ဘာကြောင့် Grab တက္ကစီ စီးသင့်သလဲ ?

ပုံသေဈေးနှုန်း

ဈေးစကားပြောနေစရာလည်း မလိုဘူး။ GrabTaxi မှာ သတ်မှတ်ဈေးနှုန်းပါပြီးသား။

စိတ်ချလုံခြုံမှု

GrabTaxi နဲ့ဆို စိတ်ပူစရာမလိုတော့ဘူး။ ခရီးစဉ်မတူတဲ့ သူငယ်ချင်းတွေနဲ့လည်း အတူတူ ပေါင်းစီးလို့ ရတယ်။ စိတ်ချယုံကြည်ရတဲ့ ယာဉ်မောင်းတွေနဲ့ဆိုတော့ လိုရာခရီးကို ဘေးကင်းရန်ကင်း ရောက်နိုင်တယ်။

သက်သောင့်သက်သာရှိမှု

ကားပေါ်တက်၊ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ထိုင်စီးရုံပဲ။

ဘယ်လိုငှားမလဲ ?

Grab ကိုဒေါင်းလုပ်ခ်ပြုလုပ်မည်

အမေးများဆုံးမေးခွန်းများ

Grab တက္ကစီဆိုတာ အက်ပလီကေးရှင်းကတစ်ဆင့် ပုံသေဈေးနှုန်းနဲ့ တက္ကစီဌားတဲ့ ဝန်ဆောင်မှုတစ်ခုပါ။

GrabTaxi Plus ဆိုတာ  Toyota Crown, Toyata Field, Hyundai Sonata, Kia Cerato တို့လို ပိုမိုကောင်းမွန်အဆင့်မြင့်တဲ့ ယာဉ်တွေနဲ့ ငြိမ့်ညောင်းသက်သာစွာ စီးနင်းနိုင်မယ့်  ဝန်ဆောင်မှု ဖြစ်ပါတယ်။ ခရီးသည်တွေဟာ Grab ရဲ့ အကောင်းဆုံး ယာဉ်မောင်းတွေနဲ့အတူ အဆင့်မြင့် ဝန်ဆောင်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ပရိုမိုကုဒ်တွေကို အက်ပလီကေးရှင်းထဲက notification ထဲမှာ သွားကြည့်နိုင်ပါတယ်။

သုံးလို့ မရပါဘူး။ နှစ်မျိုးစလုံးအတွက် သုံးလို့ ရတယ်လို့ ဖော်ပြမထားရင်ပေါ့။

ယာဉ်မောင်းရဲ့ဖုန်းကို ခေါ်ဆိုပါ။ ခေါ်ဆိုလို့ မရရင် ခရီးစဉ်ကို ဖျက်သိမ်းပါ။  နောက်တစ်ကြိမ် ဘွတ်ကင် ပြန်တင်ပါ။ အခြားမေးမြန်းလိုတာ ရှိရင်လည်း ခရီးသည် ဝန်ဆောင်မှုဌာနကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ခရီးသည် ကြိုတဲ့ အချိန်မှာ ယာဉ်မောင်းက ခရီးသည်ကို ၅ မိနစ် စောင့်ပေးပါတယ်။ တကယ်လို့ ၅ မိနစ်ထက် ပိုစောင့်ပေးရမယ်ဆိုရင် နောက်ထပ် ကြာမယ့် ၅ မိနစ်တိုင်းအတွက် ကျပ် ၄၀၀ စီ ပေးဆောင်ရမှာပါ။  

သင့်ရဲ့ ပတ်ဝန်းကျင် အနီးတဝိုက်မှာ ဘွတ်ကင်တင်တဲ့ ခရီးသည် အရေအတွက်က ရှိနေတဲ့ ယာဉ်မောင်းအရေအတွက်အင်အားထက် အများကြီးပိုနေတဲ့အခြေအနေမျိုးမှာ ဈေးနှုန်းထိုးတက်တာမျိုး ဖြစ်လေ့ ရှိပါတယ်။