Grab Merchant Payment အကြောင်း သိကောင်းစရာ

ဘဏ်မှ တစ်ဆင့် ပေးချေမှုဆိုင်ရာ 

  • ယနေ့ Grab မှတစ်ဆင့် ရောင်းရငွေများကို မနက်ဖြန် အလိုအလျောက် ငွေလွှဲပေးပါသည်။
  • ဘဏ်ပေးချေမှုစာရင်းများကိုလည်း Grab Merchant app နှင့် နေ့စဉ်ရောင်းရသည့် စာရင်းများတွင် ကြည့်ရှု့စစ်ဆေးနိုင်ပါသည်။ 
  • နေ့စဉ်ရောင်းရသည့် စာရင်းများ မရရှိပါက လက်ခံရရှိလိုသော email address  များကို  gf.merchantops.payment@grabtaxi.com သို့ပေးပို့ အကြောင်းကြားနိုင်ပါသည်။
  • နေ့စဉ်ရောင်းရသည့် စာရင်းများ ကိုက်ညီမှု မရှိလျှင် Grab Merchant Payment Team  gf.merchantops.payment@grabtaxi.com သို့ (​ ၁ ) ပတ် အတွင်း ပေးပို့ အကြောင်းကြားနိုင်ပါသည်။ တစ်ပတ်ထက်ကျော်လွန်သော ပေးပို့မှုများအား အသိအမှတ်ပြုလုပ်ပေးမည် မဟုတ်ပါ။

Cancel (ပယ်ပျက်သွားသော) အော်ဒါအတွက် ပေးချေမှုဆိုင်ရာ 

  • ဆိုင်များတွင် အော်ဒါပြင်ပြီးမှ ပယ်ပျက်သွားပါက ထိုပယ်ပျက်သွားသည့် အော်ဒါအတွက် Call Center 09770550888 သို့ ( ၂ )ပတ် အတွင်း  ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
  • Call Center no အား အကြောင်းကြား၍ မရပါက viber or email  gf.merchantops.payment@grabtaxi.com သို့ weekly list ပြုလုပ်၍ ပေးပို့နိုင်ပါသည်။
  • Call center (သို့) viber (သို့) email သို့ ပေးပို့အကြောင်းကြားတာများ အားလုံးကို စိစစ်ပေးနေတာမို့ ကျေးဇူးပြု၍ အော်ဒါနံပါတ် (order no) တစ်ခုတည်းအား ထပ်ခါထပ်ခါ အကြောင်းမကြားဖို့ မေတ္တာရပ်ခံပါတယ်။
  • Cancel order များပေးပို့သည့်အခါ ရက်စွဲ၊ Short order ID၊ Long order ID ၊ အော်ဒါဘောက်ချာ ထုတ်ထားသော slip ၊ ပြင်ဆင်ထားပြီးသော စားစရာပုံ တို့အားပြည့်စုံစွာ ပေးပို့ပေးပါ။
  • အကြောင်းကြားပြီးသည့်အချိန်မှ စ၍ နောက်သုံးပတ် (အစိုးရရုံးပိတ်ရက်များမှ လွဲ၍) အတွင်းငွေလွှဲပေးမည် ဖြစ်ပါသည်။ ငွေလွှဲပြီးစီးကြောင်း Grab Merchant  Payment Team မှ အကြောင်းကြားပေးမည် ဖြစ်ပါသည်။ နှစ်ပတ်ထက်ကျော်လွန်သော ပယ်ဖျက်ထားသည့် အော်ဒါများအား ငွေပေးချေမှု ပြုလုပ်ပေးမည် မဟုတ်ပါ။

Wave မှတစ်ဆင့် ပေးချေမှုဆိုင်ရာ

  • Wave နှင့် ပေးချေမှုများသည် Grab Merchant Payment Team မှ တနင်္လာ မှ တနင်္ဂနွေ (တစ်ပတ်ရောင်းရငွေ) ကို ဒုတိယအမြောက်အပတ် တနင်္လာနေ့ (အစိုးရရုံးပိတ်ရက်များမှအပ) တွင် ငွေလွှဲပေးမည် ဖြစ်ပါသည်။
  • ငွေလွှဲပြီးကြောင်းအား Merchant Payment Team မှ အကြောင်းကြားပေးမည် ဖြစ်ပါသည်။

Payment များတစ်စုံတစ်ရာအဆင်မပြေမှု ရှိပါက  gf.merchantops.payment@grabtaxi.com သို့ ပေးပို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင်။ ကျေးဇူးတင်ပါတယ်။