဝေစီးနင်းပြီး ပိုမိုသက်သာတဲ့ယာဉ်စီးခကို ရယူလိုက်ပါ

GrabShare နဲ့ စီးနင်းတဲ့အခါ ပုံမှန်တက္ကစီခတွေထက် အများဆုံး ၂၀% အထိ သက်သာမှာ ဖြစ်ပါတယ်။ GrabShare ဟာ သင်နဲ့ ခရီးစဉ်လမ်းကြောင်းတူတဲ့ အခြားခရီးသည်နဲ့ပါ ချိတ်ဆက်ပေးတဲ့ ပထမဆုံး အငှားယာဉ်ဝန်ဆောင်မှုဖြစ်ပါတယ်။
ခရီးစဉ်ကို မျှဝေစီးနင်းတဲ့အတွက် ယာဉ်စီးခ သက်သာတဲ့အပြင် ယာဉ်တွေက ထုတ်လွှတ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျော့ကျစေမှာပါ။ သင့်နဲ့အတူ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကိုပဲ ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သတိပြုပါ။
အခုဆိုရင် ဒီဝန်ဆောင်မှုကို ရန်ကုန်မှာ စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
ဒါက ခရီးစဉ်တစ်ခုဟာ ဘယ်လိုပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတာကို ပြသထားတာပါ။


GrabShare မှာ ခရီးစဉ်တစ်ခုကို မျှဝေစီးနင်းတယ်ဆိုတာထက် ပိုတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။

ချိတ်ဆက်တယ်၊ မျှဝေတယ်၊ သက်သာတယ်။

သင် မျှဝေစီးနင်းတဲ့ ခရီးစဉ်တိုင်းကို GrabTaxi ယာဉ်မောင်းတွေကပဲ ၀န်ဆောင်မှုပေးတာဖြစ်ပါတယ်။

အများဆုံး ၂၀%အထိ သက်သာတဲ့ ယာဉ်စီးခနှုန်းထား

သင့် app ပေါ်မှာ ပြထားတဲ့ ယာဉ်စီးခဟာ သင် ပေးချေရမယ့် ယာဉ်စီးခဖြစ်ပါတယ်။

များများ သက်သာဖို့ အချိန်အနည်းငယ် ပိုပေးလိုက်ပါ

ခရီးလမ်းကြောင်းအပိုတစ်ခုနဲ့ မျှဝေလိုက်ရုံနဲ့ ပိုမိုသက်သာတဲ့နှုန်းထားနဲ့ စီးနင်းနိုင်မှာပါ။

သင် စီးနင်းတဲ့ယာဉ်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်မှာပါ။

ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်ဖို့ တခြားခရီးသည်တွေနဲ့ မျှဝေစီးနင်းလိုက်ပါ။

ခရီးစဉ်ကို မျှဝေစီးနင်းတဲ့အခါ သတိပြုရမယ့်အချက်များ

ကြိုရမယ့်နေရာ- သင့်ကို လာရောက်ကြိုရမယ့်နေရာကို သေချာ ရွေးချယ်ပါ။ ဒါမှသာ ယာဉ်မောင်းဟာ သင့်ကို မြန်မြန်ဆန်ဆန် လာရောက်ကြိုနိုင်မှာ ဖြစ်ပါတယ်။

အချိန်မီ ရောက်နေပါစေ။ သင့်ယာဉ်မောင်းဟာ သင့်ကို ၃ မိနစ်အထိပဲ စောင့်ဆိုင်းမှာ ဖြစ်ပါတယ်။ အဆင်တပြေ လာရောက်ကြိုနိုင်ဖို့ ယာဉ်မောင်းကို ဆက်သွယ်ပါ။

မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကိုသာ ခေါ်ဆောင်လာနိုင်ပါတယ်။ တကယ်လို့ သင်နဲ့အတူ ခရီးသည် ၂ ယောက် ဒါမှမဟုတ် ၂ ယောက်ထက် ပိုပါလာတယ်ဆိုရင် ( သူတို့ဟာ ကလေးတွေ ဖြစ်နေရင်တောင်မှ) GrabShare အစား၊ GrabTaxi ကို ငှားရမ်းပေးစေလိုပါတယ်။

