Grab Myanmar နဲ့ WizAct 24 Myanmar တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ GrabProtect ယာဉ်တွေကို နေ့စဉ်ပိုးသတ်သန့်စင်ရင်း ပိုမို ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေကို စီးနင်းနိုင်ပါပြီ။
မတ်လ (၂၈) ရက်နေ့မှ စတင်ပြီး Grab အနေနဲ့ GrabProtect မိတ်ဖက်ယာဉ်မောင်း ၁,၀၀၀ ကျော်ကို သူတို့ ယာဉ်တွေ နေ့စဉ်ပိုးသတ်သန့်စင်ရာမှာ အသုံးပြုနိုင်ဖို့ WizAct 24 Disinfecting Spray & Clean 450ml (၂) ဘူးစီ အခမဲ့ ပေးဝေသွားမှာဖြစ်ပါတယ်။
WizAct 24 ပိုးသတ်ဆေးဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ၉၉.၉% အထိ သေစေနိုင်ပြီး ဆေးဖြန်းထားတဲ့မျက်နှာပြင်ကို (၂၄) နာရီကြာ အလိုအလျောက်ပိုးသတ်သန့်စင်စေပါတယ်။ GrabProtect မိတ်ဖက်ယာဉ်မောင်းတွေအတွက် သူတို့ အမြဲထိတွေ့နေရတဲ့ ကားစတီယာတိုင်တွေ၊ ဂီယာတွေ၊ တံခါးလက်ကိုင်တွေ၊ ထိုင်ခုံခါးပတ်တွေနဲ့ ပြတင်းပေါက်နေရာတွေကို နေ့စဉ် ပိုးသတ်သန့်စင်ပေးဖို့ လမ်းညွှန်ထားပြီးဖြစ်ပါတယ်။
သင့်ရဲ့နေ့စဉ်သွားလာမှုများအတွက် GrabProtect နဲ့သာ စိတ်ချလက်ချ စီးနင်းလိုက်ပါ။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar