TEMPORARY BETA SERVICE SUSPENSION

ရန်ကုန်မြို့ရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုများကို ပေးဖို့အတွက် ပရော်ဖက်ရှင်နယ် ဧည့်ခရီးသွားလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး ပရီမီယံဝန်ဆောင်မှုကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ရုံးပြင်ပ အလုပ်အစည်းအဝေးများနဲ့ မိသားစု တွေ့ဆုံပွဲများအတွက် အဆင်အပြေဆုံး အသုံးပြုနိုင်ဖို့ သင့်အတွက် Premium Rentals [beta] ရှိနေပါပြီ။ မြို့တွင်း သွားလာစရာ နေရာများနေလား။ တစ်နေရာနဲ့တစ်နေရာ ကူးနေရမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် သွားဖို့ လိုအပ်လာတဲ့အချိန်မှာ Grab အက်ပ်ပလီကေးရှင်းထဲက တစ်ဆင့် Alphard ၊ ဒါမှမဟုတ် Sedan တစ်စီးကို နာရီအလိုက် စိတ်တိုင်းကျ ငှားနိုင်ပါပြီ။ [beta] ဝန်ဆောင်မှုကာလအတွင်းမှာတော့ App ထဲကတစ်ဆင့် ငှားရမ်းမှုကို မနက် ၆ နာရီမှ ၉ နာရီအတွင်းသာ ရရှိနိုင်ပါသေးတယ်။ မြို့ပြင်ခရီးစဉ်များနဲ့ ၁ ရက်ထက်ပိုတဲ့ ငှားရမ်းမှုများအတွက် ကျေးဇူးပြုပြီး 0997-747-8787 ကို ဆက်သွယ်လိုက်ပါ။

လိုက်ပါမယ့်ခရီးသည်က ၄ ယောက်အထက်ဖြစ်နေပြီး အရေးကြီးတဲ့ လုပ်ငန်းခွင်အစည်းအဝေးတွေ၊ သူငယ်ချင်းအုပ်စုလိုက် သွားလာလည်ပတ်တာမျိုးတွေနဲ့ မိသားစုတွေ့ဆုံပွဲလို အထူးပွဲလမ်းအခမ်းအနားမျိုးအတွက်ဆို ခရီးသည် ၇ ယောက်ထိ ဆံ့တဲ့ Premium Alphards တွေကို ရွေးချယ်နိုင်ပြီး လုပ်ငန်းခွင်အကြီးအကဲ၊ မန်နေဂျာတွေနဲ့ လုပ်ငန်းလိုအပ်ချက်အလိုက် သွားလာနေရတဲ့ ဝန်ထမ်းတွေအတွက် နေ့စဉ်လုပ်ငန်းကိစ္စခရီးစဉ်တွေ၊ မိသားစုလိုက် ပုံမှန် သွားလာမှုခရီးစဉ်တွေအတွက် သက်သောင့်သက်သာ အလွယ်အကူ သွားလာနိုင်ဖို့ ခရီးသည် ၄ ယောက် စီးနင်းနိုင်တဲ့ ဘယ်မောင်း Premium Sedans တွေကို ရွေးချယ်နိုင်ပါတယ်။


လိုတဲ့အချိန်မှ ခေါ်နိုင်တဲ့ Premium ယာဉ်တွေနဲ့ဆို အားလုံး အဆင်ပြေသွားပြီပေါ့။
Grab App မှာ Premium Rentals [beta] ငှားရမ်းနိုင်ပါပြီ

Instant

ချက်ချင်း။ ။ မိနစ်ပိုင်းအတွင်း ရောက်လာမယ့် Premium Alphards နဲ့ Sedans
လိုတဲ့အခါမှ ငှားရုံသာ။ Grab App မှာ လွယ်လွယ်မြန်မြန် ငှားနိုင်မယ်။ အလုပ်ကိစ္စအစည်းအဝေးတွေနဲ့ မိသားစုတွေ့ဆုံပွဲတွေအတွက် အသင့်တော်ဆုံးပါပဲ။

Choice

ကြိုက်ရာရွေး။ ။ လိုသလိုငှားနိုင်တဲ့ packages များ
နာရီလိုက်ငှားငှား၊ တစ်နေ့လုံးငှားငှား သင်လိုသလို ငှားပါ။ မြို့ပြင်သို့ သွားလိုသော ခရီးစဉ်များအတွက် 0997-747-8787ကို ခေါ်ဆိုပါ။

Value

တန်ဖိုး။ ။ ကြိုသိနိုင်တဲ့ တစ်သမတ်တည်းဈေး
ယာဉ်စီးခမှာ ဆီခ၊ ယာဉ်မောင်းခနဲ့ ခရီးသည် ၇ ဦးအတွက်ထိ ခရီးစဉ်တွင်း တစ်ကိုယ်ရေထိခိုက်မှု အာမခံ အားလုံးပါဝင်ပါတယ်။ တိုးဂိတ်ကြေးနဲ့ ကားပါကင်ကြေးသာ ပေးဆောင်ရမှာပါ။

Quality

အရည်အသွေး။ ။ အရည်အသွေးကို စံမီအောင် အမြဲထားခြင်း
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက ကျွမ်းကျင်ယာဉ်မောင်းတွေရယ်၊ စိတ်ချရတဲ့ ၂၄ / ၇ Grab သုံးစွဲသူဝန်ဆောင်မှုဌာနလည်း ရှိတော့ ပိုချောမွေ့တဲ့ ခရီးစဉ် ဖြစ်ပြီပေါ့။

Airport Transfer

လေဆိပ်အကြိုအပို့။ ။ စိတ်ပူစရာမရှိတော့တဲ့ လေဆိပ်ခရီးစဉ်
လေဆိပ်ကို အသွားအပြန် ခရီးစဉ်တွေမှာ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး သွားနိုင်ပါပြီ။


Package တွေအားလုံးမှာ ဓာတ်ဆီခ၊ ယာဉ်မောင်းခ၊ ခရီးသွား တစ်ကိုယ်ရေထိခိုက်မှု အာမခံများ ပါဝင်ပြီး ခရီးသည် ၇ ဦးအထိ စီးနင်းနိုင်ပါတယ်။ တိုးဂိတ်နဲ့ ကားပါကင်ဖိုးများသာ မပါဝင်တာ ဖြစ်ပါတယ်။ [beta] ဝန်ဆောင်မှုကာလအတွင်းမှာတော့ app ကနေ ငှားရမ်းမှုကို မနက် ၆ နာရီမှ ၉ နာရီအထိသာ ရရှိပါသေးတယ်။

၇ ယောက်စီး Alphard မြို့တွင်းခရီးစဉ် ငှားရမ်းခ နှုန်းထားများ

 ရန်ကုန်မြို့တွင်း နာရီလိုက် ငှားရမ်းနိုင်သော Package များ  ငှားရမ်းခနှုန်းထားများ
 ၁ နာရီ Alphard – ရန်ကုန်မြို့တွင်း (စက်မှုဇုန်မပါ)  ၁၅,ဝဝဝ ကျပ်
 ၂ နာရီ Alphard – ရန်ကုန်မြို့တွင်း  ၂၆,ဝဝဝ ကျပ်
 ၄ နာရီ Alphard – ရန်ကုန်မြို့တွင်း  ၄ဝ,ဝဝဝ ကျပ်
 ၁၀ နာရီ Alphard – ရန်ကုန်မြို့တွင်း (မြို့ပြင်မပါ)  ၁၁ဝ,ဝဝဝ ကျပ်
 လေဆိပ်အသွားအပြန် Alphard ၁.၅ နာရီ  ၂ဝ,ဝဝဝ ကျပ်
 အချိန်ပိုငှားရမ်းကြေး (၅ မိန်စ်ကျော်လွန်တိုင်း)  ၁,၃ဝဝ ကျပ်

