၂၀၁၈ ကို နှုတ်ဆက်၍ ၂၀၁၉ အား ကြိုဆိုခြင်း- သင် နှစ်သစ်ထဲသို့ ကူးပြောင်းစီးနင်းချိန်မှာ Grab ဟာ သင့်အတွက် အထောက်အပံ့ကောင်းအဖြစ် ရှိနေခဲ့ပါတယ်။

နှစ်သစ်ကူးအကြိုညဟာ တစ်နှစ်တာရဲ့ ယာဉ်သွားလာမှုအများဆုံးအချိန်ဖြစ်လေ့ရှိပါတယ်။ နှစ်ကူးအကြိုပါတီတွေဟာ လမ်းတွေပေါ်မှာ အလွန်လူစည်ကားစေပြီး ကြီးကြယ်ခမ်းနားတဲ့ မီးရှူးမီးပန်းတွေဟာ ပျော်ပါးမြူးတူးနေသူတွေကို ကမ်းနားလမ်းဆီကို ဆွဲဆောင်နေပါတယ်။

အတိအကျအားဖြင့် အင်္ဂါနေ့နံနက်ခင်းတစ်ခုဖြစ်တဲ့ ၂၀၁၉၊ ဇန်နဝါရီလ ၁ ရက်နေ့၊ နံနက် ၁ နာရီအချိန်မှာ ဒေသတစ်လွှားက Grab ဘွတ်ကင်တွေဟာ ပုံမှန်အင်္ဂါနေ့တွေနဲ့ နှိုင်းစာရင် ၇ ဆနီးပါးမျှ ထိုးတက်သွားခဲ့ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် Grab ဘွတ်ကင်အရေအတွက်ဟာ ပုံမှန်ထက် အဆ ၂၀ ကျော်တောင် ပိုများခဲ့တယ်။
နှစ်သစ်ကူးအကြိုညလိုမျိုး ပွဲတော်တွေအတွင်း တဟုန်ထိုး မြင့်တက်လာတဲ့ဘွတ်ကင်တွေကို Grab က ဘယ်လို စီမံခန့်ခွဲရသလဲ။ အားလုံးက သူတို့သွားလိုတဲ့ပါတီတွေ ပွဲတွေ သွားနိုင်ဖို့၊ နောက် အိမ်ကို အချိန်မီ ပြန်ရောက်ဖို့ အရာအားလုံးအဆင်တချောဖြစ်ဖို့ ကျွန်တော်တို့ ဘယ်လို သေချာအောင် လုပ်ဆောင်ရသလဲ ဆိုတာ ဒီမှာ ကြည့်ကြည့်ပါ။

ယာဉ်မောင်းအရေအတွက် မြင့်တင်ခြင်း

စောင့်ဆိုင်းချိန်ကြာမြင့်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုက အဲဒီနေရာတစ်နေရာမှာ ရှိနေတဲ့ယာဉ်မောင်းအရေအတွက်နဲ့ ခရီးသည်တွေရဲ့ ငှားရမ်းမှုအရေအတွက် ညီမျှမှုမရှိတာကြောင့်ပါ။ ဒါကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့က ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေ ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်ဖို့ အရင်နှစ်က ဒေတာတွေနဲ့ ထောက်ပံ့မှု/လိုအပ်ချက် အသွားအလာများကို စိစစ်မှုတွေ၊ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ထောက်ပံ့မှု/လိုအပ်ချက် ပုံစံတွေထဲက အထစ်အငေါ့တွေကို ချောမွေ့စေခဲ့ပါတယ်။

အရင်နှစ်တွေက လားရာတွေကို စိစစ်လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဘယ်နေရာတွေမှာ ခရီးသည်ပမာဏ အများအပြား ရှိတတ်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။ ပြီးတော့ ဒီရက်အစောပိုင်းကတည်းက အဲဒီငှားရမ်းမှုများနိုင်တဲ့နေရာတွေမှာ ခရီးသည်တွေကို ဝန်ဆောင်မှုသွားပေးဖို့ မိတ်ဖက်ယာဉ်မောင်းတွေကို ကြိုတင်အသိပေးထားပါတယ်။

မှန်ပါတယ်။ နှစ်သစ်ကူးအကြိုညက ပါတီဆင်နွှဲလေ့ရှိသူတွေအတွက်သာ မကဘူး၊ မိသားစုတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း အတူတကွဆုံစည်းဖို့ အထူးအချိန်အခါသမယတစ်ခုပါ။ အဲဒီခရီးသည်တွေအတွက် ယာဉ်မောင်းတွေကို လမ်းကြောင်းတွေပေါ် ရောက်သွားစေဖို့ နဲ့ သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆန္ဒရှိတဲ့အတိုင်းလည်း အချိန်ပေးနိုင်ဖို့ ဆိုတဲ့ လိုအပ်ချက်နှစ်ခုအကြား မျှတစေဖို့အတွက် အချို့နိုင်ငံတွေမှာ နှစ်သစ်ကူးအကြိုညရဲ့ အပိုဆုကြေးပေးတဲ့အချိန်ကာလကို ပိုဆွဲဆန့်ပေးခဲ့ပါတယ်။

ဒီနည်းလမ်းအားဖြင့် ယာဉ်မောင်းတွေဟာ သူတို့ချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးဖို့ နဲ့ အပိုဆုကြေးတွေအတွက် ယာဉ်မောင်းနှင်ဖို့ကြားမှာ ခက်ခက်ခဲခဲမရွေးချယ်ခဲ့ရပါဘူး။ နှစ်သစ်ကူးအကြိုညမှာ သူတို့ရဲ့ မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးခွင့်ရရှိခဲ့ပြီး အထူးအစီအစဉ်တွေနဲ့ အခွင့်အရေးတွေကို ရယူရဖို့အတွက် ယာဉ်မောင်းနင်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ခရီးသည်တွေ အိမ်ပြန်ခရီးစဉ်စီစဉ်ရာတွင် ကူညီပေးခြင်း

နှစ်သစ်ကူးအကြိုရက်အတွက် အရှိန်ယူတဲ့အနေနဲ့ ကျွန်တော်တို့ဟာ ခရီးသည်များနိုင်တဲ့ ခန့်မှန်းခြေဒေတာတွေကို Grab app ထဲမှာ ကြိုတင်ဖော်ပြပေးထားတဲ့အတွက် ယာဉ်မောင်းတွေဟာ တစ်နေ့တာလုံး အဆင်တချောပဲ ခရီးသည်တွေ ရရှိသလို ခရီးသည်တွေဘက်ကလည်း အလွယ်တကူပဲ ယာဉ်ငှားလို့ ရတယ်။ Grab app ထဲက ဒီလိုအပ်မှုသုံးသပ်တဲ့ကိရိယာဟာ နှစ်သစ်ကူးနေ့မှာ အထူးအသုံးဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက စီးနင်းသူတွေကို အများဆုံးအသွားအလာရှိတဲ့အချိန်ကို (အတိတ်က လားရာလမ်းကြောင်းတွေပေါ်မှာအခြေခံပြီး) ဖော်ပြပေးနိုင်တယ်။ ဒီတော့ သူတို့အိမ်ပြန်ခရီးစဉ်အတွက်လည်း ပိုပြီးကောင်းကောင်းစီစဉ်နိုင်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်းက မြို့တွေမှာ တစ်စက္ကန့်ချင်းစီ ရေတွက်ပြီး နှစ်သစ်ကို ကြိုတဲ့ပါတီပွဲတွေများလာတာဟာ နှစ်သစ်ကူးအကြိုညမှာ လမ်းပိတ်ဆို့တာတွေဖြစ်လာစေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းကနေ ယာဉ်မောင်းကို ခရီးသည်မြန်မြန်ချပေးတယ်ပြီး လမ်းပိတ်ဆို့တာတွေကို လျော့ကျစေဖို့ ကူညီပေးတယ်။ (အစိုးရရဲ့ ယာဉ်အသွားအလာဆိုင်ရာ အကြံပေးမှုတွေပေါ်မှာ အခြေခံပြီး) ကျွန်တော်တို့ရဲ့ system နဲ့ app ပေါ်မှာ ပိတ်ဆို့နေတဲ့လမ်းတွေရှိတဲ့နေရာကို ယာဉ်တွေ မသွားစေဖို့ ပိတ်ပင်လိုက်ပါတယ်။

ဒါဟာ ကျွန်တော်တို့ system က ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို ချိတ်ဆက်ပေးတဲ့အခါ လမ်းပိတ်ဆို့မှုကိုပါ ထည့်သွင်းတွက်ချက်တယ်ဆိုတာကို မြင်သာစေပါတယ်။

နောက်ဆုံးအနေနဲ့ အဲဒီနေ့အတွက် ကျွန်တော်တို့ systemရဲ့ လုပ်ဆောင်နိုင်စွမ်းကို သေချာစေဖို့ app နဲ့ ကြိုတင်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ ခရီးစဉ်အရေအတွက်အများကြီးကို တင်ထားလိုက်ပြီး ဖြစ်လာနိုင်တဲ့ပြဿနာတွေ၊ အခက်အခဲတွေကိ ကြိုတင်ရှာဖွေစိစစ်ပြီး ပြင်ဆင်ခဲ့ပါတယ်။

နှစ်သစ်ချိန်ခါသို့ အဆင်ပြေချောမွေ့စွာ စီးနင်းလိုက်ပါခြင်း

ဒါနဲ့ နှစ်သစ်ကူးအကြိုရက်ဟာ နောက်ဆုံး ဘယ်လိုဖြစ်သွားသလဲ။

သန်းခေါင်ယံညဉ့် ၁၂ နာရီထိုးတာနဲ့ ခရီးသည် ၃၁ ၀၀၀ ဦးဟာ Grab ကားထဲကနေ သူတို့ရဲ့ယာဉ်မောင်းတွေနဲ့အတူ နှစ်သစ်ကိုကြိုဆိုခဲ့ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံသားအများစုဟာ ပါတီပွဲ ကူးသူတွေဖြစ်ပုံရပါတယ် – ဘာလို့လည်းဆိုတော့ ဒေသတစ်လွှားမှာ ည ၉နာရီကနေ နံနက် ၃နာရီအတွင်းမှာပဲ ခရီးသည် ၇၀ ၀၀၀ ကျော်ဟာ Grab ကို နှစ်ကြိမ်ထက်ပိုစီးခဲ့ကြတယ်။ ဒီခြောက်နာရီအတွင်းမှာတင် ရှစ်ကြိမ်ထိ စီးတဲ့ ခရီးသည် သုံးယောက်ရှိခဲ့ပါသေးတယ်။

ရန်ကုန်မှာ နှစ်သစ်ကူးအကြိုပွဲကျင်းပတဲ့ အထင်ကရနေရာတွေထဲက သုဝဏ္ဏဘူမိပန်းခြံနဲ့ မြန်မာပလာဇာဟာ ဒီညအတွက် အများဆုံးပို့ရ ကြိုရတဲ့နေရာတွေပေါ့။ နိုင်ငံတကာထိပ်တန်း DJs တွေဖျော်ဖြေတဲ့ EDM ပွဲ- Myanmar Premium Countdown 2019 က ပါတီလာတဲ့လူငယ်တွေနဲ့ ပန်းခြံထဲမှာ ကြိတ်ကြိတ်တိုးစေခဲ့ပြီး၊ Hard Rock Café Yangon ကလည်း လူအစုအဝေးကြီးကို ရှော့ပင်းမောလ်လာအောင် သူ့ရဲ့ပါတီပွဲနဲ့ ဆွဲဆောင်ခဲ့ပါတယ်

အခု ဒါဟာ Grab ရဲ့ နှစ်သစ်ကူးအကြိုညအကြောင်းလေးပဲဖြစ်ပါတယ်။ ဒီလိုအားလပ်ရက်တွေမှာ လူအများကြီးကို ဝန်ဆောင်မှုပေးရတဲ့အတွက် ကျွန်တော်တို့ လှိုက်လိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။ #bettereveryday တစ်ရက်ထက် တစ်ရက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်ပ်တို့ ဆက်လက်ပြီး လေ့လာနေတယ်၊ တိုးတက်အောင် လုပ်ဆောင်နေတယ်ဆိုတာကို အသိပေးချင်ပါ