ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့၏ ရပ်တည်မှု
Grab ၏ တရားဝင်ဘလော့ဂ်မှ သတင်းနှင့် အကြောင်းအရာများ
ရင်းနှီးမြှုပ်နှံသူတွေတွက် အချက်အလက်များ
ကျွန်ုပ်တို့၏ အိမ်ဟု ခေါ်တွင်သော မြို့များ၊ နိုင်ငံများ
သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့၏ ပုံမှန်လုပ်ဆောင်မှုများ
ကြှနျတောျတို့ ဝနျဆောငျမှုပေးနသေည့ျလူမှုဝနျးကငြျအပေါျ အကြိုးသကျရောကျမှု
နောက်ဆုံးရ သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်ပါ
ကျွန်တော်တို့ရဲ့ ရန်ပုံငွေဟာ အရှေ့တောင်အာရှရှိ လူမှုအသိုင်းအဝိုင်းများကို အားဖြည့်ပေးမယ့်ရန်ပုံငွေဖြစ်ပါတယ်။
နောက်ဆုံးပေါ် အကြောင်းအရာများနှင့် လျှော့ဈေးပရိုမိုကုဒ်များ
A မှ B သို့ ရောက်အောင် သင့်အားပို့ဆောင်ရာတွင် ပါဝင်သောလုပ်ဆောင်ချက်များ
သင့်အိမ်တံခါးဝ ရောက်လာမယ့် သင့်အကြိုက် စားစရာများ
လိုအပ်သမျှ အစုံအလင်ရှိတာ
Grab သုံးစွဲသူအဖြစ် သီးသန့်အထူးခံစားခွင့်များ
Grab တွဲဖက်ယာဉ်မောင်းများအတွက် နောက်ဆုံးရသတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
မိမိစိတ်တိုင်းကျ ကြိုက်တဲ့အချိန်တွင် မောင်းနှင်ပါး
အနီးဆုံး Driver Centre ကို ရှာပါ
အကောင့်ပြဿနာများ၊ App ပြဿနာများနှင့် အခြားအရာများအတွက် အကူအညီရယူပါ။
မိတ်ဖက်ဆိုင်လုပ်ငန်းအဖြစ် သင့်ခရီးကို စတင်ပြီး သန်းနှင့်ချီသော သုံးစွဲသူများထံ ဆက်သွယ်လိုက်ပါ။
သင့်စီးပွားရေး လိုအပ်ချက်အလိုက် ပေးအပ်သော Grab ဝန်ဆောင်မှုများ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပြီး အွန်လိုင်းမှ၊ ပြင်ပထိ သုံးစွဲသူ ရယူပါ
သုံးစွဲသူများ၊ ဧည့်သည်များနဲ့ ဝန်ထမ်းများအတွက် Grab ဘောက်ချာများ ပြုလုပ်ပေးပါ
စီးပွားရေးလုပ်ငန်းများအတွက် ဒေသနယ်မြေအလိုက် မြေပုံနည်းပညာများနှင့် တည်နေရာအချက်အလက်ဖြေရှင်းချက်များ
Grab ရဲ့ ရည်မှန်းချက်မှာ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် Grab ဝန်ထမ်းများနဲ့ မိတ်ဖက်ယာဉ်မောင်းများ၊ ပို့ဆောင်သူများအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးရန်ဖြစ်ပါတယ်။မိတ်ဖက်ပို့ဆောင်သူများနဲ့ Grab ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း၊ ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးခြင်းများကို လုပ်ဆောင်ပေးနေပါတယ်။ မအားလပ်တဲ့ကြားက ကာကွယ်ဆေးသွားထိုးကြတဲ့ မိတ်ဖက်ယာဉ်မောင်းများကိုလည်း Grab က ငွေသားထောက်ပံ့မှုများ ပေးနေပါတယ်။
ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရတဲ့ မိတ်ဖက်ယာဉ်မောင်းများကို ငွေကြေးဆိုင်ရာ အခက်အခဲများဖြေလျှော့ပေးနိုင်ရန်အတွက် Grab က ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေပါတယ်။
#LocalHeroes အစီအစဉ်တွေကတစ်ဆင့် မိတ်ဖက်လုပ်ငန်းရှင်များကို ကျွန်တော်တို့ရဲ့ app မှာ ၎င်းတို့ရဲ့ စားသောက်ဆိုင်တွေကို ကြေညာပေးခြင်းအားဖြင့် လူအများရဲ့ အားပေးမှုကို ရရှိစေပါတယ်။ ကျွန်တော်တို့ရဲ့ #SupportLocal အစီအစဉ်က ကိုဗစ်-၁၉ စိန်ခေါ်မှုတွေကြားကနေ ရပ်တည်ဖို့ ကြိုးစားနေတဲ့ အသေးစားဆိုင်လေးတွေကို ကူညီပေးပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် Grab Myanmar ဟာ ဒေသတွင်းက GrabFood ပလက်ဖောင်းပေါ်မှာရှိနေတဲ့ မိတ်ဖက်ဆိုင်ရှင်ပေါင်း ၁၀၀ ကျော်ကို လူသိများလာအောင်နဲ့ အော်ဒါတက်လာအောင်ကူညီပေးနိုင်ခဲ့ပါတယ်။
ကပ်ရောဂါ အစပိုင်းမှာပဲ Grab ဟာ GrabProtect ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးပျံ့နှံ့မှုကို လျှော့ချနိုင်ရန် ဘေးကင်းရေးနဲ့ သန့်ရှင်းရေးကို စီမံပေးထားသော ပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်ပါတယ်။
ခရီးသည်ရော၊ မိတ်ဖက်ယာဉ်မောင်းများပါ နှာခေါင်းစည်းမျက်နှာဖုံးကို အချိန်ပြည့် တပ်ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ တစ်ဖက်ဖက်မှ နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိပါက ခရီးစဉ်ကို ပယ်ဖျက်နိုင်ပြီး ဤပယ်ဖျက်မှုအတွက် ဒဏ်ကြေးပေးဆောင်ဖို့ လိုမည်မဟုတ်ပါ။ ခရီးစဉ် ပယ်ဖျက်ရခြင်း အကြောင်းရင်းများကို စောင့်ကြပ်ကြည့်ရှုပြီး ဘေးကင်းလုံခြုံစေဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မိတ်ဖက် ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများအနေနဲ့ app ကနေတစ်ဆင့် ကျန်းမာရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ အသိပေးချက်များကို ခရီးစဉ်မစခင် (သို့မဟုတ်) ပို့ဆောင်မှုမလုပ်ခင်မှာ ပေးပို့ရမှာဖြစ်ပါတယ်။ ဒါကတော့ ၎င်းတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာများမရှိကြောင်းနဲ့ လိုအပ်တဲ့ ဘေးကင်းခြင်းဆိုင်ရာလုပ်ဆောင်မှုများ ပြုလုပ်ပြီးကြောင်း အတည်ပြုရန်ဖြစ်ပါတယ်။ မိတ်ဖက် ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများအနေနဲ့ အလုပ်မစခင်မှာ နှာခေါင်းစည်းမျက်နှာဖုံးတပ်ပြီး ဆယ်လ်ဖီရိုက်ဖို့လည်း လိုအပ်ပါတယ်။
စားသုံးသူများအနေဖြင့် မိတ်ဖက်ပို့ဆောင်သူများကို GrabChat မှတစ်ဆင့် ၎င်းတို့ရဲ့ အော်ဒါများကို အိမ်ရှေ့၊ တံခါးဝ စတဲ့နေရာတွေမှာ ထားခဲ့ပေးဖို့ ကြိုတင် အကြောင်းကြားထားလို့ ရပါတယ်။
စားသုံသူများကို ငွေသားမဲ့ပေးချေခြင်းများ အသုံးပြုရန် တိုက်တွန်းခြင်းဖြင့် ထိတွေ့မှုနည်းခြင်းကြောင့် ခရီးစဉ်တိုင်းနဲ့ ပို့ဆောင်မှုတိုင်းကို ပိုပြီး ဘေးကင်းစေမှာဖြစ်ပါတယ်။
မိတ်ဖက်ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများကို ၎င်းတို့ရဲ့ ယာဉ်များနဲ့ GrabFood ပို့ဆောင်ရေးအိတ်များကို မကြာခဏ သန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားထားပါတယ်။ Grab အနေနဲ့ မိတ်ဖက်လုပ်ငန်းများနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်များကို နှာခေါင်းစည်းမျက်နှာဖုံးများ၊ လက်သန့်ဆေးရည်များ အပါအဝင် GrabProtect သန့်ရှင်းရေးပစ္စည်းများကို အခမဲ့ ပေးဝေခြင်းများ ပြုလုပ်ခဲ့ပါတယ်။
သုံးစွဲသူများဟာ ကျွန်တော်တို့ရဲ့ app ထဲကတစ်ဆင့် အဆင့်သတ်မှတ်ချက်များပေးခြင်း၊ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းခြင်းများနဲ့ဆက်စပ်တဲ့ အကြံများပေးခြင်းတို့ကို ပေးပို့နိုင်ပါတယ်။ ရရှိလာတဲ့အကြံပြုချက်များကို သေချာစိစစ်ပြီး လူအများ ဘေးကင်းလုံခြုံမှုရှိစေရန် လိုအပ်တဲ့ ဆောင်ရွက်မှုများ ပြုလုပ်နေပါတယ်။
ပိုမိုသိရှိရန်
Grab Center 1 11 A, Kanbawza Yeik Thar Street, Shwe Taung Kyar Ward, Bahan Township, Yangon, Myanmar Grab Center 2 BOC petrol Station Number 2 Main Road, Intersection of South & North Dagon, Yangon, Myanmar