မိမိရဲ့ အိမ်၊ ဆိုင်၊ သင်တန်း နဲ့ ရုံး စတဲ့ တည်နေရာ Location တွေကို Grab အက်ပ်ထဲမှာ မရှိသေးလို့ ထည့်သွင်းချင်တဲ့အခါ Map Your City မှတစ်ဆင့် Add Places တွင် ထည့်သွင်းလို့ရတာမို့ မြေပုံကနေ တကူးတကရှာနေစရာမလိုတော့ဘူးနော်။
Grab အက်ပ် ပေါ်မှာရှိပြီးသား တည်နေရာလိပ်စာတွေရဲ့ အချက်အလက်တွေကို ပြင်ဆင်ချင်တဲ့အခါ Update Places ထဲကတစ်ဆင့် ကိုယ်တိုင်ပြန်လည်ထည့်သွင်းနိုင်ပါတယ်။
တည်နေရာအသစ်ဖြည့်တဲ့ Map Your City လုပ်ဆောင်ချက်အတွက် မိမိ Profile ထဲမှ Opportunities ရဲ့အောက်ရှိ ‘Map Your City’ ကိုနှိပ်ပြီး ‘Add Places’ မှာ အသစ်ဖြည့်လိုတဲ့ Location ကိုထောက်ကာ ‘Add This Place’ မှတစ်ဆင့် အချက်လက်တွေဖြည့်ပြီး Submit နှိပ်လိုက်ရုံပါပဲ။
တည်နေရာပြင်ဆင်တဲ့ Map Your City လုပ်ဆောင်ချက်အတွက် Map Your City’ မှ ‘Update Places’ မှာ မိမိပြင်ဆင်လိုသောတည်နေရာကိုရွေးချယ်ကာ Edit မှတစ်ဆင့် ‘Change Correct information’ ကိုနှိပ်ပြီး ပြင်နိုင်သလို တည်နေရာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Feedback ကို ရွေးချယ်ပြီးတော့လည်း ပြင်ဆင်ဖြည့်စွက်နိုင်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar