ပြီးခဲ့တဲ့ ၂ ပတ်တာကာလလုံးက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲခဲ့ပါတယ်။
အင်တာနက် မတည်မငြိမ်ဖြစ်မှု၊ အများပြည်သူ သွားလာရေး အခက်အခဲနဲ့ နေ့စဉ် အခြေအနေ မသေချာမှုတို့ကြောင့် နေ့တဓူဝ လုပ်ငန်းဆောင်တာများအတွက် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရမှာပါ။ ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ လူနေမှုအသိုင်းအဝန်းရဲ့ အသက်မွေးဝမ်းကျောင်းများကိုလည်း အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့မိတ်ဖက်များဖြစ်တဲ့ ယာဉ်မောင်းနဲ့ ပို့ဆောင်သူများရဲ့ ဝင်ငွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ဒီလို အားလုံးအတွက် ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းက အကူအညီ ပေးလိုတဲ့အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ —
ဒီလိုအချိန်မှာ ကျွန်တော်တို့ မိတ်ဖက်တွေကို တစ်နည်းတစ်ဖုံ အထောက်အကူ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မိတ်ဖက်များအတွက် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးဖို့၊ ကျွန်တော်တို့ platform အသုံးပြုသူများ အမြဲ လုံခြုံစိတ်ချရဖို့နဲ့ လွယ်ကူအဆင်ပြေ အားထားနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ဖို့ဆိုတဲ့ ကတိကဝတ်အတိုင်း အစဉ်မပြတ် ဆက်လက်ကြိုးစားသွားပါမယ်။
မြန်မာနိုင်ငံသား အားလုံး လုံခြုံဘေးကင်းစေဖို့ တောင်းဆုပြုပါရစေ။
No(18), 7 Mile, Pyay Road,
Mayangone Township,
Yangon. 11062