ချိတ်ဆက်ပေးခြင်း။ ခရီးစဉ်အတွင်းမှာ သင့်ကို တခြားခရီးသည်တွေနဲ့ အချိန်မရွေး ချိတ်ဆက်ပေးနိုင်ပါတယ်။

ဆင်းရမယ့်နေရာ။ ယာဉ်မောင်းတွေဟာ app မှာ ညွှန်ပြထားတဲ့အတိုင်း ဆင်းမယ့်နေရာတွေကို ချပေးမှာဖြစ်ပါတယ်။ တခြားအပိုနေရာတွေမှာ ရပ်ပေးမှာ မဟုတ်ပါဘူး။

သင်နဲ့ပါလာတဲ့ပစ္စည်းတွေကို သေချာသတိထားပါ။ ယာဉ်ပေါ်က မဆင်းခင် ပစ္စည်းတွေအားလုံး ပါလာတာ သေချာပါစေ။

GrabShare ခရီးစဉ်တွေကို ဘယ်လို ငှားရမ်းမလဲ။

Grab ကိုဒေါင်းလုပ်ခ်ပြုလုပ်မည်

Scan QR Code

အမေးများတဲ့ မေးခွန်းများ

GrabShare ဆိုတာ ခရီးလမ်းကြောင်းတူတဲ့ ခရီးသည်တွေကို ခရီးစဉ်တစ်ခုတည်းမှာ အတူသွားလာနိုင်ဖို့ ချိတ်ဆက်ပေးတာဖြစ်ပြီး GrabTaxi နဲ့ စီးနင်းတဲ့ ခရီးစဉ်တွေထက် စရိတ်သက်သာပါတယ်။

ကျွန်တော်တို့ရဲ့ GrabShare ယာဉ်မောင်းတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ GrabTaxi ကျွမ်းကျင်ယာဉ်မောင်းအုပ်စုတွေထဲကပဲ ဖြစ်ပါတယ်။

GrabShare ခရီးစဉ်နှုန်းထားတွေက GrabTaxi ခရီးစဉ်နှုန်းထားတွေထက် အများဆုံး ၂၀% အထိ ပိုသက်သာမှာ ဖြစ်ပါတယ်။

Grab app ကို စစ်ဆေးရုံပါပဲ။ သင့်ခရီးစဉ်အတွင်းမှာ တခြားခရီးသည်တွေနဲ့ အချိန်မရွေး ချိတ်ဆက်မိနိုင်ပါတယ်။ သင့်မတိုင်ခင် တခြားခရီးသည်တစ်ယောက်ကို ကြိုလာပြီးသားဆိုရင် Grab app က “ယာဉ်မောင်းဟာ သင့်ကို လာကြိုနေပါပြီ။ သင်ဟာ တခြားခရီးသည်တစ်ယောက်နဲ့ မျှဝစီးနင်းရမှာ ဖြစ်ပါတယ်” လို့ ပြပါလိမ့်မယ်။ တကယ်လို့ သင်က ခရီးစဉ်တစ်ခုမှာ ပါလာပြီးသားဖြစ်တယ်၊ နောက်ထပ် ခရီးသည်တစ်ယောက်ကို ထပ်တင်ရမယ် ဆိုရင် Grab app က ” သင်နဲ့ မျှဝေစီးနင်းမယ့် နောက်ခရီးသည်တစ်ယောက်ကို တွေ့ပါပြီ” ဒါမှမဟုတ် “ယာဉ်မောင်းဟာ နောက်ခရီးသည်ကို ကြိုဖို့ သွားနေပါပြီ” လို့ ပြပေးပါလိမ့်မယ်။

GrabShare သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှုရှိအောင် သုံးစွဲသူအနေအထားနဲ့ ၀န်ဆောင်မှုပေးနိုင်တဲ့အနေအထားပေါ် အခြေခံပြီး ဒီဝန်ဆောင်မှုကို ရနိုင်တဲ့အချိန်အပိုင်းအခြားကို လတ်တလော ကန့်သတ်ထားတာဖြစ်ပါတယ်။

