Press Centre

Grab က GrabThoneBane အငှားယာဉ်ဝန်ဆောင်မှုကို မန္တလေးမြို့တွင် အပြည့်အဝ စတင်ပြေးဆွဲမည်

စမ်းသပ်ပြေးဆွဲသည့်ကာလတွင် အောင်မြင်မှုရရှိခဲ့သောကြောင့် Grab က GrabThoneBane ဝန်ဆောင်မှု ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ မန္တလေးမြို့ရှိ ခရီးသွားပြည်သူများအတွက် ပိုမို ယုံကြည်စိတ်ချရပြီး လုံခြုံမှုရှိသည့် သွားလာရေးစနစ်တစ်ခု အဖြစ် ဝန်ဆောင်မှု ပေးအပ်သွားမည်။ မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် ငှားရမ်းမှုများ ပိုမိုရရှိနိုင်ပြီး လူနေမှုဘ၀ တိုးတက်ကောင်းမွန်လာသည့် အပြင် ဘဏ်အကောင့် စသည့် ငွေကြေး စီမံခန့်ခွဲနိုင်မည့် ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။ မန္တလေး၊ မြန်မာ၊ သြဂုတ်လ ၇ ရက်နေ့၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း […]

GrabThoneBane ယာဉ်မောင်းများ

စမ်းသပ်ပြေးဆွဲသည့်ကာလတွင် အောင်မြင်မှုရရှိခဲ့သောကြောင့် Grab က GrabThoneBane ဝန်ဆောင်မှု ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

  • မန္တလေးမြို့ရှိ ခရီးသွားပြည်သူများအတွက် ပိုမို ယုံကြည်စိတ်ချရပြီး လုံခြုံမှုရှိသည့် သွားလာရေးစနစ်တစ်ခု အဖြစ် ဝန်ဆောင်မှု ပေးအပ်သွားမည်။
  • မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် ငှားရမ်းမှုများ ပိုမိုရရှိနိုင်ပြီး လူနေမှုဘ၀ တိုးတက်ကောင်းမွန်လာသည့် အပြင် ဘဏ်အကောင့် စသည့် ငွေကြေး စီမံခန့်ခွဲနိုင်မည့် ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။

မန္တလေး၊ မြန်မာ၊ သြဂုတ်လ ၇ ရက်နေ့၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က မန္တလေးမြို့ရှိ ခရီးသွားပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး လုံခြုံမှုရှိကာ ပုံသေဈေးနှုန်းဖြင့် ငှားရမ်းနိုင်သော GrabThoneBane အမည်ရ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကို အပြည့်အဝ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ယာဉ်မောင်းအနည်းငယ်ဖြင့် စတင်ခဲ့သော GrabThoneBane ဝန်ဆောင်မှုသည် စမ်းသပ်ပြေးဆွဲသည့် ကာလအတွင်း  အောင်မြင်မှု ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ စတင် မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ Grab က လွန်ခဲ့သည့် လအနည်းငယ်အတွင်း ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများထံမှ ရရှိခဲ့သည့် မှတ်ချက်ကောင်းများဖြင့် GrabThoneBane ဝန်ဆောင်မှုကို ပိုမို တိုးတက်ကောင်းမွန်လာစေရန် ပြင်ဆင်လုပ်ဆောင်ခဲ့ပါသည်။

GrabThoneBane စမ်းသပ်ပြေးဆွဲခဲ့သည့် မေလမှ ဇူလိုင်လအတွင်း ခရီးသည်များမှ Grab မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြု၍ ငှားရမ်းသွားလာခဲ့သည့် ခရီးစဉ်အရေအတွက်မှာ တစ်လလျှင် ၅၀ ရာခိုင်နှုန်းစီ တိုးတက်လာခဲ့သည်။ ထို့အပြင် မေလမှ စတင်၍ မန္တလေးမြို့တွင်း တိုးပွားများပြားလာသည့် Grab ခရီးသည်အရေအတွက်အတိုင်း ဝန်ဆောင်မှုပေးသည့် GrabThoneBane အငှားယာဉ်မောင်းအရေအတွက်မှာလည်း နှစ်ဆ မြင့်တက်သွားခဲ့ပြီး Grab တွင် စာရင်းပေးသွင်းသည့် မိတ်ဖက်ယာဉ်မောင်း အရေအတွက်မှာ နေ့စဉ် တိုးပွားလာလျက်ရှိသည်။

