GrabBike

Grab နဲ့အတူ မန္တလေးမြို့ကြီးကို လည်ပတ်လိုက်ပါ။

ဘာလို့ GrabBike ကို စီးသင့်တာလဲ။

လိုသည့် အချိန် ခေါ်ဆိုနိုင်ခြင်း

ဈေးဆစ်စရာ မလိုတော့ဘူး။ GrabBike ဈေးနှုန်းတွေက ပုံသေချည်းပဲ။

စိတ်ချလုံခြုံမှု

ဆိုင်ကယ်ယာဉ်မောင်းတွေဟာ မှတ်ပုံတင်ထားပြီး လိုင်စင်ရှိသူတွေ ဖြစ်လို့ သင့် လုံခြုံမှုအတွက် စိတ်ချရစေပါတယ်။

ပုံသေဈေးနှုန်း

သင် သွားလာစရာ ရှိတဲ့ ဘယ်အချိန်မဆို အိမ်တိုင်ရာရောက် လာကြိုပေးပါတယ်။

သုံးစွဲပုံနည်းလမ်း

ဘယ်သွားသွား Grab နဲ့ သွားပါ။

Grab ကို ဒေါင်းလိုက်ပါ။

FAQs

မေး။ အပလီကေးရှင်းကနေ GrabBike ကို ဘယ်လို ဌားရမလဲ။
ဖြေ။ ၁။ နောက်ဆုံး အက်ပ်ဒိတ်ဖြစ်တဲ့ Grab App ကို ဒေါင်းထားတာ သေချာပါစေ။ အဲဒီအခါ သင် ရှိရာ နေရာကို ဖော်ပြပေးနိုင်ပါလိမ့်မယ်။
၂။ အပလီကေးရှင်းကို ဖွင့်လိုက်ပြီး သင် သွားလိုတဲ့ နေရာကို ရိုက်ထည့်လိုက်တာနဲ့ ကျသင့်မယ့် ယာဉ်စီးခကို ဖော်ပြပေးမှာပါ။
၃။ Book ကို နှိပ်ပြီး ခရီးစဉ်ကို အတည်ပြုပါ။ အဲဒီအခါ သင့် ပတ်ဝန်းကျင်က အနီးဆုံးမှာ ရှိနေတဲ့ ယာဉ်မောင်းနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။
၄။ သင့် နေရာကို လာကြိုမယ့် ယာဉ်မောင်းရဲ့ ခရီးစဉ်လက်ခံမှုကို ရရှိပြီး ယာဉ်မောင်း ရောက်ရှိလာနိုင်မယ့် အချိန် ခန့်မှန်းခြေကို ပြသပေးမှာပါ။
၅။ အပလီကေးရှင်းပေါ်ကနေ ယာဉ်မောင်း ရောက်ရှိလာတာကို ခြေရာခံနိုင်ပြီး ခရီးစဉ်ကို စတင်နိုင်ပါတယ်။

ဖြေ။ GrabBike ဆိုတာ သတ်မှတ်ထားတဲ့ ပုံသေဈေးနှုန်းနဲ့ စိတ်ချလုံခြုံရဆုံး ခရီးစဉ်ကို ခံစားရစေတာပဲပေါ့။
ယာဉ်မောင်းတွေအားလုံးကို သေသေချာချာ စိစစ်ပြီး လေ့ကျင့်သင်ကြားပေးထားတာမို့ အကောင်းဆုံးဝန်ဆောင်မှုကို ရရှိစေမှာပါ။ ခရီးစဉ် စိတ်ချလုံခြုံရဖို့လည်း ဆိုင်ကယ်ဦးထုပ်ကနေ တစ်ကိုယ်ရေ ထိခိုက်မှုအာမခံအထိ ပံ့ပိုးပေးထားပါတယ်။
အပလီကေးရှင်းကနေ ခရီးစဉ်ကို Book လုပ်လိုက်ပြီး ၁၀ မိနစ်အတွင်းမှာ ယာဉ်မောင်းဟာ သူ လာကြိုရမယ့်နေရာကို ရောက်ရှိလာမှာပါ။

ဖြေ။ ပထမဆုံး သင့်ရဲ့ လက်ရှိ တည်နေရာကို တိတိကျကျ ရေးထည့်ထားတာ သေချာပါစေ။ တကယ်လို့ ယာဉ်မောင်းကို ရှာမတွေ့ခဲ့ဘူးဆိုရင် အပလီကေးရှင်းထဲက GrabChat ကနေ သင် ခေါ်ထားတဲ့ ယာဉ်မောင်းကို လှမ်းမေးနိုင်သလို လိုအပ်ရင် ဖုန်းနဲ့လည်း လှမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖြေ။ လတ်တလောတော့ GrabBike ကို မန္တလေးမြို့ရဲ့ မြို့လယ်ဧရိယာတွေမှာပဲ ဌားလို့ ရပါသေးတယ်။ မန္တလေးမြို့တစ်မြို့လုံးရဲ့ နယ်မြေထက်ဝက်၊ အထင်ကရဖြစ်တဲ့နေရာအများစုမှာတော့ ရနိုင်ပါတယ်။

အထက်မှ အောက် ။ မန္တလေးတောင်ခြေမှ မန္တလေးကားဝန်းကြီးအထိ။
ဘယ်မှ ညာ ။ ၈၆ လမ်းမှ လမ်း ၆၀ အထိ။

ဖြေ။ ပရိုမိုကုဒ်ဆိုတာ Grab ရဲ့ အထူး ပရိုမိုးရှင်းအစီအစဉ်တွေဖြစ်ပြီး သင့်ရဲ့ ပုံမှန်ကျသင့်တဲ့ GrabBike စီးခကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ လျှော့ဈေးခံစားနိုင်တဲ့ အစီအစဉ်ပါ။

ဖြေ။ Grab App ထဲက Notification ထဲမှာ သွားကြည့်လို့ ရနိုင်ပါတယ်။