ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့၏ ရပ်တည်မှု
Grab ၏ တရားဝင်ဘလော့ဂ်မှ သတင်းနှင့် အကြောင်းအရာများ
ရင်းနှီးမြှုပ်နှံသူတွေတွက် အချက်အလက်များ
ကျွန်ုပ်တို့၏ အိမ်ဟု ခေါ်တွင်သော မြို့များ၊ နိုင်ငံများ
သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့၏ ပုံမှန်လုပ်ဆောင်မှုများ
ကြှနျတောျတို့ ဝနျဆောငျမှုပေးနသေည့ျလူမှုဝနျးကငြျအပေါျ အကြိုးသကျရောကျမှု
နောက်ဆုံးရ သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်ပါ
ကျွန်တော်တို့ရဲ့ ရန်ပုံငွေဟာ အရှေ့တောင်အာရှရှိ လူမှုအသိုင်းအဝိုင်းများကို အားဖြည့်ပေးမယ့်ရန်ပုံငွေဖြစ်ပါတယ်။
နောက်ဆုံးပေါ် အကြောင်းအရာများနှင့် လျှော့ဈေးပရိုမိုကုဒ်များ
A မှ B သို့ ရောက်အောင် သင့်အားပို့ဆောင်ရာတွင် ပါဝင်သောလုပ်ဆောင်ချက်များ
သင့်အိမ်တံခါးဝ ရောက်လာမယ့် သင့်အကြိုက် စားစရာများ
လိုအပ်သမျှ အစုံအလင်ရှိတာ
Grab သုံးစွဲသူအဖြစ် သီးသန့်အထူးခံစားခွင့်များ
Grab တွဲဖက်ယာဉ်မောင်းများအတွက် နောက်ဆုံးရသတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
မိမိစိတ်တိုင်းကျ ကြိုက်တဲ့အချိန်တွင် မောင်းနှင်ပါး
အနီးဆုံး Driver Centre ကို ရှာပါ
အကောင့်ပြဿနာများ၊ App ပြဿနာများနှင့် အခြားအရာများအတွက် အကူအညီရယူပါ။
မိတ်ဖက်ဆိုင်လုပ်ငန်းအဖြစ် သင့်ခရီးကို စတင်ပြီး သန်းနှင့်ချီသော သုံးစွဲသူများထံ ဆက်သွယ်လိုက်ပါ။
သင့်စီးပွားရေး လိုအပ်ချက်အလိုက် ပေးအပ်သော Grab ဝန်ဆောင်မှုများ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပြီး အွန်လိုင်းမှ၊ ပြင်ပထိ သုံးစွဲသူ ရယူပါ
သုံးစွဲသူများ၊ ဧည့်သည်များနဲ့ ဝန်ထမ်းများအတွက် Grab ဘောက်ချာများ ပြုလုပ်ပေးပါ
စီးပွားရေးလုပ်ငန်းများအတွက် ဒေသနယ်မြေအလိုက် မြေပုံနည်းပညာများနှင့် တည်နေရာအချက်အလက်ဖြေရှင်းချက်များ
မြို့ပြနေရာတွေမှာ ပိုပြီးစည်ကားထူထပ်လာပါတယ်။ လူအများဟာ အကန့်အသတ်နဲ့ သွားလာနေထိုင်နေကြရပါတယ်။ ကုန်ခြောက်နဲ့ စားစရာတွေလို အခြေခံလိုအပ်ချက်တွေကို ဝယ်ယူဖို့ဟာ အချိန်ပိုကုန်စရာဖြစ်လာပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းထက် အနီးအနားမှာ ရှိတာကိုပဲ ရွေးချယ်ဖို့ ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ superapp မှတစ်ဆင့် စားသုံးသူများဟာ အရည်အသွေးကောင်းမွန်တဲ့ နေ့စဉ်သုံးကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို လွယ်ကူစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Grab ရဲ့ ကနဦး ရည်ရွယ်ချက်က ဘေးကင်းပြီး သက်သောင့်သက်သာရှိတဲ့ခရီးစဉ်တွေကို အားလုံးအတွက် ဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။ အခုအခါမှာတော့ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှရှိ နေ့စဉ် သုံးစွဲသူများ နှစ်သက်ရွေးချယ်တဲ့ အမှတ်တံဆိပ် ဖြစ်လာခဲ့ပါပြီ။
သုံးစွဲသူတွေအနေနဲ့ ကားငှားခြင်းနဲ့ အစားအစာပို့ဆောင်ခြင်း ဝန်ဆောင်မှုတွေအတွက် ငွေသားမဲ့ပေးချေမှုကို ကျွန်တော်တို့ app ကနေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုတစ်ခုအဖြစ် GrabPay ကို စတင်ခဲ့ပါတယ်။ GrabPay ကို စင်္ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့မှာသာ ရရှိနိုင်သော်လည်း Grab ရဲ့ ငွေကြေးဝန်ဆောင်မှုများကို Grab appp ပြင်ပရှိ ကုန်သည်များအတွက်ပါ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ လုပ်ဆောင်နိုင်စေခြင်းဖြင့် သုံးစွဲသူတွေကို ပိုမိုအဆင်ပြေတဲ့ ငွေပေးချေမှု ပုံစံတွေကို လုပ်ပေးနိုင်ခဲ့ပါတယ်။ ယနေ့မှာ Grab ဟာ အာမခံ၊ လက်လီရောင်းချမှု စီမံခန့်ခွဲမှုနဲ့ လိုအပ်ချက်တွေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်စေတဲ့ ငွေကြေးဝန်ဆောင်မှုများကို ဂုဏ်ယူစွာနဲ့ ပေးအပ်နိုင်ပြီဖြစ်ပါတယ်။
Grab ရဲ့ တစ်နေရာတည်းမှာအကုန်ရနိုင်တဲ့ ဝန်ဆောင်မှုတွေက လုပ်ငန်းတွေကို အဆင်ပြေလွယ်ကူစွာ လည်ပတ်ဖို့ရန် စွမ်းဆောင်ပေးပါတယ်။ ခရီးသွား ပို့ဆောင်ရေးမှ ပစ္စည်းပို့ဆောင်ရေးအထိ လုပ်ငန်းများဟာ ၎င်းတို့ရဲ့ ကုန်ထုတ်စွမ်းအား၊ ထိရောက်မှု၊ လုံခြုံရေးတို့ကို မြှင့်တင်နိုင်ပြီး ၎င်းတို့လုပ်ငန်းအတွက် ကုန်ကျစရိတ်နဲ့ အချိန်ကိုပါ သက်သာစေပါတယ်။
"နေ့စဉ် သန်းနဲ့ချီတဲ့ သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ နေ့စဉ်ဘဝ အဆင်ပြေဖို့အတွက် Grab app ကို အသုံးပြုနေကြပါတယ် - ဒါဟာ Grab မိတ်ဖက်လုပ်ငန်းတွေအတွက် အထက်ပါသုံးစွဲသူတွေကို ဝန်ဆောင်မှုပေးဖို့ အထူးကောင်းတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေထဲမှာ လမ်းဘေးမှာ ရောင်းတဲ့ ဆိုင်သေးလေးတွေကနေ နာမည်ကြီး ပြည်ပအမှတ်တံဆိပ်တွေလည်း ပါပါတယ်။ superapp တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ သုံးစွဲသူအများအပြားနဲ့ ချိတ်ဆက်ပေးရုံသာမက ၎င်းတို့လုပ်ငန်းတိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုများကိုပါ လုပ်ဆောင်ပေးပါတယ်။
ကျွန်တော်တို့စတင်ခဲ့တုန်းက ကျွန်တော်တို့ရဲ့ မိတ်ဖက်များအနေနဲ့ ကားငှားစီးတဲ့ သူတွေဆီကသာ ဝင်ငွေရဖို့ လမ်းကြောင်းရှိခဲ့ပါတယ်။ အခုအခါမှာတော့ စားစရာနဲ့ ပစ္စည်းပို့ဆောင်ရေးများမှလည်း ဝင်ငွေအခွင့်အလမ်းရရှိအောင် Grab က လုပ်ဆောင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအနေနဲ့ သူတို့ပေးနိုင်တဲ့အချိန်ဇယားအလိုက် ဝင်ငွေပိုမိုရရှိဖို့ လမ်းကြောင်းတွေ တိုးလာပါတယ်။
သက်ဆိုင်ရာဒေသအလိုက် ဝန်ဆောင်မှုတွေနဲ့အတူ ဒေသရဲ့ ထိပ်တန်း superapp အနေနဲ့ လူအများအတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်တဲ့ Grab အဖြစ် ဂုဏ်ယူမိသလို လူတိုင်းကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အရှေ့တောင်အာရှကို ရှေ့သို့ တိုးတက်အောင် လုပ်ဆောင်သွားနိုင်ရန်ဆိုတဲ့ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါမယ်။
ပိုမိုသိရှိရန်
Grab Center 1 11 A, Kanbawza Yeik Thar Street, Shwe Taung Kyar Ward, Bahan Township, Yangon, Myanmar Grab Center 2 BOC petrol Station Number 2 Main Road, Intersection of South & North Dagon, Yangon, Myanmar