Grab သည် အရှေ့တောင်အာရှနှင့် ရန်ကုန်မြို့၏ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအဖြစ်  အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည့် အလားတူ မန္တလေးမြို့တွင်လည်း ခရီးသွားပြည်သူများမှ အငှားယာဉ်ဝန်ဆောင်မှု ရယူလိုသည့်အခါ ဦးစားပေး ရွေးချယ်သော ဝန်ဆောင်မှုကုမ္ပဏီတစ်ခု ဖြစ်လာစေရန် Grab က ရည်ရွယ်ထားပါသည်။

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “ကျွန်တော်တို့ GrabThoneBane ဝန်ဆောင်မှု စမ်းသပ်ပြေးဆွဲခဲ့တဲ့ ကာလအတွင်း မန္တလေးမြို့သူ၊ မြို့သားတွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ  ပေးအပ်နိုင်ဖို့ရာမှာ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ အရမ်းကို အသုံးဝင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြတဲ့ ခရီးသည်တွေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အပတ်စဉ်တိုင်း တိုးပွားလာတဲ့ GrabThoneBane ခရီးစဉ်လမ်းကြောင်းအရေအတွက်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိတဲ့ အငှားယာဉ် ဝန်ဆောင်မှု သွားလာရေးစနစ်ကို နှစ်သက်လက်ခံလာကြတဲ့ မန္တလေးမြို့က ခရီးသွားပြည်သူတွေ များပြားလာတယ်ဆိုတာ ပြသနေပါတယ်။”

မန္တလေးမြို့တွင် GrabThoneBane ဝန်ဆောင်မှုအပြည့်အဝစတင်ခြင်းအထိမ်းအမှတ် မီဒီယာတွေ့ဆုံပွဲ

Grab သည် အလားတူ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို ကမ္ဘောဒီးယားနိုင်ငံတွင် ပြေးဆွဲလျက်ရှိနေပြီ ဖြစ်ပါသည်။ ယခု မန္တလေးမြို့တွင်လည်း GrabThoneBane ဝန်ဆောင်မှုကို နေစဉ်သွားလာရသူများဖြစ်သည့် အိမ်အတွက်  ဈေးဝယ်ထွက်ရသူများ၊ မိသားစု၊ ချစ်သူစုံတွဲများသာမက ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှု  ပေးအပ်လျက် ရှိပါသည်။ ခရီးသည်များအနေဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ –

  • ယာဉ်စီးခကျသင့်ငွေ ပုံသေဈေးနှုန်းကို ခရီးသည်မှ လမ်းကြောင်းတစ်ခု မငှားရမ်းခင် ကြိုတင်ပြသထားသောကြောင့် လမ်းမပေါ်တွင် အငှားယာဉ်များနှင့် ယာဉ်စီးခအတွက် ဈေးစကားပြောရန် မလိုအပ်တော့ပါ။
  • Grab ၏ နည်းပညာဖြင့် အငှားယာဉ်မောင်းများမှာ သတ်မှတ်ထားသည့် နေရာအတိအကျတွင် ရှိနေသော ခရီးသည်များကို သွားရောက်ကြိုပေးနိုင်ပါသည်။
  • ငှားရမ်းပြီး မိနစ်အနည်းငယ်အတွင်း GrabThoneBane အငှားယာဉ်တစ်စီး ရောက်ရှိလာမည်  ဖြစ်သောကြောင့် ခရီးသည်များ သက်သောင့်သက်သာ သွားလာနိုင်မည် ဖြစ်သည်။
  • ခရီးသည်များမှာ သင့်တင်သော ကုန်ပစ္စည်းများဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။
  • Grab မိတ်ဖက်ယာဉ်မောင်းများအား ခရီးသည်များကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန်အတွက်  သေချာစွာ စိစစ်ရွေးချယ်ထားပြီး လေ့ကျင့်သင်တန်းပေးထားပြီး ဖြစ်သည်။