 

၄ ယောက်စီး Sedan မြို့တွင်းခရီးစဉ် ငှားရမ်းခ နှုန်းထားများ

 ရန်ကုန်မြို့တွင်း နာရီလိုက် ငှားရမ်းနိုင်သော Package များ  ငှားရမ်းခနှုန်းထားများ
 ၁ နာရီ Sedan – ရန်ကုန်မြို့တွင်း (စက်မှုဇုန်မပါ)  ၆,၅ဝဝ ကျပ်
 ၂ နာရီ Sedan – ရန်ကုန်မြို့တွင်း  ၁၃,ဝဝဝ ကျပ်
 ၄ နာရီ Sedan – ရန်ကုန်မြို့တွင်း  ၂၅,ဝဝဝ ကျပ်
 ၁၀ နာရီ Sedan – ရန်ကုန်မြို့တွင်း (မြို့ပြင်မပါ)  ၆ဝ,ဝဝဝ ကျပ်
 လေဆိပ်အသွားအပြန် Sedan ၁.၅ နာရီ  ၁၀,ဝဝဝ ကျပ်
 အချိန်ပိုငှားရမ်းကြေး (၅ မိန်စ်ကျော်လွန်တိုင်း)  ၆ဝဝ ကျပ်

 


မြို့ပြင်ခရီးစဉ်များကို စတင် ငှားရမ်းနိုင်ပါပြီ။ သင့်မိသားစုနဲ့အတူ စိတ်အေးသက်သာစွာ စီးနင်းသွားလာနိုင်ဖို့ 0997-747-8787 ခေါ်ဆိုပါ။ .

၇ ယောက်စီး Alphard မြို့ပြင်ခရီးစဉ် ငှားရမ်းခ နှုန်းထားများ

မြို့ပြင်ခရီးစဉ်များ  ၁ ရက် (နေ့ချင်းပြန်)  ၂ ရက် (၁ ညအိပ် ၂ ရက်)   ၃ ရက် (၂ ညအိပ် ၃ ရက်)
ပဲခူး   ၁၅ဝ,ဝဝဝ ကျပ်   ၂၅ဝ,ဝဝဝ ကျပ်   ၃၈ဝ,ဝဝဝ ကျပ်
သန်လျင်   ၁၃ဝ,ဝဝဝ ကျပ်   ၂ဝဝ,ဝဝဝ ကျပ်   ၂၈ဝ,ဝဝဝ ကျပ်
မော်လမြိုင်   ၃ဝဝ,ဝဝဝ ကျပ်   ၃၅ဝ,ဝဝဝ ကျပ်   ၄၂ဝ,ဝဝဝ ကျပ်
ဘားအံ   ၂၈ဝ,ဝဝဝ ကျပ်   ၃၈ဝ,ဝဝဝ ကျပ်   ၄၂ဝ,ဝဝဝ ကျပ်
ကျိုက်ထီးရိုးဘုရား   ၂၂ဝ,ဝဝဝ ကျပ်   ၃ဝဝ,ဝဝဝ ကျပ်   ၃၅ဝ,ဝဝဝ ကျပ်
မန္တလေး  –   ၄၅ဝ,ဝဝဝ ကျပ်   ၅၅ဝ,ဝဝဝ ကျပ်
ပုဂံ  –   ၄၅ဝ,ဝဝဝ ကျပ်   ၄၈ဝ,ဝဝဝ ကျပ်
ပြင်ဦးလွင်  –   ၅ဝဝ,ဝဝဝ ကျပ်   ၆ဝဝ,ဝဝဝ ကျပ်
နေပြည်တော်   ၃ဝဝ,ဝဝဝ ကျပ်   ၃၈ဝ,ဝဝဝ ကျပ်   ၄၅ဝ,ဝဝဝ ကျပ်
ငွေဆောင်/ ချောင်းသာ  –   ၃ဝဝ,ဝဝဝ ကျပ်   ၄ဝဝ,ဝဝဝ ကျပ်

