ခရီးစဉ်ဘွတ်ကင်တင်ပြီး အချိန်မီရောက်နေပါစေ။

Grab Myanmar အနေနဲ့ ကျွန်တော်တို့ရဲ့ စားသုံးသူတွေနဲ့ မိတ်ဖက်နှစ်ဖက်စလုံးအတွက် သင့်တင့်မျှတတဲ့ ပလက်ဖောင်းတစ်ခုဖြစ်နိုင်ဖို့နဲ့ အကောင်းဆုံးအတွေ့အကြုံတွေ ရရှိနိုင်ဖို့ ဆက်လက်အားထုတ်လုပ်ဆောင်နေပါတယ်။

ဒီအားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့  ဧပြီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်က စပြီး ခရီးသည်တွေထံ ကောက်ခံမယ့်  “ No-Show Fee” ကို  မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

“No-Show fee” ဆိုတာက ခရီးသည်အနေနဲ့ ခရီးစဉ်ဘွတ်ကင်တင်ပြီး  တည်နေရာမှာ ယာဉ်မောင်းရောက်ရှိပြီး သတ်မှတ်စောင့်ဆိုင်းချိန်  ၅ မိနစ်ကျော်သည်အထိ ခရီးသည်ရောက်မလာရင် ခရီးသည်ထံက ကောက်ခံမယ့် ကြေးကို ဆိုလိုပါတယ်။  

အဲဒီလိုခရီးသည်ရောက်မလာတဲ့အခါ ယာဉ်မောင်းအနေနဲ့ ခရီးစဉ်ကို ပယ်ဖျက်ခွင့် ရရှိမှာဖြစ်ပြီး ခရီးသည်ထံ ကောက်ခံကြေး  No-Show Fee ရဲ့ ၁၀၀ % ကို ယာဉ်မောင်းက ရရှိမှာပါ။ 

တည်နေရာကို ယာဉ်မောင်းရောက်ရှိပြီး ခရီးစဉ်ပယ်ဖျက်မှုမပြုခင်၊ မည်သည့်အခကြေးငွေမှ မကောက်ခံခင်မှာ ခရီးသည်ဟာ အက်ပလီကေးရှင်းကတစ်ဆင့် အကြောင်းကြားစာ လက်ခံရရှိမှာဖြစ်ပါတယ်။ 

ငွေသားမဲ့ပေးချေမှုနဲ့ ဘွတ်ကင်တွေမှာ အဆိုပါ ကေက်ခံကြေးကို ချက်ချင်းကောက်ခံမှာဖြစ်ပြီး ငွေသားနဲ့ ငှားရမ်းမှုတွေမှာ ခရီးသည်ရဲ့ နောက်တစ်ကြိမ်ငှားရမ်းမှုခရီးစဉ်မှာ ခရီးစဉ်ကြေးနဲ့အတူ ထည့်သွင်းကောက်ခံမှာဖြစ်ပါတယ်။ 

ယာဉ်မောင်းဟာ ခရီးသည်ကြိုရမယ့်နေရာ ရောက်ရှိတာနဲ့  ခရီးသည်ထံ အက်ပ်ကတစ်ဆင့် ယာဉ်မောင်းရောက်ရှိကြောင်း အကြောင်းကြားစာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီအချိန်ကနေ ၅ မိနစ်တိတိ စောင့်ဆိုင်းပေးမှာပါ။ 

ကတ် ဘွတ်ကင်

ငွေသား ဘွတ်ကင်

အမေးများသော မေးခွန်းများ

ခရီးသည်တွေဟာ ဘွတ်ကင်တင်ပြီး တည်နေရာကို ယာဉ်မောင်းရောက်ရှိပြီး နောက် ၅ မိနစ်ကြာတဲ့တိုင် ပေါ်မလာတဲ့အခါ ဒီ ခရီးသည် No-Show Fee ကို ကောက်ခံမှာဖြစ်ပါတယ်။ ဒီကောက်ခံကြေးကို ယာဉ်မောင်းရဲ့ တည်နေရာကို လာရောက်တဲ့ အချိန်နဲ့ အားထုတ်မှုအတွက် ပေးအပ်မှာဖြစ်ပါတယ်။

ဒီကောက်ခံကြေးကနေ ပွိုင့်တွေ မရနိုင်ပါဘူး။

မယူပါဘူး။ ဒီကောက်ခံကြေးရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကို မိတ်ဖက်ယာဉ်မောင်းထံ ပေးအပ်မှာဖြစ်ပါတယ်။

ပေးချေပြီး ပြစ်ဒဏ်ကြေးကို သီးသန့် e-receipt တစ်ခုနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒီစာတွေကို Grab မှာ မှတ်ပုံတင်ထားတဲ့အီးမေးလ်လိပ်စာဆီ ပေးပို့ပေးမှာပါ။

ပြစ်ဒဏ်ကြေးအတွက် ပရိုမိုကုတ် သုံးလို့ မရနိုင်ပါ။

ဒီလိုအကြောင်းအရာတွေအတွက် ယာဉ်မောင်းတွေကို သင့်တော်တဲ့ action ယူနေပါတယ်။  ခရီးစဉ်ပယ်ဖျက်တဲ့အကြောင်းရင်းကို မိတ်ဆွေ ရွေးလိုက်တာနဲ့ ယာဉ်မောင်းတွေကို အသိပေးတာ၊ သတိပေးတာမျိုးတွေအပြင် ထပ်ခါထပ်ခါ လုပ်ဆောင်တဲ့ကိစ္စရပ်တွေ ရှိလာခဲ့ရင်လည်း သူတို့အကောင့်ကို ယာယီ (သို့) လုံးဝ ပိတ်သိမ်းလိုက်တာမျိုးတွေအထိ action ယူလျက် ရှိပါတယ်။