ချိတ်ဆက်ထားတဲ့ ခရီးစဉ်တိုင်းအတွက် သင့်ကို ကြိုရမယ့်နေရာနဲ့ ပို့ရမယ့်နေရာတွေအကြား အများဆုံး ၂ နေရာအထိသာ ရပ်နားမှုရှိမှာ ဖြစ်ပါတယ်။

မညှိပါ။ သင့်ခရီးစဉ်ကို အတည်ပြု စဉ်က ပြသထားတဲ့ ယာဉ်စီးခနှုန်းထားအတိုင်းပဲ ဆက်ရှိနေမှာပါ။

သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကိုသာ သင်နဲ့အတူ ခေါ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ခရီးသည်အားလုံးဟာ ကားထဲမှာ သက်သောင့်သက်သာနဲ့ ထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်နဲ့အတူ ခရီးသည် ၂ ယောက် ဒါမှမဟုတ် ၂ ယောက်ထက် ပိုပါလာတယ်ဆိုရင် ( သူတို့ဟာ ကလေးတွေ ဖြစ်နေရင်တောင်မှ) GrabShare အစား၊ GrabTaxi ကို ငှားရမ်းပေးစေလိုပါတယ်။

သင့် GrabShare ယာဉ်မောင်းဟာ သင့်ကို ကြိုရမယ့်နေရာဆီ ရောက်ပြီး အများဆုံး ၃ မိနစ်ထိ စောင့်ဆိုင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဘွတ်ကင်တင်တဲ့တစ်ချိန်တည်းမှာပဲ အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။

မရပါဘူး။ သင် သွားမယ့်နေရာကို ပြောင်းလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်ခရီးစဉ်လမ်းကြောင်း ပြောင်းချင်တယ်ဆိုရင် လက်ရှိခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး နောက်ခရီးစဉ်တစ်ခုကို ထပ်ဘွတ်ကင်တင်ပေးပါ။

Grab app ကိုသာ စစ်ဆေးပေးပါ။ သင်က အရင် ဆင်းရမယ်ဆိုရင် Grab app က “ယာဉ်မောင်းဟာ သင့်နေရာကို အရင်ဦးစွာ ပို့ဆောင်ပေးပါလိမ့်မယ်” လို့ ပြပေးပါလိမ့်မယ်။ တကယ်လို့ တခြားခရီးသည်နေရာကို အရင်ပို့ဆောင်ပေးရမယ်ဆိုရင် Grab app က “ယာဉ်မောင်းဟာ တခြားခရီးသည်ကို အရင်ချပေးပါလိမ့်မယ်” လို့ ပြပါလိမ့်မယ်။ ခရီးသည်တွေ သွားမယ့် နေရာတွေအကြား အမြန်ဆုံး ခရီးရောက်နိုင်မယ့်လမ်းကြောင်းကို ယာဉ်မောင်းတွေအတွက် Grab က ပြသပေးထားမှာ ဖြစ်ပါတယ်။

မရပါဘူး။ သင့်တို့ ခရီးစဉ်ဆုံးတဲ့နေရာတွေအကြား အသင့်တော်ဆုံးလမ်းကြောင်းကို app က ပြပေးပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ app ကိုသာ စိတ်ချယုံကြည်ထားလိုက်ပါ။

မရပါဘူး။ Grab မြေပုံစနစ်က သင့်နေရာကို အမြန်ဆုံး ရောက်နိုင်မယ့် လမ်းကြောင်းကို ယာဉ်မောင်းအတွက် ရှာဖွေပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် app က သတ်မှတ်ပေးတဲ့လမ်းကြောင်းကိုသာ ယုံကြည်လိုက်ပါ။

မညှိပါ။ သင့်ခရီးစဉ်ကို အတည်ပြု စဉ်က ပြသထားတဲ့ ယာဉ်စီးခနှုန်းထားအတိုင်းပဲ ဆက်ရှိနေမှာပါ။