Now you can rent a GrabTaxi by the hour!

အခုဆိုရင် သင်လိုအပ်တဲ့အချိန် သွားလိုရာကို အဆင်တပြေနဲ့ စိတ်တိုင်းကျ သွားလာနိုင်ဖို့ GrabTaxi ကို အချိန်ပိုင်း ငှားရမ်းလို့ ရနေပါပြီ။ ရန်ကုန်မြို့တွင်း သွားလာစရာ တစ်နေရာမက ရှိတဲ့အခါ အဆင်အပြေဆုံး သွားလာမှု ဖြစ်မှာပါ။

ပွင့်လင်းမြင်သာမှုရှိတယ်၊ ပုံသေဈေးနှုန်းကို ကြိုသိရတယ် သင့်ခရီးစဉ်ကို မစတင်ခင်မှာပဲ ကျသင့်မယ့်ဈေးနှုန်းကို ကြိုသိရမှာ ဖြစ်ပါတယ်။ 

ကြိုတင်ဘွတ်ကင်တင်ဖို့ မလိုပါ သင်လိုတဲ့အချိန်အတိုင်းအတာအတွက် GrabTaxi ကို လိုသလို အသုံးပြုနိုင်ပါတယ်။ 

ငှားရမ်းနိုင်တဲ့အစီအစဉ်အမျိုးမျိုး သင်သွားလိုတဲ့နေရာတွေနဲ့ ကြာချိန်ကို ရွေးချယ်ပါ။ သင့်အတွက် ခရီးစဉ်တွေကို သေချာအစီအစဉ်တကျဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။
သင့်တော်တဲ့ဈေးနှုန်း ပက်ကေ့ချ်တွေအားလုံးကို ဈေးကွက်တွင်း နှုန်းထားများအပေါ် အခြေခံ သတ်မှတ်ထားတာဖြစ်ပါတယ်။

Package နှင့် နှုန်းထား (မြန်မာကျပ်ငွေဖြင့်) 

ရန်ကုန်မြို့တွင်းသာ (၂ နာရီ) – ၁၂,ဝဝဝ

ရန်ကုန်မြို့တွင်းသာ (၄ နာရီ) – ၂၂,ဝဝဝ

ရန်ကုန်မြို့တွင်းသာ (၆ နာရီ) – ၃ဝ,ဝဝဝ 

အချိန်ပိုကြေး။ ။  ငှားရမ်းထားချိန် ကျော်လွန်သွားပါက ၅ မိနစ်တိုင်းအတွက် အချိန်ပိုကြေး ၄၀၀ ကျပ်

မကြာခဏမေးမြန်းတတ်သော အမေးအဖြေများ

Grab က ပေးတဲ့ အငှားယာဉ်ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက သင့်ကို မြို့တွင်း ခရီးစဉ်တွေကို လည်ပတ်သွားလာဖို့ နာရီ အပိုင်းအခြားနဲ့ စီစဉ်ငှားရမ်းပေးတာဖြစ်ပါတယ်။ ယာဉ်မောင်းဟာ သင်ငှားရမ်းထားတဲ့အချိန်ကာလအတွင်း သွားလိုရာခရီးစဉ်တစ်လျှောက် လိုက်လံပို့ဆောင်ပေးပြီး သင့်အစီအစဉ်အတိုင်း ရပ်နားသွားလာလည်ပတ်နိုင်မှာဖြစ်ပါတယ်။

GrabTaxi နာရီနဲ့ ငှားရမ်းဖို့အတွက် Grab အက်ပ်ပလီကေးရှင်းထဲက ပင်မစာမျက်နှာမှာ Rent ကိုနှိပ်ပါ။ ကိုယ်ငှားချင်တဲ့ နာရီ Package ကို ‌ရွေးပြီး ငှားရမ်းပါ။

လက်ရှိကာလအတွင်းမှာ ခရီးစဉ်အတွင်း လုံခြုံရေးနဲ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအတွက် GrabTaxi ယာဉ်တစ်စီးမှာ ခရီးသည် ၃ ယောက်သာ စီးဖို့ ကန့်သတ်ထားပါတယ်။ ခရီးသည်မှာ သတ်မှတ်ဦးရေထက် ပိုပါလာမယ်ဆိုရင်တော့ နာရီပိုင်းအငှားယာဉ်နောက်တစ်စီးကို ထပ်မံငှားရမ်းဖို့ လိုအပ်ပါမယ်။