GrabThoneBane ဖြင့် မိတ်ဖက်ယာဉ်မောင်းများ၏ လူနေမှုဘဝများကိုလည်း အောက်ပါအတိုင်း တိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။

  • Grab မိတ်ဖက်ယာဉ်မောင်းများမှာ ပုံမှန် သုံးဘီးယာဉ်မောင်းများထက်ပို၍ ဝင်ငွေ သုံးဆ ပိုမို တိုးတက်လာ  စေနိုင်သည်။
  • မိတ်ဖက်ယာဉ်မောင်းများသည် ခရီးစဉ်ပြေးဆွဲမှုအကြောင်းရေနှင့် ခရီးသည် ဝန်ဆောင်မှု အဆင့် သတ်မှတ်ချက် စသည့် လုပ်ဆောင်ချက်အပေါ် မူတည်၍ အပိုဆုကြေးများလည်း နေ့စဉ် ရရှိနိုင်ပါသည်။
  • မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် အလုပ်ချိန် လိုက်လျောညီထွေရှိခြင်း၊ တစ်ကိုယ်ရေ ထိခိုက်မှု အာမခံ၊ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းများနှင့် Grab ၏ မိတ်ဖက်ယာဉ်မောင်း အဖွဲ့အစည်း ထောက်ပံ့မှုစနစ် တို့ကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
  • Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်သွားမည်  ဖြစ်သည်။
  • မိတ်ဖက်ယာဉ်မောင်းများသည် ဓာတ်ဆီဆိုင်များတွင် အထူးဈေးနှုန်းဖြင့် ဝယ်ယူခွင့်၊ ဝပ်ရှော့ဆိုင်များတွင်  မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခွင့် စသည်တို့ ပါဝင်သော Grab ၏ Better 365 စီမံကိန်းအောက်တွင် အကျိုးကျေးဇူး များစွာကို မကြာခင် ရယူခံစားနိုင်မည် ဖြစ်သည်။

ထို့အပြင် GrabThoneBane ခရီးစဉ်တွင် ပါဝင်သည့် ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအားလုံးသည် မတော်တဆမှု တစ်စုံတရာ ဖြစ်ပွားပါက ထိခိုက်မှုအာမခံ ရရှိနိုင်ကြမည် ဖြစ်ပါသည်။

“ကျွန်တော့်အတွက်တော့ အထူးသဖြင့် အရေးပေါ် သွားစရာ၊ လာစရာ တစ်ခုခုရှိပြီဆိုရင် GrabThoneBane က အရမ်း အသုံးဝင်ပါတယ်။ အငှားယာဉ်တစ်စီး ငှားဖို့ လိုလာပြီဆိုရင် ပုံသေဈေးနှုန်းကို ဖုန်းမှာ အရင်ပြပေးထားပြီး သက်သောင့်သက်သာနဲ့ သွားလာနိုင်တဲ့ Grab ကို ရွေးချယ်ဖြစ်ပါတယ်” ဟု ဒေါက်တာ ကိုကျော်ရှင်းသန့် ကပြောသည်။