 

၄ ယောက်စီး Sedan မြို့ပြင်ခရီးစဉ် ငှားရမ်းခ နှုန်းထားများ

မြို့ပြင်ခရီးစဉ်များ  ၁ ရက် (နေ့ချင်းပြန်)  ၂ ရက် (၁ ညအိပ် ၂ ရက်)   ၃ ရက် (၂ ညအိပ် ၃ ရက်)
ပဲခူး   ၁ဝဝ,ဝဝဝ ကျပ်   ၂ဝဝ,ဝဝဝ ကျပ်   ၂၅ဝ,ဝဝဝ ကျပ်
သန်လျင်   ၈ဝ,ဝဝဝ ကျပ်   ၁၅ဝ,ဝဝဝ ကျပ်   ၂၅ဝ,ဝဝဝ ကျပ်
မော်လမြိုင်   ၂ဝဝ,ဝဝဝ ကျပ်   ၂၅ဝ,ဝဝဝ ကျပ်   ၃၂ဝ,ဝဝဝ ကျပ်
ဘားအံ   ၂ဝဝ,ဝဝဝ ကျပ်   ၂၅ဝ,ဝဝဝ ကျပ်   ၃၂ဝ,ဝဝဝ ကျပ်
ကျိုက်ထီးရိုးဘုရား   ၁၂ဝ,ဝဝဝ ကျပ်   ၂၂ဝ,ဝဝဝ ကျပ်   ၂၈ဝ,ဝဝဝ ကျပ်
မန္တလေး  –   ၃၅ဝ,ဝဝဝ ကျပ်   ၄ဝဝ,ဝဝဝ ကျပ်
ပုဂံ  –   ၃၅ဝ,ဝဝဝ ကျပ်   ၄ဝဝ,ဝဝဝ ကျပ်
ပြင်ဦးလွင်  –   ၃၇ဝ,ဝဝဝ ကျပ်   ၄၂ဝ,ဝဝဝ ကျပ်
နေပြည်တော်   ၂ဝဝ,ဝဝဝ ကျပ်   ၃ဝဝ,ဝဝဝ ကျပ်   ၃၅ဝ,ဝဝဝ ကျပ်
ငွေဆောင်/ ချောင်းသာ  –   ၂၅ဝ,ဝဝဝ ကျပ်   ၃ဝဝ,ဝဝဝ ကျပ်

 

မြို့တွင်းခရီးစဉ် စည်းကမ်းသတ်မှတ်ချက်များ

၁။ Sedan တွင် အများဆုံး ခရီးသည် ၄ ဦးထိသာ စီးနိုင်ပါတယ်။ Alphard တွင် ခုံပေါ်မူတည်ပြီး အများဆုံး ခရီးသည် ၆ ဦးမှ ၇ ဦးထိသာ စီးနိုင်ပါတယ်။

၂။ ကားများကို ရန်ကုန်မြို့အတွင်းတွင်သာ အသုံးပြုနိုင်ပါတယ်။ ရန်ကုန်မြို့တွင်းတွင် • မြောက်ပိုင်း- မင်္ဂလာဒုံနဲ့ ရွှေပြည်သာ အထိ • အနောက်ပိုင်း – လှိုင်သာယာ အထိ • အရှေ့ပိုင်း – အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း အထိ • တောင်ပိုင်း – ဆိပ်ကြီးခနောင်တိုနဲ့ ဒလ အထိ သတ်မှတ်ထားပါတယ်။ • ရန်ကုန်မြို့ အပြင်ဘက်ကို သွားလာမယ်ဆိုပါက 0997-747-8787 ကို ၅ ရက် ကြိုတင်ပြီး ဖုန်းဆက်၍ ဘွတ်ကင်လုပ်ပေးပါ။

၃။ ‌အောက်ဖော်ပြပါ ရန်ကုန်မြို့ စက်မှုဇုန်များနဲ့ နေရာများသို့ သွားလာမယ်ဆိုပါက အနည်းဆုံး ၂ နာရီ ငှားရမ်းရမှာပါ။
• မှော်ဘီ • သီလဝါ/ သန်လျင် • ဒဂုံဆိပ်ကမ်း • ရွှေလင်ဗန်း စက်မှုဇုန် • လှိုင်သာယာ စက်မှုဇုန် • စော်ဘွားကြီးကုန်း (ပြည်လမ်း- ၁၀ မိုင်) • ပေါက်တောဝ (အင်းစိန်လမ်း) • ဒညင်းကုန်း လမ်းဆုံ • လှော်ကား အမျိုးသားဥယျာဉ်

၄။ ၁ နာရီ ငှားရမ်းမှုနဲ့ ရန်ကုန်မြို့ စက်မှုဇုန်နေရာများသို့ သွားလာသူများအနေနဲ့ အပိုကြေးအဖြစ် • Sedans ကားအတွက် ၆,၅၀၀ ကျပ် • Alphards ကားအတွက် ၁၃,၀၀၀ ကျပ် ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။

၅။ Premium Rentals ဝန်ဆောင်မှုများကို ကြီးမားသော ကိုယ်ပိုင်ပစ္စည်းများ၊ စီးပွားဖြစ် ကုန်များကို တင်ဆောင်ပေးပို့ရန် အသုံးမပြုနိုင်ပါ။ ဥပမာ- • ပရိဘောဂကြီးများ • စီးပွားဖြစ် ကုန်ပစ္စည်းကြီး အများအပြား • ချွန်မြသော ပစ္စည်းများ

၆။ ခရီးသည်များအနေနဲ့ တစ်ပိုင်တစ်နိုင်စာ အိတ်များကို နောက်ဖုံးနဲ့ ယာဉ်အတွင်း သယ်ဆောင်နိုင်ပါတယ်။ အိတ်များ မဆံ့ပါက ခရီးသည်လိုအပ်ချက်အလိုက် ပိုကြီးသော ယာဉ် သို့မဟုတ် နောက်ထပ် ယာဉ်တစ်စီး ထပ်မံငှားရမ်းရမှာ ဖြစ်ပါတယ်။

၇။ ယာဉ်မောင်းနဲ့ အခြားခရီးသည်များ ဓာတ်မတည့်မှုများ ဖြစ်နိုင်တာကြောင့် အိမ်မွေးတိရိစ္ဆာန်များ တင်ဆောင်ခြင်း ခွင့်မပြုထားပါ။

၈။ ယာဉ်အတွင်း အရက်သေစာ သောက်သုံးခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ ဆေးဝါးအသုံးပြုခြင်းကို ခွင့်မပြုပါ။

၉။ ဝင်ကြေး၊ ကားပါကင်ကြေး ၊ လမ်းတံတားကြေးများကို ခရီးသည်မှ ပေးဆောင်ရပါမယ်။

၁၀။ခရီးသည်အနေနဲ့ ငှားရမ်းထားသော အချိန်ထက် ပိုပြီး ငှားရမ်းလိုပါက အချိန်ပိုကြေးအဖြစ် • Saloon ကားများအတွက် အချိန်ပိုကြေး ၅မိနစ်တိုင်းကို ၆၀၀ ကျပ် • Alphard ကားများအတွက် အချိန်ပိုကြေး ၅မိနစ်တိုင်းကို ၁၃၀၀ ကျပ် ပေးဆောင်ရမှာပါ။ • ဈေးနှုန်းများမှာ အချိန်ပိုအလိုက် ပြောင်းလဲသွားနိုင်သည် ဖြစ်ပြီး Grab အက်ပ်ပလီကေးရှင်းတွင်း မက်ဆေ့ချ်စာတိုများနဲ့ အသိပေးသွားမှာ ဖြစ်ပါတယ်။