သင့် အကြိုက်ဆုံး စားသောက်ဆိုင်များမှ Grab အက်ပ်ပလီကေးရှင်းကို အသုံးပြုပြီး စားစရာများ မှာယူစားသောက်နိုင်ပါပြီ။
GrabFood က ရန်ကုန်မြို့တွင်း ၉ မြို့နယ် – ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား မြို့နယ်များမှာ ရရှိနေပါပြီ။
ဆက်လက်ပြီး အစဉ်မပြတ် တိုးချဲ့နေမှာဖြစ်တဲ့အတွက် မကြာခင်မှာ နေရာများများ၊ ဆိုင်များများ ပိုမိုပါဝင်လာမှာမို့ စောင့်မျှော်ပေးကြပါဉီး။
အလွယ်ဆုံး မှာယူပါ
သင် ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ သင့်ဆီကို အကြိုက်ဆုံး စားစရာများ ပို့ဆောင်လာမှာမို့ အပြင်မထွက်ဘဲ အေးဆေး ကြိုက်ရာစားနိုင်ပါပြီ။
ကြိုက်သလောက် မှာပါ
အဆာပြေပဲဖြစ်ဖြစ်၊ နေ့လယ်စာ၊ ညစာပဲဖြစ်ဖြစ် သင် စားချင်ရာသာ မှာလိုက်ပါ။ ဘယ်လောက်ပမာဏ အနည်းဆုံး မှာရမယ်လို့ မသတ်မှတ်ထားပါဘူး။
ပွိုင့်တွေလည်း ပြန်ရဉီးမယ်
သင် မှာယူတဲ့ စားစရာတိုင်းအတွက် GrabCoins တွေ ပြန်ရမှာမို့ လျှော့ဈေးတွေ၊ အခမဲ့ကူပွန်တွေ ထပ်ဦးမှာပေါ့။