“Grab စီးရတဲ့ အကြိုက်ဆုံးအချက်က လုံခြုံတယ်လို့ ခံစားရလို့ပါ။ ဒီခေတ်ကြီးမှာ ခရီးသည်တွေဟာ ယာဉ်မောင်းက ကိုယ့်မှာပါလာတဲ့ ပစ္စည်းကို လုမလား၊ တစ်ခုခု အကြံအစည်ရှိလို့ လမ်းအမှားကြီးက ခေါ်သွားမလားဆိုပြီး အမျိုးမျိုး တွေးပူနေကြရတယ်လေ။ ကျွန်တော် Grab ကို ကြိုက်တာက Grab မှာ လမ်းကြောင်းတွေ အကုန်လုံးကို မှတ်ထားပေးတယ်။ ဒါ့ကြောင့် Grab ယာဉ်မောင်းတွေကျတော့ ကိုယ့်ကို တစ်ခုခု လုပ်လိုက်မလားဆိုပြီး စိတ်ပူနေစရာ မလိုတော့ဘူး” ဟု သူက ထပ်မံ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်၊ မေလမှ စတင်ပြီး GrabThoneBane မိတ်ဖက်ယာဉ်မောင်းတစ်ဦး ဖြစ်လာခဲ့သည့် ဦးသီဟန်စိုးက “အရင်တုန်းက လမ်းပေါ်မှာ ကားနဲ့ပတ်ပြီး ခရီးသည် ရှာရတယ်။ အဲဒီလို ခရီးသည်ရှာရတာ တစ်ခါတလေ အချိန်ပဲ ကုန်သွားတယ်။ ခရီးသည် မရလိုက်တဲ့ ရက်တွေလည်း အများကြီးပဲ။ Grab နဲ့ လက်တွဲပြီး အက်ပလီကေးရှင်းနဲ့ ဆွဲတဲ့အချိန်ကစပြီး ခရီးသည် ပိုရလာတာ တွေ့ရတယ်။ များများဆွဲရတော့ ဝင်ငွေတော်တော် ပိုတိုးလာတယ်။ ခရီးသည်ရော ယာဉ်မောင်းပါ အဆင်ပြေတဲ့ ဈေးနှုန်းတစ်ခါတည်း သတ်မှတ်ထားတာကို ကြိုက်ပါတယ်။ အရင်ကဆို ၈ နာရီနောက်ပိုင်း သုံးဘီးငှားတဲ့သူ တော်တော်နည်းတယ်။ အခုဆိုရင် Grab နဲ့ကျတော့ ညဘက်လည်း ခရီးသည် ရတယ်။ Grab က ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကြား ယုံကြည်မှု ရှိလာအောင် လုပ်ပေးထားတော့ ပိုပြီး ငှားလာကြတယ်။”

GrabThoneBane ခရီးစဉ်တစ်ခု ငှားရမ်းပုံ အဆင့်ဆင့်

ခရီးသည်များသည် မန္တလေးမြို့တွင် GrabThoneBane ဖြင့် သွားလာနိုင်ရန် Grab အက်ပလီကေးရှင်းကို Google Play နှင့် App Store တို့မှ အခမဲ့ ဒေါင်းလုပ်ဒ်ရယူပြီး ငှားရမ်းနိုင်ပါသည်။ GrabThoneBane ကို ငှားရမ်းပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) Grab app ကို ဖွင့်ပြီးနောက် ခရီးသည်များမှာ မိမိအား လာကြိုရမည့် နေရာနှင့် ပို့ဆောင်ပေးရမည့်  နေရာတို့ကို ထည့်ပေးရပါမည်။

၂) ပြီးလျှင် အောက်ခြေဘားပေါ်မှ GrabThoneBane ကို ရွေးချယ်ပါ။ ထိုအခါ ကျသင့်မည့် ယာဉ်စီးခကိုပါ တစ်ခါတည်းမြင်ရမည်ဖြစ်သည်။

၃) ပြီးလျှင် Promo ကို နှိပ်ပါ။ ပေါ်လာသောနေရာတွင် ပရိုမိုကုဒ်အမည်ကို ရိုက်ထည့်ပါ။

၂) ထို့နောက် “Book” ကို နှိပ်လိုက်သည့်အခါ မိမိသွားလိုသည့် ခရီးအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ပါသည်။ ခရီးသည်နှင့် အနီးဆုံးနေရာတွင် ရှိနေသော GrabThoneBane ယာဉ်မောင်းအား Grab မှ ရှာဖွေပေးသွားမည် ဖြစ်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter