09 750 10 8735 GrabCall service is now in Mandalay

အပလီကေးရှင်းကို မသုံးဘဲ Grab ပလက်ဖောင်းပေါ်က စိတ်ချလုံခြုံပြီး သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်တွေကို စီးနင်းလိုပါသလား။ ချစ်ရသူတစ်စုံတစ်ယောက်အတွက် တက္ကစီဌားပေးပြီး သူ့အိမ်အပြန်လမ်းတစ်လျှောက် ခြေရာကောက်ချင်ပါသလား။

သင် ဖြစ်လိုတဲ့ အရာတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ GrabTaxiCall ကို စတင်လိုက်ပါပြီ။ သင် တက္ကစီခေါ်ဆိုလိုတဲ့အချိန် ငှားရမ်းနိုင်ဖို့ 09 750 10 8734 (သို့) 09 750 10 8735 ကို ဖုန်းဆက်လိုက်ပါ။ ပုံမှန် GrabTaxi တွေလိုပဲ သင့်နေရာအရောက် လာခေါ်ပေးပြီး သင် သွားလိုတဲ့နေရာကို အရောက်ပို့ပေးမှာဖြစ်ပါတယ်။ ဖုန်းနဲ့ လတ်တလော ခေါ်ဆိုငှားရမ်းနိုင်တဲ့ အချိန်ကတော့ နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

GrabTaxiCall ဝန်ဆောင်မှုကို အသုံးပြုရန် နည်းလမ်း

၁။ 09 750 10 8734 (သို့) 09 750 10 8735 ကို ဖုန်းခေါ်ပါ။

၂။ လာကြိုရမယ့်နေရာနဲ့ ပို့ရမယ့်နေရာ၊ ခရီးသည်နာမည် နဲ့ ဖုန်းနံပါတ်ကို ပြောပြပါ။

၃။ အဲဒီအခါ GrabTaxiCall က ခရီးစဉ်အတွက် ကျသင့်မယ့် ယာဉ်စီးခကို ပြောပြပါလိမ့်မယ်။

၄။ ခရီးစဉ်ကို အတည်ပြုပြီးတဲ့အခါ လာရောက်ကြိုမယ့် ယာဉ်မောင်းအမည်၊ ကားနံပါတ် နဲ့ ယာဉ်ရောက်ရှိလာမယ့် ခန့်မှန်းအချိန်ကို ပြောပြပေးမှာပါ။

၅။ သင့် ခရီးစဉ်တစ်လျှောက်ကို အချိန်နဲ့တပြေးညီ တစ်ယောက်ယောက်ဆီ အသိပေးချင်သေးတယ်ဆိုရင် တစ်ခါတည်း ပြောပြပေးပါ။ Share My Ride လုပ်ဆောင်ချက် ရှိပါတယ်။ အဲဒီလုပ်ဆောင်ချက်က ခရီးသည် စီးနင်းတဲ့ လမ်းတစ်လျှောက်ကို မြေပုံပေါ်ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ချစ်ရသူတွေဆီ သတင်းပေးပို့ထားနိုင်ပြီး  ခရီးသည် သွားလိုတဲ့နေရာကို ရောက်ရှိတာနဲ့ အသိပေးမှာပါ။

၆။ ခရီးစဉ်အတွက် အသင့်ပြင်ထားပေးပါ။  သင့်ထံ ယာဉ်မောင်း လာကြိုတဲ့အခါ သူကိုယ်တိုင် ဖုန်းခေါ်လာမှာ ဖြစ်ပါတယ်။