အကောင်းဆုံးပြုမူလုပ်ဆောင်ပြရင်း အပတ်စဉ် ၂၀၀၀၀၀ ကျပ်အထိ တန်ဖိုးရှိတဲ့ ဆုတွေကို လက်ဆောင်ရယူလိုက်ပါ။

ကောင်းတာလုပ်တဲ့သူတွေအတွက် ကောင်းတဲ့အရာတွေက အမြဲစောင့်ကြိုနေတာပါ။ ဒီလိုပဲ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကိုလည်း လူမသိ သူမသိ ကျော်မသွားသင့်ပါဘူး။ Grab ခရီးစဉ်တွေကို ကောင်းမွန်အဆင်ပြေတဲ့အတွေ့အကြုံဖန်တီးနိုင်ဖို့ သင် လုပ်ဆောင်ရမယ့်အပိုင်းကို သင် အကောင်းဆုံးလုပ်ဆောင်လိုက်ရုံနဲ့ သင့်ရဲ့ ရိုးရှင်းကောင်းမွန်တဲ့အပြုအမူအတွက် ဆုလက်ဆောင်ပေးအပ်ခြင်းခံရမှာပါ။

ဆုလက်ဆောင်များ
အပတ်စဉ် ၂၀၀၀၀၀ ကျပ်အထိ တန်ဖိုးရှိတဲ့ စီးနင်းခွင့်လက်မှတ်၊ လက်ဆောင်ကူပွန်များနဲ့ အခြားဆုများ

ဆုရဖို့အတွက် ဘယ်လိုပါဝင်ဆင်နွှဲရမလဲ
ရက်သတ္တပတ်တိုင်းမှာ ဆုရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည် ၁၀ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆုလက်ဆောင်တွေရရှိနိုင်ဖို့အတွက်-

အပတ်စဉ် Grab ယာဉ်မောင်းတွေရဲ့ Happy လို့ rating အများဆုံးရရှိသူ ထိပ်တန်း အကောင်းဆုံး ခရီးသည် ၅ ဦး

ခရီးသည်တွေပေးတဲ့ ကြယ် ငါးလုံး rating အများဆုံးရရှိသူ ထိပ်တန်းအကောင်းဆုံးယာဉ်မောင်း ၅ ဦး အထဲက တစ်ယောက်အဖြစ် မောင်းနှင်/ စီးနင်းရင်း ပါဝင်လိုက်ပါ။ ဒီဆုကို ရရှိဖို့အတွက် ယာဉ်မောင်းတွေဟာ စည်းကမ်းသတ်မှတ်ချက်အရ ပြီးခဲ့တဲ့ရက်သတ္တပတ်က မောင်းနှင်ခဲ့တဲ့ခရီးစဉ်အကြောင်းရေထက် ပိုများတဲ့အကြောင်းရေရှိနေဖို့ လိုအပ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ
၁။  အခုပြိုင်ပွဲဟာ ဒီဇင်ဘာ ၁ ရက်ကနေ ၂၈ ရက်အတွင်းအထိသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
၂။  ဒီပြိုင်ပွဲကာလအတွင်းမှာ ရက်သတ္တပတ်တစ်ပတ်တာမှာ ပြိုင်ပွဲတစ်ခုနှုန်းနဲ့ ပြိုင်ပွဲ ၄ ခု ပါဝင်မှာပါ။
      •  ဒီဇင်ဘာ ၁ ရက်ကနေ ၇ ရက်နေ့အထိ (ပထမရက်သတ္တပတ်)
      •  ဒီဇင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ (ဒုတိယရက်သတ္တပတ်)
      •  ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၁ ရက်နေအထိ (တတိယရက်သတ္တပတ်)
      •  ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ (စတုတ္ထရက်သတ္တပတ်)
၃။ မြန်မာနိုင်ငံတွင်း Grab နဲ့စီးနင်းတဲ့ခရီးစဉ်တိုင်းအတွက် အကျုံးဝင်ပါတယ်။
၄။ ရက်သတ္တပတ်တာတစ်ခုချင်းမှာ ဆုရှင်တွေကို ပြိုင်ပွဲအပြီး ရုံးဖွင့်ရက် ၁၅ ရက်အတွင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ကြေညာပေးမှာပါ။ ဆုရှင်တွေဟာ Grab က အကြောင်းကြားပြီး အလုပ်ဖွင့်ရက် ၃ ရက်အတွင်းမှာ ဆုကို Grab ရုံးခန်းမှာ လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။
၅။ မိတ်ဖက်ယာဉ်မောင်းတွေအတွက် ဆုရှင်ဖြစ်ဖို့ အောက်က အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။
      • ပြိုင်ပွဲရက်သတ္တပတ်မတိုင်ခင် အပတ်က မောင်းနှင်ခဲ့တဲ့ခရီးစဉ်အကြောင်းရေထက် ပိုများနေဖို့ လိုပါတယ်။
      • ပြိုင်ပွဲရက်သတ္တပတ်တာအတွင်းမှာ ကြယ် ငါးပွင့် rating အများဆုံးရရှိထားရပါမယ်။
၆။ ခရီးသည်တွေအတွက် ဆုရှင်ဖြစ်ဖို့ အောက်ပါအချက်များနဲ့ ကိုက်ညီဖို့ လိုပါတယ်။
      • ပြိုင်ပွဲရက်သတ္တပတ်တာအတွင်းမှာ စီးနင်းခဲ့တဲ့ ခရီးစဉ်တွေအပြီးမှာ မိတ်ဖက်ယာဉ်မောင်းတွေက ပေးတဲ့ အပြုံးမျက်နှာနဲ့ rating တွေကို အများဆုံး ရရှိထားသူဖြစ်ရပါမယ်။
၇။ ဆုရှင်တွေကို Grab ဘက်က အကဲဖြတ်ရွေးချယ်ဆုံးဖြတ်မှာဖြစ်ပါတယ်။
၈။ ဒီပရိုမိုရှင်းအစီအစဉ်ကို Grab (Myanmar) Limited (စီစဉ်သူ) က စီစဉ်ကျင်းပပြီး မြန်မာနိုင်ငံသားများအားလုံးနဲ့ မြန်မာနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ကျထားတဲ့သူတွေအားလုံး ပါဝင်ဆင်နွှဲနိုင်ပါတယ်။ အောက်မှာ ပေးထားတဲ့သူ တွေကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်မရှီပါဘူး။
      က။ ပွဲစီစဉ်သူရဲ့ ဝန်ထမ်းများအားလုံး (အမြဲတမ်းဝန်ထမ်းနဲ့ ကန်ထရိုက်ဝန်ထမ်း) နဲ့ သူတို့ရဲ့ မိသားစုဝင်များ
၉။ တစ်ဦးကို ဆုရှင်တစ်ကြိမ်သာဖြစ်ခွင့်ရှိပါတယ်။ တူညီတဲ့ခရီးသည်ကို ရွေးချယ်မိပါက အခြားခရီးသည်ကို အလိုအလျောက် ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။
၁၀။ ရမှတ်တွေတူညီနေပါက ရက်သတ္တပတ်တာအတွင်း ပထမဆုံးခရီးကို ပြီးစီးတဲ့ ပထမဆုံးမိတ်ဖက်ယာဉ်မောင်းကို ရွေးချယ်မှာဖြစ်ပါတယ်။
၁၁။ ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာပေါ်လစီနဲ့အညီ အထက်မှာ ပြောထားတဲ့အတိုင်း အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။
၁၂။ ဆုကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက အထက်မှာ ဖော်ပြထားတဲ့စည်းမျဉ်းအတိုင်း တခြားဆုရှင်တစ်ယောက်ကို ထပ်မံရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။
၁၃။ ဆုက လွဲပြီး တခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။
၁၄။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၁၅။ ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် ဆုကို လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိပါ။