အခုပဲ ကိုယ်တိုင်ယူစနစ်နဲ့မှာယူလိုက်ပါ

ပို့ဆောင်ခ မကုန်၊ တန်းစီစောင့်စရာလည်း မလိုတော့ ပိုအဆင်ပြေတာပေါ့။ အခုပဲ သတ်မှတ်ထားတဲ့ဆိုင်တွေက မှာပြီး ကိုယ်တိုင် ဆိုင်သွားယူလိုက်တော့နော်။

GrabFood ရဲ့ကိုယ်တိုင်ယူစနစ်ဟာ GrabFood App မှတစ်ဆင့် ကိုယ်တိုင်ယူစနစ်ဖြင့်အော်ဒါများမှာပြီး အဆင်သင့်ဖြစ်တဲ့အခါဆိုင်မှာသွားယူရတဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ 

GrabFood ရဲ့ ပို့ဆောင်မှုမှာတော့ လုပ်ဖော်ကိုင်ဖက်များက အစားအစာကို သင့်ထံ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး GrabFood ရဲ့ ကိုယ်တိုင်ယူစနစ်ကတော့ သင်ကိုယ်တိုင်ယူဆောင်ရမှာပါ။ 

လောလောဆယ်တော့ အချိန်သတ်မှတ်လို့မရသေးပါ။ သို့သော်မကြာခင်ရတော့မှာပါ။ အခု သင် ကိုယ်တိုင်ယူစနစ်ဖြင့် အော်ဒါ မှာတဲ့အခါ သင်အော်ဒါကိုပြင်ဆင်ပေးမည့်သူကို ချက်ချင်း အသိပေးပြီး အော်ဒါကိုစတင်ပြင်ဆင်သွားမှာပါ။

အော်ဒါကိုတင်ပြီးရင် ပြန်ပြောင်းလို့မရပါ။ သို့သော် စားသောက်ဆိုင်မှ သင့်အော်ဒါကိုလက်မခံခင် ဖျက်လို့ရပါတယ်။ 

App ထဲမှာပါတဲ့ မြေပုံပေါ်ရှိ “Directions” ကိုနှိပ်ပြီး လမ်းညွှန်အဖြစ်သုံးလို့ရပါတယ်။ အကယ်လို့ဆိုင်ကိုမတွေ့သေးရင် ဆိုင်ကိုနေရာအသေးစိတ်ကို ဖုန်းဆက်ပြီးလမ်းညွှန်ခိုင်းဖို့ အကြံပြုပါရစေ။ 

ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ ကိုယ်တိုင်ယူစနစ်ဟာ အခုအချိန်တွင် ရရှိတဲ့နေရရာများကို ကန့်သတ်ထားပါတယ်။ အကယ်လို့ သင့်အနီးနားတွင် စားသောက်ဆိုင်မရှိလျှင် GrabFood ပင်မစာမျက်နှာတွင် ကိုယ်တိုင်ယူစနစ်ကို တွေရမှာမဟုတ်ပါ။