Grab app ကတစ်ဆင့် ဖုန်းခေါ်ခြင်းဖြင့် စရိတ်ချွေတာပြီး သင့်ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်လိုက်ပါ

သင့်အနေနဲ့ သင်ဘွတ်ကင်တင်ထားတဲ့ခရီးစဉ်အချက်အလက်အကြောင်း ဒါမှမဟုတ် လာကြိုရမယ့်နေရာနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို အသိပေးချင်တာရှိရင် သင့် မိုဘိုင်းဒေတာကို သုံးပြီးဖြစ်ဖြစ် ဝိုင်ဖိုင်ကွန်နက်ရှင်းနဲ့ပဲ ဖြစ်ဖြစ် Grab
အက်ပလီကေးရှင်းပေါ်ကနေ ဖုန်းခေါ်လို့ ရနေပါပြီ။ ဒီနည်းလမ်းနဲ့ ဖုန်းခေါ်ဆိုခချွေတာနိုင်သလို ယာဉ်မောင်းဖုန်းမှာလည်း သင့်ဖုန်းနံပါတ်မပေါ်တော့ဘူးပေါ့။

ဒီအတွက် သင်လုပ်ဆောင်ရမှာက သင့် Grab app ထဲက Call ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ဒီဆက်သွယ်မှုဟာ အင်တာနက်ပေါ်ကပဲ သွားမှာဖြစ်ပါတယ်။ သင့် Grab app ကို ဒီနေ့ပဲ အဆင့်မြှင့်လိုက်ပြီး စမ်းကြည့်လိုက်ပါ။

မိုဘိုင်းဒေတာနဲ့ သင့် Grab ယာဉ်မောင်းဆီ ဖုန်းခေါ်ဆိုခြင်းရဲ့
အကျိုးကျေးဇူးတွေကို ရှာဖွေလိုက်ပါ

ဖုန်းခေါ်ဆိုခ သက်သာသွားမယ်
ဒေတာနဲ့ ဖုန်းခေါ်တာဟာ ပိုပြီး စရိတ်သက်သာပါတယ်။ ဒါကြောင့် သင့် မိုဘိုင်း plan ဝယ်ယူတဲ့အခါ ဒေတာအတွက်ပါ ဝယ်ယူပါ။ ဒီနည်းနဲ့
သင့်ယာဉ်မောင်းကို ဖုန်းခေါ်တဲ့အခါ ကုန်ကျမယ့်ငွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

သင့်ဖုန်းနံပါတ်ကို မဖော်ပြတော့ပါဘူး
Grab ကနေ ဖုန်းခေါ်ဆိုမှု လုပ်တဲ့အခါ ဒါမှမဟုတ် ဖုန်းလက်ခံပြောဆိုတဲ့အခါ ယာဉ်မောင်းက သင့်ဖုန်းနံပါတ်ကို
မမြင်ရတော့သလို သင်လည်း သူတို့ရဲ့ ဖုန်းနံပါတ်ကို မမြင်ရတော့ပါဘူး။ အင်တာနက်လိုင်းမကောင်းတဲ့အခါ ပုံမှန်ဖုန်းခေါ်ဆိုမှုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ဖုန်းနံပါတ်အမှန်အစား ကျပန်းနံပါတ်တွေပဲ မြင်နေရမှာပါ။

*အချို့သောဒေသများတွင်သာ

Grab app ကနေ သင့်ယာဉ်မောင်းကို ဘယ်လိုခေါ်ရမလဲ

သင့်ယာဉ်မောင်းက သင့်ကို ဖုန်းခေါ်ဆိုတဲ့အခါ သင့်ယာဉ်မောင်းနာမည်နဲ့ ဖုန်းခေါ်ဆိုနေမှုကို မြင်ရပါမယ်

Frequently Asked Questions

၁။ ဖုန်းခေါ်တဲ့အခါ ဘာလို့ ဖုန်းနံပါတ်ကို မမြင်ရတာပါလဲ။
ယခုကစပြီး ဖုန်းခေါ်ဆိုမှုတွေက အင်တာနက်ပေါ်က ခေါ်ဆိုမှုဖြစ်တဲ့အတွက် ပုံမှန်ဖုန်းခေါ်ဆိုမှုလိုမျိုး နံပါတ်တွေ မမြင်ရနိုင်ပါဘူး။

၂။ အင်တာနက်ပေါ်ကနေ ဖုန်းခေါ်လို့မရတာ ဘာဖြစ်လို့ပါလဲ။
သင်ရော သင့်ယာဉ်မောင်းရော နှစ်ဦးလုံး Grab/ Grab Driver app နောက်ဆုံးဗားရှင်းအသုံးပြုပါမှ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၃။ အင်တာနက်လိုင်းမကောင်းတဲ့နေရာမှာ ရောက်နေရင် ဘာဖြစ်မလဲ။
တကယ်လို့ သင့်အင်တာနက်ဖွင့်ထားတယ်ဆိုရင် သင့်ဖုန်းခေါ်ဆိုမှုက အင်တာနက်ပေါ်ကပဲ ခေါ်ဆိုမှာ ဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်မှုကို ပိတ်ထားလို့လည်း ရပါတယ်။
ဒါဆိုရင်တော့ သင့်ဖုန်းခေါ်ဆိုမှုက ပုံမှန်ဖုန်းလိုင်းကနေ ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်။ (ဖုန်းခေါ်ဆိုခ ကျသင့်ပါလိမ့်မယ်။)

၄။ အင်တာနက်မကောင်းဘူးဆိုရင် ဘာဖြစ်မလဲ။
သင့်ပုံမှန်ဖုန်းလိုင်းကနေ ခေါ်ဆိုနိုင်ပါတယ်။

၅။ မေ့ကျန်ပျောက်ဆုံးပစ္စည်းများအတွက် စီးခဲ့တဲ့ ယာဉ်ကို အင်တာနက်ကနေ ဖုန်းခေါ်ဆိုမှု လုပ်နိုင်ပါသလား။
ယခုလက်ရှိမှာတော့ History (စီးခဲ့တဲ့ ယာဉ်လမ်းကြောင်းများ)မှ မေ့ကျန်ပျောက်ဆုံးပစ္စည်းများ
ပြန်ရှာရန်အတွက်
Lost & Found ဖုန်းခေါ်ဆိုမှုများကို ပုံမှန်ဖုန်းလိုင်းပေါ်ကနေသာ ခေါ်ဆိုနိုင်ပါတယ် (ဖုန်းနံပါတ်ကိုတော့ မြင်ရမှာ မဟုတ်ပါဘူး)။

၆။ နိုင်ငံခြားကို ခရီးသွားနေတဲ့အခါ အင်တာနက်ဖုန်းခေါ်ဆိုမှုအတွက် အပိုထပ်ဆောင်းပေးရမှာလား။
ဒေတာ roaming ဝန်ဆောင်မှုအတွက် ကျသင့်ခတော့ ရှိပါလိမ့်မယ်။ ကျေးဇူးပြု၍ သင့်တယ်လီကွန်းဝန်ဆောင်မှုနဲ့
ဒေတာကောက်ခံမှုနှုန်းကို စစ်ပါ။

၇။ အင်တာနက်လိုင်းကျလို့ ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားတဲ့အခါ ဘာဖြစ်မလဲ။
သင့်ဖုန်းခေါ်ဆိုမှု ရပ်သွားပါလိမ့်မယ်။ သင့်အနေနဲ့ ဘွတ်ကင်လုပ်တဲ့စာမျက်နှာကနေ Call ခလုတ်ကို ထပ်မံနှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ပုံမှန်ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့် ဆက်သွယ်ခေါ်ဆိုသင့်ပါတယ် (ဖုန်းခကျသင့်မှုရှိပါမယ်)။

၈။ Grab ဝန်ဆောင်မှုတွေအားလုံးအတွက် အင်တာနက်ဖုန်းခေါ်ဆိုမှု အသုံးပြုလို့ရပါသလား။
မရသေးပါဘူး။ အခုလက်ရှိမှာတော့ အငှားယာဉ်ဝန်ဆောင်မှုအတွက်ပဲ အသုံးပြုလို့ရနိုင်ပါသေးတယ်။ GrabExpress နဲ့ GrabFood အတွက်
ဒီဝန်ဆောင်မှုကို မကြာခင်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေပါတယ်။ သတင်းကောင်းစောင့်နေပါ။

၉။ ဖုန်းခေါ်တဲ့အချိန်မှာ ‘free call’ လို့ရေးထားတာ တွေ့ပါတယ်။ ဒါပေမဲ့ ငွေဖြတ်သွားပါတယ်။ ဘာလို့ပါလဲ။
‘Free call’ ဆိုတာ ဖုန်းခ ဖြတ်တောက်မှုမရှိဘူးဆိုတဲ့ သဘောပါ။ အင်တာနက်ဒေတာကျသင့်မှုတော့ ရှိပါမယ်။

၁၀။ ဖုန်းခေါ်ဆိုမှုအတွက် အင်တာနက်ဒေတာကို မသုံးချင်ပါဘူး။ ပုံမှန်ဖုန်းခေါ်ဆိုမှုကို ပြန်ပြောင်းသုံးလို့ရပါသလား။
အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ အခုအချိန်မှာတော့ ပြန်ပြောင်းသုံးနိုင်တဲ့
ဝန်ဆောင်မှုမရှိသေးပါဘူး။ အင်တာနက်ကနေ ဖုန်းခေါ်ဆိုမှုက သင့်ဖုန်းနံပါတ်ကို မသိရအောင် လျှို့ဝှက်ပေးထားတာမို့ ကျွန်တော်တို့ကတော့ အင်တာနက်ဖုန်းခေါ်ဆိုမှုကို အသုံးပြုဖို့ ပိုအားပေးပါတယ်။

၁၁။ ဒေတာတွေ အများကြီး ပိုမသုံးမိအောင် ဘယ်လိုကာကွယ်လို့ရပါသလဲ။
အခုလက်ရှိမှာတော့ ဒီဝန်ဆောင်မှု မပါဝင်သေးပါဘူး။