Map Your City Campaign

ရန်ကုန် နှင့် မန္တလေးမြို့မှာ ရှိတဲ့ Grab Application အသုံးပြုသူများအတွက် ပျော်ဖို့ကောင်းတဲ့ Campaign အစီအစဉ်လေး ရှိတယ်နော်။

Campaign အကြောင်း

ဒီအစီအစဉ်လေးကတော့ Grab Application အသုံးပြုသူများအနေနဲ့ Grab ရဲ့မြေပုံပေါ်မှာ မရှိသေးတဲ့ တည်နေရာအသစ်တွေ၊ မိမိတို့ ထည့်သွင်းချင်တဲ့ တည်နေရာအသစ်တွေ၊ ကိုယ်ပိုင်တည်နေရာတွေ၊ ဥပမာ စားသောက်ဆိုင်၊ စတိုးဆိုင်၊ စျေးဆိုင်၊ ဆေးရုံ၊ ဆေးခန်း၊ Shopping Centre စတာတွေကို မြေပုံပေါ်မှာ ကိုယ်တိုင်ထည့်သွင်းပြီး အပတ်စဉ် ဆုများရယူနိုင်မယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်သူမှမသိသေးတဲ့ ကိုယ်ပိုင်နေရာလေးတွေကိုလည်း သူငယ်ချင်းတွေကို မျှဝေလို့ ရအောင် မြေပုံပေါ်မှာ ထည့်လို့ ရတယ်နော်။

ဒီ Campaign ရဲ့လုပ်ဆောင်ပုံအဆင့်ဆင့်ကတော့ မိတ်ဆွေတို့က Grab မှာ မရှိသေးတဲ့တည်နေရာ၊ မိမိထည့်သွင်းချင်တဲ့ တည်နေရာတွေကို ထည့်သွင်းလိုတဲ့အခါမှာ မိတ်ဆွေတို့ရဲ့ Grab Application ထဲမှာရှိတဲ့ Map your city widget ကတစ်ဆင့် ဝင်ရောက်ပြီး တည်နေရာတစ်ခုရဲ့ အချက်အလက်တွေဖြစ်တဲ့ ဆိုင်အမည်၊ လိပ်စာ၊ ဆိုင်ရဲ့အမျိုးအစား နဲ့ မိမိထည့်သွင်းမယ့်ဆိုင်ရဲ့ဓာတ်ပုံတွေကို ဖြည့်သွင်းပေးရမှာပါ။ အဲဒီနောက် ထည့်သွင်းလိုက်တဲ့ တည်နေရာအသစ်တွေကို Grab က စိစစ်ပြီး အချက်အလက် ပြည့်စုံမှန်ကန်တဲ့တည်နေရာတွေကို Grab မြေပုံပေါ်မှာ ထည့်သွင်းဖို့ အတည်ပြုပေးသွားမှာဖြစ်ပြီး အခုလိုတည်နေရာအသစ်တွေ ထည့်သွင်းပေးတဲ့အတွက် ဆုတွေလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တည်နေရာအသစ်တစ်ခု တင်သွင်းဖို့ Map Your City Widget ထဲကို ဝင်ရောက်ပုံနဲ့ တည်နေရာတစ်ခုရဲ့ အချက်အလက်တွေဖြစ်တဲ့ အမည်၊ လိပ်စာ၊ အမျိုးအစား၊ ဓာတ်ပုံတွေ ဖြည့်သွင်းနည်းအဆင့်ဆင့်ကို အောက်ပါ Video လေးမှာ ကြည့်နိုင်ပါတယ်။

တည်နေရာသစ် တင်သွင်းခြင်းအတွက်အပတ်စဉ် ဆုရွေးချယ်မှုပုံစံ နှင့် ဆုပေးမည့်အစီအစဉ်

  • လစဉ်တိုင်း နှစ်ပတ်တစ်ခါ တည်နေရာအသစ် အရေအတွက်တွေကို Grab မှ တွက်ချက်ပြီး တည်နေရာ အရေ အတွက်အများဆုံးထည့်သွင်းနိုင်သူ ရန်ကုန်မြို့မှ ၅ ဦး၊ မန္တလေးမြို့မှ ၅ ဦးအား ၂၀,၀၀၀ ကျပ်တန် Grab Food Promo Code များ ပေးသွားမှာ ဖြစ်ပါတယ်။  
  • နှစ်ပတ်တာအတွင်း အနည်းဆုံး  တည်နေရာအသစ် အရေအတွက် ၃၀ နဲ့ အထက် တင်သွင်းဖို့ လိုအပ်ပြီး၊ တည်နေရာအသစ် ၃၀ နဲ့ အထက် တင်သွင်းသူများထဲမှ အများဆုံးထည့်သွင်းသူ ရန်ကုန် နဲ့ မန္တလေးမြို့တို့မှ ၅ဦးစီအား ရွေးချယ်ပြီး ဆုပေးမှာ ဖြစ်ပါတယ်။
  • ဆုရွေးချယ်မှုအတွက် တည်နေရာသစ် အရေအတွက်များအား တွက်ချက်ရာမှာ လစဉ် နှစ်ပတ်တစ်ခါ တွက်ချက်သွားမှာ ဖြစ်ပြီး ပထမနှစ်ပတ်အတွင်း တင်သွင်းထားတဲ့ တည်နေရာသစ်တွေဟာ ဒုတိယနှစ်ပတ်အတွက် အရေအတွက် တွက်ချက်ရာမှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။
  • ဆုပေးမယ့်အချိန်ကတော့ ပထမပတ် တနင်္လာနေ့မှ ဒုတိယပတ် တနင်္ဂနွေနေ့အထိ ထည့်သွင်းထားတဲ့တည်နေရာအရေအတွက်ပေါ်မှာ တွက်ချက်ပြီး နောက် လာမယ့်သောကြာနေ့တွေမှာ ပေးအပ်မှာ ဖြစ်ပါတယ်။

(ဥပမာ – ပထမအပတ် တနင်္လာနေ့မှ ဒုတိယပတ် တနင်္ဂနွေနေ့ထိ ကောက်ခံထားသော တည်နေရာများအတွက် တတိယပတ် သောကြာနေ့တွင် ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။)

အမေးများသော မေးခွန်းများ

  1. ဦးဆောင်မှုပြဇယားက ဘယ်လို နောက်ဆုံးစာရင်းကို ပြသလဲ။
    Campaign တစ်ခုချင်းစီ၏ ကာလမှာ နှစ်ပတ် ဖြစ်ပြီး Campaign ကာလ နှစ်ပတ်အတွင်း တင်သွင်းထားသော တည်နေရာ အရေအတွက်များကို တွက်ချက်ပြီး ဦးဆောင်မှုပြဇယားမှာ ပြသထားပေးမှာ ဖြစ်ပါတယ်။

  2. ဆုရသူများကို ဘယ်လိုရွေးချယ်သလဲ။
    ရန်ကုန်မှ ၅ ဦး၊ မန္တလေးမှ ၅ ဦး ရွေးချယ်ပါတယ်။ ပြိုင်ဆိုင်သူများမှာ POI ၃၀ခုနှင့်အထက် တင်ပြရမည် ဖြစ်ပြီး၊ အချက်အလက်ကို အတိကျဆုံး ပေးနိုင်သော ၅ ဦးကို ရွေးချယ်သွားပါမည်။

  3. ဆုရသူများကို ဘယ်လိုကြေငြာသလဲ။
    ဆုရသူများကို Facebook မှ လစဥ်ကြေငြာပြီး၊ တစ်ဦးချင်းစီကိုလည်း ဆက်သွယ်ပါမည်။

  4. ဆုက ဘာလဲ။ 
    ထိပ်ဆုံး ၅ ဦးမှာ ဆုငွေ ၂၀,၀၀၀ ကျပ် တန်ဖိုး GrabFood ဘောင်ချာများ ရရှိပါမည်။ 

  5. ကျွန်တော့ရဲ့ POI က အခြားသူရဲ့ စစ်ဆေးမှုနဲ့ အသိအမှတ်ပြုမှု လိုအပ်ပါသလား။
    ဟုတ်၊ ကျွန်တော်တို့ရဲ့ Grab အဖွဲ့ကနေ POI များကို စစ်ဆေး ကြည့်ရှုသွားပါမည်။

  6. ကျွန်တော်တင်ထားတဲ့ POI တွေက အသိအမှတ်ပြုခံရပြီး application ပေါ်မှာ ပေါ်ဖို့ ဘယ်လောက်စောင့်ရမလဲ။
    Grab မှ မြေပုံပေါ်တွင် ထည့်သွင်းဖို့ အတည်ပြုလိုက်သည့်နေ့မှ ၅ ရက် သို့မဟုတ် တစ်ပတ်အတွင်း Application ပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်။

  7. ဘာလို့ ကျွန်တော့အမည်က ဦးဆောင်မှုပြဇယားမှာ မပေါ်တာလဲ။ 
    ဦးဆောင်မှုပြဇယားက ပြိုင်ဆိုင်သူများထဲမှ ထိပ်ဆုံး ၁၀ ဦးကိုသာ ပြသပါတယ်။ ဦးဆောင်မှုပြဇယားက ပြိုင်ဆိုင်သူများရဲ့ နောက်ဆုံးရ အချက်အလက်ကို အပတ်စဥ် တနင်္ဂနွေတိုင်း ပြန်လည် စီစစ် ‌ရေတွက်ပြီး၊ ရေတွက်သည့်နေ့မှ လွန်ခဲ့သော ၁၄ ရက်အတွင်းရှိ အချက်အလက်များသာလျင် အကျုံးဝင်ပါတယ်။  သင်၏ တင်ပြမှုများက ၁၄ ရက်ထက်ပို၍ ဟောင်းနေပါက၊ ထိုတင်ပြမှုများက အကျုံးဝင်မည် မဟုတ်ပါ။

  8. ကျွန်တော် ၁ ခါထပ်ပို၍ ဆုရနိုင်သလား။
    ဟုတ်၊ ရနိုင်ပါတယ်။