GrabForBusiness သုံးစွဲသူတွေအတွက် iPhone Xs Max အသစ်စက်စက်တစ်လုံး ပိုင်ဆိုင်နိုင်မယ့် အထူးပြိုင်ပွဲ

ကိုယ်ရေးကိုယ်တာခရီးစဉ်ပဲဖြစ်ဖြစ်၊ အလုပ်ခရီးစဉ်ပဲဖြစ်ဖြစ် လျှော့ဈေးမပါတဲ့ ပရိုမိုကုဒ် GRABX နဲ့စီးနင်းပြီး iPhone Xs Max 256 GB အသစ်တစ်လုံး ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးရှိပါတယ်။ ပြိုင်ပွဲကာလအတွင်း အများဆုံးစီးနင်းတဲ့ GfB အသုံးပြုသူက အနိုင်ရရှိသူ ဆုရှင်ဖြစ်မှာပါ။

Grab နဲ့ ဆက်လက်စီးနင်းရင်း ကံထူးနိုင်ဖို့ အခွင့်အရေးဖြစ်ပါတယ်။

GrabForBusiness အကြောင်း ဤနေရာမှာ လေ့လာပါ။

စည်းကမ်းသတ်မှတ်ချက်များ

၁။ အခုပြိုင်ပွဲဟာ ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ၂၀၁၉ ရက်အတွင်းအထိသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

၂။ ပရိုမိုကုဒ် GRABX မှာ လျှော့ဈေးမပါဝင်ပါဘူး။ ငွေသားနဲ့ရော GrabPay (debit/ credit card)နဲ့ပါ သုံးစွဲစီးနင်းလို့ ရပါတယ်။

၃။ GfB အသုံးပြုသူအနေနဲ့ ရန်ကုန်နှင့်မန္တလေးမြို့တွင်း Grab app က ငှားရမ်းတဲ့ခရီးစဉ်တိုင်းအတွက် အကျုံးဝင်ပါတယ်။ အခြားပရိုမိုးရှင်းတွေနဲ့ တွဲသုံးလို့ မရပါဘူး။

၄။ ပြိုင်ပွဲကာလပြီးဆုံးပြီး ရုံးဖွင့်ရက် ၁၅ ရက်အတွင်းမှာ ဆုရှင်တွေကို Grab Facebook စာမျက်နှာမှာ ကြေညာပေးမှာဖြစ်ပြီး Grab ဘက်ကလည်း ဆုရှင်တစ်ယောက်ချင်းစီကို ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဆုတွေကို Grab ရုံးခန်းမှာ ၃ ရက်အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မှာပါ။

၅။ ပရိုမိုကုဒ် GRABX အသုံးပြုထားတဲ့ ခရီးစဉ်အရေအတွက်အများဆုံး ခရီးသည်ကို ဆုရှင်အဖြစ် ရွေးချယ်မှာပါ။

၆။ ဆုရှင် ရွေးချယ်တဲ့အခါ Grab တာဝန်ရှိသူများကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

၇။ Grab (Myanmar) Limited က စီစဉ်ပေးအပ်ထားတဲ့ ပရိုမိုကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး အသုံးပြုနိုင်ပြီး Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆို အသုံးပြုယှဉ်ပြိုင်ခွင့် မရှိပါ။

၈။ တစ်ဦးလျှင် တစ်ကြိမ်ထက် ပိုပြီး ဆုရယူခွင့် မရှိပါ။

၉။ GRABX အသုံးပြုထားတဲ့ အများဆုံံးခရီးစဉ်ကြောင်းရေ စီးနင်းခဲ့သူ ၁ ဦးထက်မက ရှိနေပါက တူညီတဲ့ ခရီးစဉ်ကြောင်းရေကို အရင်ဆုံး ပြီးစီးခဲ့သူကို ရွေးချယ်မှာဖြစ်ပါတယ်။

၁၀။ ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာပေါ်လစီနဲ့အညီ အထက်မှာ ပြောထားတဲ့အတိုင်း အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။

၁၁။ ဆုကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက အထက်မှာ ဖော်ပြထားတဲ့စည်းမျဉ်းအတိုင်း တခြားဆုရှင်တစ်ယောက်ကို ထပ်မံရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။

၁၂။ ဆုက လွဲပြီး တခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။

၁၃။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁၄။ ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် ဆုကို လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိပါ။